[Zawgyi]

ဂုိးသမားေတြထဲမွာ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးပုိင္ရွင္ျဖစ္လာတ့ဲ ကီပါ Kepa

ခ်ယ္လ္ဆီးအသင္းဟာ ဘီလ္ဘာအုိအသင္းရဲ႕ စပိန္ဂုိးသမား ကီပါ Kepa ကုိ ဂုိးသမားတစ္ဦးအတြက္ ကမၻာ႔စံခ်ိန္ေျပာင္းေရႊ႕ေၾကး ေပါင္(၇၂)သန္းနဲ႔ ေခၚယူခဲ့ၿပီး (၇)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းရဲ႕ နံပါတ္(၁)ဂုိးသမား ေကာ္တုိအာ Courtois ရီးယဲလ္အသင္းကုိ ေျပာင္းေရႊ႕သြားတဲ့အတြက္ ကီပါကုိ အစားထုိး ေခၚယူခဲ့တာပါ။ ၿပီးခဲ့တဲ့လတုန္းက လီဗာပူးလ္အသင္းဟာ ဘရာဇီးလ္ဂုိးသမား အယ္လစ္ဆန္ Alisson ကုိ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္(၆၆.၈)သန္းနဲ႔ ေခၚယူခဲ့ၿပီး မၾကာခင္မွာပဲ ခ်ယ္လ္ဆီးအသင္းက အဲဒီပမာဏထက္ ပုိမ်ားတဲ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ကီပါကုိ ေခၚယူခဲ့တာျဖစ္ပါတယ္။

Chelsea-have-completed-the-signing-of-goalkeeper-Kepa-Arrizabalaga-from-Athletic-Bilbao

Chelsea-have-completed-the-signing-of-goalkeeper-Kepa-Arrizabalaga-from-Athletic-Bilbao

ခ်ယ္လ္ဆီးအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီးတဲ့ေနာက္ ကီပါက “ခ်ယ္လ္ဆီးအသင္းကုိ ေျပာင္းေရႊ႕ခဲ့တာဟာ ကၽြန္ေတာ့္ရဲ႕ Career အတြက္သာမက ဘ၀တစ္ခုလုံးအတြက္ အေရးပါတဲ့ ဆုံးျဖတ္ခ်က္ပါပဲ။ ခ်ယ္လ္ဆီးအသင္းကုိ ေျပာင္းေရႊ႕လုိတဲ့အခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ ဒီအသင္းရခဲ့တဲ့ ဆုဖလားေတြ၊ ကစားသမားေတြ၊ လန္ဒန္ၿမိဳ႕နဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပဲြစတဲ့ အခ်က္ေတြေပ့ါ။ ကၽြန္ေတာ့္ကုိ ခ်ယ္လ္ဆီးအသင္းက ယုံၾကည္မႈအျပည့္နဲ႔ ေခၚယူခဲ့တဲ့အတြက္လည္း ဂုဏ္ယူမိပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။ အသက္(၂၃)ႏွစ္အရြယ္သာ ရွိေသးတဲ့ ကီပါဟာ အရပ္(၆’၂”)အထိ ျမင့္မားသူျဖစ္ၿပီး ကမၻာ႔အေကာင္းဆုံးဂုိးသမားထဲမွာ တစ္ဦးအပါအ၀င္ အျဖစ္ သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။ ကီပါအေနနဲ႔ ၿပီးခဲ့တဲ့ဇန္န၀ါရီလတုန္းက ရီးယဲလ္အသင္းကုိ ေျပာင္းေရႊ႕ဖုိ႔ နီးစပ္ခဲ့ၿပီးမွ အေျပာင္းအေရႊ႕မျဖစ္ခဲ့ဘဲ အဲဒီတုန္းက သူ႔ရဲ႕တန္ဖုိးဟာ ေပါင္(၁၇.၅)သန္းသာရွိခဲ့ေပမယ့္ ဘီလ္ဘာအုိအသင္းက စာခ်ဳပ္ေလ်ာ္ေၾကးကုိ ေပါင္(၇၂)သန္းအထိ တိုးျမႇင့္ခ်ဳပ္ဆုိခဲ့တာျဖစ္ပါတယ္။ အခုခ်ယ္လ္ဆီးနည္းျပ ဆာရီ Sarri ဟာ နာပုိလီအသင္းကုိ ကုိင္တြယ္ခဲ့စဥ္ကတည္းက ကီပါကုိ ေခၚယူဖုိ႔ ပစ္မွတ္ထားခဲ့ဖူးၿပီး အခုေတာ့ သူ႔ရဲ႕ဆႏၵေတြ ျပည့္ေျမာက္ခဲ့ၿပီလုိ႔ ဆုိရမွာပါ။

