[Zawgyi]

ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္ ျပကြက္မ်ားကို ႀကိဳတင္ခံစားျခင္း (၂)

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေရခ်ိန္ ပိုျမင့္မားလာၿပီ။ ကြာတားဖုိင္နယ္မဲခြဲၿပီးအၿပီးမွာ ပရိသတ္ေတြရဲ႕ ရင္ခုန္သံဟာ ဆူညံေနပါၿပီ။ သက္ဆုိင္ရာပရိသတ္အသီးသီးရဲ႕ ႀကိဳတင္ခန္႔မွန္းသံေတြဟာလည္း ေပါက္ကြဲထြက္ေနတယ္။ Akhayar Sports လည္း ခ်န္ပီယံလိဂ္ေရစီးေၾကာင္းထဲ ေမ်ာပါမိပါတယ္။ ဆီမီးဖုိင္နယ္လက္မွတ္ကို ဘယ္အသင္းေတြရယူသြားမလဲဆိုတာ ခန္႔မွန္းရင္ခုန္မိတယ္။ ပရိသတ္ေတြရဲ႕ အျမင္ကိုလည္း ေျပာခဲ့ပါဦး။

ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္ ျပကြက္မ်ားကို ႀကိဳတင္ခံစားျခင္းအပိုင္း (၁)မွာ လီဗာပူးလ္နဲ႔ မန္စီးတီးကြတားဖုိင္နယ္ပြဲစဥ္အေၾကာင္း သံုးသပ္တင္ဆက္ခဲ့ပါတယ္။ အပုိင္း (၂)မွာ ဂ်ဴဗင္တပ္စ္နဲ႔ ရီးယဲလ္အသင္းပြဲစဥ္အေၾကာင္း ခန္႔မွန္းသြားပါမယ္။ သူတုိ႔ႏွစ္သင္းက ေနာက္ပိုင္းႏွစ္ေတြအတြင္း ခ်န္ပီယံလိဂ္မွာ ေရစက္ဆံုလြန္းတယ္။ ၂၀၁၃-၁၄ အုပ္စုအဆင့္၊ ၂၀၁၄-၁၅ ဆီမီးဖုိင္နယ္နဲ႔ ၂၀၁၆-၁၇ ဗိုလ္လုပြဲေတြမွာ ဆံုခဲ့ဖူးတယ္။ ဒီတစ္ခါဆံုေတြ႕မႈဟာ ငါးႏွစ္အတြင္း ေလးႀကိမ္ေျမာက္ဆံုေတြ႕မႈပဲ။ ၂၀၁၆-၁၇ ေဘာလံုးရာသီ ဗိုလ္လုပြဲတုန္းက ဂိုးျပတ္အ႐ႈံးဟာ ဂ်ဴဗင္တပ္စ္ကို နာက်င္ေစလိမ့္မယ္။ ဒီလုိပဲ ၿပီးခဲ့တဲ့ေလးရာသီအတြင္းမွာ ရီးယဲလ္ကို ႐ႈံးထြက္အဆင့္ကေန ထြက္ခြာသြားေအာင္လုပ္ျပႏုိင္တဲ့ တစ္သင္းတည္းေသာအသင္းဆိုတဲ့ ဂုဏ္ပုဒ္က ဂ်ဴဗင္တပ္စ္ကို စိတ္ဓာတ္ျမွင့္တင္ေပးလိမ့္မယ္။ အစဥ္အလာအရ ရီးယဲလ္ဟာ ဂ်ဴဗင္တပ္စ္ကို အသာစီးရၿပီးသား၊ ဂ်ဴဗင္တပ္စ္ရဲ႕ ခ်န္ပီယံလိဂ္အိပ္မက္ေတြကုိ အၿမဲလုိလို ဖ်က္ဆီးႏုိင္ခဲ့တယ္။ ၂၀၁၆-၁၇ ဗိုလ္လုပြဲမတုိင္မီ အႏွစ္(၂၀)တိတိမွာ ရီးယဲလ္ဟာ ဂ်ဴဗင္တပ္စ္ကို ဗိုလ္လုပြဲမွာ အႏုိင္ယူၿပီး အသည္းခဲြခဲ့ဖူးတယ္။ ဒီေတာ့ ဂ်ဴဗင္တပ္စ္ရဲ႕ အသည္းကို ခဏခဏခြဲခဲ့တဲ့ ရီးယဲလ္ ဒီတစ္ခါေရာ ဘယ္လိုလဲ။

