[Zawgyi]

ကစားသမားေခၚယူခြင့္ (၂)ႏွစ္ ပိတ္ပင္ခံရမယ့္အေနအထားနဲ႔ ရင္ဆုိင္ေနရတဲ့ ခ်ယ္လ္ဆီး

ခ်ယ္လ္ဆီးအသင္းဟာ လူငယ္ကစားသမားေတြ ေခၚယူခဲ့တာမွာ သတ္မွတ္ထားတဲ့ စညး္မ်ဥ္းေတြနဲ႔ မကုိက္ညီတ့ဲအတြက္ ကမၻာ႔ေဘာလုံးအဖဲြ႕ခ်ဳပ္ (FIFA)က ကာလအေတာ္ၾကာ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ၿပီးတဲ့ေနာက္ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ကစားသမားေခၚယူခြင့္ (၂)ႏွစ္ပိတ္ပင္ခံရဖုိ႔ ရွိေနပါၿပီ။ ခ်ယ္လ္ဆီးအသင္းဟာ ဘာကီနာဖာဆုိ တိုက္စစ္မွဴး ဘာထရန္ထရာအုိေရး Bertrand Traore အပါအ၀င္ အသက္(၁၈)ႏွစ္ေအာက္ ကစားသမားအေျပာင္းအေရႊ႕ (၁၃)ခုမွာ စည္းမ်ဥ္းစည္းကမ္းေတြ ခ်ိဳးေဖာက္ခဲ့တယ္လုိ FIFA က ယူဆခဲ့ၿပီး (၃)ႏွစ္ၾကာ စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ခဲ့ပါတယ္။

Bertrand-Traoré-Playing-Chelsea-Youth-Team

Bertrand-Traoré-Playing-Chelsea-Youth-Team

ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၁ ၊ ဧၿပီလတုန္းက ဘာကီနာဖာဆုိျပည္တြင္းကလပ္ AJEB မွာ ကစားေနတဲ့ ထရာအုိေရးကုိ ေခၚယူဖုိ႔ သေဘာတူညီမႈ ရခဲ့ၿပီး အဲဒီအခ်ိန္က ထရာအုိေရးဟာ အသက္(၁၆)ႏွစ္ပဲရွိပါေသးတယ္။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ထရာအုိေရးကုိ ေခၚယူဖုိ႔အတြက္ သူ႔ မိခင္ျဖစ္သူကုိ ေပါင္(၁၅၅၀၀၀)၊ AJEB ကလပ္ကုိ ေပါင္(၁၃၀၀၀)ေပးေခ်ခ့ဲရတယ္။ FIFA က သတ္မွတ္ထားတဲ့ စည္းမ်ဥ္းေတြအရ ဥေရာပကလပ္အသင္းေတြအေနဲ႔ EU ျပင္ပမွာရွိတဲ့ အသက္(၁၈)ႏွစ္ေအာက္ ကစားသမားေတြကုိ ေခၚယူခြင့္ ပိတ္ပင္ထားတာေၾကာင့္ ခ်ယ္လ္ဆီးအသင္းရဲ႕ လုပ္ရပ္ဟာ သတ္မွတ္ထားတဲ့ စညး္မ်ဥ္းကုိ ခ်ိဳးေဖာက္သလုိ ျဖစ္ခဲ့ပါတယ္။ FIFA ဟာ ဒီကိစၥနဲ႔ပတ္သက္ၿပီး ၂၀၁၃ ခုႏွစ္တုန္းက စုံစမ္းစစ္ေဆးမႈကုိ ရပ္တန္႔ခဲ့ေပမယ့္ ၂၀၁၅ ခုႏွစ္မွာ ျပန္လည္စတင္ခဲ့ၿပီး (၃)ႏွစ္ၾကာေအာင္ စုံစမ္းမႈေတြ လုပ္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ တကယ္ပဲ စည္းကမ္းေတြ ခ်ိဳးေဖာက္ခဲ့တယ္ဆုိရင္ ႀကီးမားတဲ့ ဒဏ္ေငြျပစ္ဒဏ္အျပင္ ကစားသမားေခၚယူခြင့္ (၂)ႏွစ္(အေျပာင္းအေရႊ႕ကာလ ၄ ခု)အထိ ပိတ္ပင္ခံရဖုိ႔ ရွိေနပါၿပီ။

