[Zawgyi] 

Google ရဲ႕ Pixel ဖုန္းေတြက ေစ်းကြက္ထဲမွာ တျဖည္းျဖည္းနဲ႔ တျခား Flagship ေတြနဲ႔အတူ ေနရာရလာပါၿပီ။ ဒါေပမယ့္ Pixel ဖုန္းေတြက Flagship ဖုန္းေတြမွာ မပါတဲ့ Feture ေတြပါသလို Pure Android အရသာကို ေကာင္းေကာင္းသံုးလို႔ရလို႔ Flagship ဖုန္းေတြထက္ပိုၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့အပိုင္းေတြ ရွိေနတာပါ။ 

Pixel 3

Pixel ဖုန္းေတြမွာ အဓိကစိတ္ဝင္စားဖို႔ေကာင္းတဲ့ Hardware ပိုင္းကေတာ့ Camera ေတြပါ။ Pixel ဖုန္းေတြမွာ Selfie Camera နဲ႔ ေနာက္ေက်ာဖက္က တစ္လံုးတည္းပါတဲ့ Camera ေတြက အၿမဲတမ္းလိုလို စိတ္ေက်နပ္ဖို႔ေကာင္းတဲ့ဓာတ္ပံုေတြကို ဖန္တီးေပးႏိုင္ပါတယ္။ ဒါေပမယ့္ Pixel ဖုန္းေတြက တျခား Flagship ဖုန္းေတြထက္ ေစ်းသက္သာတယ္ဆိုေပမယ့္ ေစ်းေပါတယ္လို႔ေတာ့ ေျပာလို႔မရပါဘူး။ 

Coloured Power Button

အခုလို သတင္းေပါက္လာတာကေတာ့ အရင္က Pixel 3 ေတြလိုပဲ Russia ကပဲ သတင္းေပါက္လာတာပါ။

အဲ့ဒီလိုအေျခအေနအတြက္ Google က ျပင္ဆင္ထားပံုပါပဲ။ အခုေတာ့ ပိုေစ်းသက္သာတဲ့ Pixel 3 ဖုန္းအသစ္ေတြနဲ႔ ပတ္သက္ၿပီး သတင္းေပါက္လာပါၿပီ။ တကယ္ထြက္လာမယ့္နာမည္ကေတာ့ Pixel 3 Lite လို႔ ျဖစ္ဖို႔မ်ားေနပါတယ္။ ဒီဖုန္းမွာေတာ့ စိတ္ဝင္စားဖို႔အေကာင္းဆံုးအေနနဲ႔ 3.5mm Headphone Jack ကို ျပန္ထည့္ေပးလာတဲ့အခ်က္ပါ။ 

3.5mm headphone jack on top

သတင္းေပါက္တဲ့အခ်က္ေတြထဲမွာေတာ့ Pixle 3 Lite မွာ 5.56 Inch LCD Display ကိုသံုးေပးလာမွာျဖစ္ၿပီး 2220 x 1080 Resolution ရွိိမယ္လို႔ သိရပါတယ္။ Pixel 3 မွာေတာ့ OLED Diplay ကိုသံုးေပးထားေပမယ့္ အခုေတာ့ LCD ကိုပဲသံုးေပးေတာ့မွာပါ။ အေၾကာင္းကေတာ့ ေစ်းပိုသက္သာေအာင္ လုပ္ေပးထားရတာေၾကာင့္ျဖစ္မွာပါ။ 

သာမန္ Pixel ဖုန္းေတြလိုပဲ Stereo Speaker ပါမွာျဖစ္ေပမယ့္ ဒီဖုန္းမွာေတာ့ ေအာက္ဖက္ Speaker က Display ေအာက္က Chin မွာမဟုတ္ဘဲ ဖုန္းရဲ႕ ေအာက္ေဘာင္မွာတပ္ေပးထားတာပါ။ ေနာက္ထပ္ သေဘာက်စရာအခ်က္ကေတာ့ ေနာက္ေက်ာဖက္မွာ Pixel 3 ေတြမွာလိုပဲ 12MP Single Camera ကိုပဲ သံုးေပးထားတယ္ဆိုတာပါ။ ဒီဖုန္းက တကယ္ထြက္လာတဲ့အခါ ဓာတ္ပံုပိုင္းက Pixel 3 ေတြနည္းတူ ေကာင္းႏိုင္မလားဆိုတာက စိတ္ဝင္စားစရာပါပဲ။ SoC ကေတာ့ Qualcomm ရဲ႕ Snapdragon 710 ကို သံုးေပးလာႏိုင္ပါတယ္။ ဒါေပမယ့္ အေသးစိတ္အခ်က္ေတြက အခုအခ်ိန္အထိ တိတိက်က်မသိရေသးလို႔ ယံုလို႔မရေသးပါဘူး။ တကယ္ပဲ Google က Cheap Pixel ဖုန္းေတြကို ထုတ္သြားမယ္ထင္ပါသလား။ 

