[Zawgyi]

သတိလစ္ျပီး ေဆးခန္းေရာက္သြားရွာတဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳ

Myanmar Idol Season 3 ျပိဳင္ပြဲၾကီးရဲ႕ Grand Final ပြဲစဥ္ကလည္း စေနေန႔ ၾသဂုတ္ ၁၁ ရက္ ၂၀၁၈ ခုႏွစ္လာေတာ့မွာျဖစ္တဲ့အတြက္ က်န္တဲ့ အဆုိရွင္ျဖစ္တဲ့ ခ်မ္းေျမ႕ေမာင္ခ်ိဳနဲ႔ ျဖိဳးျမတ္ေအာင္တို႔လည္း ရင္ခုန္စိတ္လႈပ္ရွားေနေလာက္ပါျပီ။ ဒီၾကားထဲမွာ Myanmar Idol ရဲ႕ ပရိသတ္ေတြ ထံုးစံအတုိင္း ေမာင္ခ်ိဳရဲ႕ ပရိသတ္နဲ႔ ျဖိဳးျမတ္ေအာင္ရဲ႕ ပရိသတ္ေတြကလည္း အျပိဳင္အဆုိင္အားေပးေနၾကတာ Facebook တခြင္ ပလူပ်ံေနခဲ့ပါတယ္။

ျပႆနာက ပရိသတ္ေတြ တစ္ေယာက္နဲ႔ တစ္ေယာက္အျပိဳင္အဆုိင္အားေပးေနၾကတဲ့အခ်ိန္မွာ အဆိုရွင္ရဲ႕အဆိုပညာနဲ႔ အရည္အခ်င္းတင္မဟုတ္ဘဲ သူ႔ရဲ႕ အရင္က ျဖစ္ရပ္္ေတြ၊ လုပ္ရပ္ေတြကို ေအာက္ဖဲလွန္ျပီး လူမႈကြန္ရက္ Comment ေတြမွာ တုိက္ခုိက္ၾကတာပါပဲ။ ဒီလို တုိက္ခုိက္မႈေတြကို ဝါရင့္အႏုပညာရွင္ေတြက ခံႏုိင္ရည္ရွိၾကေပမယ့္ အဆုိရွင္ေတြကေတာ့ ခံႏုိင္ဖို႔ ခက္လွပါတယ္။

ခ်မ္းေျမ႕ေမာင္ခ်ိဳ

ခ်မ္းေျမ႕ေမာင္ခ်ိဳ

အခုလည္း ဖိအားေတြေၾကာင့္ ျပိဳင္ပြဲဝင္ ခ်မ္းေျမ့ေမာင္ခ်ိဳတစ္ေယာက္ သတိလစ္ျပီး ေဆးခန္းေရာက္လာတယ္လို႔ ဓာတ္ပံုေတြ ထြက္ေပၚခဲ့ပါတယ္။ ဒီအေၾကာင္းကို ခ်မ္းေျမ့ေမာင္ခ်ိဳရဲ႕ အကိုလို႔ ဆုိတဲ့ Thura ဆိုတဲ့ အေကာင့္ကေနျပီး

“ျပိဳင္ပြဲျမန္ျမန္ၿပီးမွပဲ ညီမေလးရယ္

အသက္နဲ႔ ဖိအားေတြနဲ႔ စကားလံုးေတြနဲ႔ မလိုက္ဘူး
ရက္စက္လြန္းၾကတယ္
မေန႔မနက္က သူ႔အမကိုေျပာတယ္
သူမၿပိဳင္ခ်င္ေတာ့ဘူး ထြက္ေျပးခ်င္ၿပီတဲ့
ညေနၾကေတာ့အခုလိုျဖစ္ေတာ့တာပဲ
က်ေနာ္တို႔လည္း winner ရရမယ္ဆိုၿပီး ဘယ္သူမွလည္းေျပာမေနပါဘူး.. သူစိတ္လႈပ္ရွားၿပီးလြဲသြားတယ္
ဟုတ္ၿပီ အားလံုးလက္ခံတယ္ က်ေနာ္တို႔လည္းလက္ခံတယ္
သူကိုယ္တိုင္လည္းလက္ခံတယ္
ဘာလိုရလဒ္ေတြပဲရပါေစ ဘာလာလာလက္ခံၿပီးသားပါ
ခ်မ္းေျမ႕ေမာင္ခ်ိဳ fanေတြလည္း ဘယ္comment တြမွ အတတ္ႏိုင္ဆံုးျပန္မေျပာၾကပါနဲ႔ေတာ့
လူလူခ်င္းကိုယ္ခ်င္းစာႏိုင္ၾကပါေစ” လို႔ ေရးသားထားခဲ့ပါတယ္။

