[Zawgyi]

ဝါရင့္ဂိုးသမား ေရနာ Reina ကို ေခၚယူသြားဖို႔ရွိေနတဲ့ ခ်ယ္လ္ဆီးအသင္း

ပရီးမီးယားလိဂ္ထိပ္သီး ခ်ယ္လ္ဆီးအသင္းဟာ စပိန္ဝါရင့္ဂိုးသမား ေရနာ Reina ကို အံ့အားသင့္ဖြယ္ ေခၚယူသြားဖို႔ရွိေနခဲ့ပါတယ္။ ေရနာ Reina အတြက္ ခ်ယ္လ္ဆီးအသင္းရဲ႕ ေပါင္ (၉)သန္းနဲ႔ ကမ္းလွမ္းမႈကို ေအစီမီလန္အသင္းက လက္ခံလိုက္ေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးနည္းျပ ဆာရီ Sarri က အသင္းေဟာင္း နာပိုလီမွာ လက္တြဲခဲ့ဖူးတဲ့ အသက္ (၃၅)ႏွစ္အရြယ္ရွိိ ေရနာ Reina ကို ေခၚယူႏိုင္ဖို႔ ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။ ၿပီးခဲ့တဲ့ေဘာလံုးရာသီအကုန္က နာပိုလီအသင္းကေန ထြက္ခြာခဲ့ၿပီး ေအစီမီလန္အသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ ေရနာ Reina က နည္းျပေဟာင္း ဆာရီ Sarri နဲ႔ ခ်ယ္လ္ဆီးမွာ တစ္ေက်ာ႔ျပန္လက္တြဲသြားဖို႔ ဆႏၵရွိေနခဲ့ပါတယ္။ရီးယဲလ္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တဲ့ ေကာ္တိုအာ Courtois ရဲ႕ ေနရာမွာ လတ္တေလာအစားထိုးဖို႔ ပရီးမီးယားလိဂ္ အေတြ႔အႀကံဳရင့္ ေရနာ Reina ကုိ ခ်ယ္လ္ဆီးအသင္းက စီစဥ္မႈေတြ ျပဳလုပ္လာခဲ့တာပါ။

Spain-goalkeeper-Pepe-Reina

Spain-goalkeeper-Pepe-Reina

နာပိုလီအသင္းမွာ အေကာင္းဆံုးလက္စြမ္းေတြ ျပသႏိုင္ခဲ့တဲ့ ဝါရင့္ဂိုးသမား ေရနာ Reina က ေကာ္တိုအာ Courtois ရဲ႕ ေနရာကို အစားထိုးႏိုင္မယ့္ အေကာင္းဆံုးဂိုးသမားတစ္ေယာက္လို႔ နည္းျပ ဆာရီ Sarri က ယံုၾကည္ေနေၾကာင္း သိရပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ေရနာ Reina နဲ႔ ေအစီမီလန္အသင္းတို႔ (၃)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း တရားဝင္ေၾကညာခဲ့ၾကတာပါ။ ေရနာ Reina အေနနဲ႔ ေအစီမီလန္အသင္းနဲ႔ တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ရက္ပိုင္းအၾကာမွာပဲ ခ်ယ္လ္ဆီးအသင္းနဲ႔ အေျပာင္းအေရႊ႕သတင္းေတြ ထပ္မံထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုအၿပီး ရာသီႀကိဳေျခစမ္းပြဲေတြ ကစားဖို႔ အေမရိကန္ႏို္င္ငံကို ထြက္ခြာလာခဲ့တဲ့ ေအစီမီလန္အသင္းနဲ႔အတူ ေရနာ Reina လည္း ပါဝင္သြားခဲ့ပါတယ္။ ေရနာ Reina ဟာ နာပိုလီမွာ မကစားခင္ ခ်ယ္လ္ဆီးရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းတစ္သင္းျဖစ္တဲ့ လီဗာပူးလ္မွာ ကစားသမားဘဝကို (၈)ရာသီၾကာ ျဖတ္သန္းခဲ့ဖူးတဲ့ ဂိုးသမားတစ္ဦးျဖစ္ပါတယ္။ ေရနာ Reina အေနနဲ႔ ကစားသမားဘဝကို ဘာစီလိုနာ၊ ဗီလာရီးယဲလ္၊ လီဗာပူးလ္၊ ဘိုင္ယန္ျမဴးနစ္နဲ႔ နာပိုလီအသင္းေတြမွာ ျဖတ္သန္းခဲ့တဲ့ ဝါရင့္ဂိုးသမားတစ္ဦးလည္းျဖစ္ပါတယ္။

