[Zawgyi]

ဘီလ္ဘာအိုဂိုးသမား ကီပါ Kepa ကိုေခၚယူဖို႔ သေဘာတူညီမႈ ရရိွခဲ႔တဲ႔ ခ်ယ္လ္ဆီး

ပရီးမီးယားလိဂ္ကလပ္ ခ်ယ္လ္ဆီးအသင္းဟာ ဒီရက္ပိုင္းမွာအေျပာင္းအေရႊ႕သတင္းေတြဆက္တိုက္ထြက္ ေပၚေနတဲ႔အသင္းပါ။ အေျပာင္းအေရႊ႕ေစ်းကြက္ က ပိတ္ခါနီးျပီးျဖစ္လို႔ ခ်ယ္လ္ဆီးအသင္းဟာအေျပာင္းအေရႊ႕ကိစၥေတြကို အရိွန္တင္ျပီးလုပ္ေဆာင္ေနတာျဖစ္တယ္လို႔ ဆိုရပါလိမ္႔မယ္။ခ်ယ္လ္ဆီးအသင္းဟာ ရီးယဲလ္မက္ဒရစ္ ကြင္းလယ္လူ ကိုဗာခ်စ္ Kovacic ကို အဌားနဲ႔ေခၚယူေတာ႔မွာျဖစ္တယ္လို႔ သတင္းေတြထြက္ေနသလို အသင္းရဲ႕ အဓိက ဂိုးသမား ေကာ္တိုအာ Courtois ဟာလည္း အသင္းရဲ႕ ေလ႔က်င္႔ေရးအစီအစဥ္ေတြကို ခြင့္မဲ့ပ်က္ကြက္ခဲ႔ျပီး အသင္းကေနထြက္ခြာဖို႔ ဆႏၵရိွေနခဲ႔ပါတယ္။ ခ်ယ္လ္ဆီးအသင္း နည္းျပ ဆာရီ Sarri ဟာလည္း ေကာ္တိုအာ Courtois ရဲ႕ အနာဂတ္နဲ႔ပတ္သက္ျပီး အေျဖေပးႏိုင္ျခင္းမရိွခဲ႔တာ ေၾကာင္႔ ေကာ္တိုအာ Courtois ရဲ႕အေျခအေနက စိတ္၀င္စားဖို႔ေကာင္းလာခဲ႔ပါတယ္။

Kepa

Kepa

ဒီလိုအေနအထားေတြေၾကာင္႔ ခ်ယ္လ္ဆီးအသင္းဟာ ေစ်းကြက္ထဲမွာ ဂိုးသမားရွာေဖြခဲ႔ျပီး လက္ရိွအခ်ိန္မွာေတာ႔ ဘီလ္ဘာအိုအသင္းရဲ႕ စပိန္လက္ေရြးစင္ဂိုးသမား ကီပါ Kepa ကိုကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူဖို႔သေဘာတူညီမႈရရိွခဲ႔ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ Kepa ကိုေခၚယူဖို႔ ေျပာင္းေရႊ႕ေၾကး ေပါင္(၇၁.၆)သန္းနဲ႔ သေဘာတူညီမႈရရိွခဲ႔တာပါ။ ခ်ယ္လ္ဆီးအသင္းရဲ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးဟာ တိုက္စစ္မႈး မိုရာတာ Morata ကိုေခၚယူတုန္းက အသံုးျပဳခဲ႔တဲ႔ ေပါင္(၅၇)သန္းျဖစ္ျပီး လက္ရိွအခ်ိန္မွာေတာ႔ ဒီစံခ်ိန္က က်ိဳးပ်က္ဖို႔ရိွခဲ႔ပါျပီ။

ခ်ယ္လ္ဆီးအသင္း နည္းျပ ဆာရီ Sarri က ” က်ြန္ေတာ္ ကီပါ Kepa ကိုျပီးခဲ႔တဲ႔ ႏွစ္ထဲကေတြ႕ခဲ႔တာပါ က်ြန္ေတာ္ရဲ႕ပထမဆံုးထင္ျမင္ခ်က္ကေတာ႔ သူကတကယ္ေကာင္းတဲ႔ ဂိုးသမားပါ အသက္လည္းငယ္ပါတယ္ အရမ္းေကာင္းပါတယ္ ” လို႔ေျပာၾကားခဲ႔ပါတယ္။

အသက္(၂၃)ႏွစ္အရြယ္ရိွျပီျဖစ္သူ ကီပါ Kepa ဟာ ဘီလ္ဘာအိုအသင္းအတြက္ ပြဲေပါင္း(၅၄)ပြဲကစားထားသူျဖစ္ျပီး ႏိုင္ငံအသင္းျဖစ္တဲ႔ စပိန္အသင္းအတြက္ေတာ႔ ပြဲစဥ္(၁)ပြဲပါ၀င္ကစားထားပါတယ္။

