[Zawgyi]

စိန္႔ဂ်ိမ္းစ္ပါ့ခ္မွာ (၅)ရာသီႏုိင္ပဲြေပ်ာက္ေနမႈကုိ အဆုံးသတ္ခဲ့တဲ့ ခ်ယ္လ္ဆီး

ပရီးမီးယားလိဂ္ပဲြစဥ္(၃) တနဂၤေႏြေန႔ပဲြေတြမွာေတာ့ ၀က္ဖုိ႔ဒ္၊ ဖူလ္ဟမ္၊ ခ်ယ္လ္ဆီးအသင္းတို႔ ႏုိင္ပဲြ ကုိယ္စီရယူႏုိင္ခဲ့ၾကတယ္။ ခ်ယ္လ္ဆီးအသင္းဟာ ရာသီအစ (၃)ပဲြဆက္ ႏုိင္ပဲြရယူခဲ့တာျဖစ္သလုိ နယူးကာဆယ္ရဲ႕ စိန္႔ဂ်ိမ္းစ္ပါ့ခ္ကြင္းမွာ (၅)ရာသီဆက္ ႏုိင္ပဲြေပ်ာက္တဲ့မွတ္တမ္းဆုိးကုိ ရပ္တန္႔ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

၀က္ဖုိ႔ဒ္ ၂-၁ ပဲေလ့စ္
ဒီရာသီ အစမွာ ေတာက္ေလွ်ာက္ ေျခစြမ္းျပေနတဲ့ ၀က္ဖုိ႔ဒ္အသင္းအတြက္ (၃)ပဲြဆက္ ႏုိင္ပဲြျဖစ္ပါတယ္။ အိမ္ကြင္းဆုိရင္ ကစားပုံ မာေက်ာတဲ့ ၀က္ဖုိ႔ဒ္ကုိ ပဲေလ့စ္ မတားဆီးႏုိင္ခဲ့ဘူး။ ၀က္ဖုိ႔ဒ္အသင္းအတြက္ ပါရဲရား Pereyra (၅၃မိနစ္)၊ ဟုိလီဘတ္စ္ Holebas (၇၁မိနစ္)တို႔က ဂုိးေတြသြင္းယူခဲ့ၿပီး ပဲေလ့စ္အသင္းရဲ႕ ေတာင္ပံကစားသမား ဇာဟာ Zaha က (၇၈)မိနစ္မွာ ေခ်ပဂုိးတစ္ဂုိး ျပန္သြင္းခဲ့တယ္။ ဇာဟာအေနနဲ႔ ပဲေလ့စ္အသင္းရဲ႕ သြင္းဂုိးအမ်ားဆုံးကစားသမား အမ္စထေရာင္း Armstrong ရဲ႕ စံခ်ိန္(၂၃ဂုိး)ကို ခ်ိဳးျဖတ္ႏုိင္ခဲ့ေပမယ့္ အသင္းႏုိင္ပဲြမရလုိ႔ စိတ္ပ်က္စရာျဖစ္ခဲ့ရတယ္။ ၀က္ဖုိ႔ဒ္အသင္းကေတာ့ အသင္းသမုိင္းတစ္ေလွ်ာက္ အဆင့္ျမင့္တန္းမွာ ပထမဆုံးအႀကိမ္ (၃)ပဲြဆက္ ႏုိင္ပဲြရယူခဲ့တာပါ။

ဖူလ္ဟမ္ ၄-၂ ဘန္ေလ

Mitrovic-Celebrate

Mitrovic-Celebrate

ကစားသမားေကာင္းေတြ ပုိင္ဆုိင္ထားတဲ့ ဖူလ္ဟမ္အသင္း ဒီရာသီ ပထမဆုံးႏုိင္ပဲြကုိ စတင္ရယူခဲ့တယ္။ ဘန္ေလအသင္းကလည္း အေကာင္းဆုံး ျပန္တုံ႔ျပန္ခ့ဲေပမယ့္ ဖူလ္ဟမ္အသင္းရဲ႕ ကစားသမားသစ္ေတြ ေျခစြမ္းျပမႈေၾကာင့္ အခုေလာက္အထိ ဂုိးျပတ္သြားတာပါ။ ဒီေႏြရာသီမွာ ဖူလ္ဟမ္အသင္းကုိ ေရာက္ရွိလာၾကတဲ့ ဆာရီ Seri ၊ ႐ိႈလာ Schürrle တို႔ ဂုိးသြင္းယူခဲ့သလုိ တိုက္စစ္မွဴး မီထ႐ုိဗစ္ Mitrović ကလည္း (၂)ဂိုး သြင္းယူခဲ့တယ္။ ဘန္ေလအသင္းအတြက္ ဟင္းဒရစ္ Hendrick ၊ တာေကာစကီး Tarkowski တုိ႔က ေခ်ပဂုိး ျပန္သြင္းခဲ့ပါတယ္။

