[Zawgyi]

Chanel ရဲ႕ ေဒၚလာ ၁၁၅၀ တန္ရွိတဲ့ Plastic Rain Hat

Chanel က မိုးရာသီဖက္ရွင္အတြက္ ထီးမဟုတ္ဘဲ Plastic Rain Hat ကို ထုတ္လုပ္လိုက္ပါတယ္တဲ့ေနာ္။ ေစ်းႏႈန္းကို ၾကားရင္ ဘုရားတတဲ့အထိကို အ့ံၾသသြားပါလိမ့္မယ္။ ဟုတ္ပါတယ္။ ေခါင္းစဥ္မွာေျပာတဲ့အတိုင္း ေဒၚလာ ၁၁၅၀ တန္ဖိုးရွိပါတယ္။ ျမန္မာေငြနဲ႔ဆိုရင္ ၁၅သိန္းရွိပါတယ္ေနာ္။ မိုးကာ ပလတ္စတစ္ ဦးထုပ္ကို ၁၅သိန္းဘယ္သူကေပးဝယ္မွာတဲ့လဲ? ဝယ္တဲ့သူမရွိဘူး မထင္ပါနဲ႔။ ဘယ္ေလာက္ပဲ ေစ်းႏႈန္းကေခါင္ခိုက္ေနပါေစ၊ Chanel ကထုတ္တဲ့ ဘယ္ပစၥည္းမဆို Celebrities ေတြက အားေပးဖို႔ အသင့္ပဲျဖစ္ပါတယ္။ ေစ်းႏႈန္းၾကီးရုံတင္ အံ့ႀသဖို႔ေကာင္းတာလားဆိုေတာ့လည္း မဟုတ္ျပန္ပါဘူး။

ဒီဇိုင္းအေနအထားနဲ႔ ကိုယ့္ရဲ႕ ေန႔စဥ္ဝတ္စားေနတဲ့ အက်ီၤေတြနဲ႔ အံ့ၾသဖို႔ေကာင္းေလာက္ေအာင္ လိုက္ဖက္လြန္းလွေနေတာ့ ဘယ္ Fashionista ေတြကမွ စတိုင္မထုတ္ဘဲ ရိႈးမထုတ္ဘဲမေနႏိုင္ၾကပါဘူး။ ရိုးအီေနတဲ့ Fashion Item ေတြထဲကေန ကြဲထြက္သြားတာေၾကာင့္ပိုျပီး ေက်ာ္ၾကားသြားတာလည္း ျဖစ္ပါတယ္။

Plastic Rain Hat တင္မဟုတ္ဘဲ အျခား Plastic Accessories ေတြလည္း ထုတ္လုပ္လို႔ထားပါေသးတယ္တဲ့။ ဘယ္လို ဒီဇိုင္းေတြ ဘယ္လိုမ်ိဳးခ်ဳပ္လုပ္ျပီးေရာင္းခ်ေနလဲဆိုတာကို ေလ့လာၾကည့္လိုက္ရေအာင္။

plastic-rain-hat

Source : www.pinterest.com

plastic-rain-hat-2

Source : www.pinterest.com

Chanel တင္မဟုတ္ဘဲ Céline က ထုတ္တဲ့ ေဒၚလာ ၅၉၀ တန္ Plastic Bag ကလည္း Celebrities ေတြၾကားထဲမွာ ေရာင္းထြက္လို႔ေနဆဲပါတဲ့။ ဒ့ါအျပင္ Calvin Klein Brand ကေနထုတ္လုပ္တဲ့ Plastic Coat ဟာလည္း Fashion World မွာ ​ဝတ္ဆင္ေနၾကဆဲပါတဲ့ေနာ္။ Chanel ဆိုတဲ့ Brand တစ္ခုက ဘယ္လို Idea ေတြ ဘယ္လို Design ေတြကို ၾကံၾကံဖန္ဖန္နဲ႔ပဲ ထုတ္ေနပါေစ Chanel ဆိုတဲ့ Brand က ထုတ္ေနတဲ့ပစၥည္းျဖစ္ေနသမွ်ေတာ့ Celebrities ေတြ၊ Fashionista ေတြက အားေပးဆဲအားေပးျမဲျဖစ္ေနမွာပဲျဖစ္ပါတယ္။ Chanel ရဲ႕ အမာခံပရိသတ္တစ္ေယာက္ဆုိ ရင္ သင္လည္း Plastic Rain Hat ကို ဝယ္ဖို႔ ပိုက္ဆံစုထားေတာ့ေနာ္။

