[Zawgyi]

ဖက္ရွင္ရႈိးမွာ သစ္ပင္အစစ္ေတြသံုးခဲ့တာေၾကာင့္ ေဝဖန္ရံႈ႕ခ်ခံေနရတဲ့ CHANEL

ကမာၻေက်ာ္အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Chanel Fashion House ရဲ႕ဒါရိုက္တာ Karl Lagerfeld ဦးေဆာင္ၿပီး မတ္လ ၇ ရက္ေန႔က ခမ္းနားႀကီးက်ယ္တဲ့ ဖက္ရွင္ရိႈးႀကီးတစ္ခုကို ျပင္သစ္ႏိုင္ငံပဲရစ္ၿမိဳ႕မွာက်င္းပခဲ့ပါတယ္။ ဒါေပမဲ့ ဒီဖက္ရွင္ရိႈးဟာ အျခားေသာဖက္ရွင္ရိႈးေတြနဲ႔မတူဘဲ ပဲရစ္ၿမိဳ႕ရွိ Grand Palais ျပတိုက္ကို ႏွစ္ခ်ိဳ႕သစ္ပင္ေတြနဲ႔ျပည့္ေနတဲ့ သစ္ေတာတစ္ခုပံုစံဖန္တီးၿပီး သစ္ရြက္ေျခာက္ေတြ ၾကားမွာ ေမာ္ဒယ္ေတြကို Catwalk ေလွ်ာက္ေစခဲ့ပါတယ္။

Chanel Fashion Show

ကမာၻေက်ာ္အမွတ္တံဆိပ္တစ္ခုရဲ႕ ဖက္ရွင္ျပပြဲကို ခါတိုင္းနဲ႔မတူဘဲ ထူးျခားဆန္းသစ္တဲ့ပံုစံနဲ႔ ရုတ္တရက္ေျပာင္းလဲက်င္းပလိုက္တဲ့အတြက္ သဘာဝပတ္ဝန္းက်င္အတြက္ ထိခိုက္နစ္နာေစသလို ရိႈးအတြက္ သစ္ပင္ႀကီးေတြ ခုတ္လွဲျပင္ဆင္ထားတာေၾကာင္႔ ျပစ္တင္ေဝဖန္တာေတြလည္းရွိခဲ့ပါတယ္။ ဂ်ာမန္လူမ်ိဳးဒီဇိုင္နာျဖစ္တဲ့ Karl Lagerfeld က ျပတိုက္ႀကီးရဲ႕အလယ္မွာ ေရညိႇအလိမ္းလိမ္းတက္ေနတဲ့ ႏွစ္ခ်ိဳ႕သစ္ပင္အိုႀကီး ၉ ပင္ကို စိုက္ထားၿပီး သစ္ပင္ေတြရဲ႕ေဘးတစ္ဖက္တစ္ခ်က္ ေလွ်ာက္လမ္းမွာေတာ့ တန္ခ်ိန္မ်ားစြာပမာဏရွိတဲ့ သစ္ရြက္ေျခာက္ေတြကို ေၾကြက်ေနဟန္ ပံုေဖာ္လက္စြမ္းျပထားၿပီး ဧည့္သည္ေတြအတြက္ ေနရာထုိင္ခင္းကိုလည္း သစ္တံုးသစ္ကိုင္းေတြနဲ႔ပဲ စီစဥ္ေပးထားတာျဖစ္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ႏွစ္ခ်ိဳ႕သစ္ပင္ေတြကိုခုတ္လွဲၿပီး အခုလိုဖက္ရွင္ရႈိးအတြက္ျပင္ဆင္တဲ့အေပၚမွာ The France Nature Environment Group က Chanel အမွတ္တံဆိပ္ကုမၸဏီရဲ႕လုပ္ရပ္ကို “Heresy”အျဖစ္သတ္မွတ္ၿပီး ျပစ္တင္ရႈံ႕ခ်ခဲ့ပါတယ္။ ဒီစကားလံုးရဲ႕ သေဘာတရားကေတာ့ ျပင္သစ္လူမ်ိဳးေတြရဲ႕ ဘာသာေရး အယူအဆေပၚမွာမူတည္ၿပီး ေျပာတဲ့စကားလံုးျဖစ္ပါတယ္။ အဓိပၸာယ္ကေတာ့ ဒီအမွတ္တံဆိပ္ရဲ႕လုပ္ရပ္ေၾကာင့္ သဘာဝပတ္ဝန္းက်င္ကို အမွန္တကယ္ထိန္းသိမ္းေစာင့္ေရွာက္ေနတဲ့ အစိမ္းေရာင္ပံုရိပ္ေတြကို ပ်က္စီးသြားေစတယ္ဆိုတဲ့ အဓိပၸာယ္ပဲျဖစ္ပါတယ္။

