ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယနေ့ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ လီဗာပူးလ်အသင်းတို့ ဒီနေ့ည (မြန်မာစံတော်ချိန် ကြာသပတေးမနက် ၁း၃၀)အချိန်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းဖြစ်ပြီး လီဗာပူးလ်အသင်းကလည်း ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိတာကြောင့် ပွဲက အကြိတ်အနယ်ရှိလာမှာပါ။ ဒါပေမဲ့ လီဗာပူးလ်အသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဖေမီနို Roberto Firmino ဒဏ်ရာပြဿနာရှိနေတဲ့အပြင် ကွင်းလယ်လူ ဖာဘင်ဟို Fabinho ကလည်း ဒဏ်ရာနဲ့ရင်ဆိုင်နေရလို့ အားလျော့နိုင်ပါတယ်။ အထူးသဖြင် ဖာဘင်ဟိုဟာ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူးမက်ဆီ Lionel Messi ကို ထိန်းချုပ်ရမယ့်သူဖြစ်တာကြောင့် သူမပါနိုင်ရင် လီဗာပူးလ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါလိမ့်မယ်။

ဘာစီလိုနာအသင်းကတော့ လာလီဂါမှာ ဗိုလ်စွဲခဲ့ပြီး စပိန်ဘုရင့်ဖလားမှာလည်း ဗိုလ်လုပွဲတက်ရောက်ထားတာကြောင့် ဖလား(၃)လုံးလမ်းကြောင်းပေါ်မှာ ရှိနေပါပြီ။ ကစားသမားစုဖွဲ့မှုချင်းယှဉ်ရင် ဘာစီလိုနာအသင်းက လီဗာပူးလ်ထက် ခေါင်းတစ်လုံး ပိုမြင့်ပါတယ်။ အိမ်ကွင်းလည်းဖြစ်နေတာကြောင့် အနိုင်ရဖို့အတွက် အသေအချာပြင်ဆင်လာမှာပါ။ ဒါပေမဲ့ စဉ်းစားရမယ့်အချက်က နူးကမ့်မှာ ဘာစီလိုနာ လီဗာပူးလ်ကို တစ်ခါမှ အနိုင်မရခဲ့တာပါပဲ။ သမိုင်းတစ်လျှောက် နူးကမ့်ကွင်းမှာ လီဗာပူးလ်နဲ့ (၄)ကြိမ်ဆုံတွေ့ခဲ့ပြီး နှစ်ပွဲရှုံး၊ နှစ်ပွဲသရေကျခဲ့တယ်။ လီဗာပူးလ်အသင်းရဲ့ လက်ရှိခြေစွမ်းအရလည်း ဘာစီလိုနာအတွက် အခက်အခဲဖြစ်လာမှာပါ။ ဆာလာ Salah ၊ မာနေး Mane တို့ရဲ့ တောင်ပံတိုက်စစ်တွေက တိုက်စစ်ကို အလွန်အကျွံလိုက်လေ့ရှိတဲ့ ဘာစီလိုနာအသင်းရဲ့ Fullbacks တွေကြောင့် လီဗာပူးလ်အသင်းအတွက် အခွင့်အရေးဖြစ်စေပါတယ်။ အဲဒီလိုပဲ လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်လမ်းကြောင်းက Fullback တွေဖြစ်တဲ့ ရော်ဘတ်ဆန် Robertson ၊ အာနိုးလ် Alexander-Arnold တို့ဆီက စတင်တာဖြစ်လို့ မက်ဆီ Lionel Messi ၊ ကော်တင်ဟို Philippe Coutinho ၊ ဒမ်ဘီလီ Dembélé တို့က အကေင်းဆုံးအသုံးချသွားမှာပါ။ ဘာစီလိုနာရဲ့ လက်ရှိခြေစွမ်းအရ အိမ်ကွင်းမှာရလဒ်ကောင်းဖို့ များပေမယ့် အဝေးဂိုးတော့ ပေးရမယ်လို့ထင်တယ်။ ဘာစီလိုနာအနိုင်ရဖို့ များပြီး (၂-၁)ဂိုးဆိုတဲ့ ရလဒ်ကို ပိုကြိုက်မိပါတယ်။

Photo:Trome,Liverpool Echo
Naing Linn(Akhayar)
www.akhayar.com