[Zawgyi]

ခ်န္ပီယံလိဂ္ျပန္လာၿပီ၊ ဥေရာပအိပ္မက္ဆီ ဘယ္လုိခ်ီတက္မလဲ

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲျမင္ကြင္းက ပရိသတ္ေတြကို ျပန္လည္ဆြဲေဆာင္ပါေတာ့မယ္။ မနက္ျဖန္အဂၤါေန႔မွာ ႐ႈံးထြက္ (၁၆)သင္းအဆင့္ပြဲေတြ စတင္ကစားသြားမွာျဖစ္ၿပီး ရီးယဲလ္နဲ႔ PSG ၊ ဂ်ဴဗင္တပ္စ္နဲ႔ စပါးတို႔ဆံုေတြ႕မယ့္ လက္လႊတ္မခံသင့္တဲ့ Special Match ေတြအျပင္ ေဘဆယ္နဲ႔ မန္စီးတီး၊ ေပၚတုိနဲ႔ လီဗာပူးလ္ပြဲေတြက အင္ျပည့္အားျပည့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဆီ ေရာက္လာတဲ့ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ အနာဂတ္ကိုပထမဆံုးစမ္းသပ္မယ့္ပြဲေတြ ဆုိရမယ္။ ဒီပြဲေတြမတိုင္မီ သက္ဆုိင္ရာအသင္းေတြရဲ႕ လတ္တေလာအေနအထားနဲ႔ ခ်န္ပီယံလိဂ္အစဥ္အလာကို အက်ဥ္းခ်ဳံးေဖာ္ျပလုိက္ပါတယ္

ရီးယဲလ္

ခ်န္ပီယံလိဂ္ဆိုရင္ ရီးယဲလ္အသင္းဟာ အိမ္ေရွ႕မင္းသားအဆင့္မဟုတ္ဘူး။ သက္ဦးဆံပိုင္ဘုရင္လို ပံုစံမ်ဳိးျဖစ္တယ္။ သူတို႔ခ်န္ပီယံလိဂ္ၿပိဳင္ပဲြကို လႊမ္းမုိးထားႏုိင္ပံုက မယံုႏုိင္စရာပဲ။ ၿပီးခဲ့တဲ့ (၄)ရာသီမွာ ခ်န္ပီယံ (၃)ႀကိမ္ျဖစ္ခဲ့တယ္။ ၿပီးခဲ့တဲ့ရာသီမွာ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ ခ်န္ပီယံကာကြယ္သူ ပထမဆံုးအသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ ပတ္သက္ရင္ ရီးယဲလ္ရဲ႕ ျဖစ္တည္မႈဟာ အတိတ္မွာ ခမ္းနားခဲ့သလုိ၊ လက္ရွိမွာလည္း ထည္၀ါေနဆဲပဲ။ ခ်န္ပီယံလိဂ္နဲ႔ ရီးယဲလ္ ဘယ္ေလာက္ကံစပ္လဲဆိုရင္ ၿပီးခဲ့တဲ့လေတြမွာ ရလဒ္ေတြယိမ္းယုိင္ၿပီး အေျခအေနဆိုးေနတဲ့ ရီးယဲလ္ဟာ ခ်န္ပီယံလိဂ္႐ႈံးထြက္ပြဲမတုိင္မီ ေနာက္ဆံုးပြဲမွာ ျပန္လည္တည္ၿငိမ္စျပဳလာတာပဲ။ လာလီဂါေနာက္ဆံုးပြဲမွာ ဆိုစီဒက္ကို ဂိုးျပတ္အႏုိင္ရခဲ့ၿပီး တုိက္စစ္မွဴး စီေရာ္နယ္လ္ဒို (C. Ronaldo) ကလည္း ဟက္ထရစ္သြင္းယူႏုိင္ခဲ့တယ္။ ဒါဟာ ရီးယဲလ္အသင္းအတြက္ အေပါင္းလကၡဏာေဆာင္ၿပီး နည္းျပ ဇီဒန္း(Zidane) ကုိလည္း ဖိအားေတြေလ်ာ့ေစခဲ့တယ္။ စီေရာ္နယ္လ္ဒို (C. Ronaldo)က လက္ရွိရာသီခ်န္ပီယံလိဂ္မွာ ဂိုးအမ်ားဆံုးသြင္းထားသူျဖစ္ၿပီး အစဥ္အလာအရ ခ်န္ပီယံလိဂ္ဆို ဂိုးျမဴးတတ္တတ္ပါတယ္။ BBC တုိက္စစ္အတြဲမွာ ဘန္ဇီမာ (Benzema) အားနည္းခ်က္တခ်ဳိ႕ရွိေနေပမယ့္ ေဘးလ္ (Bale) ျပန္လည္ေတာက္ပလာတာ၊ စီေရာ္နယ္လ္ဒို (C. Ronaldo) ဂိုးျမဴးေနတာေတြက ရီးယဲလ္အတြက္ မဂၤလာတစ္ပါးပါပဲ။ အားနည္းခ်က္က ရီးယဲလ္ရဲ႕ ခံစစ္ဇုန္ျဖစ္ၿပီး ႐ႈံးထြက္အဆင့္မွာ ရင္ဆုိင္ရမယ့္ PSG တုိက္စစ္ေၾကာင့္ ဖိအား၀င္ပါလိမ့္မယ္။ အေရးႀကီးတာက အိမ္ကြင္းမွာ PSG ကိုအသာစီးယူထားၿပီး ဒုတိယအေက်ာ့အေ၀းကြင္းမွာ လိုအပ္သလို ထိန္းညိွကစားဖို႔ပါပဲ။ နည္းျပ ဇီဒန္း (Zidane) ရဲ႕ အနာဂတ္ဟာ ခ်န္ပီယံလိဂ္အေပၚမွာ မူတည္ေနသလုိ၊ရီးယဲလ္ရဲ႕ ဒီရာသီဆုဖလားေမွ်ာ္လင့္ခ်က္ကလည္း ခ်န္ပီယံလိဂ္လမ္းေၾကာင္းတစ္ခုတည္းပဲ ရွိပါေတာ့တယ္။

ရီးယဲလ္ ရဲ႕ လက္ရွိရာသီခ်န္ပီယံလိဂ္စြမ္းေဆာင္ရည္မွတ္တမ္း

သြင္းဂိုးစုစုေပါင္း ၁၇ ဂိုး၊ တစ္ပြဲပ်မ္းမွ် (၂ .၈၃) ဂိုး

ေခါင္းတုိက္ဂိုး – (၁)ဂိုး၊ ညာေျခသြင္းဂိုး (၁၂) ဂိုး၊ ဘယ္ေျခသြင္းဂိုး (၃)ဂိုး

ဂိုးကန္သြင္းခ်က္စုစုေပါင္း – (၁၀၀) ႀကိမ္၊ ေဘာလံုးေပးပို႔မႈတိက်မႈ (၈၉)ရာခုိင္ႏႈန္း

