[Zawgyi]

Selena Gomez နဲ႔ အရႈပ္ဇာတ္ကို ဖြင့္ဟလိုက္တဲ့ Charlie Puth

We don’t talk anymore ကို တြဲဆိုခဲ့ၾကတဲ့ Charlie Puth နဲ႔ Selena ဟာ ေနာက္ကြယ္မွာလည္း ဇာတ္လမ္းေလးေတြ ရွိတယ္ဆိုတာ ၾကားဖူးၾကမွာပါ။ The Weeknd နဲ႔ မတြဲခင္ေလး ၂၀၁၆ ခုႏွစ္မွာပဲ သူတို႔ႏွစ္ေယာက္ရဲ့ ခ်စ္ဇာတ္လမ္းေကာလဟလေတြ ထြက္လာခဲ့ဖူးပါတယ္။

ခုေတာ့ Charlie Puth က ဒီအေၾကာင္းကို ဖြင့္ဟလာပါျပီ။  Selena နဲ႔ ပက္သက္ခဲ့တဲ့ အခ်ိန္ေတြနဲ႔ ပက္သက္ျပီး “ကၽြန္ေတာ့္ဘဝမွာ လူတစ္ေယာက္က တျခားတစ္ေယာက္ရဲ့ အာရုံစိုက္မႈကို လိုခ်င္လို႔ ကၽြန္ေတာ့္နားကပ္လာတဲ့အခ်ိန္ကို ၾကံဳခဲ့ရျခင္းပါပဲ” လို႔ ဖြင့္ဟခဲ့ပါတယ္။

Charlie Puth ဟာ အသက္ ၂၆ ႏွစ္ရွိျပီး ျဖစ္ျပီး Selena ကေတာ့ အခု အသက္ ၂၅ ႏွစ္ရွိျပီ ျဖစ္ပါတယ္။  Charlie က ဆက္ျပီး “ဒီလို အသံုးခ်ခံရတယ္လို႔ သိသြားတာနဲ႔ ကၽြန္ေတာ္တို႔ ဆက္ဆံေရးကို အဆံုးသတ္လိုက္ပါတယ္၊ ဖြင့္ဟေျပာျပတာမ်ိဳးမလုပ္ခဲ့ေပမယ့္ အျဖစ္အပ်က္ေတြရဲ့ ေနာက္ကြယ္က အေၾကာင္းအရာေတြကေတာ့ သီခ်င္းတစ္ပုဒ္အျဖစ္ ေခါင္းထဲ ဝင္လာခဲ့ပါတယ္။ ဒီသီခ်င္းက We don’t talk anymore ပါပဲ။”

“ကၽြန္ေတာ္တို႔ ေတြ႔ခဲ့တဲ့ အခ်ိန္ကာလက အရမ္းတုိေပမယ့္ အက်ိဳးသက္ေရာက္မႈကေတာ့ အားၾကီးပါတယ္။ ျပီးေတာ့ တကယ့္ကို ကၽြန္ေတာ့္ဘဝကို ရႈပ္ယွက္ခတ္ေအာင္လည္း လုပ္သြားႏုိင္ခဲ့ပါတယ္။ သူ႔စိတ္ထဲမွာ ကၽြန္ေတာ္တစ္ေယာက္တည္း ရွိေနပံုလည္း မရဘူးေလ။”

သူတို႔ဟာ ၂၀၁၆ ခုႏွစ္ မတ္လေလာက္မွာ ခ်ိတ္တိတ္တိတ္ျဖစ္ခဲ့ၾကတာ ျဖစ္ျပီး ရင္းႏွီးတဲ့သူတစ္ေယာက္ကေတာ့ “အရမ္းၾကီးေလးေလးနက္နက္ျဖစ္ခဲ့ၾကတာ မဟုတ္ေပမယ့္ Selena ကေတာ့ Charlie အတြက္ သေဘာက်ေလာက္စရာျဖစ္ခဲ့ပါတယ္” လို႔ ေဖာ္ေကာင္လုပ္ပါတယ္။

ဒီလိုကိစၥေလးေတြ ရွိေပမယ့္ သူတို႔ ႏွစ္ေယာက္ၾကားမွာ We don’t talk anymore သီခ်င္းပူးတြဲေဖ်ာ္ေျဖတာနဲ႔ ပက္သက္လို႔ေတာ့ Professional ေတြပီပီ ဘာျပႆနာမွ မရွိၾကပါဘူး။ “ Selena နဲ႔ အလုပ္လုပ္ရတာ ေပ်ာ္စရာေကာင္းပါတယ္။ ဒါေၾကာင့္လည္း ဒီသီခ်င္းဟာ ကၽြန္ေတာ့္ဘဝရဲ့ ခက္ခဲတဲ့အခ်ိန္တစ္ခုက ထြက္ေပၚလာတဲ့ သီခ်င္းျဖစ္ေပမယ့္ သီဆိုရတာေတာ့ အျမဲေပ်ာ္စရာေကာင္းေနဦးမွာပါပဲ” လို႔ Charlie က ဆိုခဲ့ပါတယ္။