ကမၻာ႔ ေျပာင္းေရႊ႕ေၾကးအမ်ားဆံုး ဂိုးသမားမ်ား

Alisson Liverpool – £66.8m – 2018
Buffon Juventus – £33m – 2001
Ederson Manchester City – £35m – 2017
Pickford Everton – £25m – 2017
Toldo Italy Internazionale – £25m – 2001
Neuer Bayern Munich – £19m – 2011
Leno Arsenal – £19.2m – 2018
De Gea Manchester United – £18m – 2011

REF: The Telegraph
Photo: Goal.com , ELTIEMPO.COM
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘီလ်ဘာအိုဂိုးသမား ကီပါ Kepa ကိုခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ ဒီရက်ပိုင်းမှာအပြောင်းအရွှေ့သတင်းတွေဆက်တိုက်ထွက် ပေါ်နေတဲ့အသင်းပါ။ အပြောင်းအရွှေ့ဈေးကွက် က ပိတ်ခါနီးပြီးဖြစ်လို့ ချယ်လ်ဆီးအသင်းဟာအပြောင်းအရွှေ့ကိစ္စတွေကို အရှိန်တင်ပြီးလုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ ကိုဗာချစ် Kovacic ကို အဌားနဲ့ခေါ်ယူတော့မှာဖြစ်တယ်လို့ သတင်းတွေထွက်နေသလို အသင်းရဲ့ အဓိက ဂိုးသမား ကော်တိုအာ Courtois ဟာလည်း အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ခွင့်မဲ့ပျက်ကွက်ခဲ့ပြီး အသင်းကနေထွက်ခွာဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ချယ်လ်ဆီးအသင်း နည်းပြ ဆာရီ Sarri ဟာလည်း ကော်တိုအာ Courtois ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အဖြေပေးနိုင်ခြင်းမရှိခဲ့တာ ကြောင့် ကော်တိုအာ Courtois ရဲ့အခြေအနေက စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။

Kepa

Kepa

ဒီလိုအနေအထားတွေကြောင့် ချယ်လ်ဆီးအသင်းဟာ ဈေးကွက်ထဲမှာ ဂိုးသမားရှာဖွေခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘီလ်ဘာအိုအသင်းရဲ့ စပိန်လက်ရွေးစင်ဂိုးသမား ကီပါ Kepa ကိုကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ Kepa ကိုခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင်(၇၁.၆)သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာပါ။ ချယ်လ်ဆီးအသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးဟာ တိုက်စစ်မှုး မိုရာတာ Morata ကိုခေါ်ယူတုန်းက အသုံးပြုခဲ့တဲ့ ပေါင်(၅၇)သန်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒီစံချိန်က ကျိုးပျက်ဖို့ရှိခဲ့ပါပြီ။

ချယ်လ်ဆီးအသင်း နည်းပြ ဆာရီ Sarri က ” ကျွန်တော် ကီပါ Kepa ကိုပြီးခဲ့တဲ့ နှစ်ထဲကတွေ့ခဲ့တာပါ ကျွန်တော်ရဲ့ပထမဆုံးထင်မြင်ချက်ကတော့ သူကတကယ်ကောင်းတဲ့ ဂိုးသမားပါ အသက်လည်းငယ်ပါတယ် အရမ်းကောင်းပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ ကီပါ Kepa ဟာ ဘီလ်ဘာအိုအသင်းအတွက် ပွဲပေါင်း(၅၄)ပွဲကစားထားသူဖြစ်ပြီး နိုင်ငံအသင်းဖြစ်တဲ့ စပိန်အသင်းအတွက်တော့ ပွဲစဉ်(၁)ပွဲပါဝင်ကစားထားပါတယ်။

ကမ္ဘာ့ ပြောင်းရွှေ့ကြေးအများဆုံး ဂိုးသမားများ

Alisson Liverpool – £66.8m – 2018
Buffon Juventus – £33m – 2001
Ederson Manchester City – £35m – 2017
Pickford Everton – £25m – 2017
Toldo Italy Internazionale – £25m – 2001
Neuer Bayern Munich – £19m – 2011
Leno Arsenal – £19.2m – 2018
De Gea Manchester United – £18m – 2011

REF: The Telegraph
Photo: Goal.com , ELTIEMPO.COM
Ko Kyue(Akhayar)
www.akhayar.com