[Zawgyi]

ၾကယ္မ်ားရဲ႕ စီးခ်င္းတိုက္ပြဲ

ရီးယဲလ္အသင္းကို ၾကယ္စင္စုအသင္းလုိ႔ တင္စားၾကတယ္။ ရီးယဲလ္အသင္းဥကၠ႒ ပီရက္ဇ္ (Perez)ရဲ႕ စံခ်ိန္တင္ေငြေၾကးသုံုးစြဲမႈေတြနဲ႔အတူ ကမၻာေက်ာ္ၾကယ္ပြင့္ကစားသမားေတြ စု႐ံုးကစားေလ့ရွိလို႔ ၾကယ္စင္စုအသင္းလို႔ တင္စားၾကတာပါပဲ။ ဒါေပမဲ့ ေမာ္ဒန္ေဘာလံုးေလာကမွာ ရီးယဲလ္ရဲ႕ ေပၚလစီအတုိင္း ေငြသံုးၿပီးအသင္းကိုတည္ေဆာက္တာေတြမ်ားလားခ်ိ္န္မွာ ၾကယ္စင္စုဆိုတဲ့စကားလံုးက ရီးယဲလ္တစ္သင္းတည္းကို ကိုယ္စားမျပဳေတာ့ပါဘူး။ လက္ရွိအခ်ိန္မွာ ရီးယဲလ္လိုမ်ဳိး ၾကယ္ပြင့္ကစားသမားေတြကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပးၿပီး ေခၚယူေနတဲ့အသင္းတစ္သင္းရွိပါတယ္။ PSG အသင္းပါပဲ။ ဥေရာပရဲ႕ အလားအလာအရွိဆံုး လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ေနမာ (Neymar) နဲ႔ ဘာေပ (Bappe) တို႔ကုိ စံခ်ိန္တင္ေၾကးေတြနဲ႔ ေခၚယူထားတာပါပဲ။ တုိက္တုိက္ဆုိင္ဆုိင္ဆိုသလို ခ်န္ပီယံလိဂ္႐ႈံးထြက္ (၁၆)သင္းအဆင့္မွာ ၾကယ္စင္စုကုိယ္စားျပဳ ရီးယဲလ္နဲ႔ PSG တို႔ ဆံုေတြ႕ခဲ့ပါတယ္။ ႏွစ္ဖက္အသင္းက ၾကယ္စင္စုကစားသမားေတြျဖစ္တဲ့ စီေရာ္နယ္လ္ဒို (C.Ronaldo) ၊ ေဘးလ္ (Bale)၊ လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ေနမာ (Neymar) နဲ႔ ဘာေပ (Bappe)တို႔ရဲ႕ အၿပိဳင္အဆိုင္ ေဖ်ာ္ေျဖေရးအစီအစဥ္ကို ဘယ္လုိခံစားရမလဲ။

တျခားပြဲမွာေတာ့ အဂၤလန္ရဲ႕ ဥေရာပအေအာင္ျမင္ဆံုးအသင္းလီဗာပူးလ္နဲ႔ ေပၚတုိိတို႔ဆံုေတြ႕ေနပါတယ္။ လီဗာပူးလ္အသင္းက လက္ရွိရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ႐ႈံးပြဲမရိွတဲ့ဂုဏ္ပုဒ္ကို ပိုင္ဆုိင္ထားၿပီး နည္းျပကေလာ့ပ္ (Klopp) က ခ်န္ပီယံလိဂ္ပြဲေတြဆို အာ႐ံုုစုိက္ေနတာေတြ႕ရတယ္။ ေပၚတုိကလည္း ၀ါရင့္ဂိုးသမား ကာဆီးလက္စ္(Casillas) အပါအ၀င္ ေျခစြမ္းေျခစမေသးတဲ့ကစားသမားေတြ ပါ၀င္ေနလို႔ ေလ်ာ့တြက္လုိ႔မရပါဘူး။ ပထမေန႔ပြဲစဥ္မွာ ပရီးမီးယားလိဂ္အသင္းေတြ အေ၀းကြင္းမွာ ရလဒ္ေကာင္းခဲ့သလိုမ်ဳိး လီဗာပူးလ္လည္း စြမ္းေဆာင္ႏုိင္ဦးမလား။

