[Zawgyi]

အိမ္ရွင္အသင္း အမ်ားစု ရလဒ္ေကာင္းခဲ့တဲ့ ခ်န္ပီယံလိဂ္ အဂၤါေန႔ပဲြစဥ္မ်ား

ခ်န္ပီယံလိဂ္ အုပ္စုပဲြစဥ္ (၄) အဂၤါေန႔ပဲြေတြမွာေတာ့ အိမ္ရွင္အသင္းအမ်ားစု ရလဒ္ေကာင္းရယူႏုိင္ခဲ့ၾကပါတယ္။ အံ့အားသင့္စရာေကာင္းတာက ပရီးမီးယားလိဂ္မွာ ေျခမွန္ေနတဲ့ လီဗာပူးလ္ အေ၀းကြင္းမွာ ဇီဗက္ဒါကုိ ႐ႈံးနိမ့္ခဲ့တာပါပဲ။ ပဲြေကာငး္ေတြျဖစ္တ့ဲ အင္တာမီလန္-ဘာစီလုိနာ၊ နာပုိလီ-PSG တို႔ပဲြမွာေတာ့ အႏုိင္အ႐ႈံးအေျဖ မေပၚဘဲ သေရနဲ႔ပဲြၿပီးခဲ့ပါတယ္။

အင္တာမီလန္ ၁-၁ ဘာစီလုိနာ

Icardi

Icardi

အင္တာမီလန္အသင္းကေတာ့ အီကာဒီ Icardi ရဲ႕ ေနာက္က်ေခ်ပဂုိးေၾကာင့္ သေရတစ္မွတ္ရခဲ့ၿပီး ေနာက္တစ္ဆင့္တက္ဖုိ႔ အေျခအေနေကာင္းတစ္ခုကုိ ပုိင္ဆုိင္ခဲ့တယ္။ ပထမအေက်ာ႔က ႐ႈံးနိမ့္ခဲ့တာေၾကာင့္ အင္တာမီလန္အသင္းဟာ ႐ႈံးေၾကြးဆပ္ဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ အခြင့္အေရးေတြကုိ အသုံးမခ်ႏုိင္ခဲ့ဘူး။ ဘာစီလုိနာအသင္းကလည္း ေဘာလုံးပုိင္ဆုိင္မႈအသာ၊ ဂုိးကန္သြင္းမႈအသာနဲ႔ အင္တာမီလန္ဘက္ကုိ ထုိးေဖာက္ကစားခဲ့ၿပီး ဂုိးေပါက္တည့္မႈက (၉)ႀကိမ္အထိရွိခ့ဲတယ္။ ဘာစီလုိနာအသင္းအတြက္ အဖြင့္ဂုိးကုိ မယ္လ္ကြန္ Malcom က (၈၃)မိနစ္မွာ သြင္းယူခဲ့ၿပီး (၄)မိနစ္အၾကာမွာပဲ အင္တာမီလန္အသင္း တိုက္စစ္မွဴး အီကာဒီက ေခ်ပဂုိး သြင္းယူခဲ့တယ္။

နာပုိလီ ၁-၁ PSG

Napoli-vs-PSG

Napoli-vs-PSG

ပထမအေက်ာ႔တုန္းက သေရက်ခဲ့တဲ့ ဒီႏွစ္သင္း အခုတစ္ႀကိမ္မွာလည္း သေရနဲ႔သာ ပဲြၿပီးဆုံးခဲ့တယ္။ တစ္ဖက္မွာ လီဗာပူးလ္အသင္းက ႐ႈံးပဲြႀကံဳေတြ႕ခဲ့လုိ႔ PSG အသင္းအတြက္ သက္သာရာရခဲ့ၿပီး အုပ္စုတက္ဖုိ႔ ေမွ်ာ္လင့္ခ်က္ ဆက္ရွိေနတာပါ။ PSG အသင္းအတြက္ ဘားနက္ Bernat က ဂုိးသြင္းခဲ့ေပမယ့္ နာပုိလီအသင္းက အင္ဆစ္ဂ္နီ Insigne က ပယ္နယ္တီကေန ေခ်ပဂုိး ျပန္သြင္းခဲ့တယ္။ ဒီအုပ္စုမွာ နာပုိလီနဲ႔ လီဗာပူးလ္က (၆)မွတ္စီ၊ PSG အသင္းက (၅)မွတ္၊ ဇီဗက္ဒါက (၄)မွတ္ျဖစ္ေနလုိ႔ အႀကိတ္အနယ္ရွိလာပါၿပီ။

