[Zawgyi]

ဟာဇက္ Hazard ကို ေခၚယူဖို႔ျပင္ဆင္ေနတဲ႔ ရီးယဲလ္မက္ဒရစ္

စပိန္လာလီဂါထိပ္သီးကလပ္ ရီးယဲလ္မက္ဒရစ္အသင္းဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဟာဇက္ Hazard ကိုေခၚယူဖို႔ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ရီးယဲလ္မက္ဒရစ္အသင္းဟာ ဟာဇက္ Hazard ကို ေပါင္သန္း(၂၀၀)နဲ႔ ေခၚယူဖို႔ျပင္ဆင္ေနတယ္လို႔ သတင္းေတြကေဖာ္ျပေနၾကတာပါ။ ရီးယဲလ္မက္ဒရစ္အသင္းရဲ႕အဓိကတိုက္စစ္မႈး စီေရာ္နယ္လ္ဒို C.Ronaldo ဟာ ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေရႊ႕ခဲ႔တာေၾကာင္႔ ရီးယဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ႕တိုက္စစ္ပိုင္းကို ျပန္လည္အားျဖည္႔လိုေနတာပဲ ျဖစ္ပါတယ္။ လက္ရိွ ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ တိုက္စစ္ပိုင္းကိုၾကည္႔ရင္လည္း အားရစရာသိပ္မရိွပဲ ကမၻာ႔အဆင္႔တိုက္စစ္ကစားသမားတစ္ေယာက္ေလာက္ လိုအပ္ေနတာကေတာ႔ အမွန္ပဲျဖစ္ပါတယ္။

Hazard

Hazard

ရီးယဲလ္မက္ဒရစ္အသင္းဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ ဂိုးသမား ေကာ္တိုအာ Courtois ကိုေခၚယူထားတာေၾကာင္႔ ဟာဇက္ Hazard ကိုေခၚယူဖို႔ဆိုရင္ ပံုမွန္ထက္ပိုျပီးခက္ခဲဖို႔ရိွပါတယ္။ ခ်ယ္လ္ဆီးအသင္းနည္းျပ ဆာရီ Sarri ကေတာ႔ ဟာဇက္ Hazard ဟာအသင္းမွာေပ်ာ္ရႊင္ေနတယ္လို႔ ေျပာၾကားထားပါတယ္။ ဒါေပမဲ႔ ကစားသမားအေျပာင္းအေရႊ႕ကိစၥဆိုတာ ဘာမွၾကိဳေျပာလို႔မရတာေၾကာင္႔ ဟာဇက္ Hazard ရဲ႕ အနာဂတ္ကိုေတာ႔ ဆက္လက္ေစာင္႔ၾကည္႔သြားၾကရမွာပဲျဖစ္ပါတယ္။

REF: Sunday Express
Photo: Sports24 Cameroon , Pinterest
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဟာဇက် Hazard ကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့ ရီးယဲလ်မက်ဒရစ်

စပိန်လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ကိုခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဟာဇက် Hazard ကို ပေါင်သန်း(၂၀၀)နဲ့ ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေကဖော်ပြနေကြတာပါ။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့အဓိကတိုက်စစ်မှုး စီရော်နယ်လ်ဒို C.Ronaldo ဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်လိုနေတာပဲ ဖြစ်ပါတယ်။ လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ပိုင်းကိုကြည့်ရင်လည်း အားရစရာသိပ်မရှိပဲ ကမ္ဘာ့အဆင့်တိုက်စစ်ကစားသမားတစ်ယောက်လောက် လိုအပ်နေတာကတော့ အမှန်ပဲဖြစ်ပါတယ်။

Hazard

Hazard

ရီးယဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား ကော်တိုအာ Courtois ကိုခေါ်ယူထားတာကြောင့် ဟာဇက် Hazard ကိုခေါ်ယူဖို့ဆိုရင် ပုံမှန်ထက်ပိုပြီးခက်ခဲဖို့ရှိပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ Sarri ကတော့ ဟာဇက် Hazard ဟာအသင်းမှာပျော်ရွှင်နေတယ်လို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ ကစားသမားအပြောင်းအရွှေ့ကိစ္စဆိုတာ ဘာမှကြိုပြောလို့မရတာကြောင့် ဟာဇက် Hazard ရဲ့ အနာဂတ်ကိုတော့ ဆက်လက်စောင့်ကြည့်သွားကြရမှာပဲဖြစ်ပါတယ်။

REF: Sunday Express
Photo: Sports24 Cameroon , Pinterest
Ko Kyue(Akhayar)
www.akhayar.com