[Zawgyi]

နည္းျပဘ၀ကုိ ကူးေျပာငး္ခဲ့ၾကတဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ နာမည္ေက်ာ္ ကစားသမားေဟာင္းမ်ား

ခ်ယ္လ္ဆီးအသင္းရဲ႕ ဂႏၳ၀င္ေနာက္ခံလူ တယ္ရီ Terry ဟာ ေဘာလုံးသမားဘ၀ကေန အနားယူၿပီး အက္စတြန္ဗီလာအသင္း လက္ေထာက္နည္းျပအျဖစ္ စတင္ေဆာင္ရြက္ေတာ့မွာျဖစ္ပါတယ္။ တယ္ရီမတိုင္ခင္က ဂႏၳ၀င္ ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ လမ္းပတ္ Lampard ဟာလည္း ဒါဘီအသင္းနဲ႔အတူ နည္းျပဘ၀ကုိ ျဖတ္သန္းေနပါၿပီ။

Terry

Terry

ခ်ယ္လ္ဆီးအသင္းရဲ႕ နာမည္ေက်ာ္ကစားသမား အေတာ္မ်ားမ်ားဟာ ေဘာလုံးသမားဘ၀ကေန အနားယူၿပီးေနာက္ပုိင္း နည္းျပအျဖစ္ ဆက္လက္ရွင္သန္ခဲ့ၿပီး တခ်ိဳ႕ကလည္း ေအာင္ျမင္မႈ ရခဲ့သလုိ တခ်ိဳ႕လည္း သာမန္အေနအထားသာ ပုိင္ဆုိင္ခဲ့တယ္။ နည္းျပဘ၀ကုိ ကူးေျပာင္းခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ နာမည္ေက်ာ္ ကစားသမားေတြကေတာ့ . . .

႐ုဒ္ဂူးလစ္ Ruud Gullit

Ruud-Gullit

Ruud-Gullit

နယ္သာလန္ဂႏၳ၀င္ ႐ုဒ္ဂူးလစ္ဟာ ခ်ယ္လ္ဆီးအသင္းမွာ ၁၉၉၅ ကေန ၁၉၉၈ အထိ ကစားခဲ့ၿပီး ေဘာလုံးသမားဘ၀က အနားယူခ့ဲတယ္။ ဂူးလစ္ဟာ ခ်ယ္လ္ဆီးအသင္းမွာ ကစားေနတဲ့ ၁၉၉၇ ကေန ၁၉၉၈ ခုႏွစ္အထိ ကစားသမား/နည္းျပအျဖစ္ တာ၀န္ယူခဲ့ၿပီး FA ဖလားတစ္ႀကိမ္ ဆြတ္ခူးႏုိင္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးကစားသမားဘ၀ ေအာင္ျမင္မႈ – FA ဖလား (1997) ၊ နည္းျပဘ၀ေအာင္ျမင္မႈ – FA ဖလား (1997)

ဗီယာလီ Gianluca Vialli

Gianluca-Vialli

Gianluca-Vialli

အီတလီ နာမည္ေက်ာ္တိုက္စစ္မွဴးႀကီး ဗီယာလီကလည္း ဂူးလစ္လုိပဲ ခ်ယ္လ္ဆီးအသင္းကုိ ကစားသမား/နည္းျပအျဖစ္ ၁၉၉၈ ကေန ၂၀၀၀ ခုႏွစ္အထိ ကုိင္တြယ္ခဲ့တယ္။ သူ႔လက္ထက္မွာေတာ့ ခ်ယ္လ္ဆီးအသင္းဟာ အဓိက ဆုဖလားေတြရယူခဲ့ၿပီး ကစားသမားဘ၀မွာေရာ နည္းျပဘ၀မွာပါ ေအာင္ျမင္မႈရခဲ့တယ္လုိ႔ သတ္မွတ္ႏုိင္ပါတယ္။

ခ်ယ္လ္ဆီးကစားသမားဘ၀ ေအာင္ျမင္မႈ – FA Cup: 1996–97၊ League Cup: 1997–98၊ UEFA Cup Winners’ Cup: 1997–98၊ UEFA Super Cup: 1998 ၊