အုပ္စုအဆင့္မွတ္္တမ္း – (၆)ပြဲကစား၊ (၄)ပြဲႏုိင္၊ (၁)ပြဲရႈံး၊ (၁)ပြဲ သေရ

PSG

PSG အသင္းပိုင္ရွင္ေတြဟာ သူတုိ႕အသင္းကို ဥေရာပအဆင့္ေအာင္ျမင္မႈေတြပိုင္ဆုိင္ေအာင္လို႔ ဒီရာသီမွာ အစြမ္းကုန္ေငြလမ္းခင္းထားပါတယ္။ လက္ရွိအခ်ိန္မွာ PSG အတြက္ ျပည္တြင္းဖလားေမွ်ာ္လင့္ခ်က္ေတြဟာ ဖိအားမရွိလြယ္ကူတဲ့ ပံုစံမ်ဳိးျဖစ္ေနတာကလည္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို လြတ္လြတ္လပ္လပ္ အာ႐ုံစုိက္ခြင့္ရေစတယ္။ ၿပီးေတာ့ အရင္တုန္းကထက္ ခ်န္ပီယံလိဂ္အေတြ႕အႀကံဳၾကြယ္၀လာတာ၊ ကစားသမားအင္အားပိုမိုထက္ျမက္လာတာေတြက PSG ရဲ႕ ေမွ်ာ္လင့္ခ်က္ကိုပိုၿပီးအားေကာင္းေစတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ဘာစီလုိနာကို အိမ္ကြင္းမွာ အႏုိင္ရခဲ့ေပမယ့္ အေ၀းကြင္းမွာ ဂိုးျပတ္အေရးနိမ့္ၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရတဲ့ နာက်င္စရာသင္ခန္းစာမ်ဳိးကိုလည္း PSG ပိုင္ဆုိင္ထားၿပီးသားျဖစ္လုိ႔ ဒီရာသီမွာ ပိုၿပီးဂ႐ုစုိက္လာမယ့္သေဘာရွိေနတယ္။ ေနမာ (Neymar)၊ ဘာေပ (Bappe)၊ ကာဗာနီ (Cavani) တိုက္စစ္အတြဲက ဘယ္ဥေရာပအသင္းကိုမဆို ယွဥ္ႏုိင္စြမ္းရွိတာက PSG ရဲ႕ အႀကီးမားဆံုးအားသာခ်က္ျဖစ္ၿပီး ရီးယဲလ္ကို ေက်ာ္ျဖတ္ႏုိင္ခဲ့ရင္ သူတုိ႔ရဲ႕ အိပ္မက္ပိုၿပီးအသက္၀င္လာပါလိမ့္မယ္။ ဒါေပမဲ့ ရီးယဲလ္ကို ေက်ာ္ျဖတ္ေရးဟာ သူတုိ႔အတြက္ အႀကီးမားဆံုးနဲ႔ ပထမဆံုးစိန္ေခၚမႈပါပဲ။ ရီးယဲလ္နဲ႔ Heavyweight Showdown မွာ အလဲထိုးႏုိင္ဖို႔က အေရးႀကီးဆံုးပါပဲ။

champions league

PSG အသင္း

PSG ရဲ႕ လက္ရွိရာသီခ်န္ပီယံလိဂ္စြမ္းေဆာင္ရည္မွတ္တမ္း

သြင္းဂိုးစုစုေပါင္း ၂၅ ဂိုး၊ တစ္ပြဲပ်မ္းမွ် (၄ .၁၇) ဂိုး

ေခါင္းတုိက္ဂိုး – (၄)ဂိုး၊ ညာေျခသြင္းဂိုး (၁၅) ဂိုး၊ ဘယ္ေျခသြင္းဂိုး (၅)ဂိုး

ဂိုးကန္သြင္းခ်က္စုစုေပါင္း – (၉၇) ႀကိမ္၊ ေဘာလံုးေပးပို႔မႈတိက်မႈ (၈၉)ရာခုိင္ႏႈန္း

အုပ္စုအဆင့္မွတ္္တမ္း – (၆)ပြဲကစား၊ (၅)ပြဲႏုိင္၊ (၁)ပြဲရႈံး

ဂ်ဴဗင္တပ္စ္

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ စီးရီးေအရဲ႕ ဂုဏ္သိကၡာကို ဂ်ဴဗင္တပ္စ္ ထိန္းသိမ္းေပးေနတယ္။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ေနာက္ဆံုး (၃)ရာသီအတြင္း (၂)ႀကိမ္တက္ေရာက္ထားႏုိင္တယ္။ ဒီရာသီမွာလည္း သူတုိ႔ရဲ႕ စတုိင္အတုိင္းျဖည္းျဖည္းမွန္မွန္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြကို ျဖတ္သန္းေနတယ္။ အရမ္းအထင္ႀကီးလုိ႔ မရသလို၊ အရမ္းအထင္ေသးလို႔လည္းမရဘူး။ လက္ရွိအသင္းက နည္းျပအယ္လီဂရီ စဥ္ဆက္မျပတ္တည္ေဆာက္ထားတဲ့အသင္းျဖစ္ၿပီး ေနရာစံုဟန္ခ်က္ညီေနတယ္လို႔ ေယဘုယ်ဆိုလို႔ရတယ္။ ဘိုႏူခ်ီမရွိေတာ့ေပမယ့္ ခံစစ္စုဖြဲ႕မႈတည္ၿငိမ္ေနဆဲျဖစ္ၿပီး ဒီခ်ီဂလီယို(Decigalio)၊ ဆန္ဒရို (Sandro) တို႔ရဲ႕ ခံစစ္ေတာင္ပံေတြအားေကာင္းတယ္။ အရင္တုန္း ဂ်ဴဗင္တပ္စ္က ကြင္းလယ္(၃)ေယာက္တန္း စုဖြဲ႕မႈကိုဦးစားေပးအားျပဳခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ ဂ်ဴဗင္တပ္စ္ရဲ႕ တုိက္စစ္အခင္းအက်င္းက ေတာင္ပံကစားသမားေတြအေပၚတည္မွီေနတယ္။ ဒီဘားလား(Dybala) ပါလာရင္ No.10 Role ပံုစံနဲ႔ တုိက္စစ္ကိုကူညီတတ္ေပမယ့္ လက္ရွိရာသီခ်န္ပီယံလိဂ္မွာ သူက ဂိုးလာဘ္ေမွးမွိန္ေနပါတယ္။ ၿပီးေတာ့ ဟီဂြါအင္(Higuain)ကလည္း ခ်န္ပီယံလိဂ္မွာ ဂိုးရဖို႔ ႐ုန္းကန္ခဲ့ရတယ္။ ဒီအခ်က္ေတြကို ျပင္ဆင္ႏုိင္ရင္ ဂ်ဴဗင္တပ္စ္အတြက္ ခ်န္ပီယံလိဂ္ခရီးလမ္းဟာ ေခ်ာေမြ႕ပါမယ္။ ပထမဆံုးစာေမးပြဲ စပါးနဲ႔ပြဲမွာ ဂ်ဴဗင္တပ္စ္ ေမွ်ာ္လင့္ခ်က္ေတြ အဆံုးသတ္သြားမယ္မထင္ပါဘူး။

ဂ်ဴဗင္တပ္စ္ ရဲ႕ လက္ရွိရာသီခ်န္ပီယံလိဂ္စြမ္းေဆာင္ရည္မွတ္တမ္း

သြင္းဂိုးစုစုေပါင္း ၇ ဂိုး၊ တစ္ပြဲပ်မ္းမွ် (၁ .၁၇) ဂိုး

ေခါင္းတုိက္ဂိုး – (၁)ဂိုး၊ ညာေျခသြင္းဂိုး (၃) ဂိုး၊ ဘယ္ေျခသြင္းဂိုး (၂)ဂိုး၊ အျခား (၁)ဂိုး