ဂ်ဴဗင္တပ္စ္

ဂ်ဴဗင္တပ္စ္ရဲ႕ ခ်န္ပီယံလိဂ္ခရီးလမ္းဟာ အပ်ံစားမဟုတ္ဘူး။ အုပ္စုအဆင့္မွာ ဘာစီလိုနာလိုအသင္းနဲ႔အတူ က်ေရာက္ခဲ့တယ္။ သူတို႔မွာ ဘာစီလုိနာကို ဒုကၡေပးႏုိင္တဲ့ ကြာလတီမရွိခဲ့ဘူး။ ဒါေပမဲ့ ဂ်ဴဗင္တပ္စ္ဟာ ေျဖးေျဖး မွန္မွန္ေရြ႕ခဲ့တယ္။ အုပ္စုအဆင့္မွာ ဂ်ဴဗင္တပ္စ္ရဲ႕ တုိက္စစ္ၾကယ္ပြင့္ ဒီဘားလားနဲ႔ ဟီဂြါအင္ရဲ႕ သြင္းဂိုးေတြ မစိုေျပခဲ့ဘူး။ ဒီဘားလားက အုပ္စုအဆင့္မွာ တစ္ဂိုးမွမသြင္းႏုိင္ခဲ့ဘူး။ ဟီဂြါအင္က ႏွစ္ဂိုးပဲသြင္းႏိုင္ခဲ့တယ္။ ခံစစ္မွာလည္း ဒဏ္ရာမိုးေရေတြ စိုစြတ္ခဲ့လို႔ တည္ၿငိမ္ျခင္းေရျပင္ဟာ အၿမဲလုိလုိ စိုးရိမ္ေရမွတ္ေရာက္ေနတယ္။ သူတုိ႔ရဲ႕ ေကာင္းမြန္ျခင္းဟာ စဥ္ဆက္မျပတ္တည္ေဆာက္ထားႏုိင္မႈနဲ႔ အသင္းလုိက္ဟန္ခ်က္ပါပဲ။ ဒီအခ်က္ေတြနဲ႔ ဂ်ဴဗင္တပ္စ္ဟာ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ခဲ့တယ္။ စပါးကို ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ ခ်န္ထားခဲ့တယ္။ တကယ္ဆုိ ပထမအေက်ာ့မွာ အေ၀းဂိုး(၂)ဂိုးေပးခဲ့ရလို႔ ဂ်ဴဗင္တပ္စ္ ေရတိမ္နစ္ၿပီလို႔ ေတြးထားခဲ့တာ၊ ဒါေပမဲ့ စပါးရဲ႕ အိမ္ကြင္း၀င္ဘေလမွာ ဂ်ဴဗင္တပ္စ္ ေအာင္ပြဲယူ၊ သူတို႔ရဲ႕ ဂုဏ္သိကၡာကို ဆက္လက္တည္ေထာင္ႏုိင္ခဲ့ပါတယ္။ ဂိုးသမား ဘူဖြန္၊ ေနာက္ခံလူ ခ်ီလီနီ၊ ဘာဇာဂလီတို႔ဟာ ဂ်ဴဗင္တပ္စ္အတြက္ ႏွစ္ခ်ဳိ႕၀ုိင္ေတြလို အဖိုးတန္ေနဆဲ။ မန္ဇူကစ္၊ ခီဒီရာ၊ ယာနစ္၊ ဟီဂြါအင္တုိ႔လို ကစားသမားဘ၀ အေကာင္းဆံုးအပုိင္းအျခားကို ေရာက္ရွိေနသူေတြ၊ ဒီဘားလား၊ ဒီခ်ီဂလီယိုတို႔လို တက္သစ္စၾကယ္ပြင့္ေတြ၊ ဂ်ဴဗင္တပ္စ္အတြက္ အေရးပါဆံုးက တုိက္ပြဲ၀င္စိတ္ဓာတ္ျပင္းထန္ျခင္းကို အသင္းအတြင္း ပ်ဳိးေထာင္ထားႏုိင္တာပဲ။ ၿပီးေတာ့ ဂ်ဴဗင္တပ္စ္နည္းျပ အယ္လီဂရီ၊ သူဟာ ေမာ္ရင္ဟို၊ ဂြါဒီယိုလာတို႔လို ေက်ာ္ၾကားစိန္ပြင့္မဟုတ္ေပမယ့္ ဂ်ဴဗင္တပ္စ္အတြက္ အဖိုးတန္ရတနာတစ္ပါးပဲ။ သူ႕ဆီမွာ နည္းဗ်ဴဟာ စြန္႔စားခန္းေတြကို ျမင္ရေလ့ရွိတယ္။ နည္းစနစ္ ေျပာင္းလဲမႈေတြကို ျမင္ရတယ္။ ဂ်ဴဗင္တပ္စ္ကို (၄-၂-၃-၁)၊ (၄-၃-၃) ကစားကြက္ေတြနဲ႔ အေကာင္းဆံုးပံုေဖာ္ေပးေနတယ္။