နည္းျပဘ၀ေအာင္ျမင္မႈ – FA Cup: 1999–2000၊ League Cup: 1997–98၊ FA Charity Shield: 2000၊ UEFA Cup Winners’ Cup: 1997–98၊ UEFA Super Cup: 1998

ဒီမတ္တီယုိ Di Matteo

Di-Matteo

Di-Matteo

ဒီမတ္တီယုိဟာ ခ်ယ္လ္ဆီးအသင္းသမုိင္းတစ္ေလွ်ာက္ ကစားသမားဘ၀မွာေရာ၊ နည္းျပဘ၀မွာပါ ေအာင္ျမင္မႈ အမ်ားဆုံးသူတစ္ေယာက္ျဖစ္ပါတယ္။ ကစားသမားဘ၀မွာ FA ဖလား ၊ UEFA Cup Winners’ Cup ၊ ဥေရာပစူပါဖလားေတြ ရယူခဲ့သလုိ အသင္းသမုိင္းမွာ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏုိင္ေအာင္ စြမ္းေဆာင္ခဲ့သူပါ။

ခ်ယ္လ္ဆီးကစားသမားဘ၀ ေအာင္ျမင္မႈ – FA Cup: 1996–97, 1999–2000 ၊Football League Cup: 1997–98၊ FA Charity Shield: 2000၊ UEFA Cup Winners’ Cup: 1997–98
UEFA Super Cup: 1998

နည္းျပဘ၀ေအာင္ျမင္မႈ – FA Cup: 2011–12 ၊ UEFA Champions League: 2011–12

ပုိယက္ Gus Poyet

Gus-Poyet

Gus-Poyet

ကစားသမားဘ၀မွာ ၾကမ္းၾကမ္းတမ္းတမ္း ကစားတတ္သူအျဖစ္ လူသိမ်ားတဲ့ ပုိယက္ဟာ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ေအာင္ျမင္မႈရခဲ့ေပမယ့္ နည္းျပဘ၀မွာေတာ့ ႐ုန္းကန္ေနရဆဲပါပဲ။ ဘ႐ုိက္တန္အသင္းနဲ႔အတူ League One အမွတ္ေပးဖလား ရခဲ့တာက လြဲရင္ ေအာင္ျမင္မႈ ႀကီးႀကီးမားမား မရွိပါဘူး။ ဆန္းဒါးလန္း၊ ဘက္တစ္၊ ရွန္ဟုိင္းရွင္ဟြာ၊ ေဘာ္ဒုိးစတဲ့ လူသိမ်ားတဲ့အသင္းေတြကုိ ကုိင္တြယ္ခြင့္ရခဲ့ေပမယ့္ နည္းျပသက္တမ္း မရွည္ဘဲ ရာထူးက ထုတ္ပယ္ခံခဲ့ရတာ မ်ားပါတယ္။

ခ်ယ္လ္ဆီးကစားသမားဘ၀ ေအာင္ျမင္မႈ – UEFA Cup Winners’ Cup: 1997–98 ၊ UEFA Super Cup: 1998 ၊ FA Cup: 1999–2000 ၊ FA Charity Shield: 2000

နည္းျပဘ၀ေအာင္ျမင္မႈ – Football League One (1): 2010–11

လမ္းပတ္ Lampard

Lampard

Lampard

ခ်ယ္လ္ဆီးအသင္းနဲ႔အတူ အထင္ကရ ေအာင္ျမင္မႈေတြ အမ်ားႀကီး ရယူခဲ့တဲ့ ကစားသမားစာရင္းထဲမွာ တစ္ဦးအပါအ၀င္ျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕ သြငး္ဂုိးအမ်ားဆုံး ကစားသမားလည္းျဖစ္ပါတယ္။ ဒီရာသီအစမွာ ဒါဘီအသင္းနဲ႔အတူ နည္းျပေလာကထဲ ၀င္ေရာက္ခဲ့တဲ့ လမ္းပတ္ဟာ ေအာင္ျမင္တဲ့လမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းႏုိင္မလား ေစာင့္ၾကည့္ရပါဦးမယ္။

