[Zawgyi]

အိမ္ေထာင္ေရးသုချပည့္စံုတဲ့သူေတြက ေဖာက္ျပန္ႏိုင္ေခ်ရာခိုင္ႏႈန္းပိုမ်ားတယ္ဆိုတာ သင္သိပါသလား

သင့္အေနနဲ႔ သစၥာရွိတဲ့ Relationship ေတြဟာ တင္းတိမ္ေရာင့္ရဲတတ္ၾကတဲ့အတြက္ တစ္ေယာက္နဲ႔ တစ္ေယာက္မေဖာက္မျပန္ဘဲရွိၾကတယ္လို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ေလမွာ ခ်ဳပ္ထိန္းမႈမ်ားလာတဲ့အခါ တစ္စံုတစ္ခုမွာပိတ္မိေနတာမ်ိဳး ၾကာလာရင္ ေပါက္ကြဲထြက္တတ္တယ္ဆိုတဲ့စကားကိုလည္း ၾကားဖူးၾကမွာပါ။ ဟုတ္ပါတယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္သစၥာရွိရမယ္၊ အျပန္အလွန္ရိုးသားမႈရွိရမယ္ဆိုတဲ့ ကန္႔သတ္ခ်ဳပ္ခ်ယ္မႈေတြၾကားမွာ ဆႏၵေတြကိုၿမိဳသိပ္ထားရတာေတြ စံုလာရင္ ေပါက္ကြဲထြက္ၾကပါတယ္။ အဲဒီလိုေပါက္ကြဲမႈေတြဟာ ေဖာက္ျပန္တဲ့ဘက္ကို ဦးတည္ေလ့ရွိၾကပါတယ္။

အေမရိကန္ဖေလာ္ရီဒါတကၠသိုလ္ရဲ႕ အသစ္ထုတ္ျပန္လုိက္တဲ့ ေလ့လာမႈတစ္ခုမွာေတာ့ သင့္အေနနဲ႔ သင့္ရဲ႕ပါတနာ၊ အိမ္ေထာင္ဖက္အေပၚမွာ လိင္ပိုင္းဆိုင္ရာစိတ္ေက်နပ္မႈအျပည့္အဝရရွိတယ္ဆိုရင္ အဲဒီစိတ္ေက်နပ္မႈကို ပိုတိုးၿပီးခံစားလိုစိတ္ျဖစ္လာႏိုင္ပါတယ္။ အရပ္သံုးစကားနဲ႔ေျပာမယ္ဆိုရင္ေတာ့ သင္ဟာလိုအပ္တိုင္းရေနတာျဖစ္တဲ့အတြက္ ရိုးအီၿပီး အသစ္အဆန္းကိုထိေတြ႕ခံစားခ်င္တဲ့စိတ္ျဖစ္လာျခင္းပါပဲ။ လက္ထပ္ၿပီးခါစ ၾကင္စဦးဇနီးေမာင္ႏွံစံုတြဲေပါင္း ၂၃၃ ဦးကို အခ်ိန္သံုးႏွစ္ခြဲခန္႔ေလ့လာ စမ္းသပ္ၾကည့္တဲ့အခါမွာေတာ့ ဒီအခ်ိန္ကာလအထိ ဆက္ဆံေရးခိုင္ၿမဲခဲ့တဲ့စံုတြဲေတြမွာ ေဖာက္ျပန္ဖို႔ အစျပဳေနၿပီဆိုတဲ့ရလဒ္ကိုေတြ႕ရွိခဲ့ပါတယ္။

အဲဒီလိုစံုတြဲေတြထဲကမွ အသက္ငယ္တဲ့သူေတြနဲ႔ ဆြဲေဆာင္မႈသိပ္မရွိတဲ့အမ်ိဳးသမီးေတြက ပိုၿပီးေဖာက္ျပန္တတ္ၾကၿပီး အမ်ိဳးသားေတြဆိုရင္ေတာ့ ဆြဲေဆာင္မႈရွိတဲ့အမ်ိဳးသားေတြက ပိုၿပီးေဖာက္ျပန္တတ္ၾကတယ္လို႔ သုေတသနကဆိုပါတယ္။ စမ္းသပ္တဲ့အခါ အိမ္ေထာင္သက္ ၃ ႏွစ္ခြဲေက်ာ္လာတဲ့စံုတြဲေတြကို ဆြဲေဆာင္မႈရွိၿပီး ညိႈ႕အားျပင္းတဲ့ဓာတ္ပံုေတြျပၿပီး စမ္းသပ္ခဲ့တာျဖစ္ၿပီးေတာ့ အဲဒီအထဲက ၅၀ ရာခိုင္ႏႈန္းဟာ အဲဒီလိုဓာတ္ပံုေတြကို နာရီစကၠန္႔မလပ္ အခ်ိန္တိုင္းၾကည့္ျဖစ္ၾကတယ္လို႔ဆိုပါတယ္။