ရီးယဲလ္ ႏွင့္ PSG (ျမန္မာစံေတာ္ခ်ိန္ ၾကာသပေတးနံနက္ ၂း၁၅ နာရီ)

ရီးယဲလ္နည္းျပ ဇီဒန္း (Zidane) ရဲ႕ အနာဂတ္ဟာ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈအေပၚမူတည္ေနတယ္။ ဒီေတာ့ ဘယ္လိုနည္းနဲ႔မွ အမွားခံမွာမဟုတ္ဘူး။ အသင္းမွာလည္း BBC တုိက္စစ္အတြဲအပါအ၀င္ကစားသမား စံုလင္ေနတယ္။ ဒီေတာ့ PSG ခံစစ္ကို ဂိုးသြင္းႏုိင္ဖို႔ခက္မယ္မထင္ဘူး။ PSG ကလည္း အုပ္စုအဆင့္မွာ (၂၅)ဂိုးအထိ သြင္းယူထားၿပီး စံခ်ိန္တင္ထားပါတယ္။ တုိက္စစ္လုိက္ပါလုိစိတ္မ်ားလြန္းတဲ့ မာဆယ္လို (Marcelo)၊ ရာမုိ႔စ္ (Ramos) တို႔ေၾကာင့္ ရီးယဲလ္ခံစစ္မွာ ဟာကြက္ေတြျဖစ္လာႏုိင္တယ္။ ဒီအခ်က္ကို လ်င္ျမန္တဲ့ PSG တုိက္စစ္အခြင့္အေရးယူႏုိင္လိမ့္မယ္။ ခ်န္ပီယံလိဂ္အစဥ္အလာမွာ ရီးယဲလ္သာေပမယ့္ PSG မ႐ႈံးေအာင္ကစားႏုိင္မယ္ထင္တယ္။

BBC တုိက္စစ္လူျပန္စံုေနပါတယ္

BBC တုိက္စစ္လူျပန္စံုေနပါတယ္

 ပြဲႀကိဳအခ်က္အလက္

ရီးယဲလ္နဲ႔ PSG တုိ႔ဟာ (၄)ႀကိမ္ဆံုေတြ႕ခဲ့ၿပီး (၂)ပြဲႏုိင္၊ (၂)ပြဲသေရက်ခဲ့ပါတယ္။
PSG အသင္းဟာ ခ်န္ပီယံလိဂ္႐ံႈးထြက္အဆင့္ အေ၀းကြင္းေနာက္ဆံုး (၆)ပြဲမွာ (၄)ပြဲ႐ႈံးနိမ့္ထားပါတယ္။
ရီးယဲလ္အသင္းေတာင္ပံကစားသမား ေဘးလ္(Bale) ဟာ PSG အသင္းနဲ႔ပြဲမွာ ပါ၀င္ကစားခဲ့မယ္ဆုိရင္ ခ်န္ပီယံလိဂ္ပြဲ (၅၀)ျပည့္တဲ့ ဒုတိယေျမာက္ေ၀းလ္ကစားသမားျဖစ္လာပါမယ္။

လီဗာပူးလ္တုိက္စစ္အတြဲေျခစြမ္းျပဦးမလား

လီဗာပူးလ္တုိက္စစ္အတြဲေျခစြမ္းျပဦးမလား

ေပၚတုိ ႏွင့္ လီဗာပူးလ္ (ျမန္မာစံေတာ္ခ်ိန္ ၾကာသပေတးနံနက္ ၂း၁၅ နာရီ)

