[Zawgyi]

အျပန္အလွန္သြင္းဂုိးေတြနဲ႔ စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ အာဆင္နယ္ကုိ အႏုိင္ယူခဲ့တဲ့ ခ်ယ္လ္ဆီး

ခ်ယ္လ္ဆီး-အာဆင္နယ္တို႔ရဲ႕ လန္ဒန္ဒါဘီပဲြကေတာ့ အျပန္အလွန္သြင္းဂုိးေတြနဲ႔ ခ်ယ္လ္ဆီးအသင္းက (၃-၂)ဂုိးနဲ႔ အႏုိင္ရခဲ့ပါတယ္။ ဒီပဲြမွာ ႏွစ္သင္းစလုံးရဲ႕ေျခစြမ္းျပ ကစားႏုိင္ခဲ့ေပမယ့္ အဆုံးသတ္ပုိေကာင္းတဲ့ ခ်ယ္လ္ဆီးအသင္းက ႏုိင္ပြဲရယူႏုိင္ခဲ့တယ္လုိ႔ဆုိရမယ္။ ပဲြအစကတည္းက ခ်ယ္လ္ဆီးအသင္းက ေဘာလုံးပုိင္ဆုိင္မႈ အသာနဲ႔ ထုိးေဖာက္ကစားခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္ဆင္မႈကုိ အာဆင္နယ္ခံစစ္က ဘယ္လုိမွ မထိန္းခ်ဳပ္ႏုိင္ခဲ့ဘူး။ ပဲြအစ(၉)မိနစ္ကတည္းက ခ်ယ္လ္ဆီး အဖြင့္ဂုိးရခဲ့ၿပီး မားကုိ႔စ္အလြန္ဆုိ Marcos Alonso ရဲ႕ ေပးပုိ႔မႈကေန ပတ္ဒ႐ုိ Pedro က ပိတ္သြင္းခဲ့တာပါ။ အာဆင္နယ္ကြင္းလယ္က လူငယ္ကစားသမား ဂြန္ဒူဇီ Guendouzi မန္စီးတီးနဲ႔ပဲြကထက္ ပုိေကာင္းလာေပမယ့္ ခ်ာကာ Xhaka ပ်က္ေနလုိ႔ ကြင္းလယ္အဖ်က္ပုိင္း အားနည္းခဲ့တယ္။

Pedro-Score-For-ChelseaPedro-Score-For-Chelsea

ဒါေပမဲ့ ခ်ယ္လ္ဆီးအသင္း ကြင္းလယ္လူေတြျဖစ္တဲ့ ကြန္ေတ Kante ၊ ဘာကေလ Barkley ၊ ေယာ္ဂ်င္ဟုိ Jorginho တုိ႔ဟာ တိုက္စစ္ကစားရင္ ေကာင္းေပမယ့္ ၿပိဳင္ဘက္က တိုက္စစ္ဆင္လာရင္ ျပန္ Cover မလုပ္ႏုိင္လုိ႔လည္း ကြင္းလယ္မွာ Space ေတြျဖစ္ခဲ့တ့ဲအျပင္ ေနာက္ခံလူေတြျဖစ္တဲ့ ႐ူဒီဂါ Rüdiger ၊ ေဒးဗစ္လူး၀စ္ဇ္ David Luiz တို႔ကလည္း Marking ကစားတာမွာ အမွားမ်ားတာေၾကာင့္ အာဆင္နယ္ အခြင့္အေရးေတြရခဲ့တယ္။ အာဆင္နယ္တိုက္စစ္မွဴး အူဘာမီယန္း Aubameyang ၊ မစ္ခီတာရီယန္ Mkhitaryan တို႔ ဂုိးဧရိယာထဲမွာ အပုိင္ကန္ခြင့္ေတြရေပမယ့္ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ လဲြေခ်ာ္ခဲ့လုိ႔ အာဆင္နယ္ နစ္နာခဲ့ရတယ္။ အဲဒီဂုိးေတြသာ ရခဲ့ရင္ ပဲြအေနအထားက တစ္မ်ိဳးတစ္ဖုံ ေျပာင္းလဲသြားႏုိင္တယ္လုိ႔ ဆုိရမယ္။ မိနစ္(၂၀)မွာ ခ်ယ္လ္ဆီး ဒုတိယဂုိးရခဲ့ၿပီး ေ၀ဖန္မႈေတြခံေနရတဲ့ တိုက္စစ္မွဴး မုိရာတာ Morata က အာဆင္နယ္ေနာက္ခံလူ မူစတာဖီ Mustafi ကုိ လွည့္စားသြင္းယူခဲ့တာပါ။ ဂုိးေတြ ေပးလုိက္ရေပမယ့္ အာဆင္နယ္ ကစားပုံ ေကာင္းလာခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းကုိ ဖိအားေပးႏုိင္ခဲ့တယ္။