Ref: The Verge | Rozetked 

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Pixel 3 တွေထက်ဈေးပိုသက်သာတဲ့ Pixel 3 Lite တွေ သတင်းပေါက်လာပြီ

Google ရဲ့ Pixel ဖုန်းတွေက ဈေးကွက်ထဲမှာ တဖြည်းဖြည်းနဲ့ တခြား Flagship တွေနဲ့အတူ နေရာရလာပါပြီ။ ဒါပေမယ့် Pixel ဖုန်းတွေက Flagship ဖုန်းတွေမှာ မပါတဲ့ Feture တွေပါသလို Pure Android အရသာကို ကောင်းကောင်းသုံးလို့ရလို့ Flagship ဖုန်းတွေထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းတွေ ရှိနေတာပါ။ 

Pixel 3

Pixel ဖုန်းတွေမှာ အဓိကစိတ်ဝင်စားဖို့ကောင်းတဲ့ Hardware ပိုင်းကတော့ Camera တွေပါ။ Pixel ဖုန်းတွေမှာ Selfie Camera နဲ့ နောက်ကျောဖက်က တစ်လုံးတည်းပါတဲ့ Camera တွေက အမြဲတမ်းလိုလို စိတ်ကျေနပ်ဖို့ကောင်းတဲ့ဓာတ်ပုံတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမယ့် Pixel ဖုန်းတွေက တခြား Flagship ဖုန်းတွေထက် ဈေးသက်သာတယ်ဆိုပေမယ့် ဈေးပေါတယ်လို့တော့ ပြောလို့မရပါဘူး။ 

Coloured Power Button

အခုလို သတင်းပေါက်လာတာကတော့ အရင်က Pixel 3 တွေလိုပဲ Russia ကပဲ သတင်းပေါက်လာတာပါ။

အဲ့ဒီလိုအခြေအနေအတွက် Google က ပြင်ဆင်ထားပုံပါပဲ။ အခုတော့ ပိုဈေးသက်သာတဲ့ Pixel 3 ဖုန်းအသစ်တွေနဲ့ ပတ်သက်ပြီး သတင်းပေါက်လာပါပြီ။ တကယ်ထွက်လာမယ့်နာမည်ကတော့ Pixel 3 Lite လို့ ဖြစ်ဖို့များနေပါတယ်။ ဒီဖုန်းမှာတော့ စိတ်ဝင်စားဖို့အကောင်းဆုံးအနေနဲ့ 3.5mm Headphone Jack ကို ပြန်ထည့်ပေးလာတဲ့အချက်ပါ။ 

3.5mm headphone jack on top

သတင်းပေါက်တဲ့အချက်တွေထဲမှာတော့ Pixle 3 Lite မှာ 5.56 Inch LCD Display ကိုသုံးပေးလာမှာဖြစ်ပြီး 2220 x 1080 Resolution ရှိမယ်လို့ သိရပါတယ်။ Pixel 3 မှာတော့ OLED Diplay ကိုသုံးပေးထားပေမယ့် အခုတော့ LCD ကိုပဲသုံးပေးတော့မှာပါ။ အကြောင်းကတော့ ဈေးပိုသက်သာအောင် လုပ်ပေးထားရတာကြောင့်ဖြစ်မှာပါ။ 

သာမန် Pixel ဖုန်းတွေလိုပဲ Stereo Speaker ပါမှာဖြစ်ပေမယ့် ဒီဖုန်းမှာတော့ အောက်ဖက် Speaker က Display အောက်က Chin မှာမဟုတ်ဘဲ ဖုန်းရဲ့ အောက်ဘောင်မှာတပ်ပေးထားတာပါ။ နောက်ထပ် သဘောကျစရာအချက်ကတော့ နောက်ကျောဖက်မှာ Pixel 3 တွေမှာလိုပဲ 12MP Single Camera ကိုပဲ သုံးပေးထားတယ်ဆိုတာပါ။ ဒီဖုန်းက တကယ်ထွက်လာတဲ့အခါ ဓာတ်ပုံပိုင်းက Pixel 3 တွေနည်းတူ ကောင်းနိုင်မလားဆိုတာက စိတ်ဝင်စားစရာပါပဲ။ SoC ကတော့ Qualcomm ရဲ့ Snapdragon 710 ကို သုံးပေးလာနိုင်ပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်တွေက အခုအချိန်အထိ တိတိကျကျမသိရသေးလို့ ယုံလို့မရသေးပါဘူး။ တကယ်ပဲ Google က Cheap Pixel ဖုန်းတွေကို ထုတ်သွားမယ်ထင်ပါသလား။ 

Ref: The Verge | Rozetked 

Min Than Htike (Akhayar)

www.akhayar.com