ဂိုးကန္သြင္းခ်က္စုစုေပါင္း – (၈၆) ႀကိမ္၊ ေဘာလံုးေပးပို႔မႈတိက်မႈ (၈၇)ရာခုိင္ႏႈန္း

အုပ္စုအဆင့္မွတ္္တမ္း – (၆)ပြဲကစား၊ (၃)ပြဲႏုိင္၊ (၂)ပြဲရႈံး၊ (၁)ပြဲသေရ

စပါး

ဟာရီကိန္း (Harry Kane) ရဲ႕ မဟာဂိုးေပါက္ကြဲမႈႀကီးနဲ႔အတူ စပါးထည္၀ါေနပါတယ္။ ခ်န္ပီယံလိဂ္မွာ အိမ္ျဖည့္အဆင့္ေလာက္က ရွိရာကေန ဒီရာသီမွာ တုိးတက္လာတယ္။ စပါးကလည္း ဂ်ဴဗင္တပ္စ္လုိပဲ လြန္ခဲ့တဲ့ (၃)၊ (၄)ႏွစ္ေလာက္ကတည္းက လက္ရွိစုဖြဲ႕မႈကို အေျခခံထားလို႔ တည္ၿငိမ္ေနတယ္။ အသင္းသားေတြၾကား နားလည္မႈျမင့္မားေနတယ္။ ဒီအခ်က္ေၾကာင့္ပဲ ဒီရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ စပါးက ေဒါ့မြန္၊ ရီးယဲလ္တို႔နဲ႔ အုပ္စုက်ပ္ခဲ့ေပမယ့္ သူတုိ႔ရဲ႕ ခ်န္ပီယံလိဂ္အိပ္မက္ေတြကို အေကာင္းဆံုးအေကာင္အထည္ေဖာ္ႏုိင္ခဲ့တာပါပဲ။ အုပ္စုတြင္းမွာ ႐ႈံးပြဲလံုး၀မရွိခဲ့ဘဲ ရီးယဲလ္လိုအသင္းကို တစ္ပြဲႏုိင္၊ တစ္ပဲြသေရကစားႏုိင္ခဲ့တာ ခ်ီးက်ဴးခ်င္စရာေကာင္းတယ္။ ဒါေပမဲ့ အုပ္စုအတြင္းမွာ စပါးကံေကာင္းတာက ၿပိဳင္ဘက္ေဒါ့မြန္အသင္း ပံုမွန္ေျခစြမ္းေပ်ာက္ဆံုးေနခဲ့တာျဖစ္ၿပီး အဓိကၿပိဳင္ဘက္အျဖစ္ ရီးယဲလ္ကိုသာ ရင္ဆုိင္ခဲ့ရတာပါပဲ။ စပါးရဲ႕ အားနည္းခ်က္ေတြက ခ်န္ပီယံလိဂ္႐ႈံးထြက္အဆင့္ၿပိဳင္ပြဲအေတြ႕အႀကံဳနည္းပါးတာ၊ သြင္းဂိုးေတြအတြက္ ဟာရီကိန္း (Harry Kane) တစ္ဦးတည္းကို အရမ္းမွီခိုေနရတာ၊ ေနာက္ပိုင္းပြဲေတြမွာ ခံစစ္မလံုၿခံဳမႈျပႆနာရွိေနတာပါပဲ။ အစဥ္အလာအရ ဂ်ဴဗင္တပ္စ္ထက္အားနည္းေနေပမယ့္ လက္ရွိစုဖြဲ႕မႈအရ မယွဥ္ႏုိင္စရာမရွိပါဘူး။ ဒါေပမဲ့ ကြာတားဖုိင္နယ္ထက္ ပိုေရာက္ခ်င္တယ္ဆုိရင္ေတာ့ စပါးဘက္မွာကံတရားေဖးမမႈလုိအပ္ပါတယ္။

ဟာရီကိန္း

ဟာရီကိန္း

စပါး ရဲ႕ လက္ရွိရာသီခ်န္ပီယံလိဂ္စြမ္းေဆာင္ရည္မွတ္တမ္း

သြင္းဂိုးစုစုေပါင္း ၁၄ ဂိုး၊ တစ္ပြဲပ်မ္းမွ် (၂ .၃၃) ဂိုး

ေခါင္းတုိက္ဂိုး – (၄)ဂိုး၊ ညာေျခသြင္းဂိုး (၉) ဂိုး၊ ဘယ္ေျခသြင္းဂိုး (၁)ဂိုး

ဂိုးကန္သြင္းခ်က္စုစုေပါင္း – (၉၀) ႀကိမ္၊ ေဘာလံုးေပးပို႔မႈတိက်မႈ (၉၀)ရာခုိင္ႏႈန္း

အုပ္စုအဆင့္မွတ္္တမ္း – (၆)ပြဲကစား၊ (၅)ပြဲႏုိင္၊ (၁)ပြဲရႈံး

မန္စီးတီး

နည္းျပဂြါဒီယုိလာ (Guardiola)ကို မန္စီးတီးေခၚယူခဲ့တာ ခ်န္ပီယံလိဂ္ေအာင္ျမင္အတြက္ ရည္ရြယ္ၿပီးေတာ့ပါပဲ။ ၿပီးခဲ့တဲ့ရာသီမွာ နည္းျပဂြါဒီယုိလာ (Guardiola)ရဲ႕ မန္စီးတီးအသင္းေမွ်ာ္လင့္သလုိျဖစ္မလာခဲ့ပါဘူး။ ခံစစ္ျပႆနာေတြက မန္စီးတီးကိုစိတ္ပ်က္စရာအေျခအေနဆီပို႔ေဆာင္ေပးခဲ့လို႔ ဒီရာသီမွာ နည္းျပဂြါဒီယုိလာ (Guardiola) စိတ္တုိင္းက်ထပ္မံျပင္ဆင္ထားပါတယ္။ ဒါေပမဲ့ လက္ရွိရာသီမွာ မန္စီးတီးရင္ဆုိင္လာရတာ ဒဏ္ရာျပႆနာ၊ ဆာေနး (Sane)၊ ဂ်ီးဆပ္(Jesus) တို႔ရဲ႕ ဒဏ္ရာျပႆနာေတြက အေရးႀကီးတဲ့အခ်ိန္မွာ မန္စီးတီးရဲ႕ အိပ္မက္ကို ေႏွာင့္ယွက္ႏုိင္ပါတယ္။ ဒဏ္ရာျပႆနာေတြ ကင္းစင္ေနမယ္ဆိုရင္ေတာ့ မန္စီးတီးရဲ႕ စုဖဲြမႈ၊ တုိက္စစ္ကစားဟန္ကို ရပ္တန္႔ဖို႕မလြယ္ပါဘူး။ ႐ႈံးထြက္အဆင့္မွာ ေဘဆယ္လိုအသင္းနဲ႔သာ ဆံုေတြ႕ေနတာက မန္စီးတီးအတြက္ ကံေကာင္းျခင္းလက္ေဆာင္ျဖစ္ေနၿပီး ခ်န္ပီယံလိဂ္ကို ပိုအာ႐ံုစုိက္မယ့္ နည္းျပဂြါဒီယုိလာ (Guardiola)ရဲ႕ ခံယူခ်က္ေၾကာင့္လည္း မန္စီးတီး ဆီမီးဖုိင္နယ္အနိမ့္ဆံုးေရာက္ႏုိင္တယ္။

