[Zawgyi]

ဆံပင်ပုံစံပြောင်းလိုက်မှ ဂွမ်းသွားရှာတဲ့ Charlie Puth

Charlie Puth တစ်ယောက်ကတော့ သူ့ရဲ့ ဆံပင်နီညိုရောင်လေးကို ‘See You Again’ လို့ နှုတ်ဆက်ခဲ့ပါပြီ။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Charlie Puth ဟာ သူ့ရဲ့ ရွှေရောင်ဖျော့ဖျော့ဆံပင်ပုံစံအသစ်စက်စက်နဲ့ ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ 2018 Radio Disney Music Awards ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒါတင်မဟုတ်ဘဲ သူ့ရဲ့ ဆံပင်ပုံစံအသစ်ကို Instagram Story မှာရော၊ Post မှာရော တင်ပြီးလည်း ကြွားခဲ့ပါသေးတယ်။

I really like the show Billions

A post shared by Charlie Puth (@charlieputh) on

ကြည့်ရတာတော့ သူ့ရဲ့ လာမယ့် Voicenotes Tour ရှိုးပွဲမှာ ဆံပင်ပုံစံအသစ်လေးနဲ့ ပွဲထွက်လာမယ့်ပုံရှိနေပါတယ်။ သူ့ပွဲရဲ့ လက်မှတ်အတော်များများလည်း ရောင်းကုန်သွားပြီမို့ အရမ်းစိတ်လှုပ်ရှားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေတာကိုလည်း တွေ့ရပါတယ်။

ဆံပင်ပုံစံအသစ်နဲ့ Charlie Puth

ဆံပင်ပုံစံအသစ်နဲ့ Charlie Puth

သူ့ရဲ့ဒုတိယမြောက် Studio Album ဟာ သူ့အကြောင်း ပရိသတ်တွေ ပိုသိလာစေတယ်လို့ ယူဆထားပြီး ဆံပင်ပုံစံအသစ်နဲ့ ပက်သက်ပြီး သူ့ပရိသတ်တွေရဲ့ အသံကတော့ ညံစီနေပါတော့တယ်။ ပရိသတ်တစ်ယောက်ဆိုရင် Justin Bieber လားလို့ စခဲ့ပြီး သူနဲ့ Justin Bieber ကြားက အဖြစ်အပျက်တွေကို ရည်ညွှန်းစနောက်ချင်တာ ဖြစ်ပါတယ်။

Charlie Puth

အမြင်အရတော့ Charlie Puth ဟာ သူ့အရင် ဆံပင်ပုံစံအရောင်နဲ့ ပိုလိုက်ဖက်ပြီး အခုပုံစံအရောင်ဟာ သက်သက်ကြီးကွဲထွက်သလို ဖြစ်နေပါတယ်။

Yoe Lu (Akhayar)

www.akhayar.com