ေဘာလုံးသမားဘ၀ကုိ အဆုံးသတ္ၿပီး နည္းျပေလာကထဲ ၀င္ေရာက္ခဲ့သူေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ အန္ဆယ္ေလာ့တီ Ancelotti ၊ ဂြါဒီယုိလာ Guardiola တို႔လုိ စံခ်ိန္တင္ေအာင္ျမင္မႈေတြ ရယူခဲ့ၾကသူေတြလည္း အမ်ားႀကီးပါ။ အခု တယ္ရီ၊ လမ္းပတ္တို႔လုိ ခ်ယ္လ္ဆီးကစားသမားေဟာင္းေတြေရာ ကစားသမားဘ၀တုန္းကလုိ နည္းျပဘ၀မွာလည္း ဆုဖလားေတြ ကုိင္ေျမႇာက္ႏုိင္မလားဆုိတာ စိတ္၀င္စားစရာပါပဲ။

Naing Linn(Akhayar)
Photo: Playbuzz,Pinterest,Evening Standard,Football Fancast,The Independent,The National
www.akhayar.com

[Unicode]

နည်းပြဘဝကို ကူးပြောင်းခဲ့ကြတဲ့ ချယ်လ်ဆီးအသင်းရဲ့ နာမည်ကျော် ကစားသမားဟောင်းများ

ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်နောက်ခံလူ တယ်ရီ Terry ဟာ ဘောလုံးသမားဘဝကနေ အနားယူပြီး အက်စတွန်ဗီလာအသင်း လက်ထောက်နည်းပြအဖြစ် စတင်ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ တယ်ရီမတိုင်ခင်က ဂန္ထဝင် ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ လမ်းပတ် Lampard ဟာလည်း ဒါဘီအသင်းနဲ့အတူ နည်းပြဘဝကို ဖြတ်သန်းနေပါပြီ။

Terry

Terry

ချယ်လ်ဆီးအသင်းရဲ့ နာမည်ကျော်ကစားသမား အတော်များများဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက်ပိုင်း နည်းပြအဖြစ် ဆက်လက်ရှင်သန်ခဲ့ပြီး တချို့ကလည်း အောင်မြင်မှု ရခဲ့သလို တချို့လည်း သာမန်အနေအထားသာ ပိုင်ဆိုင်ခဲ့တယ်။ နည်းပြဘဝကို ကူးပြောင်းခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ နာမည်ကျော် ကစားသမားတွေကတော့ . . .

ရုဒ်ဂူးလစ် Ruud Gullit

Ruud-Gullit

Ruud-Gullit

နယ်သာလန်ဂန္ထဝင် ရုဒ်ဂူးလစ်ဟာ ချယ်လ်ဆီးအသင်းမှာ ၁၉၉၅ ကနေ ၁၉၉၈ အထိ ကစားခဲ့ပြီး ဘောလုံးသမားဘဝက အနားယူခဲ့တယ်။ ဂူးလစ်ဟာ ချယ်လ်ဆီးအသင်းမှာ ကစားနေတဲ့ ၁၉၉၇ ကနေ ၁၉၉၈ ခုနှစ်အထိ ကစားသမား/နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး FA ဖလားတစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးကစားသမားဘ၀ အောင်မြင်မှု – FA ဖလား (1997) ၊ နည်းပြဘဝအောင်မြင်မှု – FA ဖလား (1997)

ဗီယာလီ Gianluca Vialli

Gianluca-Vialli

Gianluca-Vialli

အီတလီ နာမည်ကျော်တိုက်စစ်မှူးကြီး ဗီယာလီကလည်း ဂူးလစ်လိုပဲ ချယ်လ်ဆီးအသင်းကို ကစားသမား/နည်းပြအဖြစ် ၁၉၉၈ ကနေ ၂၀၀၀ ခုနှစ်အထိ ကိုင်တွယ်ခဲ့တယ်။ သူ့လက်ထက်မှာတော့ ချယ်လ်ဆီးအသင်းဟာ အဓိက ဆုဖလားတွေရယူခဲ့ပြီး ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ အောင်မြင်မှုရခဲ့တယ်လို့ သတ်မှတ်နိုင်ပါတယ်။

ချယ်လ်ဆီးကစားသမားဘ၀ အောင်မြင်မှု – FA Cup: 1996–97၊ League Cup: 1997–98၊ UEFA Cup Winners’ Cup: 1997–98၊ UEFA Super Cup: 1998 ၊