ရီးယဲလ္

ဇီဒန္းဟာ ကံေကာင္းတဲ့နည္းျပတစ္ဦး၊ ရီးယဲလ္ရဲ႕ ဂႏၳ၀င္နည္းျပေတြေတာင္ မပိုင္ဆုိင္ခဲ့ဖူးတဲ့ ႏွစ္ရာသီဆက္ ခ်န္ပီယံလိဂ္ေအာင္ပြဲကို သူ႕လက္ထက္မွာ ပုိင္ဆုိင္ခဲ့တယ္။ ဒီရာသီမွာဆုိ ဇီဒန္းဟာ ရီးယဲလ္နည္းျပရာထူးကို စြန္႔ခြာရေလာက္တဲ့အထိ ကံဇာတာက်ဆင္းခဲ့ပါတယ္။ ဒါေပမဲ့ PSG နဲ႔ ခ်န္ပီယံလိဂ္႐ႈံးထြက္ (၁၆)သင္းအဆင့္ဟာ ဇီဒန္းနဲ႔ ရီးယဲလ္အသင္းကို ကံၾကမၼာအသစ္ေတြ ေမြးဖြားေပးလုိက္တယ္။ ရီးယဲလ္ရဲ႕ မဟာသူရဲေကာင္း စီေရာ္နယ္လ္ဒိုက ခ်န္ပီယံလိဂ္ေရာက္ရင္ သြင္းဂိုးေတြျမဴးေလ့ရွိတဲ့အတုိင္း PSG နဲ႔ ပြဲမွာ ဂိုးေတြသြင္းခဲ့ျပန္တယ္။ ခ်န္ပီယံလိဂ္သမုိင္းမွာ အသင္းတစ္သင္းတည္းအတြက္ ဂိုးရာျပည့္သြင္းႏုိင္တဲ့ ပထမဆံုးကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဆို စီေရာ္နယ္လ္ဒိုရဲ႕ ကိုယ္ေရာင္ကိုယ္၀ါဟာ သြင္းဂိုးေတြနဲ႔ ရႊန္းစိုတတ္သလို၊ ေဘးလ္၊ ဘန္ဇီမာတို႔ကလည္း ပိုၿပီး႐ုန္းကန္တာမ်ဳိးေတြ႕ရတတ္တယ္။ ၿပီးေတာ့ ရီးယဲလ္လူငယ္အင္အားစုဟာ ခ်န္ပီယံလိဂ္မွာ သူတို႔တန္ဖိုးကို ေစ်းကြက္တင္ဖို႔ အၿမဲလိုလိုႀကိဳးစားေလ့ရွိတယ္။ အနီးစပ္ဆံုး PSG နဲ႔ပြဲမွာပဲၾကည့္၊ အဆန္စီယို၊ ဗက္ဇ္ကြက္ဇ္တို႔ဟာ ဇီဒန္းရဲ႕ အဖုိးတန္၀ွက္ဖဲေတြအျဖစ္ အသံုးေတာ္ခံခဲ့တယ္။ (၁၃)ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ေအာင္ပြဲကို ရီးယဲလ္ ေမွ်ာ္လင့္ေနပါတယ္။