Monaco 0 – 4 Club Brugge
Atletico Madrid 2 – 0 Borussia Dortmund
Inter 1 – 1 Barcelona
Tottenham Hotspur 2 – 1 PSV Eindhoven
FK Crvena Zvezda 2 – 0 Liverpool
Napoli 1 – 1 Paris Saint Germain
FC Porto 4 – 1 Lokomotiv Moscow
Schalke 04 2 – 0 Galatasaray

Photo:Napoli Twitter,Inter Milan Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အိမ်ရှင်အသင်း အများစု ရလဒ်ကောင်းခဲ့တဲ့ ချန်ပီယံလိဂ် အင်္ဂါနေ့ပွဲစဉ်များ

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၄) အင်္ဂါနေ့ပွဲတွေမှာတော့ အိမ်ရှင်အသင်းအများစု ရလဒ်ကောင်းရယူနိုင်ခဲ့ကြပါတယ်။ အံ့အားသင့်စရာကောင်းတာက ပရီးမီးယားလိဂ်မှာ ခြေမှန်နေတဲ့ လီဗာပူးလ် အဝေးကွင်းမှာ ဇီဗက်ဒါကို ရှုံးနိမ့်ခဲ့တာပါပဲ။ ပွဲကောင်းတွေဖြစ်တဲ့ အင်တာမီလန်-ဘာစီလိုနာ၊ နာပိုလီ-PSG တို့ပွဲမှာတော့ အနိုင်အရှုံးအဖြေ မပေါ်ဘဲ သရေနဲ့ပွဲပြီးခဲ့ပါတယ်။

အင်တာမီလန် ၁-၁ ဘာစီလိုနာ

Icardi

Icardi

အင်တာမီလန်အသင်းကတော့ အီကာဒီ Icardi ရဲ့ နောက်ကျချေပဂိုးကြောင့် သရေတစ်မှတ်ရခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်။ ပထမအကျော့က ရှုံးနိမ့်ခဲ့တာကြောင့် အင်တာမီလန်အသင်းဟာ ရှုံးကြွေးဆပ်ဖို့ ကြိုးစားခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘူး။ ဘာစီလိုနာအသင်းကလည်း ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းမှုအသာနဲ့ အင်တာမီလန်ဘက်ကို ထိုးဖောက်ကစားခဲ့ပြီး ဂိုးပေါက်တည့်မှုက (၉)ကြိမ်အထိရှိခဲ့တယ်။ ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကို မယ်လ်ကွန် Malcom က (၈၃)မိနစ်မှာ သွင်းယူခဲ့ပြီး (၄)မိနစ်အကြာမှာပဲ အင်တာမီလန်အသင်း တိုက်စစ်မှူး အီကာဒီက ချေပဂိုး သွင်းယူခဲ့တယ်။

နာပိုလီ ၁-၁ PSG

Napoli-vs-PSG

Napoli-vs-PSG

ပထမအကျော့တုန်းက သရေကျခဲ့တဲ့ ဒီနှစ်သင်း အခုတစ်ကြိမ်မှာလည်း သရေနဲ့သာ ပွဲပြီးဆုံးခဲ့တယ်။ တစ်ဖက်မှာ လီဗာပူးလ်အသင်းက ရှုံးပွဲကြုံတွေ့ခဲ့လို့ PSG အသင်းအတွက် သက်သာရာရခဲ့ပြီး အုပ်စုတက်ဖို့ မျှော်လင့်ချက် ဆက်ရှိနေတာပါ။ PSG အသင်းအတွက် ဘားနက် Bernat က ဂိုးသွင်းခဲ့ပေမယ့် နာပိုလီအသင်းက အင်ဆစ်ဂ်နီ Insigne က ပယ်နယ်တီကနေ ချေပဂိုး ပြန်သွင်းခဲ့တယ်။ ဒီအုပ်စုမှာ နာပိုလီနဲ့ လီဗာပူးလ်က (၆)မှတ်စီ၊ PSG အသင်းက (၅)မှတ်၊ ဇီဗက်ဒါက (၄)မှတ်ဖြစ်နေလို့ အကြိတ်အနယ်ရှိလာပါပြီ။

Monaco 0 – 4 Club Brugge
Atletico Madrid 2 – 0 Borussia Dortmund
Inter 1 – 1 Barcelona
Tottenham Hotspur 2 – 1 PSV Eindhoven
FK Crvena Zvezda 2 – 0 Liverpool
Napoli 1 – 1 Paris Saint Germain
FC Porto 4 – 1 Lokomotiv Moscow
Schalke 04 2 – 0 Galatasaray

Photo:Napoli Twitter,Inter Milan Twitter
Naing Linn(Akhayar)
www.akhayar.com