
16 Nov 2018 . 10:12 AM

[Zawgyi]



Jessie J

Jessie J

ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ အဂါင်္နေ့ညက Channing ဟာ Jessie J ရဲ့ လန်ဒန်မြို့၊ Royal Albert Hall မှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲရဲ့ ဖော်ပြပြီး “This woman just poured her heart out on stage at the Royal Albert Hall. Whoever was there got to witness something special. Wow.” ဆိုတဲ့ စာသားနဲ့ အတူတူ တင်ခဲ့ပါတယ်။


Channing Tatum

Channing Tatum

Yoe Lu (Akhayar)

[Unicode]

အဆိုတော် Jessie J နဲ့ တွဲခုတ်နေပြီဆိုတဲ့ မင်းသား Channing Tatum

ရုပ်ဖြောင့်ဖြောင့် ဗလတောင့်တောင့်နဲ့ မင်းသား Channing Tatum ကတော့ သူနဲ့ အဆိုတော် Jessie J တို့  တွဲခုတ်နေတယ်ဆိုတဲ့ သတင်းကို အတည်ပြုလိုက်ပုံပေါ်ပါတယ်။

Jessie J

Jessie J

ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ အဂါၤနေ့ညက Channing ဟာ Jessie J ရဲ့ လန်ဒန်မြို့၊ Royal Albert Hall မှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲရဲ့ ဖော်ပြပြီး “This woman just poured her heart out on stage at the Royal Albert Hall. Whoever was there got to witness something special. Wow.” ဆိုတဲ့ စာသားနဲ့ အတူတူ တင်ခဲ့ပါတယ်။

နာမည်ကြီးနှစ်ယောက်စတင်ဒိတ်ပြီဆိုတည်းက Channing ဟာ Jessie ရဲ့ လှည့်လည်ဖျော်ဖြေပွဲတွေကို တတ်နိုင်သလောက် လိုက်အားပေးလေ့ရှိပါတယ်။ သတင်းတွေအရ “သူဟာ Jessie J နဲ့ အတူတူရှိနိုင်သမျှ ရှိဖို့ အချိန်တွေ ပေးနေပြီး ပျော်နေပုံလည်း ရပါတယ်”လို့ ဆိုပါတယ်။

Channing Tatum

Channing Tatum

နောက်ထပ်သတင်းတစ်ခုကတော့ Jessie J ဟာ အဲ့ဒီနေ့ည ပွဲမှာပဲ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ဝေမျှခဲ့ပါသေးတယ်။ Jessie J ဟာ ကလေးမရနိုင်ဘူးလို့ သိရပြီး ဒီအကြောင်းကို သူက ပွဲမှာ ” ရှင်တို့ စာနာဖို့သက်သက်အတွက် ဒီအချက်အလက်ကို ဝေမျှတာ မဟုတ်ပါဘူး၊ ကျွန်မဟာ ဒီလို ဖြစ်တဲ့ လူတွေထဲက လူတစ်ယောက်ပါပဲ။ ဒါကြောင့် တစ်ယောက်ယောက်ကများ ဒီလို အခြေအနေမျိုးတွေ့ကြုံရတာ ဖြစ်ဖြစ်၊ ကလေးတစ်ယောက်ယောက်ကို ဆုံးရှုံးရတာမျိုး ဖြစ်ဖြစ် သတိရပေးပါ၊ ဒီဝေဒနာကို တစ်ယောက်တည်းခံစားနေရတာမဟုတ်ဘူးဆိုတာနဲ့ ဒီသီချင်းကို ဆိုနေတိုင်း ရှင်တို့အကြောင်းကို သတိရနေမှာပါ” လို့ ဆိုခဲ့ပါတယ်။ဒါကြောင့်လည်း Channing က Post လေး တင်ပြီး သူ့ ကောင်မလေးကို ချီးကျူးဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။
Channing Tatum ရဲ့ ဇနီးဟောင်း Jenna Dewan ဟာလည်း အဆိုတော်မင်းသား Steve Kazee နဲ့ တွဲခုတ်နေပြီး ပျော်ရွှင်နေပုံရပါတယ်။
Yoe Lu (Akhayar)
Source : cnn.com, eonline.com

Related Posts

4G ထက်ပိုမိုဆန်းသစ်ပြီး 5G အသွား ခရီးလမ်းကို ပံ့ပိုးနေတဲ့ 4.5G

by . 2 weeks ago

ဒီ Plastic Challenge ကို ဘယ်သူတွေ Accepted လုပ်ပြီးကြပြီလဲ

by . 4 weeks ago

မကောင်းမြင်တတ်တဲ့သူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အရသာရှိမှု

by . 4 weeks ago

အနာအဆာဖြစ်နေတဲ့ ကမ္ဘာကြီးကို လျှော့ချခြင်း နည်းလမ်းနဲ့ အရင်ကယ်တင်ရအောင်

by . 1 month ago

အိမ်သာဘိုထိုင်ခုံထက် ပိုညစ်ပတ်တဲ့ သင့်အနီးအနားက အရာတွေ (၂)

by . 1 month ago

Back to Top