Bertrand-Traoré-Lyon

Bertrand-Traoré-Lyon

ထရာအုိေရးဟာ ခ်ယ္လ္ဆီးစီနီယာအသင္းအတြက္ ၂၀၁၄ ကေန ၂၀၁၇ ခုႏွစ္အထိ ကစားခဲ့ၿပီး အဲဒီၾကားထဲမွာ ဗီြတက္ဆီ၊ ေအဂ်က္စ္အသင္းတို႔ဆီ အငွားနဲ႔ သြားေရာက္ကစားခဲ့တယ္။ ၂၀၁၇ မွာေတာ့ လုိင္ယြန္အသင္းဆီ ေျပာင္းေရႊ႕ခဲ့ၿပီး အခု အသင္းရဲ႕အဓိက ကစားသမားတစ္ဦအျဖစ္ ေျခစြမ္းျပေနသူလည္းျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ ၂၀၀၇ ခုႏွစ္မွာ လန္းစ္အသင္း လူငယ္ကစားသမား ကာကူတာ Gaël Kakuta ကုိ ေခၚယူခဲ့တုန္းကလည္း ျပႆနာေတြ တက္ခဲ့ဖူးၿပီး ကစားသမားေခၚယူခြင့္ ပိတ္ပင္ခံခဲ့ရဖူးေပမယ့္ သက္ေသေတြနဲ႔ ျပန္လည္ေျဖရွင္းႏုိင္ခဲ့လုိ႔သာ သက္သာရာရခဲ့တာပါ။

REF:.foxsports,90min,Daily Mail
Photo:ESPN.com,The Guardian Nigeria
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကစားသမားခေါ်ယူခွင့် (၂)နှစ် ပိတ်ပင်ခံရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ လူငယ်ကစားသမားတွေ ခေါ်ယူခဲ့တာမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ကာလအတော်ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ချယ်လ်ဆီးအသင်းအနေနဲ့ ကစားသမားခေါ်ယူခွင့် (၂)နှစ်ပိတ်ပင်ခံရဖို့ ရှိနေပါပြီ။ ချယ်လ်ဆီးအသင်းဟာ ဘာကီနာဖာဆို တိုက်စစ်မှူး ဘာထရန်ထရာအိုရေး Bertrand Traore အပါအဝင် အသက်(၁၈)နှစ်အောက် ကစားသမားအပြောင်းအရွှေ့ (၁၃)ခုမှာ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ခဲ့တယ်လို FIFA က ယူဆခဲ့ပြီး (၃)နှစ်ကြာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

Bertrand-Traoré-Playing-Chelsea-Youth-Team

Bertrand-Traoré-Playing-Chelsea-Youth-Team

ချယ်လ်ဆီးအသင်းဟာ ၂၀၁၁ ၊ ဧပြီလတုန်းက ဘာကီနာဖာဆိုပြည်တွင်းကလပ် AJEB မှာ ကစားနေတဲ့ ထရာအိုရေးကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး အဲဒီအချိန်က ထရာအိုရေးဟာ အသက်(၁၆)နှစ်ပဲရှိပါသေးတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ထရာအိုရေးကို ခေါ်ယူဖို့အတွက် သူ့ မိခင်ဖြစ်သူကို ပေါင်(၁၅၅၀၀၀)၊ AJEB ကလပ်ကို ပေါင်(၁၃၀၀၀)ပေးချေခဲ့ရတယ်။ FIFA က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ ဥရောပကလပ်အသင်းတွေအနေဲ့ EU ပြင်ပမှာရှိတဲ့ အသက်(၁၈)နှစ်အောက် ကစားသမားတွေကို ခေါ်ယူခွင့် ပိတ်ပင်ထားတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ လုပ်ရပ်ဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းကို ချိုးဖောက်သလို ဖြစ်ခဲ့ပါတယ်။ FIFA ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ်တုန်းက စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ပြန်လည်စတင်ခဲ့ပြီး (၃)နှစ်ကြာအောင် စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ တကယ်ပဲ စည်းကမ်းတွေ ချိုးဖောက်ခဲ့တယ်ဆိုရင် ကြီးမားတဲ့ ဒဏ်ငွေပြစ်ဒဏ်အပြင် ကစားသမားခေါ်ယူခွင့် (၂)နှစ်(အပြောင်းအရွှေ့ကာလ ၄ ခု)အထိ ပိတ်ပင်ခံရဖို့ ရှိနေပါပြီ။

Bertrand-Traoré-Lyon

Bertrand-Traoré-Lyon

ထရာအိုရေးဟာ ချယ်လ်ဆီးစီနီယာအသင်းအတွက် ၂၀၁၄ ကနေ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပြီး အဲဒီကြားထဲမှာ ဗွီတက်ဆီ၊ အေဂျက်စ်အသင်းတို့ဆီ အငှားနဲ့ သွားရောက်ကစားခဲ့တယ်။ ၂၀၁၇ မှာတော့ လိုင်ယွန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အခု အသင်းရဲ့အဓိက ကစားသမားတစ်ဦအဖြစ် ခြေစွမ်းပြနေသူလည်းဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ၂၀၀၇ ခုနှစ်မှာ လန်းစ်အသင်း လူငယ်ကစားသမား ကာကူတာ Gaël Kakuta ကို ခေါ်ယူခဲ့တုန်းကလည်း ပြဿနာတွေ တက်ခဲ့ဖူးပြီး ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံခဲ့ရဖူးပေမယ့် သက်သေတွေနဲ့ ပြန်လည်ဖြေရှင်းနိုင်ခဲ့လို့သာ သက်သာရာရခဲ့တာပါ။

REF:.foxsports,90min,Daily Mail
Photo:ESPN.com,The Guardian Nigeria
Naing Linn(Akhayar)
www.akhayar.com