REF:Daily Mail
Photo:Chelsea Twitter,Metro
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂိုးသမားတွေထဲမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင်ဖြစ်လာတဲ့ ကီပါ Kepa

ချယ်လ်ဆီးအသင်းဟာ ဘီလ်ဘာအိုအသင်းရဲ့ စပိန်ဂိုးသမား ကီပါ Kepa ကို ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေး ပေါင်(၇၂)သန်းနဲ့ ခေါ်ယူခဲ့ပြီး (၇)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ နံပါတ်(၁)ဂိုးသမား ကော်တိုအာ Courtois ရီးယဲလ်အသင်းကို ပြောင်းရွှေ့သွားတဲ့အတွက် ကီပါကို အစားထိုး ခေါ်ယူခဲ့တာပါ။ ပြီးခဲ့တဲ့လတုန်းက လီဗာပူးလ်အသင်းဟာ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန် Alisson ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၆၆.၈)သန်းနဲ့ ခေါ်ယူခဲ့ပြီး မကြာခင်မှာပဲ ချယ်လ်ဆီးအသင်းက အဲဒီပမာဏထက် ပိုများတဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကီပါကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Chelsea-have-completed-the-signing-of-goalkeeper-Kepa-Arrizabalaga-from-Athletic-Bilbao

Chelsea-have-completed-the-signing-of-goalkeeper-Kepa-Arrizabalaga-from-Athletic-Bilbao

ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးတဲ့နောက် ကီပါက “ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တာဟာ ကျွန်တော့်ရဲ့ Career အတွက်သာမက ဘဝတစ်ခုလုံးအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လိုတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဒီအသင်းရခဲ့တဲ့ ဆုဖလားတွေ၊ ကစားသမားတွေ၊ လန်ဒန်မြို့နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲစတဲ့ အချက်တွေပေ့ါ။ ကျွန်တော့်ကို ချယ်လ်ဆီးအသင်းက ယုံကြည်မှုအပြည့်နဲ့ ခေါ်ယူခဲ့တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်”လို့ ပြောကြားခဲ့တယ်။ အသက်(၂၃)နှစ်အရွယ်သာ ရှိသေးတဲ့ ကီပါဟာ အရပ်(၆’၂”)အထိ မြင့်မားသူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးဂိုးသမားထဲမှာ တစ်ဦးအပါအဝင် အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ ကီပါအနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ အပြောင်းအရွှေ့မဖြစ်ခဲ့ဘဲ အဲဒီတုန်းက သူ့ရဲ့တန်ဖိုးဟာ ပေါင်(၁၇.၅)သန်းသာရှိခဲ့ပေမယ့် ဘီလ်ဘာအိုအသင်းက စာချုပ်လျော်ကြေးကို ပေါင်(၇၂)သန်းအထိ တိုးမြှင့်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အခုချယ်လ်ဆီးနည်းပြ ဆာရီ Sarri ဟာ နာပိုလီအသင်းကို ကိုင်တွယ်ခဲ့စဉ်ကတည်းက ကီပါကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ဖူးပြီး အခုတော့ သူ့ရဲ့ဆန္ဒတွေ ပြည့်မြောက်ခဲ့ပြီလို့ ဆိုရမှာပါ။

REF:Daily Mail
Photo:Chelsea Twitter,Metro
Naing Linn(Akhayar)
www.akhayar.com