မန္စီးတီး ရဲ႕ လက္ရွိရာသီခ်န္ပီယံလိဂ္စြမ္းေဆာင္ရည္မွတ္တမ္း

သြင္းဂိုးစုစုေပါင္း ၁၄ ဂိုး၊ တစ္ပြဲပ်မ္းမွ် (၂ .၃၃) ဂိုး

ေခါင္းတုိက္ဂိုး – (၄)ဂိုး၊ ညာေျခသြင္းဂိုး (၉) ဂိုး၊ ဘယ္ေျခသြင္းဂိုး (၁)ဂိုး

ဂိုးကန္သြင္းခ်က္စုစုေပါင္း – (၉၀) ႀကိမ္၊ ေဘာလံုးေပးပို႔မႈတိက်မႈ (၉၀)ရာခုိင္ႏႈန္း

အုပ္စုအဆင့္မွတ္္တမ္း – (၆)ပြဲကစား၊ (၅)ပြဲႏုိင္၊ (၁)ပြဲရႈံး

လီဗာပူးလ္

အဂၤလန္ရဲ႕ ဥေရာပေအာင္ျမင္မႈအျမင့္မားဆံုး လီဗာပူးလ္က ဒီရာသီမွာ သူတုိ႔ရဲ႕ ဥေရာပမာဂုဏ္ကို တစ္ေက်ာ့ျပန္ျပသေနပါတယ္။ အုပ္စုအဆင့္မွာ လီဗာပူလ္က Free Flowing Attack ကိုပံုေဖာ္ႏုိင္ခဲ့ၿပီး (၂၃)ဂိုးသြင္းယူႏုိင္ခဲ့တယ္။ ခ်န္ပီယံလိဂ္မွာ ဆာလာ (Salah) ထက္ ေဖမီႏုိ(Firmino)ကပိုမိုေတာက္ပေနၿပီး (၆)ဂိုးသြင္းကာ ဂိုးသြင္းအမ်ားဆံုးကစားသမားျဖစ္ေနတယ္။ ဒါက လီဗာပူးလ္အတြက္ အျပဳသေဘာေဆာင္ေနတယ္။ ၿပီးေတာ့ လီဗာပူးလ္ရဲ႕ တုိက္ပြဲ၀င္စိတ္ဓာတ္က ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပုိၿပီးျပင္းျပေနတာမ်ဳိးလည္း အုပ္စုအဆင့္ပြဲေတြမွာ ျမင္ခဲ့ရပါတယ္။ ႐ႈံးထြက္အဆင့္မွာ ဥေရာပထိပ္သီးေတြကို ေရွာင္လႊဲႏုိင္ခဲ့တာ ေက်နပ္စရာေကာင္းေပမယ့္ ေပၚတုိကို အရမ္းႀကီးေလွ်ာ့တြက္လို႔မျဖစ္ဘူး။ ၿပီးေတာ့ လီဗာပူးလ္ရဲ႕ ျပင္ဆင္လို႔မၿပီးႏုိင္ေသးတဲ့ ခံစစ္တည္ၿငိမ္မႈပါပဲ။ မေပးသင့္တဲ့ဂိုးေတြ ေပးေနရတာကိုေျပာင္းလဲႏုိင္မယ္ဆုိရင္၊ ဆာလာ (Salah) လည္း ခ်န္ပီယံလိဂ္မွာ ဂိုးသြင္းပိုၿပီးေသခ်ာမယ္ဆုိရင္ လီဗာပူးလ္အတြက္ ကြာတားဖုိင္နယ္က မခက္ပါဘူး။

လီဗာပူးလ္ ရဲ႕ လက္ရွိရာသီခ်န္ပီယံလိဂ္စြမ္းေဆာင္ရည္မွတ္တမ္း

သြင္းဂိုးစုစုေပါင္း ၂၃ ဂိုး၊ တစ္ပြဲပ်မ္းမွ် (၃ .၈၃) ဂိုး

ေခါင္းတုိက္ဂိုး – (၂)ဂိုး၊ ညာေျခသြင္းဂိုး (၁) ဂိုး၊ ဘယ္ေျခသြင္းဂိုး (၉)ဂိုး

ဂိုးကန္သြင္းခ်က္စုစုေပါင္း – (၁၁၈) ႀကိမ္၊ ေဘာလံုးေပးပို႔မႈတိက်မႈ (၈၄)ရာခုိင္ႏႈန္း

အုပ္စုအဆင့္မွတ္္တမ္း – (၆)ပြဲကစား၊ (၃)ပြဲႏုိင္၊ (၃)ပြဲသေရေ

ေဘဆယ္

ေဘဆယ္ဆိုတာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ မစိမ္းတဲ့အသင္း၊ ဥေရာပအေတြ႕အႀကံဳရင့္အသင္းလို႔ ေျပာလုိ႔ရတယ္။  ေျပာရမယ္ဆိုိရင္ လက္ရွိသူတို႔ရင္ဆုိင္ရမယ့္ မန္စီးတီးအသင္းထက္ ဥေရာပအေတြ႕အႀကံဳပိုမ်ားေနတယ္။ ဒါေပမဲ့ ေဘဆယ္ဘက္မွာ ဥေရာပအေတြ႕အႀကံဳခိုင္မာမႈတစ္ခုသာ ရွိေနၿပီး က်န္က႑ေတြမွာ မန္စီးတီးနဲ႔ ကြာျခားလြန္းေနတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ ေဘဆယ္ဟာ မန္စီးတီးမတုိင္မီမွာ မန္ခ်က္စတာၿမိဳ႕ခံမန္ခ်က္စတာယူႏုိက္တက္နဲ႔ ဆံုေတြ႕ဖူးတဲ့ မွတ္တမ္းေဟာင္းေတြရွိခဲ့ၿပီး လက္ရွိရာသီဆံုေတြ႕ခဲ့ရာမွာလည္း အိမ္ကြင္းမွာ အႏုိင္ရခဲ့တယ္။ ေဘဆယ္ရဲ႕ ေမွ်ာ္လင့္ခ်က္ကိုအကူအညီေပးမွာက အိမ္ကြင္းမွာမထင္မွတ္တာေတြ လုပ္ျပတတ္တာျဖစ္ၿပီး မန္စီးတီးကိုလည္း အိမ္ကြင္းမွာတတ္စြမ္းသမွ် ဒုကၡေပးပါဦးမယ္ထင္တယ္။ တိုက္စစ္ကစားပံုက လ်င္ျမန္ေပမယ့္တိက်မႈရာခုိင္ႏႈန္း သိပ္မရွိဘူး။ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ သူတုိ႔ရဲ႕အျမင့္ဆံုးရပ္တည္မႈ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ ေက်ာ္လြန္ေရးေမွ်ာ္လင့္ခ်က္ဟာ မျဖစ္ႏုိင္သေလာက္ နည္းပါးေနတယ္။

ေပၚတို

၂၀၀၃-၀၄ ေဘာလံုးရာသီမွာ နည္းျပေမာ္ရင္ဟို (Mourinho)နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို အိပ္မက္လိုဆြတ္ခူးႏုိင္ခဲ့တဲ့ ေပၚတုိရဲ႕ လက္ရွိအေျခအေနက အေကာင္းစားမဟုတ္ေတာ့ဘူး။ ေပၚတူဂီလိဂ္ကလည္း အရင္လုိအဆင့္အတန္းမ်ိဳးမရွိေတာ့ခ်ိန္မွာ ေပၚတူဂီလိဂ္ မ်က္ႏွာဖံုး ေပၚတုိက်ဆင္းလာတာ သိပ္ၿပီးမထူးဆန္းပါဘူး။ လက္ရိွေပၚတုိက အသင္းလုိက္ကစားဟန္ရွိေပမယ့္ ခံစစ္၊ တုိက္စစ္ဟန္ခ်က္မညီဘူး။ အုပ္စုအတြင္းမွာ မုိနာကို၊ လုိက္ပ္ဇစ္တို႔လိုအသင္းေတြကို ခ်န္ထားၿပီးအုပ္စုဒုတိယေနရာရခဲ့တာက အဲဒီအခ်ိန္တုန္းက မုိနာကို၊ လုိက္ပ္ဇစ္တို႔ ယိမ္းယုိင္ေနလို႔ပါပဲ။ အုပ္စုအဆင့္မွာ (၅)ဂိုးသြင္းထားတဲ့ တုိက္စစ္မွဴးအဘူဘာကာက ေပၚတုိရဲ႕ ေမွ်ာ္လင့္ခ်က္တစ္ခုပါပဲ။ အုပ္စုပြဲစဥ္ေတြအၿပီးမွာ PSG၊ လီဗာပူးလ္၊ ရီးယဲလ္၊ ခ်ယ္လ္ဆီးတို႔ရဲ႕ေနာက္ သြင္းဂိုး (၁၅)ဂိုးနဲ႔ သြင္းဂိုးအမ်ားဆံုးအသင္းအျဖစ္ ရပ္တည္ႏုိင္ခဲ့တာကလည္း ဂုဏ္ယူစရာျဖစ္ေနတယ္။ ဒါေပမဲ့ လီဗာပူးလ္ကို ေက်ာ္ျဖတ္ၿပီး ကြာတားဖုိင္နယ္ေရာက္ရွိေရးဟာ (၄၀)ရာခုိင္ႏႈန္းထက္မပိုပါဘူး။

