[Zawgyi]

ကြင္းထဲမွာ ၿပိဳင္ဆုိင္မႈျပင္းထန္ခဲ့သလုိ ကြင္းျပင္ပမွာလည္း
ပရိသတ္ေတြ အခ်င္းမ်ားခဲ့တဲ့ ခ်ယ္လ္ဆီးနဲ႔စပါးတို႔ရဲ႕ လန္ဒန္ဒါဘီ

ခ်ယ္လ္ဆီးနဲ႔ စပါးအသင္းတို႔ရဲ႕ လန္ဒန္ဒါဘီပဲြကေတာ့ ကြင္းထဲမွာ ၿပိဳင္ဆုိင္မႈျပင္းထန္႐ုံသာမက ကြင္းျပင္ပမွာလည္း ႏွစ္ဖက္
ပရိသတ္ေတြ ရန္ျဖစ္ခဲ့ၾကပါတယ္။ စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာကစားခဲ့တဲ့ လန္ဒန္ဒါဘီပဲြမွာ စပါးအသင္းဟာ ခ်ယ္လ္ဆီးကုိ (၃-၁)ဂုိးနဲ႔
အႏုိင္ရခဲ့ၿပီး ဒါဟာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္သာမက (၂၈)ႏွစ္အတြင္း စပါးအသင္းအတြက္ စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ
ပထမဆုံး ေအာင္ပဲြျဖစ္ခဲ့တယ္။ ၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္တဲ့အျပင္ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အၿပိဳင္ျဖစ္ေနတဲ့ ခ်ယ္လ္ဆီးအသင္းကုိ
အႏုိင္ရခဲ့တာဟာ စပါးအသင္းပရိသတ္ေတြအတြက္ ခ်ိဳၿမိန္တဲ့ေအာင္ပဲြျဖစ္ခဲ့ေပမယ့္ ခ်ယ္လ္ဆီးပရိသတ္ေတြအတြက္ကေတာ့
ခံျပင္းစရာေကာင္းခဲ့ပါတယ္။

ခ်ယ္လ္ဆီးနဲ႔စပါးအသင္းပရိသတ္မ်ားကုိ ရဲတပ္ဖဲြ႕က ထိန္းသိမ္းေနစဥ္

ခ်ယ္လ္ဆီးနဲ႔စပါးအသင္းပရိသတ္ေတြကုိ ရဲတပ္ဖဲြ႕မ်ားက ထိန္းသိမ္းေနစဥ္

အဲဒီပဲြအၿပီးတနဂၤေႏြေန႔ ညေန(၆)နာရီေလာက္မွာ ဖူလ္ဟမ္လမ္းမေပၚမွာရွိတဲ့ La Reserve ဟုိတယ္ေရွ႕မွာ ခ်ယ္လ္ဆီးနဲ႔စပါးပရိသတ္ေတြ ရန္ပဲြျဖစ္ခဲ့ၿပီး တစ္ဖက္နဲ႔တစ္ဖက္ ဘီယာပုလင္းေတြနဲ႔ ပစ္ေပါက္ခဲ့ၾကတာေၾကာင့္ ရဲတပ္ဖဲြ႕၀င္ေတြက ဖ်န္ေျဖေပးခဲ့ရပါတယ္။ အဲဒီျဖစ္ရပ္ကုိ ျမင္ေတြ႕ခဲ့တဲ့ ဂ်ိဳးေဖာ္ရက္စတာ ဆုိသူက-စပါးအသင္းပရိသတ္ေတြ ဟုိတယ္ေရွ႕က အျဖတ္ ဟုိတယ္ဘားမွာ ထုိင္ေနၾကတဲ့
ခ်ယ္လ္ဆီးပရိသတ္ေတြက ႐ုတ္တရက္ေျပးသြားၿပီး ရန္ျပဳခဲ့တာျဖစ္ပါတယ္။ ဒီရန္ပဲြအစအဆုံးကုိ ဟုိတယ္အေပၚကေန ကၽြန္ေတာ္ ဗီဒီယုိ
႐ုိက္ကူးခဲ့ပါေသးတယ္-လုိ႔ ေျပာခဲ့ပါတယ္။ ေနာက္ပုိင္းမွာ ရဲတပ္ဖဲြ႕၀င္ေတြက အင္အားအလုံအေလာက္သုံးၿပီး ႏွစ္ဖက္ပရိသတ္ေတြကုိ
ထိန္းသိမ္းႏုိင္ခဲ့ပါတယ္။

REF: Daily Mail

Naing Linn (Akhayar)

www.akhayar.com

[Unicode]

ကွင်းထဲမှာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သလို ကွင်းပြင်ပမှာလည်း ပရိသတ်တွေ အချင်းများခဲ့တဲ့ ချယ်လ်ဆီးနဲ့စပါးတို့ရဲ့ လန်ဒန်ဒါဘီ

ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲကတော့ ကွင်းထဲမှာ ပြိုင်ဆိုင်မှုပြင်းထန်ရုံသာမက ကွင်းပြင်ပမှာလည်း နှစ်ဖက်
ပရိသတ်တွေ ရန်ဖြစ်ခဲ့ကြပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ စပါးအသင်းဟာ ချယ်လ်ဆီးကို (၃-၁)ဂိုးနဲ့
အနိုင်ရခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်သာမက (၂၈)နှစ်အတွင်း စပါးအသင်းအတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ
ပထမဆုံး အောင်ပွဲဖြစ်ခဲ့တယ်။ မြို့ခံပြိုင်ဘက်ဖြစ်တဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ ချယ်လ်ဆီးအသင်းကို
အနိုင်ရခဲ့တာဟာ စပါးအသင်းပရိသတ်တွေအတွက် ချိုမြိန်တဲ့အောင်ပွဲဖြစ်ခဲ့ပေမယ့် ချယ်လ်ဆီးပရိသတ်တွေအတွက်ကတော့
ခံပြင်းစရာကောင်းခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့စပါးအသင်းပရိသတ်များကို ရဲတပ်ဖွဲ့က ထိန်းသိမ်းနေစဉ်

ချယ်လ်ဆီးနဲ့စပါးအသင်းပရိသတ်များကို ရဲတပ်ဖွဲ့က ထိန်းသိမ်းနေစဉ်

အဲဒီပွဲအပြီးတနင်္ဂနွေနေ့ ညနေ(၆)နာရီလောက်မှာ ဖူလ်ဟမ်လမ်းမပေါ်မှာရှိတဲ့ La Reserve ဟိုတယ်ရှေ့မှာ ချယ်လ်ဆီးနဲ့စပါးပရိသတ်တွေ ရန်ပွဲဖြစ်ခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် ဘီယာပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ဖျန်ဖြေပေးခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့တဲ့ ဂျိုးဖော်ရက်စတာ ဆိုသူက-စပါးအသင်းပရိသတ်တွေ ဟိုတယ်ရှေ့က အဖြတ် ဟိုတယ်ဘားမှာ ထိုင်နေကြတဲ့
ချယ်လ်ဆီးပရိသတ်တွေက ရုတ်တရက်ပြေးသွားပြီး ရန်ပြုခဲ့တာဖြစ်ပါတယ်။ ဒီရန်ပွဲအစအဆုံးကို ဟိုတယ်အပေါ်ကနေ ကျွန်တော် ဗီဒီယို
ရိုက်ကူးခဲ့ပါသေးတယ်-လို့ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက အင်အားအလုံအလောက်သုံးပြီး နှစ်ဖက်ပရိသတ်တွေကို
ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

REF: Daily Mail

Naing Linn (Akhayar)

www.akhayar.com