[Zawgyi]

Step Up စံုတြဲေတာ့ ႏွစ္ရွည္တြဲျပီးမွ ကြဲၾကျပန္ျပီ

Step Up နဲ႔ Dear John တို႔လို နာမည္ၾကီးဇာတ္ကားေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ့တဲ့ လူေခ်ာမင္းသား Channing Tatum တစ္ေယာက္ကေတာ့ ၉နွစ္ၾကာတည္ေဆာက္ထားတဲ့ အိမ္ေထာင္ျပိဳကြဲသြားရျပီျဖစ္ပါတယ္။

Channing tatum and Jenna dewan Akhayar Entertainment

သူနဲ႔ သူ႔ဇနီး Jenna Dewan Tatum (Step Up ထဲက မင္းသမီး)မွာ အသက္ ၄ႏွစ္ခြဲအရြယ္ သမီးေလး Everly ရွိျပီး သူတို႔ရဲ့ လမ္းခြဲတဲ့သတင္းကိုေတာ့ သူတို႔ရဲ့ လူမႈကြန္ရက္အေကာင့္ေတြေပၚမွာ ကိုယ္စီတင္ခဲ့ၾကတာ ျဖစ္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ခ်စ္ခဲ့ၾကေပမယ့္ အခုေတာ့ တစ္ေယာက္တစ္လမ္းစီေလွ်ာက္ေတာ့မွာ ျဖစ္ေၾကာင္း၊ သူတို႔လမ္းခြဲရတဲ့ ဆံုးျဖတ္ခ်က္မွာ တျခားလွ်ိဳ႕ဝွက္ခ်က္ေတြ၊ လိင္ပုိင္းဆိုင္ရာ အရႈပ္အေထြးေတြ မပါရွိဘဲ သူငယ္ခ်င္းေကာင္းေတြအေနနဲ႔ ဆက္လက္ရွိေပးသြားမွာ ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

step up Akhayar Entertainment

သူတို႔ဟာ မာလီဘူးအရပ္မွာ ဇူလိုင္လ ၁၁ ရက္ ၂၀၀၉ ခုႏွစ္က လက္ထပ္ခဲ့ၾကတာျဖစ္ျပီး Step Up ဇာတ္ကားရဲ့ ဖူးစာလို႔ ေျပာလို႔ ရပါတယ္။ ေန႔တုိင္းေန႔တုိင္း အကတူတူက်င့္ရင္း တစ္ေယာက္ကုိ တစ္ေယာက္ ခ်စ္လာၾကသလိုပဲ အခုလည္း ေန႔တုိင္းအတူရွိရင္းနဲ႔ဘဲ ေဝးကြာဖို႔ ျဖစ္လာၾကတာပါ။

ရိုးလူ (Akhayar)

www.akhayar.com
[Unicode]

Step Up စုံတွဲတော့ နှစ်ရှည်တွဲပြီးမှ ကွဲကြပြန်ပြီ

Step Up နဲ့ Dear John တို့လို နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ လူချောမင်းသား Channing Tatum တစ်ယောက်ကတော့ ၉နှစ်ကြာတည်ဆောက်ထားတဲ့ အိမ်ထောင်ပြိုကွဲသွားရပြီဖြစ်ပါတယ်။

Channing tatum and Jenna dewan Akhayar Entertainment

သူနဲ့ သူ့ဇနီး Jenna Dewan Tatum (Step Up ထဲက မင်းသမီး)မှာ အသက် ၄နှစ်ခွဲအရွယ် သမီးလေး Everly ရှိပြီး သူတို့ရဲ့ လမ်းခွဲတဲ့သတင်းကိုတော့ သူတို့ရဲ့ လူမှုကွန်ရက်အကောင့်တွေပေါ်မှာ ကိုယ်စီတင်ခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ချစ်ခဲ့ကြပေမယ့် အခုတော့ တစ်ယောက်တစ်လမ်းစီလျှောက်တော့မှာ ဖြစ်ကြောင်း၊ သူတို့လမ်းခွဲရတဲ့ ဆုံးဖြတ်ချက်မှာ တခြားလျှို့ဝှက်ချက်တွေ၊ လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေ မပါရှိဘဲ သူငယ်ချင်းကောင်းတွေအနေနဲ့ ဆက်လက်ရှိပေးသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

step up Akhayar Entertainment

သူတို့ဟာ မာလီဘူးအရပ်မှာ ဇူလိုင်လ ၁၁ ရက် ၂၀၀၉ ခုနှစ်က လက်ထပ်ခဲ့ကြတာဖြစ်ပြီး Step Up ဇာတ်ကားရဲ့ ဖူးစာလို့ ပြောလို့ ရပါတယ်။ နေ့တိုင်းနေ့တိုင်း အကတူတူကျင့်ရင်း တစ်ယောက်ကို တစ်ယောက် ချစ်လာကြသလိုပဲ အခုလည်း နေ့တိုင်းအတူရှိရင်းနဲ့ဘဲ ဝေးကွာဖို့ ဖြစ်လာကြတာပါ။

ရိုးလူ (Akhayar)

www.akhayar.com