[Zawgyi]

အဂၤလန္၀ါရင့္ဂုိးသမား ေရာဘတ္ဂရင္း Robert Green ကုိ အံ့အားသင့္ဖြယ္ ေခၚယူခဲ့တဲ့ ခ်ယ္လ္ဆီး

ခ်ယ္လ္ဆီး Chelsea အသင္းဟာ အသက္(၃၈)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အဂၤလန္၀ါရင့္ဂုိးသမား ေရာဘတ္ဂရင္း Robert Green ကုိ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ေခၚယူစာခ်ဳပ္ခဲ့ပါတယ္။ ေရာဘတ္ဂရင္းဟာ ၿပီးခဲ့တဲ့ရာသီကုန္က ဟတ္ဒါဖီးလ္အသင္းနဲ႔ လမ္းခဲြခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းက သူ႔ကုိ (၁)ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူခဲ့တာပါ။ ေရာဘတ္ဂရင္းဟာ အဂၤလန္လိဂ္ေဘာလုံးေလာကမွာ အေတြ႕အႀကံဳရင့္ဂုိးသမားတစ္ဦးျဖစ္ၿပီး ေနာ၀စ္ခ်္၊ ၀က္စ္ဟမ္း၊ QPR စတဲ့အသင္းေတြမွာကစားခဲ့ဖူးသလုိ အမွတ္ေပးပဲြေပါင္း (၆၅၈)ပဲြအထိ ကစားခဲ့သူျဖစ္ပါတယ္။ ဒ့ါအျပင္ ေရာဘတ္ဂရင္းဟာ အဂၤလန္လက္ေရြးစင္အသင္းအတြက္ ၂၀၀၅ ကေန ၂၀၁၂ ခုႏွစ္အထိ ေရြးခ်ယ္ခံခဲ့ရၿပီး စုစုေပါင္း(၁၂)ပဲြကစားခဲ့တယ္။

Robert-Green

Robert-Green

ခ်ယ္လ္ဆီးအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီးတဲ့ေနာက္ ေရာဘတ္ဂရင္းက”ၿပီးခဲ့တဲ့(၂၄)နာရီအတြင္း ျဖစ္ပ်က္ခဲ့တာေတြက အရမ္းျမန္ဆန္လြန္းပါတယ္။ ခ်ယ္လ္ဆီးအသင္းမွာ ကစားခြင့္ရဖုိ႔ ေမွ်ာ္လင့္ေနတုန္းမွာပဲ သူတို႔က ကၽြန္ေတာ့္ဆီ ဖုန္းဆက္ခဲ့ၿပီး စကားအနညး္ငယ္ေျပာဆုိခဲ့အၿပီးမွာ သေဘာတူညီမႈရခဲ့တာပါ။ ခ်ယ္လ္ဆီးအသင္းအတြက္ ပါ၀င္ကစားခြင့္ရဖုိ႔ ကၽြန္ေတာ္ မေစာင့္ႏုိင္ေတာ့ပါဘူး။ ဒီလုိအသင္းမ်ိဳးကုိ ေရာက္ရွိခဲ့တဲ့အတြက္ တကယ္ေက်နပ္ဂုဏ္ယူၿပီး စိတ္လည္းလႈပ္ရွားမိပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။ ခ်ယ္လ္ဆီးအသင္းဟာ သူတို႔ရဲ႕နံပါတ္(၁)ဂုိးသမား ေကာ္တုိအာ Courtois ကုိ ရီးယဲလ္အသင္းဆီ လက္လႊတ္ရဖုိ႔ မ်ားေနၿပီး အခုေလာေလာဆယ္ ဂုိးသမားအျဖစ္ ေရာဘတ္ဂရင္း၊ ကာဘယ္လာ႐ုိ Caballero တို႔သာ ရွိတဲ့အတြက္ ထိပ္တန္းအဆင့္ဂုိးသမားတစ္ဦးကုိ ထပ္ေခၚသြားမယ့္အေနအထားပါပဲ။

REF:Daily Mail
Photo:Chelsea Twitter,Chelsea News
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အင်္ဂလန်ဝါရင့်ဂိုးသမား ရောဘတ်ဂရင်း Robert Green ကို အံ့အားသင့်ဖွယ် ခေါ်ယူခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီး Chelsea အသင်းဟာ အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ဝါရင့်ဂိုးသမား ရောဘတ်ဂရင်း Robert Green ကို အံ့အားသင့်စရာကောင်းလောက်အောင် ခေါ်ယူစာချုပ်ခဲ့ပါတယ်။ ရောဘတ်ဂရင်းဟာ ပြီးခဲ့တဲ့ရာသီကုန်က ဟတ်ဒါဖီးလ်အသင်းနဲ့ လမ်းခွဲခဲ့ပြီး ချယ်လ်ဆီးအသင်းက သူ့ကို (၁)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။ ရောဘတ်ဂရင်းဟာ အင်္ဂလန်လိဂ်ဘောလုံးလောကမှာ အတွေ့အကြုံရင့်ဂိုးသမားတစ်ဦးဖြစ်ပြီး နောဝစ်ချ်၊ ဝက်စ်ဟမ်း၊ QPR စတဲ့အသင်းတွေမှာကစားခဲ့ဖူးသလို အမှတ်ပေးပွဲပေါင်း (၆၅၈)ပွဲအထိ ကစားခဲ့သူဖြစ်ပါတယ်။ ဒ့ါအပြင် ရောဘတ်ဂရင်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၀၀၅ ကနေ ၂၀၁၂ ခုနှစ်အထိ ရွေးချယ်ခံခဲ့ရပြီး စုစုပေါင်း(၁၂)ပွဲကစားခဲ့တယ်။

Robert-Green

Robert-Green

ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးတဲ့နောက် ရောဘတ်ဂရင်းက”ပြီးခဲ့တဲ့(၂၄)နာရီအတွင်း ဖြစ်ပျက်ခဲ့တာတွေက အရမ်းမြန်ဆန်လွန်းပါတယ်။ ချယ်လ်ဆီးအသင်းမှာ ကစားခွင့်ရဖို့ မျှော်လင့်နေတုန်းမှာပဲ သူတို့က ကျွန်တော့်ဆီ ဖုန်းဆက်ခဲ့ပြီး စကားအနည်းငယ်ပြောဆိုခဲ့အပြီးမှာ သဘောတူညီမှုရခဲ့တာပါ။ ချယ်လ်ဆီးအသင်းအတွက် ပါဝင်ကစားခွင့်ရဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ ဒီလိုအသင်းမျိုးကို ရောက်ရှိခဲ့တဲ့အတွက် တကယ်ကျေနပ်ဂုဏ်ယူပြီး စိတ်လည်းလှုပ်ရှားမိပါတယ်”လို့ ပြောကြားခဲ့တယ်။ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့နံပါတ်(၁)ဂိုးသမား ကော်တိုအာ Courtois ကို ရီးယဲလ်အသင်းဆီ လက်လွှတ်ရဖို့ များနေပြီး အခုလောလောဆယ် ဂိုးသမားအဖြစ် ရောဘတ်ဂရင်း၊ ကာဘယ်လာရို Caballero တို့သာ ရှိတဲ့အတွက် ထိပ်တန်းအဆင့်ဂိုးသမားတစ်ဦးကို ထပ်ခေါ်သွားမယ့်အနေအထားပါပဲ။

REF:Daily Mail
Photo:Chelsea Twitter,Chelsea News
Naing Linn(Akhayar)
www.akhayar.com