[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

Tomboy ပုံစံလေးနဲ့လည်း ချစ်စရာကောင်းနေတဲ့ အရင်က ချမ်းမြေ့မောင်ချို

Myanmar Idol Season 3 ရဲ့ Grand Final ကို ရောက်ရှိခဲ့ပြီဖြစ်တဲ့ ချမ်းမြေ့မောင်ချို ရဲ့အရင် ပုံဟောင်းလေးတွေကို လူမှုကွန်ရက်ပေါ်မှာ ပြန်ပေါ်လာတာကို တွေ့မြင်ရပါတယ်။ အခုလိုတွေ့မြင်ရတဲ့ ပုံလေးတွေ အရတော့ မောင်ချို ဟာ Tom Boy ပုံစံလေးဝတ်ဆင်နေထိုင်တာကိုလည်း တွေ့ရတာဖြစ်ပါတယ်။

သူမရဲ့ပရိသတ်တွေကတော့ အခုလိုပုံလေးတွေကိုတွေ့တဲ့ အခါပိုလို့တောင်ချစ်ခင်ကြတာကိုလည်း တွေ့ရပါသေးတယ်။ သူမဟာ ပြိုင်ပွဲအတွက် မိန်းကလေးတစ်ဦးလို ဝတ်စားဆင်ယင်မှုတွေလုပ်ဆောင်နိုင်သလို အသက်လည်း အငယ်ဆုံး ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အတွက် သူ့အတွက်တော့ ဒီပြိုင်ပွဲဟာစိန်ခေါ်မှု အကြီးကြီးတစ်ခုဖြစ်စေခဲ့မယ်ဆိုတာကို သူ့ရဲ့အရင်ပုံစံလေးတွေက ဖော်ပြလို့နေပြန်ပါတယ်။

မောင်ချိုကိုချစ်တဲ့ ပရိသတ်တွေကတော့ ဘယ်လိုပုံစံလေးပဲဖြစ်ဖြစ်ချစ်နေမှာပါလို့လည်း မောင်ချိုအတွက် အားတစ်ခုဖြစ်စေမှာပါ။ အခုဆိုရင် သြဂုတ်လ ၁၁ ရက်နေ့မှာ ရောက်ရှိတော့မယ့် Grand Final အတွက်တော့ မောင်ချို ရင်ခုန်နေလောက်ပြီထင်ပါတယ်။

Photo Credit:Myanmar Tomboy Troller Facebook ၊ Chan Myae Mg Cho Facebook

ကြည်သာ (Akhayar)

www.akhayar.com