ဒါေၾကာင့္ ဒီလိုျပႆနာကိုကာကြယ္ႏိုင္တာကေတာ့ ခ်စ္သူစံုတြဲေတြအခ်င္းခ်င္း ဘယ္သူကေတာ့ ဘယ္လိုဆြဲေဆာင္မႈရွိတာ၊ ဘယ္သူက ဘယ္လိုမိုက္တာစသျဖင့္ ေျပာဆိုေတြးတာမ်ိဳးေတြ ေရွာင္သင့္တယ္လို႔ဆိုပါတယ္။ ဒီလိုေရွာင္ျခင္းအားျဖင့္ ကိုယ့္ရဲ႕အလိုဆႏၵကို အေကာင္းဆံုးတုန္႔ျပန္ကာကြယ္ႏုိင္မွာျဖစ္တယ္လို႔လည္း သိပၸံပညာရွင္ေတြက အႀကံျပဳထားပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အိမ်ထောင်ရေးသုခပြည့်စုံတဲ့သူတွေက ဖောက်ပြန်နိုင်ချေရာခိုင်နှုန်းပိုများတယ်ဆိုတာ သင်သိပါသလား

သင့်အနေနဲ့ သစ္စာရှိတဲ့ Relationship တွေဟာ တင်းတိမ်ရောင့်ရဲတတ်ကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက်မဖောက်မပြန်ဘဲရှိကြတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ချုပ်ထိန်းမှုများလာတဲ့အခါ တစ်စုံတစ်ခုမှာပိတ်မိနေတာမျိုး ကြာလာရင် ပေါက်ကွဲထွက်တတ်တယ်ဆိုတဲ့စကားကိုလည်း ကြားဖူးကြမှာပါ။ ဟုတ်ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက်သစ္စာရှိရမယ်၊ အပြန်အလှန်ရိုးသားမှုရှိရမယ်ဆိုတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကြားမှာ ဆန္ဒတွေကိုမြိုသိပ်ထားရတာတွေ စုံလာရင် ပေါက်ကွဲထွက်ကြပါတယ်။ အဲဒီလိုပေါက်ကွဲမှုတွေဟာ ဖောက်ပြန်တဲ့ဘက်ကို ဦးတည်လေ့ရှိကြပါတယ်။

အမေရိကန်ဖလော်ရီဒါတက္ကသိုလ်ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ လေ့လာမှုတစ်ခုမှာတော့ သင့်အနေနဲ့ သင့်ရဲ့ပါတနာ၊ အိမ်ထောင်ဖက်အပေါ်မှာ လိင်ပိုင်းဆိုင်ရာစိတ်ကျေနပ်မှုအပြည့်အဝရရှိတယ်ဆိုရင် အဲဒီစိတ်ကျေနပ်မှုကို ပိုတိုးပြီးခံစားလိုစိတ်ဖြစ်လာနိုင်ပါတယ်။ အရပ်သုံးစကားနဲ့ပြောမယ်ဆိုရင်တော့ သင်ဟာလိုအပ်တိုင်းရနေတာဖြစ်တဲ့အတွက် ရိုးအီပြီး အသစ်အဆန်းကိုထိတွေ့ခံစားချင်တဲ့စိတ်ဖြစ်လာခြင်းပါပဲ။ လက်ထပ်ပြီးခါစ ကြင်စဦးဇနီးမောင်နှံစုံတွဲပေါင်း ၂၃၃ ဦးကို အချိန်သုံးနှစ်ခွဲခန့်လေ့လာ စမ်းသပ်ကြည့်တဲ့အခါမှာတော့ ဒီအချိန်ကာလအထိ ဆက်ဆံရေးခိုင်မြဲခဲ့တဲ့စုံတွဲတွေမှာ ဖောက်ပြန်ဖို့ အစပြုနေပြီဆိုတဲ့ရလဒ်ကိုတွေ့ရှိခဲ့ပါတယ်။

အဲဒီလိုစုံတွဲတွေထဲကမှ အသက်ငယ်တဲ့သူတွေနဲ့ ဆွဲဆောင်မှုသိပ်မရှိတဲ့အမျိုးသမီးတွေက ပိုပြီးဖောက်ပြန်တတ်ကြပြီး အမျိုးသားတွေဆိုရင်တော့ ဆွဲဆောင်မှုရှိတဲ့အမျိုးသားတွေက ပိုပြီးဖောက်ပြန်တတ်ကြတယ်လို့ သုတေသနကဆိုပါတယ်။ စမ်းသပ်တဲ့အခါ အိမ်ထောင်သက် ၃ နှစ်ခွဲကျော်လာတဲ့စုံတွဲတွေကို ဆွဲဆောင်မှုရှိပြီး ညှို့အားပြင်းတဲ့ဓာတ်ပုံတွေပြပြီး စမ်းသပ်ခဲ့တာဖြစ်ပြီးတော့ အဲဒီအထဲက ၅၀ ရာခိုင်နှုန်းဟာ အဲဒီလိုဓာတ်ပုံတွေကို နာရီစက္ကန့်မလပ် အချိန်တိုင်းကြည့်ဖြစ်ကြတယ်လို့ဆိုပါတယ်။

ဒါကြောင့် ဒီလိုပြဿနာကိုကာကွယ်နိုင်တာကတော့ ချစ်သူစုံတွဲတွေအချင်းချင်း ဘယ်သူကတော့ ဘယ်လိုဆွဲဆောင်မှုရှိတာ၊ ဘယ်သူက ဘယ်လိုမိုက်တာစသဖြင့် ပြောဆိုတွေးတာမျိုးတွေ ရှောင်သင့်တယ်လို့ဆိုပါတယ်။ ဒီလိုရှောင်ခြင်းအားဖြင့် ကိုယ့်ရဲ့အလိုဆန္ဒကို အကောင်းဆုံးတုန့်ပြန်ကာကွယ်နိုင်မှာဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက အကြံပြုထားပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။