နယူးကာဆယ္ ၁-၂ ခ်ယ္လ္ဆီး

Hazard-Score-from-Penalty

Hazard-Score-from-Penalty

ခ်ယ္လ္ဆီးအသင္းဟာ နယူးကာဆယ္ကုိ အႏုိင္ယူၿပီး ဒီရာသီ (၃)ပဲြဆက္ႏုိင္ပဲြ ရရွိခဲ့ပါတယ္။ တစ္သင္းလုံး ေနာက္မွာ ပိတ္ဆုိ႔ေနတဲ့ နယူးကာဆယ္အသင္းကုိ ခ်ယ္လ္ဆီး ခက္ခက္ခဲခဲ ထုိးေဖာက္ခဲ့ရၿပီး မုိရာတာ Morata ကလည္း အခုအထိ အေကာင္းဆုံးပုံစံ မရေသးတာက စိတ္ပ်က္စရာပါ။ (၇၆)မိနစ္မွာ ခ်ယ္လ္ဆီးအသင္း ပယ္နယ္တီအခြင့္အေရး ရခဲ့ၿပီး ဟာဇက္ Hazard က ခ်ယ္လ္ဆီးကစားသမားဘ၀ ဂုိး(၇၀)ေျမာက္ အျဖစ္ သြင္းယူခဲ့တယ္။ ဟာဇက္ဟာ ခ်ယ္လ္ဆီး ဂႏၳ၀င္ကစားသမားေတြျဖစ္တဲ့ ဒေရာ့ဘာ Drogba (၁၀၄ဂုိး)၊ လမ္းပတ္ Lampard (၁၄၇ဂုိး) တို႔ၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ တတိေျမာက္ သြင္းဂုိးအမ်ားဆုံး ျဖစ္လာခဲ့ပါၿပီ။ (၈၃)မိနစ္မွာ နယူးကာဆယ္တိုက္စစ္မွဴး ဟုိေဆးလူ Joselu က ေခါင္းတိုက္ၿပီး ေခ်ပဂုိးျပန္သြင္းခဲ့တယ္။ ဒီဂုိးမသြင္းခင္ နယူးကာဆယ္ကစားသမား ယက္ဒ္လင္ Yedlin ခ်ယ္လ္ဆီးတိုက္စစ္မွဴး ဂ်႐ူး Giroud ရဲ႕ မ်က္ႏွာကုိ တံေတာင္နဲ႔႐ုိက္ခဲ့ေပမယ့္ ဒုိင္လူႀကီးက ျပစ္ဒဏ္ မေပးခဲ့လုိ႔ ခ်ယ္လ္ဆီး နစ္နာခဲ့ရတယ္။ ဒါေပမဲ့ (၈၇)မိနစ္မွာ ခ်ယ္လ္ဆီး အႏုိင္ဂုိးရခဲ့ၿပီး မားကုိ႔စ္အလြန္ဆုိ Marcos Alonso ရဲ႕ ကန္ခ်က္ကုိ ယက္ဒ္လင္ တားဆီးတာကေန လမ္းေၾကာင္းေျပာင္း ဂုိးထဲ၀င္ခဲ့သြားတာျဖစ္ပါတယ္။

Photo:Opta Joe Twitter,Chelsea Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

စိန့်ဂျိမ်းစ်ပါ့ခ်မှာ (၅)ရာသီနိုင်ပွဲပျောက်နေမှုကို အဆုံးသတ်ခဲ့တဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ်ပွဲစဉ်(၃) တနင်္ဂနွေနေ့ပွဲတွေမှာတော့ ဝက်ဖို့ဒ်၊ ဖူလ်ဟမ်၊ ချယ်လ်ဆီးအသင်းတို့ နိုင်ပွဲ ကိုယ်စီရယူနိုင်ခဲ့ကြတယ်။ ချယ်လ်ဆီးအသင်းဟာ ရာသီအစ (၃)ပွဲဆက် နိုင်ပွဲရယူခဲ့တာဖြစ်သလို နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ (၅)ရာသီဆက် နိုင်ပွဲပျောက်တဲ့မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဝက်ဖို့ဒ် ၂-၁ ပဲလေ့စ်
ဒီရာသီ အစမှာ တောက်လျှောက် ခြေစွမ်းပြနေတဲ့ ဝက်ဖို့ဒ်အသင်းအတွက် (၃)ပွဲဆက် နိုင်ပွဲဖြစ်ပါတယ်။ အိမ်ကွင်းဆိုရင် ကစားပုံ မာကျောတဲ့ ဝက်ဖို့ဒ်ကို ပဲလေ့စ် မတားဆီးနိုင်ခဲ့ဘူး။ ဝက်ဖို့ဒ်အသင်းအတွက် ပါရဲရား Pereyra (၅၃မိနစ်)၊ ဟိုလီဘတ်စ် Holebas (၇၁မိနစ်)တို့က ဂိုးတွေသွင်းယူခဲ့ပြီး ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမား ဇာဟာ Zaha က (၇၈)မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့တယ်။ ဇာဟာအနေနဲ့ ပဲလေ့စ်အသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမား အမ်စထရောင်း Armstrong ရဲ့ စံချိန်(၂၃ဂိုး)ကို ချိုးဖြတ်နိုင်ခဲ့ပေမယ့် အသင်းနိုင်ပွဲမရလို့ စိတ်ပျက်စရာဖြစ်ခဲ့ရတယ်။ ဝက်ဖို့ဒ်အသင်းကတော့ အသင်းသမိုင်းတစ်လျှောက် အဆင့်မြင့်တန်းမှာ ပထမဆုံးအကြိမ် (၃)ပွဲဆက် နိုင်ပွဲရယူခဲ့တာပါ။