နည်းပြဘဝအောင်မြင်မှု – FA Cup: 1999–2000၊ League Cup: 1997–98၊ FA Charity Shield: 2000၊ UEFA Cup Winners’ Cup: 1997–98၊ UEFA Super Cup: 1998

ဒီမတ်တီယို Di Matteo

Di-Matteo

Di-Matteo

ဒီမတ်တီယိုဟာ ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် ကစားသမားဘဝမှာရော၊ နည်းပြဘဝမှာပါ အောင်မြင်မှု အများဆုံးသူတစ်ယောက်ဖြစ်ပါတယ်။ ကစားသမားဘဝမှာ FA ဖလား ၊ UEFA Cup Winners’ Cup ၊ ဥရောပစူပါဖလားတွေ ရယူခဲ့သလို အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ခဲ့သူပါ။

ချယ်လ်ဆီးကစားသမားဘ၀ အောင်မြင်မှု – FA Cup: 1996–97, 1999–2000 ၊Football League Cup: 1997–98၊ FA Charity Shield: 2000၊ UEFA Cup Winners’ Cup: 1997–98
UEFA Super Cup: 1998

နည်းပြဘဝအောင်မြင်မှု – FA Cup: 2011–12 ၊ UEFA Champions League: 2011–12

ပိုယက် Gus Poyet

Gus-Poyet

Gus-Poyet

ကစားသမားဘဝမှာ ကြမ်းကြမ်းတမ်းတမ်း ကစားတတ်သူအဖြစ် လူသိများတဲ့ ပိုယက်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုရခဲ့ပေမယ့် နည်းပြဘဝမှာတော့ ရုန်းကန်နေရဆဲပါပဲ။ ဘရိုက်တန်အသင်းနဲ့အတူ League One အမှတ်ပေးဖလား ရခဲ့တာက လွဲရင် အောင်မြင်မှု ကြီးကြီးမားမား မရှိပါဘူး။ ဆန်းဒါးလန်း၊ ဘက်တစ်၊ ရှန်ဟိုင်းရှင်ဟွာ၊ ဘော်ဒိုးစတဲ့ လူသိများတဲ့အသင်းတွေကို ကိုင်တွယ်ခွင့်ရခဲ့ပေမယ့် နည်းပြသက်တမ်း မရှည်ဘဲ ရာထူးက ထုတ်ပယ်ခံခဲ့ရတာ များပါတယ်။

ချယ်လ်ဆီးကစားသမားဘ၀ အောင်မြင်မှု – UEFA Cup Winners’ Cup: 1997–98 ၊ UEFA Super Cup: 1998 ၊ FA Cup: 1999–2000 ၊ FA Charity Shield: 2000

နည်းပြဘဝအောင်မြင်မှု – Football League One (1): 2010–11

လမ်းပတ် Lampard

Lampard

Lampard

ချယ်လ်ဆီးအသင်းနဲ့အတူ အထင်ကရ အောင်မြင်မှုတွေ အများကြီး ရယူခဲ့တဲ့ ကစားသမားစာရင်းထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားလည်းဖြစ်ပါတယ်။ ဒီရာသီအစမှာ ဒါဘီအသင်းနဲ့အတူ နည်းပြလောကထဲ ဝင်ရောက်ခဲ့တဲ့ လမ်းပတ်ဟာ အောင်မြင်တဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်မလား စောင့်ကြည့်ရပါဦးမယ်။

ဘောလုံးသမားဘဝကို အဆုံးသတ်ပြီး နည်းပြလောကထဲ ဝင်ရောက်ခဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။ အန်ဆယ်လော့တီ Ancelotti ၊ ဂွါဒီယိုလာ Guardiola တို့လို စံချိန်တင်အောင်မြင်မှုတွေ ရယူခဲ့ကြသူတွေလည်း အများကြီးပါ။ အခု တယ်ရီ၊ လမ်းပတ်တို့လို ချယ်လ်ဆီးကစားသမားဟောင်းတွေရော ကစားသမားဘဝတုန်းကလို နည်းပြဘဝမှာလည်း ဆုဖလားတွေ ကိုင်မြှောက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Naing Linn(Akhayar)
Photo: Playbuzz,Pinterest,Evening Standard,Football Fancast,The Independent,The National
www.akhayar.com