ေပၚတုိနဲ႔ (၄)ႀကိမ္ဆံုေတြ႕ခဲ့ဖူးရာမွာ လီဗာပူးလ္ ႐ႈံးပြဲမရွိေသးဘူး။ (၂)ပြဲႏုိင္၊ (၂)ပြဲသေရကစားထားတယ္။ လက္ရွိေျခစြမ္းခ်င္းယွဥ္ရင္လည္း ေပၚတိုက အသင္းလုိက္ကစားပံုသာမာေက်ာၿပီး တစ္ဦးခ်င္းအရည္အေသြးပိုင္းမွာ လီဗာပူးလ္သာပါတယ္။ ဒါေပမဲ့ လီဗာပူးလ္ခံစစ္အေနနဲ႔ Set-piece ေတြကေန ဂိုးေတြရယူတတ္တဲ့ ေပၚတုိရဲ႕ကစားပံုကို သတိထားရမယ္။ ၿပီးေတာ့ ခ်န္ပီယံလိဂ္အုပ္စုအဆင့္အိမ္ကြင္းပြဲစဥ္ေတြမွာ PSG ၿပီးရင္ဂိုးအမ်ားဆံုး
သြင္းထားတဲ့ ေပၚတုိရဲ႕ အိမ္ကြင္းဂိုးလာဘ္ကို ထည့္စဥ္းစားရမယ္
ထင္တယ္။ အဘူဘာကာ (Aboubaker) က အားနည္းခ်က္ေတြရွိေနေသးတဲ့ လီဗာပူးလ္ခံစစ္ကို ဒုကၡေပးႏုိင္ပါတယ္။ လီဗာပူးလ္
သေရထက္ပိုမရႏုိင္ပါဘူး။

ပြဲႀကိဳအခ်က္အလက္

လီဗာပူးလ္နဲ႔ ေပၚတုိတို႔ဟာ ႐ႈံးထြက္အဆင့္မွာ တစ္ႀကိမ္သာေတြ႕ဆံုဖူးၿပီး အဲဒီတုန္းက လီဗာပူးလ္က UEFA Cup (ယခုယူ႐ိုပါလိဂ္)ကြာတားဖုိင္နယ္မွာ ေပၚတုိကို အႏုိင္ယူေက်ာ္ျဖတ္ၿပီး ခ်န္ပီယံဖလားကိုပါ သိမ္းပိုက္ႏုိင္ခဲ့ပါတယ္။
ေပၚတုိအသင္းတုိက္စစ္မွဴး အဘူဘာကာ (Aboubakar) ဟာ လက္ရွိရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ (၅)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၂)ႀကိမ္ျပဳလုပ္ထားၿပီး ဒါဟာ သူ႕ရဲ႕ကစားသမားဘ၀တစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အေကာင္းဆံုးမွတ္တမ္းပါပဲ။
လီဗာပူးလ္က ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ (၁၀)ပြဲဆက္ ႐ႈံးပြဲမရွိခဲ့ဘဲ ေနာက္ဆံုး(၄)ပြဲမွာ အနည္းဆံုး (၃)ဂိုးသြင္းယူထားပါတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကြယ်များရဲ့ စီးချင်းတိုက်ပွဲ