ဖူလ်ဟမ် ၄-၂ ဘန်လေ

Mitrovic-Celebrate

Mitrovic-Celebrate

ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဖူလ်ဟမ်အသင်း ဒီရာသီ ပထမဆုံးနိုင်ပွဲကို စတင်ရယူခဲ့တယ်။ ဘန်လေအသင်းကလည်း အကောင်းဆုံး ပြန်တုံ့ပြန်ခဲ့ပေမယ့် ဖူလ်ဟမ်အသင်းရဲ့ ကစားသမားသစ်တွေ ခြေစွမ်းပြမှုကြောင့် အခုလောက်အထိ ဂိုးပြတ်သွားတာပါ။ ဒီနွေရာသီမှာ ဖူလ်ဟမ်အသင်းကို ရောက်ရှိလာကြတဲ့ ဆာရီ Seri ၊ ရှိုလာ Schürrle တို့ ဂိုးသွင်းယူခဲ့သလို တိုက်စစ်မှူး မီထရိုဗစ် Mitrović ကလည်း (၂)ဂိုး သွင်းယူခဲ့တယ်။ ဘန်လေအသင်းအတွက် ဟင်းဒရစ် Hendrick ၊ တာကောစကီး Tarkowski တို့က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

နယူးကာဆယ် ၁-၂ ချယ်လ်ဆီး

Hazard-Score-from-Penalty

Hazard-Score-from-Penalty

ချယ်လ်ဆီးအသင်းဟာ နယူးကာဆယ်ကို အနိုင်ယူပြီး ဒီရာသီ (၃)ပွဲဆက်နိုင်ပွဲ ရရှိခဲ့ပါတယ်။ တစ်သင်းလုံး နောက်မှာ ပိတ်ဆို့နေတဲ့ နယူးကာဆယ်အသင်းကို ချယ်လ်ဆီး ခက်ခက်ခဲခဲ ထိုးဖောက်ခဲ့ရပြီး မိုရာတာ Morata ကလည်း အခုအထိ အကောင်းဆုံးပုံစံ မရသေးတာက စိတ်ပျက်စရာပါ။ (၇၆)မိနစ်မှာ ချယ်လ်ဆီးအသင်း ပယ်နယ်တီအခွင့်အရေး ရခဲ့ပြီး ဟာဇက် Hazard က ချယ်လ်ဆီးကစားသမားဘ၀ ဂိုး(၇၀)မြောက် အဖြစ် သွင်းယူခဲ့တယ်။ ဟာဇက်ဟာ ချယ်လ်ဆီး ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ဒရော့ဘာ Drogba (၁၀၄ဂိုး)၊ လမ်းပတ် Lampard (၁၄၇ဂိုး) တို့ပြီး အသင်းသမိုင်းတစ်လျှောက် တတိမြောက် သွင်းဂိုးအများဆုံး ဖြစ်လာခဲ့ပါပြီ။ (၈၃)မိနစ်မှာ နယူးကာဆယ်တိုက်စစ်မှူး ဟိုဆေးလူ Joselu က ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းခဲ့တယ်။ ဒီဂိုးမသွင်းခင် နယူးကာဆယ်ကစားသမား ယက်ဒ်လင် Yedlin ချယ်လ်ဆီးတိုက်စစ်မှူး ဂျရူး Giroud ရဲ့ မျက်နှာကို တံတောင်နဲ့ရိုက်ခဲ့ပေမယ့် ဒိုင်လူကြီးက ပြစ်ဒဏ် မပေးခဲ့လို့ ချယ်လ်ဆီး နစ်နာခဲ့ရတယ်။ ဒါပေမဲ့ (၈၇)မိနစ်မှာ ချယ်လ်ဆီး အနိုင်ဂိုးရခဲ့ပြီး မားကို့စ်အလွန်ဆို Marcos Alonso ရဲ့ ကန်ချက်ကို ယက်ဒ်လင် တားဆီးတာကနေ လမ်းကြောင်းပြောင်း ဂိုးထဲဝင်ခဲ့သွားတာဖြစ်ပါတယ်။

Photo:Opta Joe Twitter,Chelsea Twitter
Naing Linn(Akhayar)
www.akhayar.com