[Zawgyi]

ဂ်ဴဗင္တပ္စ္ကြင္းမွာ မန္ယူ ရလဒ္ေကာင္း ရယူႏုိင္ပါ့မလား

ခ်န္ပီယံလိဂ္ပဲြစဥ္ (၄) ဗုဒၶဟူးေန႔ပဲြေတြမွာ ပဲြႀကီးပဲြေကာင္းေတြ ပါ၀င္ေနၿပီး ပရိသတ္စိတ္၀င္စားမႈ အမ်ားဆုံးက ဂ်ဴဗင္တပ္စ္-မန္ယူပဲြပါပဲ။ ဂ်ဴဗင္တပ္စ္အသင္းဟာ အုပ္စုက တက္ဖုိ႔ အေျခအေနေကာင္းေနေပမယ့္ မန္ယူအသင္းကေတာ့ လက္က်န္(၃)ပဲြမွာ အမွားလုပ္လုိ႔ မရေတာ့ပါဘူး။ တျခားပဲြေတြမွာ မန္စီးတီး-ရွက္တာဒုိးနက္၊ ဗလင္စီယာ-ယန္းဘြိဳင္းစ္၊ ပါလ္ဇန္-ရီးယဲလ္တို႔ရဲ႕ပဲြေတြကလည္း အႀကိတ္အနယ္ရွိမွာ အေသအခ်ာပါပဲ။

ဂ်ဴဗင္တပ္စ္ – မန္ယူ (ၾကာသပေတးေန႔ မနက္ ၂း၃၀ နာရီ)

Manchester-United-vs-Juventus-First-Leg

Manchester-United-vs-Juventus-First-Leg

(၃)ပဲြကစား ပဲြတိုင္းအႏုိင္ရခဲ့ၿပီး အုပ္စုကတက္ဖုိ႔ ဂ်ဴဗင္တပ္စ္ အေျခအေနေကာင္းေနပါၿပီ။ မန္ယူအသင္းကေတာ့ ဒီပဲြမွာ ႐ႈံးလုိ႔မရဘဲ အနည္းဆုံးသေရတစ္မွတ္ ရမွ ေနာက္တစ္ဆင့္တက္ဖုိ႔ ေမွ်ာ္လင့္ႏုိင္မွာပါ။ လက္က်န္ပဲြေတြမွာလည္း ဗလင္စီယာ(အေ၀း)၊ ယန္းဘြိဳင္းစ္(အိမ္)တို႔နဲ႔ ကစားရဦးမွာျဖစ္လုိ႔ ႐ုန္းကန္မယ့္အေနအထားပါပဲ။ ပထမအေက်ာ႔တုန္းက မန္ယူကုိ ဂ်ဴဗင္တပ္စ္ အသာစီးက ကစားႏုိင္ခဲ့သလုိ ဒီတစ္ႀကိမ္ အိမ္ကြင္းမွာလည္း အသာရဖုိ႔ မခက္ပါဘူး။ အုိးလ္ထရက္ဖုိ႔ဒ္မွာ ဂုိးမသြင္းႏုိင္ခဲ့တဲ့ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဒီပဲြမွာေတာ့ ဂုိးသြင္းႏုိင္ဖုိ႔ ရွိေနတယ္။ ေနာက္ပုိင္းပဲြေတြမွာ မန္ယူ ေျချပန္တက္လာေပမယ့္ ကြင္းလယ္နဲ႔ ခံစစ္မွာ အမွားမ်ားေနဆဲပါ။ ဒီခံစစ္ပုံစံနဲ႔ ဂ်ဴဗင္တပ္စ္ တိုက္စစ္ကုိ ထိန္းခ်ဳပ္ဖုိ႔ ခက္ပါတယ္။ ေတာက္ေလွ်ာက္ ေျခစြမ္းျပေနတဲ့ မာစီယဲလ္ Martial ကုိသာ ဂ်ဴဗင္တပ္စ္ ခံစစ္ ထိန္းခ်ဳပ္ႏုိင္ခဲ့ရင္ မန္ယူ တိုက္စစ္က အသက္မဲ့သြားႏုိင္တယ္။ ဂ်ဴဗင္တပ္စ္ကုိပဲ ေရြးခ်ယ္ရမွာျဖစ္ၿပီး မန္ယူအတြက္ အျမင့္ဆုံး သေရတစ္မွတ္သာ ေမွ်ာ္လင့္ရမွာပါ။