လက္ရွိၾကားသိရတဲ့ သတင္းအရေတာ့ အေျခအေနသက္သာသြားျပီျဖစ္ျပီး ေဆးခန္းေတာ့ ျပန္ျပရဦးမယ္လို႔ ဆုိပါတယ္။ ျပိဳင္ပြဲက ၾသဂုတ္လ ၁၁ ရက္ စေနေန႔ ျပိဳင္ပြဲဝင္မွာျဖစ္တဲ့အတြက္ သူ႔ပရိသတ္ေတြကေတာ့ စိတ္ပူကရုဏာသက္ေနၾကပါတယ္။

www.akhayar.com

Source : Thura Facebook Account
[Unicode]

သတိလစ်ပြီး ဆေးခန်းရောက်သွားရှာတဲ့ ချမ်းမြေ့မောင်ချို

Myanmar Idol Season 3 ပြိုင်ပွဲကြီးရဲ့ Grand Final ပွဲစဉ်ကလည်း စနေနေ့ သြဂုတ် ၁၁ ရက် ၂၀၁၈ ခုနှစ်လာတော့မှာဖြစ်တဲ့အတွက် ကျန်တဲ့ အဆိုရှင်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုနဲ့ ဖြိုးမြတ်အောင်တို့လည်း ရင်ခုန်စိတ်လှုပ်ရှားနေလောက်ပါပြီ။ ဒီကြားထဲမှာ Myanmar Idol ရဲ့ ပရိသတ်တွေ ထုံးစံအတိုင်း မောင်ချိုရဲ့ ပရိသတ်နဲ့ ဖြိုးမြတ်အောင်ရဲ့ ပရိသတ်တွေကလည်း အပြိုင်အဆိုင်အားပေးနေကြတာ Facebook တခွင် ပလူပျံနေခဲ့ပါတယ်။

ပြဿနာက ပရိသတ်တွေ တစ်ယောက်နဲ့ တစ်ယောက်အပြိုင်အဆိုင်အားပေးနေကြတဲ့အချိန်မှာ အဆိုရှင်ရဲ့အဆိုပညာနဲ့ အရည်အချင်းတင်မဟုတ်ဘဲ သူ့ရဲ့ အရင်က ဖြစ်ရပ်တွေ၊ လုပ်ရပ်တွေကို အောက်ဖဲလှန်ပြီး လူမှုကွန်ရက် Comment တွေမှာ တိုက်ခိုက်ကြတာပါပဲ။ ဒီလို တိုက်ခိုက်မှုတွေကို ဝါရင့်အနုပညာရှင်တွေက ခံနိုင်ရည်ရှိကြပေမယ့် အဆိုရှင်တွေကတော့ ခံနိုင်ဖို့ ခက်လှပါတယ်။

ခ်မ္းေျမ႕ေမာင္ခ်ိဳ

ခ်မ္းေျမ႕ေမာင္ခ်ိဳ

အခုလည်း ဖိအားတွေကြောင့် ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုတစ်ယောက် သတိလစ်ပြီး ဆေးခန်းရောက်လာတယ်လို့ ဓာတ်ပုံတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီအကြောင်းကို ချမ်းမြေ့မောင်ချိုရဲ့ အကိုလို့ ဆိုတဲ့ Thura ဆိုတဲ့ အကောင့်ကနေပြီး

“ပြိုင်ပွဲမြန်မြန်ပြီးမှပဲ ညီမလေးရယ်

အသက်နဲ့ ဖိအားတွေနဲ့ စကားလုံးတွေနဲ့ မလိုက်ဘူး
ရက်စက်လွန်းကြတယ်
မနေ့မနက်က သူ့အမကိုပြောတယ်
သူမပြိုင်ချင်တော့ဘူး ထွက်ပြေးချင်ပြီတဲ့
ညနေကြတော့အခုလိုဖြစ်တော့တာပဲ
ကျနော်တို့လည်း winner ရရမယ်ဆိုပြီး ဘယ်သူမှလည်းပြောမနေပါဘူး.. သူစိတ်လှုပ်ရှားပြီးလွဲသွားတယ်
ဟုတ်ပြီ အားလုံးလက်ခံတယ် ကျနော်တို့လည်းလက်ခံတယ်
သူကိုယ်တိုင်လည်းလက်ခံတယ်
ဘာလိုရလဒ်တွေပဲရပါစေ ဘာလာလာလက်ခံပြီးသားပါ
ချမ်းမြေ့မောင်ချို fanတွေလည်း ဘယ်comment တွမှ အတတ်နိုင်ဆုံးပြန်မပြောကြပါနဲ့တော့
လူလူချင်းကိုယ်ချင်းစာနိုင်ကြပါစေ” လို့ ရေးသားထားခဲ့ပါတယ်။

လက်ရှိကြားသိရတဲ့ သတင်းအရတော့ အခြေအနေသက်သာသွားပြီဖြစ်ပြီး ဆေးခန်းတော့ ပြန်ပြရဦးမယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲက သြဂုတ်လ ၁၁ ရက် စနေနေ့ ပြိုင်ပွဲဝင်မှာဖြစ်တဲ့အတွက် သူ့ပရိသတ်တွေကတော့ စိတ်ပူကရုဏာသက်နေကြပါတယ်။

www.akhayar.com

Source : Thura Facebook Account