[Zawgyi]

FA ဖလားရခဲ့ေပမယ့္လည္း နည္းျပရာထူးက ထုတ္ပယ္ခံရဖုိ႔ နီးစပ္ေနတဲ့ ကြန္တီ Conte

ခ်ယ္လ္ဆီးအသင္းနည္းျပ ကြန္တီ Conte ကေတာ့ ဒီရာသီမွာ အသင္းအတြက္ FA ဖလားရယူေပးခဲ့ေပမယ့္ လည္း ရာထူးက ထုတ္ပယ္ခံရဖုိ႔ နီးစပ္ေနပါၿပီ။ ကြန္တီရဲ႕ လက္ရွိအေနအထားက မန္ယူနည္းျပေဟာင္း ဗန္ဟားလ္ Van Gaal နဲ႔ ခပ္ဆင္ဆင္ပါပဲ။ ၂၀၁၅-၁၆ ရာသီတုန္းက ဗန္ဟားလ္ဟာ မန္ယူအသင္းအတြက္ FA ဖလားရယူေပးခဲ့သလုိ အသင္းမွာ သူဆက္ရွိေနမယ္လုိ႔ ေျပာခဲ့ေပမယ့္လည္း ရက္ပုိင္းအၾကာမွာပဲ မန္ယူအသင္းက သူ႔ကုိ ရာထူးက ထုတ္ပယ္ခဲ့ၿပီး ေမာ္ရင္ဟုိ Mourinho နဲ႔ အစားထုိးခဲ့တယ္။ တကယ္လုိ႔ ခ်ယ္လ္ဆီးအသင္းသာ ကြန္တီကုိ အခုရက္ပုိငး္အတြင္း ရာထူးက ထုတ္ပယ္ခဲ့မယ္ဆုိရင္လည္း ပရိသတ္ေတြအတြက္ ေတာ့ အံ့အားသင့္စရာရွိေလာက္မွာ မဟုတ္ပါဘူး။

ဒီရာသီမွာ ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္(၅)ေနရာသာ ရခဲ့ၿပီး တစ္ရာသီလုံး ႐ုန္းကန္ခဲ့ရတာေၾကာင့္ FA ဖလား ဗုိလ္လုပဲြမတိုင္ခင္ကတညး္က ခ်ယ္လ္ဆီးနည္းျပရာထူးက ကြန္တီ ထုတ္ပယ္ခံရဖုိ႔ နီးစပ္ေနၿပီလုိ႔ သတင္းေတြ ထြက္ေပၚခဲ့တာပါ။ ခ်ယ္လ္ဆီးအသင္းဟာ ကြန္တီရဲ႕ ပထမဆုံးရာသီ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပၿပီး ခ်န္ပီယံဆုကုိ ဆြတ္ခူးခဲ့ေပမယ့္ အဓိက တိုက္စစ္မွဴး ဒီေယဂုိေကာ္စတာ Diego Costa နဲ႔ ကြန္တီတို႔ မေျပလည္မႈေတြရွိခဲ့တာေၾကာင့္ သူ႔ကုိ အက္သလက္တီကုိ အသင္းဆီ ေရာင္းခ်ခဲ့သလုိ၊ ရာသီအစတုန္းက ကြန္တီေခၚယူခ့ဲတဲ့ ကစားသမားေတြကလည္း အလုပ္ မျဖစ္ခဲ့လုိ႔ ဒီရာသီမွာ ခ်ယ္လ္ဆီးအသငး္ ရလဒ္ဆုိးေတြ ႀကံဳေတြ႕ခဲ့ရတာျဖစ္ပါတယ္။ အထူးသျဖင့္ လာမယ့္ ရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့တဲ့အတြက္ ခ်ယ္လ္ဆီးအသင္းပုိင္ရွင္ ေအဘရာမုိဗစ္ခ်္ Abramovich အေနနဲ႔ ကြန္တီကုိ ဆက္လက္အခြင့္အေရး ေပးသြားမယ့္ အေနအထား မရွိေတာ့ပါဘူး။

REF:The Sun
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

FA ဖလားရခဲ့ပေမယ့်လည်း နည်းပြရာထူးက ထုတ်ပယ်ခံရဖို့ နီးစပ်နေတဲ့ ကွန်တီ Conte

ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီ Conte ကတော့ ဒီရာသီမှာ အသင်းအတွက် FA ဖလားရယူပေးခဲ့ပေမယ့် လည်း ရာထူးက ထုတ်ပယ်ခံရဖို့ နီးစပ်နေပါပြီ။ ကွန်တီရဲ့ လက်ရှိအနေအထားက မန်ယူနည်းပြဟောင်း ဗန်ဟားလ် Van Gaal နဲ့ ခပ်ဆင်ဆင်ပါပဲ။ ၂၀၁၅-၁၆ ရာသီတုန်းက ဗန်ဟားလ်ဟာ မန်ယူအသင်းအတွက် FA ဖလားရယူပေးခဲ့သလို အသင်းမှာ သူဆက်ရှိနေမယ်လို့ ပြောခဲ့ပေမယ့်လည်း ရက်ပိုင်းအကြာမှာပဲ မန်ယူအသင်းက သူ့ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး မော်ရင်ဟို Mourinho နဲ့ အစားထိုးခဲ့တယ်။ တကယ်လို့ ချယ်လ်ဆီးအသင်းသာ ကွန်တီကို အခုရက်ပိုင်းအတွင်း ရာထူးက ထုတ်ပယ်ခဲ့မယ်ဆိုရင်လည်း ပရိသတ်တွေအတွက် တော့ အံ့အားသင့်စရာရှိလောက်မှာ မဟုတ်ပါဘူး။

ဒီရာသီမှာ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့်(၅)နေရာသာ ရခဲ့ပြီး တစ်ရာသီလုံး ရုန်းကန်ခဲ့ရတာကြောင့် FA ဖလား ဗိုလ်လုပွဲမတိုင်ခင်ကတည်းက ချယ်လ်ဆီးနည်းပြရာထူးက ကွန်တီ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ကွန်တီရဲ့ ပထမဆုံးရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပေမယ့် အဓိက တိုက်စစ်မှူး ဒီယေဂိုကော်စတာ Diego Costa နဲ့ ကွန်တီတို့ မပြေလည်မှုတွေရှိခဲ့တာကြောင့် သူ့ကို အက်သလက်တီကို အသင်းဆီ ရောင်းချခဲ့သလို၊ ရာသီအစတုန်းက ကွန်တီခေါ်ယူခဲ့တဲ့ ကစားသမားတွေကလည်း အလုပ် မဖြစ်ခဲ့လို့ ဒီရာသီမှာ ချယ်လ်ဆီးအသင်း ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အထူးသဖြင့် လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့အတွက် ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် Abramovich အနေနဲ့ ကွန်တီကို ဆက်လက်အခွင့်အရေး ပေးသွားမယ့် အနေအထား မရှိတော့ပါဘူး။

REF:The Sun
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com