ဒီကိစၥေတြအျပီး Charlie Puth ဟာ Bella Throne နဲ႔ ဒီဇင္ဘာလ ၂၀၁၆ မွာ တြဲတာမ်ိဳးရွိခဲ့သလို Selena Gomez ဟာလည္း ျပတ္လိုက္ဆက္လိုက္ျဖစ္ေနတဲ့ Justin Bieber နဲ႔ ၂၀၁၇ ႏုိဝင္ဘာမွာ ျပန္ဆက္သြယ္ခဲ့ပါတယ္။

www.akhayar.com

Ref : US Weekly
[Unicode]

Selena Gomez နဲ့ အရှုပ်ဇာတ်ကို ဖွင့်ဟလိုက်တဲ့ Charlie Puth

We don’t talk anymore ကို တွဲဆိုခဲ့ကြတဲ့ Charlie Puth နဲ့ Selena ဟာ နောက်ကွယ်မှာလည်း ဇာတ်လမ်းလေးတွေ ရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။ The Weeknd နဲ့ မတွဲခင်လေး ၂၀၁၆ ခုနှစ်မှာပဲ သူတို့နှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းကောလဟလတွေ ထွက်လာခဲ့ဖူးပါတယ်။

ခုတော့ Charlie Puth က ဒီအကြောင်းကို ဖွင့်ဟလာပါပြီ။  Selena နဲ့ ပက်သက်ခဲ့တဲ့ အချိန်တွေနဲ့ ပက်သက်ပြီး “ကျွန်တော့်ဘဝမှာ လူတစ်ယောက်က တခြားတစ်ယောက်ရဲ့ အာရုံစိုက်မှုကို လိုချင်လို့ ကျွန်တော့်နားကပ်လာတဲ့အချိန်ကို ကြုံခဲ့ရခြင်းပါပဲ” လို့ ဖွင့်ဟခဲ့ပါတယ်။

Charlie Puth ဟာ အသက် ၂၆ နှစ်ရှိပြီး ဖြစ်ပြီး Selena ကတော့ အခု အသက် ၂၅ နှစ်ရှိပြီ ဖြစ်ပါတယ်။  Charlie က ဆက်ပြီး “ဒီလို အသုံးချခံရတယ်လို့ သိသွားတာနဲ့ ကျွန်တော်တို့ ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါတယ်၊ ဖွင့်ဟပြောပြတာမျိုးမလုပ်ခဲ့ပေမယ့် အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကတော့ သီချင်းတစ်ပုဒ်အဖြစ် ခေါင်းထဲ ဝင်လာခဲ့ပါတယ်။ ဒီသီချင်းက We don’t talk anymore ပါပဲ။”

“ကျွန်တော်တို့ တွေ့ခဲ့တဲ့ အချိန်ကာလက အရမ်းတိုပေမယ့် အကျိုးသက်ရောက်မှုကတော့ အားကြီးပါတယ်။ ပြီးတော့ တကယ့်ကို ကျွန်တော့်ဘဝကို ရှုပ်ယှက်ခတ်အောင်လည်း လုပ်သွားနိုင်ခဲ့ပါတယ်။ သူ့စိတ်ထဲမှာ ကျွန်တော်တစ်ယောက်တည်း ရှိနေပုံလည်း မရဘူးလေ။”

သူတို့ဟာ ၂၀၁၆ ခုနှစ် မတ်လလောက်မှာ ချိတ်တိတ်တိတ်ဖြစ်ခဲ့ကြတာ ဖြစ်ပြီး ရင်းနှီးတဲ့သူတစ်ယောက်ကတော့ “အရမ်းကြီးလေးလေးနက်နက်ဖြစ်ခဲ့ကြတာ မဟုတ်ပေမယ့် Selena ကတော့ Charlie အတွက် သဘောကျလောက်စရာဖြစ်ခဲ့ပါတယ်” လို့ ဖော်ကောင်လုပ်ပါတယ်။

ဒီလိုကိစ္စလေးတွေ ရှိပေမယ့် သူတို့ နှစ်ယောက်ကြားမှာ We don’t talk anymore သီချင်းပူးတွဲဖျော်ဖြေတာနဲ့ ပက်သက်လို့တော့ Professional တွေပီပီ ဘာပြဿနာမှ မရှိကြပါဘူး။ “ Selena နဲ့ အလုပ်လုပ်ရတာ ပျော်စရာကောင်းပါတယ်။ ဒါကြောင့်လည်း ဒီသီချင်းဟာ ကျွန်တော့်ဘဝရဲ့ ခက်ခဲတဲ့အချိန်တစ်ခုက ထွက်ပေါ်လာတဲ့ သီချင်းဖြစ်ပေမယ့် သီဆိုရတာတော့ အမြဲပျော်စရာကောင်းနေဦးမှာပါပဲ” လို့ Charlie က ဆိုခဲ့ပါတယ်။

ဒီကိစ္စတွေအပြီး Charlie Puth ဟာ Bella Throne နဲ့ ဒီဇင်ဘာလ ၂၀၁၆ မှာ တွဲတာမျိုးရှိခဲ့သလို Selena Gomez ဟာလည်း ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့ Justin Bieber နဲ့ ၂၀၁၇ နိုဝင်ဘာမှာ ပြန်ဆက်သွယ်ခဲ့ပါတယ်။

www.akhayar.com

Ref : US Weekly