ရီးယဲလ်အသင်းကို ကြယ်စင်စုအသင်းလို့ တင်စားကြတယ်။ ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ် (Perez)ရဲ့ စံချိန်တင်ငွေကြေးသုံးစွဲမှုတွေနဲ့အတူ ကမ္ဘာကျော်ကြယ်ပွင့်ကစားသမားတွေ စုရုံးကစားလေ့ရှိလို့ ကြယ်စင်စုအသင်းလို့ တင်စားကြတာပါပဲ။ ဒါပေမဲ့ မော်ဒန်ဘောလုံးလောကမှာ ရီးယဲလ်ရဲ့ ပေါ်လစီအတိုင်း ငွေသုံးပြီးအသင်းကိုတည်ဆောက်တာတွေများလားချိန်မှာ ကြယ်စင်စုဆိုတဲ့စကားလုံးက ရီးယဲလ်တစ်သင်းတည်းကို ကိုယ်စားမပြုတော့ပါဘူး။ လက်ရှိအချိန်မှာ ရီးယဲလ်လိုမျိုး ကြယ်ပွင့်ကစားသမားတွေကို စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူနေတဲ့အသင်းတစ်သင်းရှိပါတယ်။ PSG အသင်းပါပဲ။ ဥရောပရဲ့ အလားအလာအရှိဆုံး လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ နေမာ (Neymar) နဲ့ ဘာပေ (Bappe) တို့ကို စံချိန်တင်ကြေးတွေနဲ့ ခေါ်ယူထားတာပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်မှာ ကြယ်စင်စုကိုယ်စားပြု ရီးယဲလ်နဲ့ PSG တို့ ဆုံတွေ့ခဲ့ပါတယ်။ နှစ်ဖက်အသင်းက ကြယ်စင်စုကစားသမားတွေဖြစ်တဲ့ စီရော်နယ်လ်ဒို (C.Ronaldo) ၊ ဘေးလ် (Bale)၊ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ နေမာ (Neymar) နဲ့ ဘာပေ (Bappe)တို့ရဲ့ အပြိုင်အဆိုင် ဖျော်ဖြေရေးအစီအစဉ်ကို ဘယ်လိုခံစားရမလဲ။

တခြားပွဲမှာတော့ အင်္ဂလန်ရဲ့ ဥရောပအအောင်မြင်ဆုံးအသင်းလီဗာပူးလ်နဲ့ ပေါ်တိိုတို့ဆုံတွေ့နေပါတယ်။ လီဗာပူးလ်အသင်းက လက်ရှိရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရှုံးပွဲမရှိတဲ့ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပြီး နည်းပြကလော့ပ် (Klopp) က ချန်ပီယံလိဂ်ပွဲတွေဆို အာရုံုစိုက်နေတာတွေ့ရတယ်။ ပေါ်တိုကလည်း ဝါရင့်ဂိုးသမား ကာဆီးလက်စ်(Casillas) အပါအဝင် ခြေစွမ်းခြေစမသေးတဲ့ကစားသမားတွေ ပါဝင်နေလို့ လျော့တွက်လို့မရပါဘူး။ ပထမနေ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်အသင်းတွေ အဝေးကွင်းမှာ ရလဒ်ကောင်းခဲ့သလိုမျိုး လီဗာပူးလ်လည်း စွမ်းဆောင်နိုင်ဦးမလား။

ရီးယဲလ် နှင့် PSG (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၁၅ နာရီ)

ရီးယဲလ်နည်းပြ ဇီဒန်း (Zidane) ရဲ့ အနာဂတ်ဟာ ချန်ပီယံလိဂ်အောင်မြင်မှုအပေါ်မူတည်နေတယ်။ ဒီတော့ ဘယ်လိုနည်းနဲ့မှ အမှားခံမှာမဟုတ်ဘူး။ အသင်းမှာလည်း BBC တိုက်စစ်အတွဲအပါအဝင်ကစားသမား စုံလင်နေတယ်။ ဒီတော့ PSG ခံစစ်ကို ဂိုးသွင်းနိုင်ဖို့ခက်မယ်မထင်ဘူး။ PSG ကလည်း အုပ်စုအဆင့်မှာ (၂၅)ဂိုးအထိ သွင်းယူထားပြီး စံချိန်တင်ထားပါတယ်။ တိုက်စစ်လိုက်ပါလိုစိတ်များလွန်းတဲ့ မာဆယ်လို (Marcelo)၊ ရာမို့စ် (Ramos) တို့ကြောင့် ရီးယဲလ်ခံစစ်မှာ ဟာကွက်တွေဖြစ်လာနိုင်တယ်။ ဒီအချက်ကို လျင်မြန်တဲ့ PSG တိုက်စစ်အခွင့်အရေးယူနိုင်လိမ့်မယ်။ ချန်ပီယံလိဂ်အစဉ်အလာမှာ ရီးယဲလ်သာပေမယ့် PSG မရှုံးအောင်ကစားနိုင်မယ်ထင်တယ်။