Hazard-Attacks-Arsenal-Defence

Hazard-Attacks-Arsenal-Defence

အာဆင္နယ္အသင္းအတြက္ (၃၇)မိနစ္မွာ မစ္ခီတာရီယန္က ေခ်ပဂုိးသြင္းယူခဲ့ၿပီး ဒုတိယဂုိးကုိလည္း (၄၁)မိနစ္မွာ မစ္ခီတာရီယန္ရဲ႕ ေပးပုိ႔မႈကေန အီ၀ုိဘီ Iwobi က ပိတ္သြင္းခဲ့တယ္။ အီ၀ုိဘီဂုိး မတိုင္ခင္ကတည္းက အာဆင္နယ္ေတာင္ပံက အနိမ့္ေဘာေတြ ခ်ိဳးေပးလုိက္တုိင္း အခြင့္အေရးေတြ ေပးခဲ့ရတာကုိ ခ်ယ္လ္ဆီး ခံစစ္က မျပင္ႏုိင္ခဲ့ဘူး။

Ozil-against-Kovacic

Ozil-against-Kovacic

ဒုတိယပုိင္းမွာ ဘာကေလေနရာ ကုိဗာခ်စ္ Kovačić ၀င္လာၿပီးေနာက္ပုိင္း ခ်ယ္လ္ဆီး ကြင္းလယ္ခံစစ္က တည္ၿငိမ္သြားၿပီး အာဆင္နယ္ရဲ႕ ထုိးေဖာက္မႈေတြကုိ ထိန္းခ်ဳပ္ႏုိင္ခ့ဲတယ္။ ခ်ယ္လ္ဆီးအသင္း အပုိင္အခြင့္အေရးေတြရခဲ့ေပမယ့္ အာဆင္နယ္ဂုိးသမား ပီတာခ်က္ Peter Cech လက္စြမ္းျပေနလုိ႔ ဂုိးထပ္မရခဲ့ဘူး။ (၈၁)မိနစ္မွာ ဟာဇက္ Hazard ရဲ႕ တစ္ကုိယ္ေတာ္ ထုိးေဖာက္မႈကေန ဘယ္ျခမ္းက ခ်ိဳးေပးလုိက္တာကုိ အသင့္ပါလာတဲ့ ေနာက္ခံလူ မားကုိ႔စ္အလြန္ဆုိက ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

Marcos-Alonso-Winning-Goal

Marcos-Alonso-Winning-Goal

ဒီပဲြမွာ ႐ႈံးခဲ့လုိ႔ အာဆင္နယ္အသင္းနည္းျပ အူႏုိင္းအမ္မရီ Unai Emery အတြက္ ဖိအားေတြ မ်ားခဲ့ရတဲ့အျပင္ ၁၉၉၂-၉၃ ေနာက္ပုိင္း ရာသီအဖြင့္(၂)ပဲြဆက္ ႐ႈံးနိမ့္ခဲ့တဲ့ မွတ္တမ္းဆုိးကုိပါ ပုိင္ဆုိင္ခဲ့ရတယ္။

စေနေန႔ ပရီးမီးယားလိဂ္ပဲြစဥ္ရလဒ္မ်ား
Cardiff City 0 – 0 Newcastle United
Everton 2 – 1 Southampton
Leicester City 2 – 0 Wolverhampton
Tottenham Hotspur3 – 1 Fulham
West Ham 1 – 2 Bournemouth
Chelsea 3 – 2 Arsenal

Photo:Chelsea Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အပြန်အလှန်သွင်းဂိုးတွေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီး-အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ချယ်လ်ဆီးအသင်းက (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံးရဲ့ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုကောင်းတဲ့ ချယ်လ်ဆီးအသင်းက နိုင်ပွဲရယူနိုင်ခဲ့တယ်လို့ဆိုရမယ်။ ပွဲအစကတည်းက ချယ်လ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ထိုးဖောက်ကစားခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ဆင်မှုကို အာဆင်နယ်ခံစစ်က ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ဘူး။ ပွဲအစ(၉)မိနစ်ကတည်းက ချယ်လ်ဆီး အဖွင့်ဂိုးရခဲ့ပြီး မားကို့စ်အလွန်ဆို Marcos Alonso ရဲ့ ပေးပို့မှုကနေ ပတ်ဒရို Pedro က ပိတ်သွင်းခဲ့တာပါ။ အာဆင်နယ်ကွင်းလယ်က လူငယ်ကစားသမား ဂွန်ဒူဇီ Guendouzi မန်စီးတီးနဲ့ပွဲကထက် ပိုကောင်းလာပေမယ့် ချာကာ Xhaka ပျက်နေလို့ ကွင်းလယ်အဖျက်ပိုင်း အားနည်းခဲ့တယ်။