Channel Fashion Show

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

“သစ္ပင္ေတြကိုခုတ္လွဲၿပီး သစ္ေတာပံုစံဖန္တီးျပတယ္၊ ရိႈးပြဲအတြက္ နာရီပိုင္းေလာက္ပဲထားၿပီးရင္ လႊင့္ပစ္တာဟာ သဘာဝတရားမဟုတ္ဘူး”လို႔လည္း သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕ ေျပာ ေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ ဒီဖက္ရွင္ရိႈးပြဲကို ျပင္သစ္ႏိုင္ငံရဲ႕ သမၼတကေတာ္ေဟာင္းတစ္ဦးျဖစ္တဲ့ Carla Bruni Sarkozy အပါအဝင္ ၿဗိတိန္အဆိုေတာ္ Lily Allen နဲ႔ ေဟာလိဝုဒ္စတား Keira Knightley တို႔လည္း တက္ေရာက္ခဲ့ၾကပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဖက်ရှင်ရှိုးမှာ သစ်ပင်အစစ်တွေသုံးခဲ့တာကြောင့် ဝေဖန်ရှုံ့ချခံနေရတဲ့ CHANEL

ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Chanel Fashion House ရဲ့ဒါရိုက်တာ Karl Lagerfeld ဦးဆောင်ပြီး မတ်လ ၇ ရက်နေ့က ခမ်းနားကြီးကျယ်တဲ့ ဖက်ရှင်ရှိုးကြီးတစ်ခုကို ပြင်သစ်နိုင်ငံပဲရစ်မြို့မှာကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖက်ရှင်ရှိုးဟာ အခြားသောဖက်ရှင်ရှိုးတွေနဲ့မတူဘဲ ပဲရစ်မြို့ရှိ Grand Palais ပြတိုက်ကို နှစ်ချို့သစ်ပင်တွေနဲ့ပြည့်နေတဲ့ သစ်တောတစ်ခုပုံစံဖန်တီးပြီး သစ်ရွက်ခြောက်တွေ ကြားမှာ မော်ဒယ်တွေကို Catwalk လျှောက်စေခဲ့ပါတယ်။

Chanel Fashion Show

ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုရဲ့ ဖက်ရှင်ပြပွဲကို ခါတိုင်းနဲ့မတူဘဲ ထူးခြားဆန်းသစ်တဲ့ပုံစံနဲ့ ရုတ်တရက်ပြောင်းလဲကျင်းပလိုက်တဲ့အတွက် သဘာဝပတ်ဝန်းကျင်အတွက် ထိခိုက်နစ်နာစေသလို ရှိုးအတွက် သစ်ပင်ကြီးတွေ ခုတ်လှဲပြင်ဆင်ထားတာကြောင့် ပြစ်တင်ဝေဖန်တာတွေလည်းရှိခဲ့ပါတယ်။ ဂျာမန်လူမျိုးဒီဇိုင်နာဖြစ်တဲ့ Karl Lagerfeld က ပြတိုက်ကြီးရဲ့အလယ်မှာ ရေညှိအလိမ်းလိမ်းတက်နေတဲ့ နှစ်ချို့သစ်ပင်အိုကြီး ၉ ပင်ကို စိုက်ထားပြီး သစ်ပင်တွေရဲ့ဘေးတစ်ဖက်တစ်ချက် လျှောက်လမ်းမှာတော့ တန်ချိန်များစွာပမာဏရှိတဲ့ သစ်ရွက်ခြောက်တွေကို ကြွေကျနေဟန် ပုံဖော်လက်စွမ်းပြထားပြီး ဧည့်သည်တွေအတွက် နေရာထိုင်ခင်းကိုလည်း သစ်တုံးသစ်ကိုင်းတွေနဲ့ပဲ စီစဉ်ပေးထားတာဖြစ်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

နှစ်ချို့သစ်ပင်တွေကိုခုတ်လှဲပြီး အခုလိုဖက်ရှင်ရှိုးအတွက်ပြင်ဆင်တဲ့အပေါ်မှာ The France Nature Environment Group က Chanel အမှတ်တံဆိပ်ကုမ္ပဏီရဲ့လုပ်ရပ်ကို “Heresy”အဖြစ်သတ်မှတ်ပြီး ပြစ်တင်ရှုံ့ချခဲ့ပါတယ်။ ဒီစကားလုံးရဲ့ သဘောတရားကတော့ ပြင်သစ်လူမျိုးတွေရဲ့ ဘာသာရေး အယူအဆပေါ်မှာမူတည်ပြီး ပြောတဲ့စကားလုံးဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ဒီအမှတ်တံဆိပ်ရဲ့လုပ်ရပ်ကြောင့် သဘာဝပတ်ဝန်းကျင်ကို အမှန်တကယ်ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အစိမ်းရောင်ပုံရိပ်တွေကို ပျက်စီးသွားစေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။

Channel Fashion Show

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

“သစ်ပင်တွေကိုခုတ်လှဲပြီး သစ်တောပုံစံဖန်တီးပြတယ်၊ ရှိုးပွဲအတွက် နာရီပိုင်းလောက်ပဲထားပြီးရင် လွှင့်ပစ်တာဟာ သဘာဝတရားမဟုတ်ဘူး”လို့လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ပြော ရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီဖက်ရှင်ရှိုးပွဲကို ပြင်သစ်နိုင်ငံရဲ့ သမ္မတကတော်ဟောင်းတစ်ဦးဖြစ်တဲ့ Carla Bruni Sarkozy အပါအဝင် ဗြိတိန်အဆိုတော် Lily Allen နဲ့ ဟောလိဝုဒ်စတား Keira Knightley တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။