[Zawgyi]







www.akhayar.com
[Unicode]

အနေအထိုင်အပြောအဆိုမှားတာရှိရင် ခွင့်လွှတ်ကြပါလို့ ဆိုတဲ့ ချမ်းမြေ့မောင်ချို

Myanmar Idol 2018 ရဲ့ Finalists တွေထဲက တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Final ပွဲစဉ်အတွင်းမှာ ဆေးရုံတက်အနားယူခဲ့ရတာ အားလုံးလည်း သိပြီး ဖြစ်မှာပါ။ ဆေးရုံက ဆင်းပြီးနောက်မှာတော့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အနားယူအပန်းဖြေခရီးကို ကလော၊ အင်းလေးစတဲ့နေရာတွေကို ထွက်ခဲ့ပါတယ်။

အခုတော့ အနားယူပြီးလို့ သူအလုပ်တွေ ပြန်လုပ်တော့မယ်၊ အလုပ်ကြိုးစားဖို့ အချိန်ရောက်ပြီလို့ စာနဲ့ ပုံလေးတွေ အခုလို တင်ခဲ့ပါသေးတယ်။

ဒါပေမယ့် ချမ်းမြေ့မောင်ချိုဟာ အသက်ငယ်ငယ်လေးနဲ့ Myanmar Idol စင်မြင့်ကို ရောက်လာခဲ့တဲ့အတွက် မရင့်ကျက်သေးတဲ့အချိန်မှာ အမှားတွေ ရှိပြီး ပရိသတ်ရဲ့ ဝေဖန်မှုတွေ၊ အတိုက်အခိုက်တွေကို ကြုံခဲ့ရသူပါ။ ပွဲသာ ပြီးသွားပေမယ့် ဂယက်တွေက မပြီးဘဲ တစ်ပတ်၊ နှစ်ပတ်လောက်ကြာတဲ့အထိ ရိုက်ခတ်နေဆဲပါပဲ။

ဒီလို ပြိုင်ပွဲကြီး မပြိုင်ခင်က ဆယ်ကျော်သက်တစ်ယောက်လို လွတ်လွတ်လပ်လပ်နေခဲ့ပေမယ့် အခုလို အားပေးတဲ့သူတွေ ရှိလာတာကြောင့် သူဆင်ခြင်တော့မယ့်အကြောင်း အခုလို စာလေးတင်ခဲ့ပါတယ်။

အနေအထိုင်အပြောအဆိုမှားတာရှိရင် ခွင့်လွှတ်ပေးကြပါလို့ ဆိုလာတဲ့ မောင်ချိုလေးကို ချစ်တဲ့ စိတ်နဲ့ အပြုသဘော အကြံပေးကြပါဦးနော်။

www.akhayar.com