Redrose (Akhayar)

www.akhayar.com

Reference : www.instyle.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 [Unicode]

Chanel ရဲ့ ဒေါ်လာ ၁၁၅၀ တန်ရှိတဲ့ Plastic Rain Hat

Chanel က မိုးရာသီဖက်ရှင်အတွက် ထီးမဟုတ်ဘဲ Plastic Rain Hat ကို ထုတ်လုပ်လိုက်ပါတယ်တဲ့နော်။ ဈေးနှုန်းကို ကြားရင် ဘုရားတတဲ့အထိကို အံ့သြသွားပါလိမ့်မယ်။ ဟုတ်ပါတယ်။ ခေါင်းစဉ်မှာပြောတဲ့အတိုင်း ဒေါ်လာ ၁၁၅၀ တန်ဖိုးရှိပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၁၅သိန်းရှိပါတယ်နော်။ မိုးကာ ပလတ်စတစ် ဦးထုပ်ကို ၁၅သိန်းဘယ်သူကပေးဝယ်မှာတဲ့လဲ? ဝယ်တဲ့သူမရှိဘူး မထင်ပါနဲ့။ ဘယ်လောက်ပဲ ဈေးနှုန်းကခေါင်ခိုက်နေပါစေ၊ Chanel ကထုတ်တဲ့ ဘယ်ပစ္စည်းမဆို Celebrities တွေက အားပေးဖို့ အသင့်ပဲဖြစ်ပါတယ်။ ဈေးနှုန်းကြီးရုံတင် အံ့သြဖို့ကောင်းတာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။

ဒီဇိုင်းအနေအထားနဲ့ ကိုယ့်ရဲ့ နေ့စဉ်ဝတ်စားနေတဲ့ အကျီၤတွေနဲ့ အံ့သြဖို့ကောင်းလောက်အောင် လိုက်ဖက်လွန်းလှနေတော့ ဘယ် Fashionista တွေကမှ စတိုင်မထုတ်ဘဲ ရှိုးမထုတ်ဘဲမနေနိုင်ကြပါဘူး။ ရိုးအီနေတဲ့ Fashion Item တွေထဲကနေ ကွဲထွက်သွားတာကြောင့်ပိုပြီး ကျော်ကြားသွားတာလည်း ဖြစ်ပါတယ်။

Plastic Rain Hat တင်မဟုတ်ဘဲ အခြား Plastic Accessories တွေလည်း ထုတ်လုပ်လို့ထားပါသေးတယ်တဲ့။ ဘယ်လို ဒီဇိုင်းတွေ ဘယ်လိုမျိုးချုပ်လုပ်ပြီးရောင်းချနေလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

plastic-rain-hat

Source : www.pinterest.com

plastic-rain-hat-2

Source : www.pinterest.com

Chanel တင်မဟုတ်ဘဲ Céline က ထုတ်တဲ့ ဒေါ်လာ ၅၉၀ တန် Plastic Bag ကလည်း Celebrities တွေကြားထဲမှာ ရောင်းထွက်လို့နေဆဲပါတဲ့။ ဒ့ါအပြင် Calvin Klein Brand ကနေထုတ်လုပ်တဲ့ Plastic Coat ဟာလည်း Fashion World မှာ ဝတ်ဆင်နေကြဆဲပါတဲ့နော်။ Chanel ဆိုတဲ့ Brand တစ်ခုက ဘယ်လို Idea တွေ ဘယ်လို Design တွေကို ကြံကြံဖန်ဖန်နဲ့ပဲ ထုတ်နေပါစေ Chanel ဆိုတဲ့ Brand က ထုတ်နေတဲ့ပစ္စည်းဖြစ်နေသမျှတော့ Celebrities တွေ၊ Fashionista တွေက အားပေးဆဲအားပေးမြဲဖြစ်နေမှာပဲဖြစ်ပါတယ်။ Chanel ရဲ့ အမာခံပရိသတ်တစ်ယောက်ဆို ရင် သင်လည်း Plastic Rain Hat ကို ဝယ်ဖို့ ပိုက်ဆံစုထားတော့နော်။

Redrose (Akhayar)

www.akhayar.com

Reference : www.instyle.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။