အုပ္စုပြဲစဥ္အၿပီး ခ်န္ပီယံလိဂ္မွတ္တမ္း

သြင္းဂိုးစုစုေပါင္း – (၃၀၆) ဂိုး

တစ္ပြဲပ်မ္းမွ် – (၃ .၁၉)ဂိုး

တစ္ဂိုးရရွိရန္ၾကာခ်ိန္ – (၂၈)မိနစ္

ဂိုးအမ်ားဆံုးသြင္းယူသည့္ မိနစ္အပိုင္းအျခား – (၁-၁၅)မိနစ္၊ (၅၀) ဂိုး

ေဘာလံုးေပးပို႔မႈအတိက်ဆံုး – မန္စီးတီး၊ (၉၀)ရာခုိင္ႏႈန္း

ေဘာလံုးပိုင္ဆုိင္မႈအမ်ားဆံုး – ဘာစီလုိနာ၊ (၆၃)ရာခုိင္ႏႈန္း

ဂိုးေပါက္ကန္သြင္းမႈအမ်ားဆံုး – လီဗာပူးလ္ (၁၁၈)ႀကိမ္

သြင္းဂိုးအမ်ားဆံုးအသင္း – PSG ၊ (၂၅) ဂိုးု

ဂိုးအမ်ားဆံုးသြင္းယူထားသူ – စီေရာ္နယ္္လ္ဒို (C. Ronaldo) (၉) ဂိုး

ဂိုးဖန္တီးမႈအမ်ားဆံုး – မီလ္နာ (Milner)၊ (၅) ႀကိမ္

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ချန်ပီယံလိဂ်ပြန်လာပြီ၊ ဥရောပအိပ်မက်ဆီ ဘယ်လိုချီတက်မလဲ

ချန်ပီယံလိဂ်ပြိုင်ပွဲမြင်ကွင်းက ပရိသတ်တွေကို ပြန်လည်ဆွဲဆောင်ပါတော့မယ်။ မနက်ဖြန်အင်္ဂါနေ့မှာ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲတွေ စတင်ကစားသွားမှာဖြစ်ပြီး ရီးယဲလ်နဲ့ PSG ၊ ဂျူဗင်တပ်စ်နဲ့ စပါးတို့ဆုံတွေ့မယ့် လက်လွှတ်မခံသင့်တဲ့ Special Match တွေအပြင် ဘေဆယ်နဲ့ မန်စီးတီး၊ ပေါ်တိုနဲ့ လီဗာပူးလ်ပွဲတွေက အင်ပြည့်အားပြည့် ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ရောက်လာတဲ့ ပရီးမီးယားလိဂ်အသင်းတွေရဲ့ အနာဂတ်ကိုပထမဆုံးစမ်းသပ်မယ့်ပွဲတွေ ဆိုရမယ်။ ဒီပွဲတွေမတိုင်မီ သက်ဆိုင်ရာအသင်းတွေရဲ့ လတ်တလောအနေအထားနဲ့ ချန်ပီယံလိဂ်အစဉ်အလာကို အကျဉ်းချုံးဖော်ပြလိုက်ပါတယ်

ရီးယဲလ်

ချန်ပီယံလိဂ်ဆိုရင် ရီးယဲလ်အသင်းဟာ အိမ်ရှေ့မင်းသားအဆင့်မဟုတ်ဘူး။ သက်ဦးဆံပိုင်ဘုရင်လို ပုံစံမျိုးဖြစ်တယ်။ သူတို့ချန်ပီယံလိဂ်ပြိုင်ပွဲကို လွှမ်းမိုးထားနိုင်ပုံက မယုံနိုင်စရာပဲ။ ပြီးခဲ့တဲ့ (၄)ရာသီမှာ ချန်ပီယံ (၃)ကြိမ်ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ချန်ပီယံကာကွယ်သူ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်ရင် ရီးယဲလ်ရဲ့ ဖြစ်တည်မှုဟာ အတိတ်မှာ ခမ်းနားခဲ့သလို၊ လက်ရှိမှာလည်း ထည်ဝါနေဆဲပဲ။ ချန်ပီယံလိဂ်နဲ့ ရီးယဲလ် ဘယ်လောက်ကံစပ်လဲဆိုရင် ပြီးခဲ့တဲ့လတွေမှာ ရလဒ်တွေယိမ်းယိုင်ပြီး အခြေအနေဆိုးနေတဲ့ ရီးယဲလ်ဟာ ချန်ပီယံလိဂ်ရှုံးထွက်ပွဲမတိုင်မီ နောက်ဆုံးပွဲမှာ ပြန်လည်တည်ငြိမ်စပြုလာတာပဲ။ လာလီဂါနောက်ဆုံးပွဲမှာ ဆိုစီဒက်ကို ဂိုးပြတ်အနိုင်ရခဲ့ပြီး တိုက်စစ်မှူး စီရော်နယ်လ်ဒို (C. Ronaldo) ကလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တယ်။ ဒါဟာ ရီးယဲလ်အသင်းအတွက် အပေါင်းလက္ခဏာဆောင်ပြီး နည်းပြ ဇီဒန်း(Zidane) ကိုလည်း ဖိအားတွေလျော့စေခဲ့တယ်။ စီရော်နယ်လ်ဒို (C. Ronaldo)က လက်ရှိရာသီချန်ပီယံလိဂ်မှာ ဂိုးအများဆုံးသွင်းထားသူဖြစ်ပြီး အစဉ်အလာအရ ချန်ပီယံလိဂ်ဆို ဂိုးမြူးတတ်တတ်ပါတယ်။ BBC တိုက်စစ်အတွဲမှာ ဘန်ဇီမာ (Benzema) အားနည်းချက်တချို့ရှိနေပေမယ့် ဘေးလ် (Bale) ပြန်လည်တောက်ပလာတာ၊ စီရော်နယ်လ်ဒို (C. Ronaldo) ဂိုးမြူးနေတာတွေက ရီးယဲလ်အတွက် မင်္ဂလာတစ်ပါးပါပဲ။ အားနည်းချက်က ရီးယဲလ်ရဲ့ ခံစစ်ဇုန်ဖြစ်ပြီး ရှုံးထွက်အဆင့်မှာ ရင်ဆိုင်ရမယ့် PSG တိုက်စစ်ကြောင့် ဖိအားဝင်ပါလိမ့်မယ်။ အရေးကြီးတာက အိမ်ကွင်းမှာ PSG ကိုအသာစီးယူထားပြီး ဒုတိယအကျော့အဝေးကွင်းမှာ လိုအပ်သလို ထိန်းညှိကစားဖို့ပါပဲ။ နည်းပြ ဇီဒန်း (Zidane) ရဲ့ အနာဂတ်ဟာ ချန်ပီယံလိဂ်အပေါ်မှာ မူတည်နေသလို၊ရီးယဲလ်ရဲ့ ဒီရာသီဆုဖလားမျှော်လင့်ချက်ကလည်း ချန်ပီယံလိဂ်လမ်းကြောင်းတစ်ခုတည်းပဲ ရှိပါတော့တယ်။

ရီးယဲလ် ရဲ့ လက်ရှိရာသီချန်ပီယံလိဂ်စွမ်းဆောင်ရည်မှတ်တမ်း

သွင်းဂိုးစုစုပေါင်း ၁၇ ဂိုး၊ တစ်ပွဲပျမ်းမျှ (၂ .၈၃) ဂိုး

ခေါင်းတိုက်ဂိုး – (၁)ဂိုး၊ ညာခြေသွင်းဂိုး (၁၂) ဂိုး၊ ဘယ်ခြေသွင်းဂိုး (၃)ဂိုး

ဂိုးကန်သွင်းချက်စုစုပေါင်း – (၁၀၀) ကြိမ်၊ ဘောလုံးပေးပို့မှုတိကျမှု (၈၉)ရာခိုင်နှုန်း