BBC တိုက်စစ်လူပြန်စုံနေပါတယ်

BBC တိုက်စစ်လူပြန်စုံနေပါတယ်

 ပွဲကြိုအချက်အလက်

ရီးယဲလ်နဲ့ PSG တို့ဟာ (၄)ကြိမ်ဆုံတွေ့ခဲ့ပြီး (၂)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ပါတယ်။
PSG အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် အဝေးကွင်းနောက်ဆုံး (၆)ပွဲမှာ (၄)ပွဲရှုံးနိမ့်ထားပါတယ်။
ရီးယဲလ်အသင်းတောင်ပံကစားသမား ဘေးလ်(Bale) ဟာ PSG အသင်းနဲ့ပွဲမှာ ပါဝင်ကစားခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ပွဲ (၅၀)ပြည့်တဲ့ ဒုတိယမြောက်ဝေးလ်ကစားသမားဖြစ်လာပါမယ်။

လီဗာပူးလ်တိုက်စစ်အတွဲခြေစွမ်းပြဦးမလား

လီဗာပူးလ်တိုက်စစ်အတွဲခြေစွမ်းပြဦးမလား

ပေါ်တို နှင့် လီဗာပူးလ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၁၅ နာရီ)

ပေါ်တိုနဲ့ (၄)ကြိမ်ဆုံတွေ့ခဲ့ဖူးရာမှာ လီဗာပူးလ် ရှုံးပွဲမရှိသေးဘူး။ (၂)ပွဲနိုင်၊ (၂)ပွဲသရေကစားထားတယ်။ လက်ရှိခြေစွမ်းချင်းယှဉ်ရင်လည်း ပေါ်တိုက အသင်းလိုက်ကစားပုံသာမာကျောပြီး တစ်ဦးချင်းအရည်အသွေးပိုင်းမှာ လီဗာပူးလ်သာပါတယ်။ ဒါပေမဲ့ လီဗာပူးလ်ခံစစ်အနေနဲ့ Set-piece တွေကနေ ဂိုးတွေရယူတတ်တဲ့ ပေါ်တိုရဲ့ကစားပုံကို သတိထားရမယ်။ ပြီးတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်အိမ်ကွင်းပွဲစဉ်တွေမှာ PSG ပြီးရင်ဂိုးအများဆုံး
သွင်းထားတဲ့ ပေါ်တိုရဲ့ အိမ်ကွင်းဂိုးလာဘ်ကို ထည့်စဉ်းစားရမယ်
ထင်တယ်။ အဘူဘာကာ (Aboubaker) က အားနည်းချက်တွေရှိနေသေးတဲ့ လီဗာပူးလ်ခံစစ်ကို ဒုက္ခပေးနိုင်ပါတယ်။ လီဗာပူးလ်
သရေထက်ပိုမရနိုင်ပါဘူး။

ပွဲကြိုအချက်အလက်

လီဗာပူးလ်နဲ့ ပေါ်တိုတို့ဟာ ရှုံးထွက်အဆင့်မှာ တစ်ကြိမ်သာတွေ့ဆုံဖူးပြီး အဲဒီတုန်းက လီဗာပူးလ်က UEFA Cup (ယခုယူရိုပါလိဂ်)ကွာတားဖိုင်နယ်မှာ ပေါ်တိုကို အနိုင်ယူကျော်ဖြတ်ပြီး ချန်ပီယံဖလားကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပေါ်တိုအသင်းတိုက်စစ်မှူး အဘူဘာကာ (Aboubakar) ဟာ လက်ရှိရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ထားပြီး ဒါဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးမှတ်တမ်းပါပဲ။
လီဗာပူးလ်က ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၀)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ နောက်ဆုံး(၄)ပွဲမှာ အနည်းဆုံး (၃)ဂိုးသွင်းယူထားပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။