[Zawgyi]



Chanel Show

Chanel Show


Chanel Show

Chanel Show


Chanel Show

Chanel Show


Chanel Show

Chanel Show


Kaia Gerber

Kaia Gerber


Chanel Show

Chanel Show


Chanel Show

Chanel Show

Chanel Show

Chanel Show

Karl Lagerfeld

Karl Lagerfeld

Source : vogue.com
Su Yi Htet (Akhayar)

[Unicode]

Runway ကို ကမ်းခြေတစ်ခုသဖွယ် ပြောင်းလိုက်တဲ့ Chanel ရဲ့SS19 Show

Chanel ဟာ Runway မှာ မရိုးနိုင်လောက်အောင် အမိုက်စားတင်ဆက်မှုတွေကို အမြဲ ယူဆောင်လာစမြဲဖြစ်ပါတယ်။ အခုလက်ရှိ Spring / Summer 2019 Fashion Week မှာဆိုရင် Karl Lagerfeld က Chanel အတွက် ပရိတ်သတ်တွေ အံ့အားသင့်လောက်တဲ့ နောက်ထပ် မျက်လှည့်တစ်ခုကို ဖန်တီးလိုက်ပြန်ပါပြီ။

Chanel Show

Chanel Show

Chanel ဟာ Spring / Summer 2019 Fashion Week ရဲ့ Show ကျင်းပမယ့် Grand Palais ကို ပင်လယ်ကမ်းခြေလို ပုံစံပြောင်းထားတာဖြစ်ပြီးတော့ တကယ့်ကမ်းခြေကို ရောက်နေသလားထင်ရအောင် သဲတွေ၊ on-duty lifeguard တွေနဲ့ Setting ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

Chanel Show

Chanel Show

Runway ဆိုပေမယ့် မော်ဒယ်လ်တွေက Heel စီးစရာမလိုဘဲ ခြေဗလာနဲ့ သဲတွေပေါ်ကနေ လမ်းလျှောက်သွားပြီး သူတို့ရဲ့ လက်ထဲမှာ Chanel အိတ်တွေ၊ ဖိနပ်တွေကို ကိုင်ဆောင်ပြီး လျှောက်ကြပါတယ်။

Chanel Show

Chanel Show

တကယ့်ကမ်းစပ်က ရေလှိုင်းတွေလာတဲ့ ပုံစံဖြစ်အောင် သေချာဖန်တီးပေးထားပြီးတော့ ကြည့်ရှုသူတွေက ကမ်းစပ်နားက ထိုင်ခုံတန်းတွေမှာ ထိုင်ရတာပါ။S

Chanel Show

Chanel Show

Chanel ရဲ့ ဒီ Spring / Summer 2019 Fashion Runway မှာဆိုရင် Oversized နှီးဦးထုပ်တွေ၊ ခရီးသွားတဲ့အခါ အဆင်ပြေမယ့် Swimsuit တွေ၊ ရှေ့မှာ Chanel Logo ပါတဲ့ ခါးပတ်တွေကစလို့ Cardigan တွေ၊ Bathing Suit တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။

Kaia Gerber

Kaia Gerber

Spring / Summer 2019 Collection မှာ Classic ဖြစ်တဲ့ ဖက်ရှင်တွေနဲ့ ပေါင်းစပ်ထားတာဖြစ်ပြီး နွေရာသီအတွက်ပါ အဆင်ပြေစေမယ့် ဖက်ရှင်အပိုင်းအစတွေကို ဖန်တီးထားပါတယ်။

Chanel Show

Chanel Show

Accessory ပိုင်းမှာဆိုရင်တော့ အိတ်တွေနဲ့ Sandal တွေ ပါဝင်လာမှာဖြစ်ပြီး Spring/Summer အတွက် အရောင်စုံစုံ ဦးစားပေးထားတာမြင်ရမှာပါ။ Chanel Logo ပါတဲ့ ဖိနပ်တွေ၊ အိတ်နှစ်လုံးကို တွဲရက်လွယ်ထားတဲ့ စတိုင်လ်တွေနဲ့ Jewelry ကို အထပ်ထပ် Layer လုပ်ဝတ်ထားတဲ့ စတိုင်လ်တွေကလည်း ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

Chanel Show

Chanel Show

Chanel Show

Chanel Show

Karl Lagerfeld

Karl Lagerfeld

Source : vogue.com
Su Yi Htet (Akhayar)