ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွေအဖြစ် ဂျူဗင်တပ်စ်-အေဂျက်စ်၊ ဘာစီလိုနာ-မန်ယူတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အေဂျက်စ်အသင်းက ပထမအကျော့ အိမ်ကွင်းပွဲမှာ (၁)ဂိုးစီသရေကျခဲ့ပြီး မန်ယူကတော့ အိမ်ကွင်းမှာပဲ ရှုံးနိမ့်ခဲ့တာကြောင့် အခုဒုတိယအကျော့ပွဲတွေမှာ မထင်မှတ်တာတွေ လုပ်ပြနိုင်ဦးမလားဆိုတာ . . . .

ဂျူဗင်တပ်စ် – အေဂျက်စ် (ဗုဒ္ဓဟူး မနက် ၁း၃၀)

ပထမအကျော့တုန်းက စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ ဂိုးကြောင့် အဖိုးတန်အဝေးဂိုးရရှိခဲ့တာဟာ ဂျူဗင်တပ်စ်အတွက် အားသာချက်တစ်ခုလို့ပြောရမယ်။ ဒါပေမဲ့ အေဂျက်စ်က ရီးယဲလ်နဲ့ပွဲတုန်းကလည်း အိမ်ကွင်းမှာ ရှုံးပြီးမှ ဘာနေဗျူးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တာကိုတော့ သတိပြုရမယ်။ ဂျူဗင်တပ်စ်မှာ ချန်ပီယံလိဂ်အတွေ့အကြုံရင့် ကစားသမားတွေများပြီး ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ စီရော်နယ်လ်ဒို၊ ဒီဘားလား Dybala တို့လို ကစားသမားတွေရှိနေတယ်။ အေဂျက်စ်မှာလည်း အရည်အသွေင်းမြင့် လူငယ်ကစားသမားတွေရှိတာကြောင့် ဂျူဗင်တပ်စ် ပေါ့ဆလို့တော့မရဘူး။ သွင်းဂိုးနည်းမယ့်ပွဲဖြစ်လာနိုင်သလို ဂျူဗင်တပ်စ် (၁-၀)ဂိုးလောက်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်သွားပါလိမ့်မယ်။

ဘာစီလိုနာ – မန်ယူ (ဗုဒ္ဓဟူး မနက် ၁း၃၀)

ဒီပွဲမှာ ပရိသတ်တွေ စိတ်ဝင်စားနေကြတာက မန်ယူအသင်း PSG နဲ့ပွဲတုန်းကလို မထင်မှတ်တာတွေလုပ်ပြနိုင်ဦးမလားဆိုတာပါပဲ။ ဒါပေမဲ့ အမှန်အတိုင်းသုံးသပ်ကြည့်ရင်တော့ ဘာစီလိုနာနဲ့ PSG တို့ရဲ့ အနေအထားချင်းက မတူပါဘူး။ လက်ရှိ မန်ယူအသင်းရဲ့ခြေစွမ်းပိုင်း၊ စိတ်ဓာတ်ပိုင်းကလည်း အရင်လိုမဟုတ်တော့တာကြောင့် နူးကမ့်မှာ မဖြစ်နိုင်တာတွေလုပ်ပြနိုင်ဖို့ဆိုတာ သံသယဖြစ်စရာပါပဲ။ အခွင့်အရေးတွေကို အသုံးချနိုင်မှုမှာ ဘာစီလိုနာက ပိုသာပါတယ်။ မန်ယူအတွက် အမြင့်ဆုံးမျှော်လင့်ချက်က သရေသာဖြစ်ပြီး ဘာစီလိုနာပဲ နောက်တစ်ဆင့်တက်သွားပါလိမ့်မယ်။

Photo:Naija News
Naing Linn(Akhayar)
www.akhayar.com