[Zawgyi]

ခ်ယ္လ္ဆီးနည္းျပသစ္ ဆာရီ Sarri ရဲ႕ ပထမဆံုးကစားသမား ေခၚယူမႈျဖစ္လာခဲ့တဲ့ ေယာ္ဂ်င္ဟို Jorginho

ၿပီးခဲ့တဲ့ စေန႔ေန႔က ခ်ယ္လ္ဆီးနည္းျပရာထူးကို တရားဝင္လက္ခံခဲ့ၿပီး နာရီပိုင္းအၾကာမွာပဲ နည္းျပသစ္ ဆာရီ Sarri က နာပိုလီအသင္းမွာ လက္တြဲခဲ့တဲ့ တပည့္ေဟာင္း ေယာ္ဂ်င္ဟို Jorginho ကို ေပါင္ (၅၇)သန္းနဲ႔ ေခၚယူခဲ့ပါတယ္။ ခ်ယ္လ္ဆီးနည္းျပသစ္ ဆာရီ Sarri ရဲ႕ ပထမဆံုးကစားသမားေခၚယူမႈျဖစ္ခဲ့တဲ့ ကြင္းလယ္လူ ေယာ္ဂ်င္ဟို Jorginho ဟာ ဆရာေဟာင္းျဖစ္သူနဲ႔ အသင္းသစ္မွာ တစ္ေက်ာ႔ျပန္ပူးေပါင္းခြင့္ ရရွိခဲ့တာပါ။ ခ်ယ္လ္ဆီးအသင္းဟာ နည္းျပေဟာင္း ကြန္တီ Conte ကို ရာထူးက ထုတ္ပယ္ခဲ့ၿပီး (၄၈)နာရီအၾကာမွာ နာပိုလီနည္းျပေဟာင္း ဆာရီ Sarri ကို အသင္းကို တာဝန္ကိုင္တြယ္ေစခဲ့တာျဖစ္ပါတယ္။

Sarri-was-confirmed-as-the-new-Chelsea-manager

Sarri-was-confirmed-as-the-new-Chelsea-manager

အသက္ (၅၉)ႏွစ္အရြယ္ရွိ ဆာရီ Sarri ဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ (၃)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး အသင္းကို ေဖ်ာ္ေျဖမႈအသားေပးတဲ့ ကစားဟန္မ်ိဳး ေျပာင္းလဲသြားဖို႔ ဆႏၵရွိေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ခ်ယ္လ္ဆီးနည္းျပသစ္ ဆာရီ Sarri က “နည္းျပဘဝ အေတြ႔အႀကံဳသစ္တစ္ခုအတြက္ အလြန္စိတ္လႈပ္ရွားမိပါတယ္၊ ေဖ်ာ္ေျဖေရးဆန္တဲ့ ကစားဟန္နဲ႔ အသင္းပရိသတ္ေတြအတြက္ ရာသီပိတ္ခ်ိန္တိုင္းမွာ ဆုဖလားေအာင္ျမင္မႈေတြ ရယူေပးႏိုင္ဖို႔ ဆႏၵရွိေနၿပီး အသင္းနဲ႔ ထိုက္တန္မႈရွိေၾကာင္း သက္ေသျပသြားမွာပါ”လို႔ ေျပၾကားခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းကို ေအဗရာမိုဗစ္ Abramovich ဝယ္ယူခဲ့တဲ့ေနာက္ပိုင္း အသင္းကို တာဝန္ကိုင္တြယ္မယ့္ (၁၃)ဦးေျမာက္ နည္းျပအျဖစ္ ဆာရီ Sarri က တာဝန္ယူသြားမွာျဖစ္ပါတယ္။

The-midfielder-points-to-his-name-on-the-back-of-his-new-Chelsea-shirt-at-Stamford-Bridge

The-midfielder-points-to-his-name-on-the-back-of-his-new-Chelsea-shirt-at-Stamford-Bridge

နည္းျပသစ္ ဆာရီ Sarri နဲ႔အတူ အသင္းကို ေျပာင္ေရႊ႕ခဲ့တဲ့ အသက္ (၂၆)ႏွစ္အရြယ္ရွိ နာပိုလီကြင္းလယ္လူ ေယာ္ဂ်င္ဟို Jorginho ဟာ ခ်ယ္လ္ဆီးအသင္းကို (၅)ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕လာခဲ့တာပါ။ မန္စီးတီးအသင္းရဲ႕ ကမ္းလွမ္းေတြရွိခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က ခ်ယ္လ္ဆီးအသင္းကို ေျပာင္းေရႊ႕ဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္ေၾကာင္း နာပိုလီအသင္းပိုင္ရွင္ ဒီေလာ္ရန္းတစ္ De Laurentiss က ေျပာၾကားခဲ့ပါတယ္။ ကြင္းလယ္ကစားသမားသစ္ ေယာ္ဂ်င္ဟို Jorginho ဟာ ခ်ယ္လ္ဆီးအသင္းမွာ ေက်ာနံပါတ္ (၅)ဂ်ာစီကို ဝတ္ဆင္ကစားသြားမွာျဖစ္ပါတယ္။

