ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲတွေအဖြစ် ဗုဒ္ဓဟူးည(မြန်မာစံတော်ချိန် မနက်၁း၃၀)မှာ ပေါ်တို-လီဗာပူးလ်၊ မန်စီးတီး-စပါးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒီပွဲတွေနဲ့ပတ်သက်ပြီး Akhayar Sports နဲ့အတူ ပူးပေါင်းကူညီတင်ဆက်ပေးနေတဲ့ နာမည်ကျော် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ကိုခင်မောင်ထွန်းက သုံးသပ်ခန့်မှန်းထားပါတယ်။ ကိုခင်မောင်ထွန်း ဘယ်လိုမျိုးခန့်မှန်းထားလဲဆိုတာ ကြည့်လိုက်ရအောင် . . .

ပေါ်တို – လီဗာပူးလ် (ကြာသပတေး မနက် ၁း၃၀)

“ပွဲကောင်းတစ်ပွဲလို့တော့ ကြည့်လာရမယ်လို့ ထင်ပေမယ့် တကယ့်တကယ်တမ်းကျတော့ လီဗာပူးလ်အတွက်ပဲ ဖြစ်လာမယ်လို့ မြင်တယ်။ မထင်မှတ်ဘဲနဲ့ ဂိုးများတတွေ ဖြစ်လာမလားပေါ့။ တကယ့်တကယ် ခန့်မှန်းရမယ်ဆိုရင်လည်း လီဗာပူးလ်အနေနဲ့ သရေ လောက်ဖြစ်မလား၊ နိုင်မယ်ဆိုရင်လည်း ဂိုးအရမ်းမများဘဲနဲ့ (၂-၁)လောက်နဲ့နိုင်မယ်လို့တော့ ခန့်မှန်းမိတယ်”

မန်စီးတီး – စပါး (ကြာသပတေး မနက် ၁း၃၀)

“ဒုတိယအကျော့ မန်စီးတီးကွင်းမှာကစားမယ့် ဒီပွဲဟာ ပွဲကောင်းတစ်ပွဲတော့ဖြစ်လာလိမ့်မယ်။ ဒီနှစ်သင်းကြားမှာ ကြီးမားတဲ့ Gap တော့ မရှိဘူး။ ဒီပွဲဟာ နည်းဗျူဟာပိုင်းမှာ နည်းပြနှစ်ယောက် စကားပြောမယ့်ပွဲ၊ တစ်ယောက် တိုက်စစ်ကို ဘယ်လိုဖွင့်ကစားမလဲ ဒါမှမဟုတ် ဒီအတိုင်းပဲဆက်ကစားမလား၊ တစ်ယောက်ကကျတော့လည်း Counter နဲ့ချောင်းပြီး ကစားမလား၊ Defence ကို လုံပြီးတော့ ပိတ်ကစားမလားဆိုတာအဖြေဟာ ပွဲထွက်လာတဲ့ပေါ်မှာ မူတည်မှာပေါ့။ ဒီပွဲရဲ့အဖြေကို ပြောမယ်ဆိုရင်တော့ မန်စီးတီးကိုပဲ သဘောကျတယ်။ (၃-၁)၊ (၂-၀)ရလဒ်တွေနဲ့ မန်စီးတီးကိုပဲ ရွေးချယ်ချင်တယ်။

Naing Linn(Akhayar)
www.akhayar.com