ဘယ္အသင္းေနာက္တစ္ဆင့္ တက္မလဲ

၂၀၁၄-၁၅ ဗိုလ္လုပြဲဆင္ႏႊဲခဲ့ဖူးတဲ့ ကစားသမားေတြ ႏွစ္သင္းစလံုးမွာ ရွိေနတုန္းပဲ။ ဒီေတာ့ တစ္ေယာက္အထာကို တစ္ေယာက္ သိသင့္သေလာက္သိေနၾကလိမ့္မယ္။ ႏွစ္သင္းစလံုးမွာ ေအာင္ပြဲ DNA ဟာ ယဥ္ေက်းမႈတစ္ခုလို စြဲထင္ရွိေနတယ္။ ဒီအပိုင္းမွာ ကြာျခားမႈသိပ္မရွိဘူး။ ခံစစ္ခ်င္းယွဥ္ရင္ ဂ်ဴဗင္တပ္စ္က စီးရီးေအမွာ ပိုၿပီးတည္ၿငိမ္ေနတယ္။ ခ်န္ပီယံလိဂ္မွာ ေပးဂိုးေတြမ်ားေနတယ္။ ကြင္းလယ္သံုးေယာက္တန္းမွာ ဂ်ဴဗင္တပ္စ္ရဲ႕ ယာနစ္၊ ခီဒီရာ၊ မာတြီဒီတို႔ သံုးဦးထက္ တုိနီက႐ူးစ္၊ ကက္စ္မဲ႐ိုး၊ မိုဒရစ္တို႔က Creative သာတယ္။ Defensive မွာ ဂ်ဴဗင္တပ္စ္သာတယ္။ ပထမအေက်ာ့မွာ ယာနစ္ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ မပါ၀င္ႏုိင္တာ ဂ်ဴဗင္တပ္စ္အတြက္ နစ္နာတယ္။ ယာနစ္ေနရာ မာခီစီယုိအစား၀င္လာႏုိင္ၿပီး အေတြ႕အႀကံဳအရ အဖိုးတန္ေပမယ့္ ႀကံ့ခိုင္မႈနဲ႔ ပြဲကစားရမႈနည္းပါးတာက ျပႆနာျဖစ္လာႏုိင္တယ္။ ရီးယဲလ္ခံစစ္အစြန္လူေတြ တုိက္စစ္ကို အရမ္းလုိက္ပါမယ္ဆိုရင္ ေဒါက္ဂလပ္ေကာ္စတာ၊ ဒီဘားလားတုိ႔ကို တည္ကစားမယ့္ ဂ်ဴဗင္တပ္စ္ရဲ႕ ေတာင္ပံတုိက္စစ္ဒဏ္ကို ခံရလိမ့္မယ္။ တုိက္စစ္မွာေတာ့ ဂ်ဴဗင္တပ္စ္ဘက္ကို ဂိုးေတြသြင္းဖူးေနတဲ့ စီေရာ္နယ္လ္ဒုိကုိ ဂ်ဴဗင္တပ္စ္ ထိန္းခ်ဳပ္ဖို႔ ခက္ေနဦးမယ္။ ဒီလိုပဲ စပါးနဲ႔ ႐ႈံးထြက္(၁၆)သင္းအဆင့္ ႏွစ္ပြဲမွာ (၃)ဂိုးသြင္းထားႏုိင္တဲ့ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဟီဂြါအင္က အသင္းေဟာင္း ရီးယဲလ္ကို ဒုကၡေပးပါလိမ့္မယ္။ ပထမအေက်ာ့မွာ ဂ်ဴဗင္တပ္စ္ အေ၀းဂိုးမေပးရေအာင္ ကစားႏုိင္ခဲ့ရင္ အေျခအေနေကာင္းလိမ့္မယ္။ အစဥ္အလာအရဆိုရင္ ရီးယဲလ္ဟာ ဗိုလ္လုပြဲႏွစ္ပြဲမွာ ဂ်ဴဗင္တပ္စ္ကို အသည္းခဲြခဲ့ေပမယ့္ ႐ႈံးထြက္အဆင့္ပြဲေတြဆိုရင္ ဂ်ဴဗင္တပ္စ္က အသာစီးရထားပါတယ္။ ဂ်ဴဗင္တပ္စ္က ရီးယဲလ္ကို ၂၀၀၃ ဆီမီးဖုိင္နယ္၊ ၂၀၀၅ ႐ႈံးထြက္ (၁၆)သင္းအဆင့္၊ ၂၀၁၅ ဆီမီးဖုိင္နယ္ေတြမွာ ေက်ာ္ျဖတ္ျပဖူးတာပါပဲ။ အဲဒီအစဥ္အလာကို ဂ်ဴဗင္တပ္စ္ ဆက္ထိန္းမယ္ထင္ပါတယ္။