အုပ်စုအဆင့်မှတ်တမ်း – (၆)ပွဲကစား၊ (၄)ပွဲနိုင်၊ (၁)ပွဲရှုံး၊ (၁)ပွဲ သရေ

PSG

PSG အသင်းပိုင်ရှင်တွေဟာ သူတို့အသင်းကို ဥရောပအဆင့်အောင်မြင်မှုတွေပိုင်ဆိုင်အောင်လို့ ဒီရာသီမှာ အစွမ်းကုန်ငွေလမ်းခင်းထားပါတယ်။ လက်ရှိအချိန်မှာ PSG အတွက် ပြည်တွင်းဖလားမျှော်လင့်ချက်တွေဟာ ဖိအားမရှိလွယ်ကူတဲ့ ပုံစံမျိုးဖြစ်နေတာကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲကို လွတ်လွတ်လပ်လပ် အာရုံစိုက်ခွင့်ရစေတယ်။ ပြီးတော့ အရင်တုန်းကထက် ချန်ပီယံလိဂ်အတွေ့အကြုံကြွယ်ဝလာတာ၊ ကစားသမားအင်အားပိုမိုထက်မြက်လာတာတွေက PSG ရဲ့ မျှော်လင့်ချက်ကိုပိုပြီးအားကောင်းစေတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဘာစီလိုနာကို အိမ်ကွင်းမှာ အနိုင်ရခဲ့ပေမယ့် အဝေးကွင်းမှာ ဂိုးပြတ်အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ နာကျင်စရာသင်ခန်းစာမျိုးကိုလည်း PSG ပိုင်ဆိုင်ထားပြီးသားဖြစ်လို့ ဒီရာသီမှာ ပိုပြီးဂရုစိုက်လာမယ့်သဘောရှိနေတယ်။ နေမာ (Neymar)၊ ဘာပေ (Bappe)၊ ကာဗာနီ (Cavani) တိုက်စစ်အတွဲက ဘယ်ဥရောပအသင်းကိုမဆို ယှဉ်နိုင်စွမ်းရှိတာက PSG ရဲ့ အကြီးမားဆုံးအားသာချက်ဖြစ်ပြီး ရီးယဲလ်ကို ကျော်ဖြတ်နိုင်ခဲ့ရင် သူတို့ရဲ့ အိပ်မက်ပိုပြီးအသက်ဝင်လာပါလိမ့်မယ်။ ဒါပေမဲ့ ရီးယဲလ်ကို ကျော်ဖြတ်ရေးဟာ သူတို့အတွက် အကြီးမားဆုံးနဲ့ ပထမဆုံးစိန်ခေါ်မှုပါပဲ။ ရီးယဲလ်နဲ့ Heavyweight Showdown မှာ အလဲထိုးနိုင်ဖို့က အရေးကြီးဆုံးပါပဲ။

champions league

PSG အသင်း

PSG ရဲ့ လက်ရှိရာသီချန်ပီယံလိဂ်စွမ်းဆောင်ရည်မှတ်တမ်း

သွင်းဂိုးစုစုပေါင်း ၂၅ ဂိုး၊ တစ်ပွဲပျမ်းမျှ (၄ .၁၇) ဂိုး

ခေါင်းတိုက်ဂိုး – (၄)ဂိုး၊ ညာခြေသွင်းဂိုး (၁၅) ဂိုး၊ ဘယ်ခြေသွင်းဂိုး (၅)ဂိုး

ဂိုးကန်သွင်းချက်စုစုပေါင်း – (၉၇) ကြိမ်၊ ဘောလုံးပေးပို့မှုတိကျမှု (၈၉)ရာခိုင်နှုန်း

အုပ်စုအဆင့်မှတ်တမ်း – (၆)ပွဲကစား၊ (၅)ပွဲနိုင်၊ (၁)ပွဲရှုံး

ဂျူဗင်တပ်စ်

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စီးရီးအေရဲ့ ဂုဏ်သိက္ခာကို ဂျူဗင်တပ်စ် ထိန်းသိမ်းပေးနေတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နောက်ဆုံး (၃)ရာသီအတွင်း (၂)ကြိမ်တက်ရောက်ထားနိုင်တယ်။ ဒီရာသီမှာလည်း သူတို့ရဲ့ စတိုင်အတိုင်းဖြည်းဖြည်းမှန်မှန်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဖြတ်သန်းနေတယ်။ အရမ်းအထင်ကြီးလို့ မရသလို၊ အရမ်းအထင်သေးလို့လည်းမရဘူး။ လက်ရှိအသင်းက နည်းပြအယ်လီဂရီ စဉ်ဆက်မပြတ်တည်ဆောက်ထားတဲ့အသင်းဖြစ်ပြီး နေရာစုံဟန်ချက်ညီနေတယ်လို့ ယေဘုယျဆိုလို့ရတယ်။ ဘိုနူချီမရှိတော့ပေမယ့် ခံစစ်စုဖွဲ့မှုတည်ငြိမ်နေဆဲဖြစ်ပြီး ဒီချီဂလီယို(Decigalio)၊ ဆန်ဒရို (Sandro) တို့ရဲ့ ခံစစ်တောင်ပံတွေအားကောင်းတယ်။ အရင်တုန်း ဂျူဗင်တပ်စ်က ကွင်းလယ်(၃)ယောက်တန်း စုဖွဲ့မှုကိုဦးစားပေးအားပြုခဲ့ပေမယ့် လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်ရဲ့ တိုက်စစ်အခင်းအကျင်းက တောင်ပံကစားသမားတွေအပေါ်တည်မှီနေတယ်။ ဒီဘားလား(Dybala) ပါလာရင် No.10 Role ပုံစံနဲ့ တိုက်စစ်ကိုကူညီတတ်ပေမယ့် လက်ရှိရာသီချန်ပီယံလိဂ်မှာ သူက ဂိုးလာဘ်မှေးမှိန်နေပါတယ်။ ပြီးတော့ ဟီဂွါအင်(Higuain)ကလည်း ချန်ပီယံလိဂ်မှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရတယ်။ ဒီအချက်တွေကို ပြင်ဆင်နိုင်ရင် ဂျူဗင်တပ်စ်အတွက် ချန်ပီယံလိဂ်ခရီးလမ်းဟာ ချောမွေ့ပါမယ်။ ပထမဆုံးစာမေးပွဲ စပါးနဲ့ပွဲမှာ ဂျူဗင်တပ်စ် မျှော်လင့်ချက်တွေ အဆုံးသတ်သွားမယ်မထင်ပါဘူး။

ဂျူဗင်တပ်စ် ရဲ့ လက်ရှိရာသီချန်ပီယံလိဂ်စွမ်းဆောင်ရည်မှတ်တမ်း

သွင်းဂိုးစုစုပေါင်း ၇ ဂိုး၊ တစ်ပွဲပျမ်းမျှ (၁ .၁၇) ဂိုး

ခေါင်းတိုက်ဂိုး – (၁)ဂိုး၊ ညာခြေသွင်းဂိုး (၃) ဂိုး၊ ဘယ်ခြေသွင်းဂိုး (၂)ဂိုး၊ အခြား (၁)ဂိုး

ဂိုးကန်သွင်းချက်စုစုပေါင်း – (၈၆) ကြိမ်၊ ဘောလုံးပေးပို့မှုတိကျမှု (၈၇)ရာခိုင်နှုန်း