REF:TheSun
Photo:Twitter, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဝါရင့်ဂိုးသမား ရေနာ Reina ကို ခေါ်ယူသွားဖို့ရှိနေတဲ့ ချယ်လ်ဆီးအသင်း

ပရီးမီးယားလိဂ်ထိပ်သီး ချယ်လ်ဆီးအသင်းဟာ စပိန်ဝါရင့်ဂိုးသမား ရေနာ Reina ကို အံ့အားသင့်ဖွယ် ခေါ်ယူသွားဖို့ရှိနေခဲ့ပါတယ်။ ရေနာ Reina အတွက် ချယ်လ်ဆီးအသင်းရဲ့ ပေါင် (၉)သန်းနဲ့ ကမ်းလှမ်းမှုကို အေစီမီလန်အသင်းက လက်ခံလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြ ဆာရီ Sarri က အသင်းဟောင်း နာပိုလီမှာ လက်တွဲခဲ့ဖူးတဲ့ အသက် (၃၅)နှစ်အရွယ်ရှိ ရေနာ Reina ကို ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်က နာပိုလီအသင်းကနေ ထွက်ခွာခဲ့ပြီး အေစီမီလန်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ရေနာ Reina က နည်းပြဟောင်း ဆာရီ Sarri နဲ့ ချယ်လ်ဆီးမှာ တစ်ကျော့ပြန်လက်တွဲသွားဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ရီးယဲလ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ ကော်တိုအာ Courtois ရဲ့ နေရာမှာ လတ်တလောအစားထိုးဖို့ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ရေနာ Reina ကို ချယ်လ်ဆီးအသင်းက စီစဉ်မှုတွေ ပြုလုပ်လာခဲ့တာပါ။

Spain-goalkeeper-Pepe-Reina

Spain-goalkeeper-Pepe-Reina

နာပိုလီအသင်းမှာ အကောင်းဆုံးလက်စွမ်းတွေ ပြသနိုင်ခဲ့တဲ့ ဝါရင့်ဂိုးသမား ရေနာ Reina က ကော်တိုအာ Courtois ရဲ့ နေရာကို အစားထိုးနိုင်မယ့် အကောင်းဆုံးဂိုးသမားတစ်ယောက်လို့ နည်းပြ ဆာရီ Sarri က ယုံကြည်နေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရေနာ Reina နဲ့ အေစီမီလန်အသင်းတို့ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း တရားဝင်ကြေညာခဲ့ကြတာပါ။ ရေနာ Reina အနေနဲ့ အေစီမီလန်အသင်းနဲ့ တရားဝင်စာချုပ်ချုပ်ဆိုခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ တရားဝင်စာချုပ်ချုပ်ဆိုအပြီး ရာသီကြိုခြေစမ်းပွဲတွေ ကစားဖို့ အမေရိကန်နိုင်ငံကို ထွက်ခွာလာခဲ့တဲ့ အေစီမီလန်အသင်းနဲ့အတူ ရေနာ Reina လည်း ပါဝင်သွားခဲ့ပါတယ်။ ရေနာ Reina ဟာ နာပိုလီမှာ မကစားခင် ချယ်လ်ဆီးရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးလ်မှာ ကစားသမားဘဝကို (၈)ရာသီကြာ ဖြတ်သန်းခဲ့ဖူးတဲ့ ဂိုးသမားတစ်ဦးဖြစ်ပါတယ်။ ရေနာ Reina အနေနဲ့ ကစားသမားဘဝကို ဘာစီလိုနာ၊ ဗီလာရီးယဲလ်၊ လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်နဲ့ နာပိုလီအသင်းတွေမှာ ဖြတ်သန်းခဲ့တဲ့ ဝါရင့်ဂိုးသမားတစ်ဦးလည်းဖြစ်ပါတယ်။

REF:TheSun
Photo:Twitter, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com