အျခားကြာတားဖုိင္နယ္ပြဲစဥ္ေတြကို ဆက္လက္သံုးသပ္ေပးသြားပါမယ္။ အားေပးၾကပါဦး၊ ၿပီးေတာ့ ဆီမီးဖုိင္နယ္ကို ဘယ္အသင္းတက္ေရာက္မလဲဆိုတာပါ ခန္႔မွန္းေပးပါဦး။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

Related Article

ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္ ျပကြက္မ်ားကို ႀကိဳတင္ခံစားျခင္း (၁)

[Unicode]

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပြကွက်များကို ကြိုတင်ခံစားခြင်း (၂)

ချန်ပီယံလိဂ်ပြိုင်ပွဲရေချိန် ပိုမြင့်မားလာပြီ။ ကွာတားဖိုင်နယ်မဲခွဲပြီးအပြီးမှာ ပရိသတ်တွေရဲ့ ရင်ခုန်သံဟာ ဆူညံနေပါပြီ။ သက်ဆိုင်ရာပရိသတ်အသီးသီးရဲ့ ကြိုတင်ခန့်မှန်းသံတွေဟာလည်း ပေါက်ကွဲထွက်နေတယ်။ Akhayar Sports လည်း ချန်ပီယံလိဂ်ရေစီးကြောင်းထဲ မျောပါမိပါတယ်။ ဆီမီးဖိုင်နယ်လက်မှတ်ကို ဘယ်အသင်းတွေရယူသွားမလဲဆိုတာ ခန့်မှန်းရင်ခုန်မိတယ်။ ပရိသတ်တွေရဲ့ အမြင်ကိုလည်း ပြောခဲ့ပါဦး။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပြကွက်များကို ကြိုတင်ခံစားခြင်းအပိုင်း (၁)မှာ လီဗာပူးလ်နဲ့ မန်စီးတီးကွတားဖိုင်နယ်ပွဲစဉ်အကြောင်း သုံးသပ်တင်ဆက်ခဲ့ပါတယ်။ အပိုင်း (၂)မှာ ဂျူဗင်တပ်စ်နဲ့ ရီးယဲလ်အသင်းပွဲစဉ်အကြောင်း ခန့်မှန်းသွားပါမယ်။ သူတို့နှစ်သင်းက နောက်ပိုင်းနှစ်တွေအတွင်း ချန်ပီယံလိဂ်မှာ ရေစက်ဆုံလွန်းတယ်။ ၂၀၁၃-၁၄ အုပ်စုအဆင့်၊ ၂၀၁၄-၁၅ ဆီမီးဖိုင်နယ်နဲ့ ၂၀၁၆-၁၇ ဗိုလ်လုပွဲတွေမှာ ဆုံခဲ့ဖူးတယ်။ ဒီတစ်ခါဆုံတွေ့မှုဟာ ငါးနှစ်အတွင်း လေးကြိမ်မြောက်ဆုံတွေ့မှုပဲ။ ၂၀၁၆-၁၇ ဘောလုံးရာသီ ဗိုလ်လုပွဲတုန်းက ဂိုးပြတ်အရှုံးဟာ ဂျူဗင်တပ်စ်ကို နာကျင်စေလိမ့်မယ်။ ဒီလိုပဲ ပြီးခဲ့တဲ့လေးရာသီအတွင်းမှာ ရီးယဲလ်ကို ရှုံးထွက်အဆင့်ကနေ ထွက်ခွာသွားအောင်လုပ်ပြနိုင်တဲ့ တစ်သင်းတည်းသောအသင်းဆိုတဲ့ ဂုဏ်ပုဒ်က ဂျူဗင်တပ်စ်ကို စိတ်ဓာတ်မြှင့်တင်ပေးလိမ့်မယ်။ အစဉ်အလာအရ ရီးယဲလ်ဟာ ဂျူဗင်တပ်စ်ကို အသာစီးရပြီးသား၊ ဂျူဗင်တပ်စ်ရဲ့ ချန်ပီယံလိဂ်အိပ်မက်တွေကို အမြဲလိုလို ဖျက်ဆီးနိုင်ခဲ့တယ်။ ၂၀၁၆-၁၇ ဗိုလ်လုပွဲမတိုင်မီ အနှစ်(၂၀)တိတိမှာ ရီးယဲလ်ဟာ ဂျူဗင်တပ်စ်ကို ဗိုလ်လုပွဲမှာ အနိုင်ယူပြီး အသည်းခွဲခဲ့ဖူးတယ်။ ဒီတော့ ဂျူဗင်တပ်စ်ရဲ့ အသည်းကို ခဏခဏခွဲခဲ့တဲ့ ရီးယဲလ် ဒီတစ်ခါရော ဘယ်လိုလဲ။

ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ရဲ့ ချန်ပီယံလိဂ်ခရီးလမ်းဟာ အပျံစားမဟုတ်ဘူး။ အုပ်စုအဆင့်မှာ ဘာစီလိုနာလိုအသင်းနဲ့အတူ ကျရောက်ခဲ့တယ်။ သူတို့မှာ ဘာစီလိုနာကို ဒုက္ခပေးနိုင်တဲ့ ကွာလတီမရှိခဲ့ဘူး။ ဒါပေမဲ့ ဂျူဗင်တပ်စ်ဟာ ဖြေးဖြေး မှန်မှန်ရွေ့ခဲ့တယ်။ အုပ်စုအဆင့်မှာ ဂျူဗင်တပ်စ်ရဲ့ တိုက်စစ်ကြယ်ပွင့် ဒီဘားလားနဲ့ ဟီဂွါအင်ရဲ့ သွင်းဂိုးတွေ မစိုပြေခဲ့ဘူး။ ဒီဘားလားက အုပ်စုအဆင့်မှာ တစ်ဂိုးမှမသွင်းနိုင်ခဲ့ဘူး။ ဟီဂွါအင်က နှစ်ဂိုးပဲသွင်းနိုင်ခဲ့တယ်။ ခံစစ်မှာလည်း ဒဏ်ရာမိုးရေတွေ စိုစွတ်ခဲ့လို့ တည်ငြိမ်ခြင်းရေပြင်ဟာ အမြဲလိုလို စိုးရိမ်ရေမှတ်ရောက်နေတယ်။ သူတို့ရဲ့ ကောင်းမွန်ခြင်းဟာ စဉ်ဆက်မပြတ်တည်ဆောက်ထားနိုင်မှုနဲ့ အသင်းလိုက်ဟန်ချက်ပါပဲ။ ဒီအချက်တွေနဲ့ ဂျူဗင်တပ်စ်ဟာ အုပ်စုအဆင့်ကို ကျော်ဖြတ်ခဲ့တယ်။ စပါးကို ရှုံးထွက်(၁၆)သင်းအဆင့်မှာ ချန်ထားခဲ့တယ်။ တကယ်ဆို ပထမအကျော့မှာ အဝေးဂိုး(၂)ဂိုးပေးခဲ့ရလို့ ဂျူဗင်တပ်စ် ရေတိမ်နစ်ပြီလို့ တွေးထားခဲ့တာ၊ ဒါပေမဲ့ စပါးရဲ့ အိမ်ကွင်းဝင်ဘလေမှာ ဂျူဗင်တပ်စ် အောင်ပွဲယူ၊ သူတို့ရဲ့ ဂုဏ်သိက္ခာကို ဆက်လက်တည်ထောင်နိုင်ခဲ့ပါတယ်။ ဂိုးသမား ဘူဖွန်၊ နောက်ခံလူ ချီလီနီ၊ ဘာဇာဂလီတို့ဟာ ဂျူဗင်တပ်စ်အတွက် နှစ်ချို့ဝိုင်တွေလို အဖိုးတန်နေဆဲ။ မန်ဇူကစ်၊ ခီဒီရာ၊ ယာနစ်၊ ဟီဂွါအင်တို့လို ကစားသမားဘ၀ အကောင်းဆုံးအပိုင်းအခြားကို ရောက်ရှိနေသူတွေ၊ ဒီဘားလား၊ ဒီချီဂလီယိုတို့လို တက်သစ်စကြယ်ပွင့်တွေ၊ ဂျူဗင်တပ်စ်အတွက် အရေးပါဆုံးက တိုက်ပွဲဝင်စိတ်ဓာတ်ပြင်းထန်ခြင်းကို အသင်းအတွင်း ပျိုးထောင်ထားနိုင်တာပဲ။ ပြီးတော့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ၊ သူဟာ မော်ရင်ဟို၊ ဂွါဒီယိုလာတို့လို ကျော်ကြားစိန်ပွင့်မဟုတ်ပေမယ့် ဂျူဗင်တပ်စ်အတွက် အဖိုးတန်ရတနာတစ်ပါးပဲ။ သူ့ဆီမှာ နည်းဗျူဟာ စွန့်စားခန်းတွေကို မြင်ရလေ့ရှိတယ်။ နည်းစနစ် ပြောင်းလဲမှုတွေကို မြင်ရတယ်။ ဂျူဗင်တပ်စ်ကို (၄-၂-၃-၁)၊ (၄-၃-၃) ကစားကွက်တွေနဲ့ အကောင်းဆုံးပုံဖော်ပေးနေတယ်။