အုပ်စုအဆင့်မှတ်တမ်း – (၆)ပွဲကစား၊ (၃)ပွဲနိုင်၊ (၂)ပွဲရှုံး၊ (၁)ပွဲသရေ

စပါး

ဟာရီကိန်း (Harry Kane) ရဲ့ မဟာဂိုးပေါက်ကွဲမှုကြီးနဲ့အတူ စပါးထည်ဝါနေပါတယ်။ ချန်ပီယံလိဂ်မှာ အိမ်ဖြည့်အဆင့်လောက်က ရှိရာကနေ ဒီရာသီမှာ တိုးတက်လာတယ်။ စပါးကလည်း ဂျူဗင်တပ်စ်လိုပဲ လွန်ခဲ့တဲ့ (၃)၊ (၄)နှစ်လောက်ကတည်းက လက်ရှိစုဖွဲ့မှုကို အခြေခံထားလို့ တည်ငြိမ်နေတယ်။ အသင်းသားတွေကြား နားလည်မှုမြင့်မားနေတယ်။ ဒီအချက်ကြောင့်ပဲ ဒီရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ စပါးက ဒေါ့မွန်၊ ရီးယဲလ်တို့နဲ့ အုပ်စုကျပ်ခဲ့ပေမယ့် သူတို့ရဲ့ ချန်ပီယံလိဂ်အိပ်မက်တွေကို အကောင်းဆုံးအကောင်အထည်ဖော်နိုင်ခဲ့တာပါပဲ။ အုပ်စုတွင်းမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ရီးယဲလ်လိုအသင်းကို တစ်ပွဲနိုင်၊ တစ်ပွဲသရေကစားနိုင်ခဲ့တာ ချီးကျူးချင်စရာကောင်းတယ်။ ဒါပေမဲ့ အုပ်စုအတွင်းမှာ စပါးကံကောင်းတာက ပြိုင်ဘက်ဒေါ့မွန်အသင်း ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အဓိကပြိုင်ဘက်အဖြစ် ရီးယဲလ်ကိုသာ ရင်ဆိုင်ခဲ့ရတာပါပဲ။ စပါးရဲ့ အားနည်းချက်တွေက ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပြိုင်ပွဲအတွေ့အကြုံနည်းပါးတာ၊ သွင်းဂိုးတွေအတွက် ဟာရီကိန်း (Harry Kane) တစ်ဦးတည်းကို အရမ်းမှီခိုနေရတာ၊ နောက်ပိုင်းပွဲတွေမှာ ခံစစ်မလုံခြုံမှုပြဿနာရှိနေတာပါပဲ။ အစဉ်အလာအရ ဂျူဗင်တပ်စ်ထက်အားနည်းနေပေမယ့် လက်ရှိစုဖွဲ့မှုအရ မယှဉ်နိုင်စရာမရှိပါဘူး။ ဒါပေမဲ့ ကွာတားဖိုင်နယ်ထက် ပိုရောက်ချင်တယ်ဆိုရင်တော့ စပါးဘက်မှာကံတရားဖေးမမှုလိုအပ်ပါတယ်။

ဟာရီကိန်း

ဟာရီကိန်း

စပါး ရဲ့ လက်ရှိရာသီချန်ပီယံလိဂ်စွမ်းဆောင်ရည်မှတ်တမ်း

သွင်းဂိုးစုစုပေါင်း ၁၄ ဂိုး၊ တစ်ပွဲပျမ်းမျှ (၂ .၃၃) ဂိုး

ခေါင်းတိုက်ဂိုး – (၄)ဂိုး၊ ညာခြေသွင်းဂိုး (၉) ဂိုး၊ ဘယ်ခြေသွင်းဂိုး (၁)ဂိုး

ဂိုးကန်သွင်းချက်စုစုပေါင်း – (၉၀) ကြိမ်၊ ဘောလုံးပေးပို့မှုတိကျမှု (၉၀)ရာခိုင်နှုန်း

အုပ်စုအဆင့်မှတ်တမ်း – (၆)ပွဲကစား၊ (၅)ပွဲနိုင်၊ (၁)ပွဲရှုံး

မန်စီးတီး

နည်းပြဂွါဒီယိုလာ (Guardiola)ကို မန်စီးတီးခေါ်ယူခဲ့တာ ချန်ပီယံလိဂ်အောင်မြင်အတွက် ရည်ရွယ်ပြီးတော့ပါပဲ။ ပြီးခဲ့တဲ့ရာသီမှာ နည်းပြဂွါဒီယိုလာ (Guardiola)ရဲ့ မန်စီးတီးအသင်းမျှော်လင့်သလိုဖြစ်မလာခဲ့ပါဘူး။ ခံစစ်ပြဿနာတွေက မန်စီးတီးကိုစိတ်ပျက်စရာအခြေအနေဆီပို့ဆောင်ပေးခဲ့လို့ ဒီရာသီမှာ နည်းပြဂွါဒီယိုလာ (Guardiola) စိတ်တိုင်းကျထပ်မံပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ လက်ရှိရာသီမှာ မန်စီးတီးရင်ဆိုင်လာရတာ ဒဏ်ရာပြဿနာ၊ ဆာနေး (Sane)၊ ဂျီးဆပ်(Jesus) တို့ရဲ့ ဒဏ်ရာပြဿနာတွေက အရေးကြီးတဲ့အချိန်မှာ မန်စီးတီးရဲ့ အိပ်မက်ကို နှောင့်ယှက်နိုင်ပါတယ်။ ဒဏ်ရာပြဿနာတွေ ကင်းစင်နေမယ်ဆိုရင်တော့ မန်စီးတီးရဲ့ စုဖွဲမှု၊ တိုက်စစ်ကစားဟန်ကို ရပ်တန့်ဖို့မလွယ်ပါဘူး။ ရှုံးထွက်အဆင့်မှာ ဘေဆယ်လိုအသင်းနဲ့သာ ဆုံတွေ့နေတာက မန်စီးတီးအတွက် ကံကောင်းခြင်းလက်ဆောင်ဖြစ်နေပြီး ချန်ပီယံလိဂ်ကို ပိုအာရုံစိုက်မယ့် နည်းပြဂွါဒီယိုလာ (Guardiola)ရဲ့ ခံယူချက်ကြောင့်လည်း မန်စီးတီး ဆီမီးဖိုင်နယ်အနိမ့်ဆုံးရောက်နိုင်တယ်။

မန်စီးတီး ရဲ့ လက်ရှိရာသီချန်ပီယံလိဂ်စွမ်းဆောင်ရည်မှတ်တမ်း

သွင်းဂိုးစုစုပေါင်း ၁၄ ဂိုး၊ တစ်ပွဲပျမ်းမျှ (၂ .၃၃) ဂိုး

ခေါင်းတိုက်ဂိုး – (၄)ဂိုး၊ ညာခြေသွင်းဂိုး (၉) ဂိုး၊ ဘယ်ခြေသွင်းဂိုး (၁)ဂိုး

ဂိုးကန်သွင်းချက်စုစုပေါင်း – (၉၀) ကြိမ်၊ ဘောလုံးပေးပို့မှုတိကျမှု (၉၀)ရာခိုင်နှုန်း

အုပ်စုအဆင့်မှတ်တမ်း – (၆)ပွဲကစား၊ (၅)ပွဲနိုင်၊ (၁)ပွဲရှုံး

လီဗာပူးလ်

အင်္ဂလန်ရဲ့ ဥရောပအောင်မြင်မှုအမြင့်မားဆုံး လီဗာပူးလ်က ဒီရာသီမှာ သူတို့ရဲ့ ဥရောပမာဂုဏ်ကို တစ်ကျော့ပြန်ပြသနေပါတယ်။ အုပ်စုအဆင့်မှာ လီဗာပူလ်က Free Flowing Attack ကိုပုံဖော်နိုင်ခဲ့ပြီး (၂၃)ဂိုးသွင်းယူနိုင်ခဲ့တယ်။ ချန်ပီယံလိဂ်မှာ ဆာလာ (Salah) ထက် ဖေမီနို(Firmino)ကပိုမိုတောက်ပနေပြီး (၆)ဂိုးသွင်းကာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေတယ်။ ဒါက လီဗာပူးလ်အတွက် အပြုသဘောဆောင်နေတယ်။ ပြီးတော့ လီဗာပူးလ်ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပိုပြီးပြင်းပြနေတာမျိုးလည်း အုပ်စုအဆင့်ပွဲတွေမှာ မြင်ခဲ့ရပါတယ်။ ရှုံးထွက်အဆင့်မှာ ဥရောပထိပ်သီးတွေကို ရှောင်လွှဲနိုင်ခဲ့တာ ကျေနပ်စရာကောင်းပေမယ့် ပေါ်တိုကို အရမ်းကြီးလျှော့တွက်လို့မဖြစ်ဘူး။ ပြီးတော့ လီဗာပူးလ်ရဲ့ ပြင်ဆင်လို့မပြီးနိုင်သေးတဲ့ ခံစစ်တည်ငြိမ်မှုပါပဲ။ မပေးသင့်တဲ့ဂိုးတွေ ပေးနေရတာကိုပြောင်းလဲနိုင်မယ်ဆိုရင်၊ ဆာလာ (Salah) လည်း ချန်ပီယံလိဂ်မှာ ဂိုးသွင်းပိုပြီးသေချာမယ်ဆိုရင် လီဗာပူးလ်အတွက် ကွာတားဖိုင်နယ်က မခက်ပါဘူး။