REF:BBC Sports
Photo:Telegraph, ESPN, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီးနည်းပြသစ် ဆာရီ Sarri ရဲ့ ပထမဆုံးကစားသမား ခေါ်ယူမှုဖြစ်လာခဲ့တဲ့ ယော်ဂျင်ဟို Jorginho

ပြီးခဲ့တဲ့ စနေ့နေ့က ချယ်လ်ဆီးနည်းပြရာထူးကို တရားဝင်လက်ခံခဲ့ပြီး နာရီပိုင်းအကြာမှာပဲ နည်းပြသစ် ဆာရီ Sarri က နာပိုလီအသင်းမှာ လက်တွဲခဲ့တဲ့ တပည့်ဟောင်း ယော်ဂျင်ဟို Jorginho ကို ပေါင် (၅၇)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြသစ် ဆာရီ Sarri ရဲ့ ပထမဆုံးကစားသမားခေါ်ယူမှုဖြစ်ခဲ့တဲ့ ကွင်းလယ်လူ ယော်ဂျင်ဟို Jorginho ဟာ ဆရာဟောင်းဖြစ်သူနဲ့ အသင်းသစ်မှာ တစ်ကျော့ပြန်ပူးပေါင်းခွင့် ရရှိခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ နည်းပြဟောင်း ကွန်တီ Conte ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး (၄၈)နာရီအကြာမှာ နာပိုလီနည်းပြဟောင်း ဆာရီ Sarri ကို အသင်းကို တာဝန်ကိုင်တွယ်စေခဲ့တာဖြစ်ပါတယ်။

Sarri-was-confirmed-as-the-new-Chelsea-manager

Sarri-was-confirmed-as-the-new-Chelsea-manager

အသက် (၅၉)နှစ်အရွယ်ရှိ ဆာရီ Sarri ဟာ ချယ်လ်ဆီးအသင်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး အသင်းကို ဖျော်ဖြေမှုအသားပေးတဲ့ ကစားဟန်မျိုး ပြောင်းလဲသွားဖို့ ဆန္ဒရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြသစ် ဆာရီ Sarri က “နည်းပြဘဝ အတွေ့အကြုံသစ်တစ်ခုအတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်၊ ဖျော်ဖြေရေးဆန်တဲ့ ကစားဟန်နဲ့ အသင်းပရိသတ်တွေအတွက် ရာသီပိတ်ချိန်တိုင်းမှာ ဆုဖလားအောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ ဆန္ဒရှိနေပြီး အသင်းနဲ့ ထိုက်တန်မှုရှိကြောင်း သက်သေပြသွားမှာပါ”လို့ ပြေကြားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကို အေဗရာမိုဗစ် Abramovich ဝယ်ယူခဲ့တဲ့နောက်ပိုင်း အသင်းကို တာဝန်ကိုင်တွယ်မယ့် (၁၃)ဦးမြောက် နည်းပြအဖြစ် ဆာရီ Sarri က တာဝန်ယူသွားမှာဖြစ်ပါတယ်။

The-midfielder-points-to-his-name-on-the-back-of-his-new-Chelsea-shirt-at-Stamford-Bridge

The-midfielder-points-to-his-name-on-the-back-of-his-new-Chelsea-shirt-at-Stamford-Bridge

နည်းပြသစ် ဆာရီ Sarri နဲ့အတူ အသင်းကို ပြောင်ရွှေ့ခဲ့တဲ့ အသက် (၂၆)နှစ်အရွယ်ရှိ နာပိုလီကွင်းလယ်လူ ယော်ဂျင်ဟို Jorginho ဟာ ချယ်လ်ဆီးအသင်းကို (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းတွေရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်းတစ် De Laurentiss က ပြောကြားခဲ့ပါတယ်။ ကွင်းလယ်ကစားသမားသစ် ယော်ဂျင်ဟို Jorginho ဟာ ချယ်လ်ဆီးအသင်းမှာ ကျောနံပါတ် (၅)ဂျာစီကို ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။

REF:BBC Sports
Photo:Telegraph, ESPN, Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com