ရီးယဲလ်

ဇီဒန်းဟာ ကံကောင်းတဲ့နည်းပြတစ်ဦး၊ ရီးယဲလ်ရဲ့ ဂန္ထဝင်နည်းပြတွေတောင် မပိုင်ဆိုင်ခဲ့ဖူးတဲ့ နှစ်ရာသီဆက် ချန်ပီယံလိဂ်အောင်ပွဲကို သူ့လက်ထက်မှာ ပိုင်ဆိုင်ခဲ့တယ်။ ဒီရာသီမှာဆို ဇီဒန်းဟာ ရီးယဲလ်နည်းပြရာထူးကို စွန့်ခွာရလောက်တဲ့အထိ ကံဇာတာကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ PSG နဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ဟာ ဇီဒန်းနဲ့ ရီးယဲလ်အသင်းကို ကံကြမ္မာအသစ်တွေ မွေးဖွားပေးလိုက်တယ်။ ရီးယဲလ်ရဲ့ မဟာသူရဲကောင်း စီရော်နယ်လ်ဒိုက ချန်ပီယံလိဂ်ရောက်ရင် သွင်းဂိုးတွေမြူးလေ့ရှိတဲ့အတိုင်း PSG နဲ့ ပွဲမှာ ဂိုးတွေသွင်းခဲ့ပြန်တယ်။ ချန်ပီယံလိဂ်သမိုင်းမှာ အသင်းတစ်သင်းတည်းအတွက် ဂိုးရာပြည့်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဆို စီရော်နယ်လ်ဒိုရဲ့ ကိုယ်ရောင်ကိုယ်ဝါဟာ သွင်းဂိုးတွေနဲ့ ရွှန်းစိုတတ်သလို၊ ဘေးလ်၊ ဘန်ဇီမာတို့ကလည်း ပိုပြီးရုန်းကန်တာမျိုးတွေ့ရတတ်တယ်။ ပြီးတော့ ရီးယဲလ်လူငယ်အင်အားစုဟာ ချန်ပီယံလိဂ်မှာ သူတို့တန်ဖိုးကို ဈေးကွက်တင်ဖို့ အမြဲလိုလိုကြိုးစားလေ့ရှိတယ်။ အနီးစပ်ဆုံး PSG နဲ့ပွဲမှာပဲကြည့်၊ အဆန်စီယို၊ ဗက်ဇ်ကွက်ဇ်တို့ဟာ ဇီဒန်းရဲ့ အဖိုးတန်ဝှက်ဖဲတွေအဖြစ် အသုံးတော်ခံခဲ့တယ်။ (၁၃)ကြိမ်မြောက် ချန်ပီယံလိဂ်အောင်ပွဲကို ရီးယဲလ် မျှော်လင့်နေပါတယ်။