လီဗာပူးလ် ရဲ့ လက်ရှိရာသီချန်ပီယံလိဂ်စွမ်းဆောင်ရည်မှတ်တမ်း

သွင်းဂိုးစုစုပေါင်း ၂၃ ဂိုး၊ တစ်ပွဲပျမ်းမျှ (၃ .၈၃) ဂိုး

ခေါင်းတိုက်ဂိုး – (၂)ဂိုး၊ ညာခြေသွင်းဂိုး (၁) ဂိုး၊ ဘယ်ခြေသွင်းဂိုး (၉)ဂိုး

ဂိုးကန်သွင်းချက်စုစုပေါင်း – (၁၁၈) ကြိမ်၊ ဘောလုံးပေးပို့မှုတိကျမှု (၈၄)ရာခိုင်နှုန်း

အုပ်စုအဆင့်မှတ်တမ်း – (၆)ပွဲကစား၊ (၃)ပွဲနိုင်၊ (၃)ပွဲသရေေ

ဘေဆယ်

ဘေဆယ်ဆိုတာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ မစိမ်းတဲ့အသင်း၊ ဥရောပအတွေ့အကြုံရင့်အသင်းလို့ ပြောလို့ရတယ်။  ပြောရမယ်ဆိုရင် လက်ရှိသူတို့ရင်ဆိုင်ရမယ့် မန်စီးတီးအသင်းထက် ဥရောပအတွေ့အကြုံပိုများနေတယ်။ ဒါပေမဲ့ ဘေဆယ်ဘက်မှာ ဥရောပအတွေ့အကြုံခိုင်မာမှုတစ်ခုသာ ရှိနေပြီး ကျန်ကဏ္ဍတွေမှာ မန်စီးတီးနဲ့ ကွာခြားလွန်းနေတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘေဆယ်ဟာ မန်စီးတီးမတိုင်မီမှာ မန်ချက်စတာမြို့ခံမန်ချက်စတာယူနိုက်တက်နဲ့ ဆုံတွေ့ဖူးတဲ့ မှတ်တမ်းဟောင်းတွေရှိခဲ့ပြီး လက်ရှိရာသီဆုံတွေ့ခဲ့ရာမှာလည်း အိမ်ကွင်းမှာ အနိုင်ရခဲ့တယ်။ ဘေဆယ်ရဲ့ မျှော်လင့်ချက်ကိုအကူအညီပေးမှာက အိမ်ကွင်းမှာမထင်မှတ်တာတွေ လုပ်ပြတတ်တာဖြစ်ပြီး မန်စီးတီးကိုလည်း အိမ်ကွင်းမှာတတ်စွမ်းသမျှ ဒုက္ခပေးပါဦးမယ်ထင်တယ်။ တိုက်စစ်ကစားပုံက လျင်မြန်ပေမယ့်တိကျမှုရာခိုင်နှုန်း သိပ်မရှိဘူး။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သူတို့ရဲ့အမြင့်ဆုံးရပ်တည်မှု ရှုံးထွက်(၁၆)သင်းအဆင့်ကို ကျော်လွန်ရေးမျှော်လင့်ချက်ဟာ မဖြစ်နိုင်သလောက် နည်းပါးနေတယ်။

ပေါ်တို

၂၀၀၃-၀၄ ဘောလုံးရာသီမှာ နည်းပြမော်ရင်ဟို (Mourinho)နဲ့အတူ ချန်ပီယံလိဂ်ဖလားကို အိပ်မက်လိုဆွတ်ခူးနိုင်ခဲ့တဲ့ ပေါ်တိုရဲ့ လက်ရှိအခြေအနေက အကောင်းစားမဟုတ်တော့ဘူး။ ပေါ်တူဂီလိဂ်ကလည်း အရင်လိုအဆင့်အတန်းမျိုးမရှိတော့ချိန်မှာ ပေါ်တူဂီလိဂ် မျက်နှာဖုံး ပေါ်တိုကျဆင်းလာတာ သိပ်ပြီးမထူးဆန်းပါဘူး။ လက်ရှိပေါ်တိုက အသင်းလိုက်ကစားဟန်ရှိပေမယ့် ခံစစ်၊ တိုက်စစ်ဟန်ချက်မညီဘူး။ အုပ်စုအတွင်းမှာ မိုနာကို၊ လိုက်ပ်ဇစ်တို့လိုအသင်းတွေကို ချန်ထားပြီးအုပ်စုဒုတိယနေရာရခဲ့တာက အဲဒီအချိန်တုန်းက မိုနာကို၊ လိုက်ပ်ဇစ်တို့ ယိမ်းယိုင်နေလို့ပါပဲ။ အုပ်စုအဆင့်မှာ (၅)ဂိုးသွင်းထားတဲ့ တိုက်စစ်မှူးအဘူဘာကာက ပေါ်တိုရဲ့ မျှော်လင့်ချက်တစ်ခုပါပဲ။ အုပ်စုပွဲစဉ်တွေအပြီးမှာ PSG၊ လီဗာပူးလ်၊ ရီးယဲလ်၊ ချယ်လ်ဆီးတို့ရဲ့နောက် သွင်းဂိုး (၁၅)ဂိုးနဲ့ သွင်းဂိုးအများဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာကလည်း ဂုဏ်ယူစရာဖြစ်နေတယ်။ ဒါပေမဲ့ လီဗာပူးလ်ကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ရောက်ရှိရေးဟာ (၄၀)ရာခိုင်နှုန်းထက်မပိုပါဘူး။

အုပ်စုပွဲစဉ်အပြီး ချန်ပီယံလိဂ်မှတ်တမ်း

သွင်းဂိုးစုစုပေါင်း – (၃၀၆) ဂိုး

တစ်ပွဲပျမ်းမျှ – (၃ .၁၉)ဂိုး

တစ်ဂိုးရရှိရန်ကြာချိန် – (၂၈)မိနစ်

ဂိုးအများဆုံးသွင်းယူသည့် မိနစ်အပိုင်းအခြား – (၁-၁၅)မိနစ်၊ (၅၀) ဂိုး

ဘောလုံးပေးပို့မှုအတိကျဆုံး – မန်စီးတီး၊ (၉၀)ရာခိုင်နှုန်း

ဘောလုံးပိုင်ဆိုင်မှုအများဆုံး – ဘာစီလိုနာ၊ (၆၃)ရာခိုင်နှုန်း

ဂိုးပေါက်ကန်သွင်းမှုအများဆုံး – လီဗာပူးလ် (၁၁၈)ကြိမ်

သွင်းဂိုးအများဆုံးအသင်း – PSG ၊ (၂၅) ဂိုးု

ဂိုးအများဆုံးသွင်းယူထားသူ – စီရော်နယ်လ်ဒို (C. Ronaldo) (၉) ဂိုး

ဂိုးဖန်တီးမှုအများဆုံး – မီလ်နာ (Milner)၊ (၅) ကြိမ်

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။