Pedro-Score-For-ChelseaPedro-Score-For-Chelsea

ဒါပေမဲ့ ချယ်လ်ဆီးအသင်း ကွင်းလယ်လူတွေဖြစ်တဲ့ ကွန်တေ Kante ၊ ဘာကလေ Barkley ၊ ယော်ဂျင်ဟို Jorginho တို့ဟာ တိုက်စစ်ကစားရင် ကောင်းပေမယ့် ပြိုင်ဘက်က တိုက်စစ်ဆင်လာရင် ပြန် Cover မလုပ်နိုင်လို့လည်း ကွင်းလယ်မှာ Space တွေဖြစ်ခဲ့တဲ့အပြင် နောက်ခံလူတွေဖြစ်တဲ့ ရူဒီဂါ Rüdiger ၊ ဒေးဗစ်လူးဝစ်ဇ် David Luiz တို့ကလည်း Marking ကစားတာမှာ အမှားများတာကြောင့် အာဆင်နယ် အခွင့်အရေးတွေရခဲ့တယ်။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း Aubameyang ၊ မစ်ခီတာရီယန် Mkhitaryan တို့ ဂိုးဧရိယာထဲမှာ အပိုင်ကန်ခွင့်တွေရပေမယ့် စိတ်ပျက်စရာကောင်းလောက်အောင် လွဲချော်ခဲ့လို့ အာဆင်နယ် နစ်နာခဲ့ရတယ်။ အဲဒီဂိုးတွေသာ ရခဲ့ရင် ပွဲအနေအထားက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်လို့ ဆိုရမယ်။ မိနစ်(၂၀)မှာ ချယ်လ်ဆီး ဒုတိယဂိုးရခဲ့ပြီး ဝေဖန်မှုတွေခံနေရတဲ့ တိုက်စစ်မှူး မိုရာတာ Morata က အာဆင်နယ်နောက်ခံလူ မူစတာဖီ Mustafi ကို လှည့်စားသွင်းယူခဲ့တာပါ။ ဂိုးတွေ ပေးလိုက်ရပေမယ့် အာဆင်နယ် ကစားပုံ ကောင်းလာခဲ့ပြီး ချယ်လ်ဆီးအသင်းကို ဖိအားပေးနိုင်ခဲ့တယ်။

Hazard-Attacks-Arsenal-Defence

Hazard-Attacks-Arsenal-Defence

အာဆင်နယ်အသင်းအတွက် (၃၇)မိနစ်မှာ မစ်ခီတာရီယန်က ချေပဂိုးသွင်းယူခဲ့ပြီး ဒုတိယဂိုးကိုလည်း (၄၁)မိနစ်မှာ မစ်ခီတာရီယန်ရဲ့ ပေးပို့မှုကနေ အီဝိုဘီ Iwobi က ပိတ်သွင်းခဲ့တယ်။ အီဝိုဘီဂိုး မတိုင်ခင်ကတည်းက အာဆင်နယ်တောင်ပံက အနိမ့်ဘောတွေ ချိုးပေးလိုက်တိုင်း အခွင့်အရေးတွေ ပေးခဲ့ရတာကို ချယ်လ်ဆီး ခံစစ်က မပြင်နိုင်ခဲ့ဘူး။

Ozil-against-Kovacic

Ozil-against-Kovacic

ဒုတိယပိုင်းမှာ ဘာကလေနေရာ ကိုဗာချစ် Kovačić ဝင်လာပြီးနောက်ပိုင်း ချယ်လ်ဆီး ကွင်းလယ်ခံစစ်က တည်ငြိမ်သွားပြီး အာဆင်နယ်ရဲ့ ထိုးဖောက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့တယ်။ ချယ်လ်ဆီးအသင်း အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် အာဆင်နယ်ဂိုးသမား ပီတာချက် Peter Cech လက်စွမ်းပြနေလို့ ဂိုးထပ်မရခဲ့ဘူး။ (၈၁)မိနစ်မှာ ဟာဇက် Hazard ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကနေ ဘယ်ခြမ်းက ချိုးပေးလိုက်တာကို အသင့်ပါလာတဲ့ နောက်ခံလူ မားကို့စ်အလွန်ဆိုက ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

Marcos-Alonso-Winning-Goal

Marcos-Alonso-Winning-Goal

ဒီပွဲမှာ ရှုံးခဲ့လို့ အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီ Unai Emery အတွက် ဖိအားတွေ များခဲ့ရတဲ့အပြင် ၁၉၉၂-၉၃ နောက်ပိုင်း ရာသီအဖွင့်(၂)ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကိုပါ ပိုင်ဆိုင်ခဲ့ရတယ်။

စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်ရလဒ်များ
Cardiff City 0 – 0 Newcastle United
Everton 2 – 1 Southampton
Leicester City 2 – 0 Wolverhampton
Tottenham Hotspur3 – 1 Fulham
West Ham 1 – 2 Bournemouth
Chelsea 3 – 2 Arsenal

Photo:Chelsea Twitter
Naing Linn(Akhayar)
www.akhayar.com