ဘယ်အသင်းနောက်တစ်ဆင့် တက်မလဲ

၂၀၁၄-၁၅ ဗိုလ်လုပွဲဆင်နွှဲခဲ့ဖူးတဲ့ ကစားသမားတွေ နှစ်သင်းစလုံးမှာ ရှိနေတုန်းပဲ။ ဒီတော့ တစ်ယောက်အထာကို တစ်ယောက် သိသင့်သလောက်သိနေကြလိမ့်မယ်။ နှစ်သင်းစလုံးမှာ အောင်ပွဲ DNA ဟာ ယဉ်ကျေးမှုတစ်ခုလို စွဲထင်ရှိနေတယ်။ ဒီအပိုင်းမှာ ကွာခြားမှုသိပ်မရှိဘူး။ ခံစစ်ချင်းယှဉ်ရင် ဂျူဗင်တပ်စ်က စီးရီးအေမှာ ပိုပြီးတည်ငြိမ်နေတယ်။ ချန်ပီယံလိဂ်မှာ ပေးဂိုးတွေများနေတယ်။ ကွင်းလယ်သုံးယောက်တန်းမှာ ဂျူဗင်တပ်စ်ရဲ့ ယာနစ်၊ ခီဒီရာ၊ မာတွီဒီတို့ သုံးဦးထက် တိုနီကရူးစ်၊ ကက်စ်မဲရိုး၊ မိုဒရစ်တို့က Creative သာတယ်။ Defensive မှာ ဂျူဗင်တပ်စ်သာတယ်။ ပထမအကျော့မှာ ယာနစ် ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်တာ ဂျူဗင်တပ်စ်အတွက် နစ်နာတယ်။ ယာနစ်နေရာ မာခီစီယိုအစားဝင်လာနိုင်ပြီး အတွေ့အကြုံအရ အဖိုးတန်ပေမယ့် ကြံ့ခိုင်မှုနဲ့ ပွဲကစားရမှုနည်းပါးတာက ပြဿနာဖြစ်လာနိုင်တယ်။ ရီးယဲလ်ခံစစ်အစွန်လူတွေ တိုက်စစ်ကို အရမ်းလိုက်ပါမယ်ဆိုရင် ဒေါက်ဂလပ်ကော်စတာ၊ ဒီဘားလားတို့ကို တည်ကစားမယ့် ဂျူဗင်တပ်စ်ရဲ့ တောင်ပံတိုက်စစ်ဒဏ်ကို ခံရလိမ့်မယ်။ တိုက်စစ်မှာတော့ ဂျူဗင်တပ်စ်ဘက်ကို ဂိုးတွေသွင်းဖူးနေတဲ့ စီရော်နယ်လ်ဒိုကို ဂျူဗင်တပ်စ် ထိန်းချုပ်ဖို့ ခက်နေဦးမယ်။ ဒီလိုပဲ စပါးနဲ့ ရှုံးထွက်(၁၆)သင်းအဆင့် နှစ်ပွဲမှာ (၃)ဂိုးသွင်းထားနိုင်တဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဟီဂွါအင်က အသင်းဟောင်း ရီးယဲလ်ကို ဒုက္ခပေးပါလိမ့်မယ်။ ပထမအကျော့မှာ ဂျူဗင်တပ်စ် အဝေးဂိုးမပေးရအောင် ကစားနိုင်ခဲ့ရင် အခြေအနေကောင်းလိမ့်မယ်။ အစဉ်အလာအရဆိုရင် ရီးယဲလ်ဟာ ဗိုလ်လုပွဲနှစ်ပွဲမှာ ဂျူဗင်တပ်စ်ကို အသည်းခွဲခဲ့ပေမယ့် ရှုံးထွက်အဆင့်ပွဲတွေဆိုရင် ဂျူဗင်တပ်စ်က အသာစီးရထားပါတယ်။ ဂျူဗင်တပ်စ်က ရီးယဲလ်ကို ၂၀၀၃ ဆီမီးဖိုင်နယ်၊ ၂၀၀၅ ရှုံးထွက် (၁၆)သင်းအဆင့်၊ ၂၀၁၅ ဆီမီးဖိုင်နယ်တွေမှာ ကျော်ဖြတ်ပြဖူးတာပါပဲ။ အဲဒီအစဉ်အလာကို ဂျူဗင်တပ်စ် ဆက်ထိန်းမယ်ထင်ပါတယ်။

အခြားကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဆက်လက်သုံးသပ်ပေးသွားပါမယ်။ အားပေးကြပါဦး၊ ပြီးတော့ ဆီမီးဖိုင်နယ်ကို ဘယ်အသင်းတက်ရောက်မလဲဆိုတာပါ ခန့်မှန်းပေးပါဦး။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

Related Article

ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္ ျပကြက္မ်ားကို ႀကိဳတင္ခံစားျခင္း (၁)