မန္စီးတီး – ရွက္တာဒုိးနက္ (ၾကာသပေတးေန႔ နံနက္ ၂း၃၀ နာရီ)
မန္စီးတီးအတြက္ မခက္ခဲႏုိင္တဲ့ပဲြျဖစ္ေပမယ့္ ေပါ့ဆလုိ႔ေတာ့ မရဘူး။ ဒီအုပ္စုမွာ မန္စီးတီးက (၆)မွတ္၊ လုိင္ယြန္ (၅)မွတ္၊ ေဟာ့ဖန္ဟင္မ္နဲ႔ ရွက္တာဒုိးနက္တို႔က (၂)မွတ္စီ ရထားလုိ႔ အသင္းတိုင္းက ေနာက္တစ္ဆင့္တက္ဖုိ႔ အသက္ရွိေနေသးတယ္။ ဒီပဲြႏုိင္လုိက္ရင္ေတာ့ မန္စီးတီး အုပ္စုက တက္ဖုိ႔ ရာခုိင္ႏႈန္းမ်ားသြားပါၿပီ။ အေ၀းကြင္းမွာ ဂုိးျပတ္အႏုိင္ရခဲ့သလုိ အခု အိမ္ကြင္းမွာလည္း မန္စီးတီး အႏုိင္ရဖုိ႔ ေသခ်ာေပမယ့္ ဂုိးျပတ္ဖုိ႔ေတာ့ မျဖစ္ႏုိင္ေလာက္ပါဘူး။

ပါလ္ဇန္ – ရီးယဲလ္ (ၾကာသပေတးေန႔ နံနက္ ၂း၃၀ နာရီ)
ရီးယဲလ္ ယာယီနည္းျပ ဆုိလာရီ Santiago Solari အတြက္ စိန္ေခၚမႈျဖစ္လာမယ့္ပဲြပါ။ အခုေလာေလာဆယ္ ဆုိလာရီဟာ (၂)ပဲြကစား (၂)ပဲြႏုိင္ ေပးဂုိးမရွိေအာင္ စြမ္းေဆာင္ထားႏုိင္တယ္။ ပါလ္ဇန္က အဆိပ္မရွိေပမယ့္ အိမ္ကြင္းမွာ ရီးယဲလ္ကုိ ဒုကၡေပးဖုိ႔ ႀကိဳးစားဦးမွာပဲ။ ရီးယဲလ္အသင္းမွာ ဒဏ္ရာျပႆနာေတြ ရွိေနလုိ႔လည္း ဒီပဲြကုိ အင္ျပည့္အားျပည့္ ကစားႏုိင္ပါ့မလား ေစာင့္ၾကည့္ရမယ္။ ရီးယဲလ္ ခက္ခက္ခဲခဲ ကစားၿပီးမွ အႏုိင္ရဖုိ႔ မ်ားပါတယ္။

ဗလင္စီယာ – ယန္းဘြိဳင္းစ္ (ၾကာသပေတးေန႔ နံနက္ ၀၀း၂၅ နာရီ)

Young-Boys-Vs-Valencia-First-leg

Young-Boys-Vs-Valencia-First-leg

ပထမအေက်ာ႔မွာ ယန္းဘြိဳင္းစ္ကုိ အႏုိင္ရခဲ့ရင္ ဗလင္စီယာအေျခအေန ေကာင္းမွာျဖစ္ေပမယ့္ သေရက်ခဲ့လုိ႔ နစ္နာခဲ့ရတယ္။ အခုပဲြမွာေတာ့ ဗလင္စီယာ အမွားမခံေလာက္ပါဘူး။ တစ္ဖက္မွာလည္း ဂ်ဴဗင္တပ္စ္-မန္ယူ ဆုံေတြ႕ေနလုိ႔ ဒီပဲြကုိ အမွတ္ျပည့္ရမွျဖစ္မွာပါ။ (၃)ပဲြကစားၿပီးခ်ိန္မွာ ႏုိင္ပဲြမရွိေသးတဲ့ ဗလင္စီယာ ပထမဆုံး(၃)မွတ္ကုိ အရယူသြားဖုိ႔ မ်ားပါတယ္။

02:30FC Bayern München ? – ? AEK Athens
02:30Benfica ? – ? Ajax

02:30Lyon ? – ? Hoffenheim
02:30Manchester City ? – ? Shakhtar Donetsk

00:25CSKA Moscow ? – ? Roma
02:30Viktoria Plzen ? – ? Real Madrid

00:25Valencia ? – ? Young Boys
02:30Juventus ? – ? Manchester United

Photo:World in Sport,Flipboard,Evening Standard
Naing Linn(Akhayar)
www.akhayar.com

[Zawgyi]

ဂျူဗင်တပ်စ်ကွင်းမှာ မန်ယူ ရလဒ်ကောင်း ရယူနိုင်ပါ့မလား

ချန်ပီယံလိဂ်ပွဲစဉ် (၄) ဗုဒ္ဓဟူးနေ့ပွဲတွေမှာ ပွဲကြီးပွဲကောင်းတွေ ပါဝင်နေပြီး ပရိသတ်စိတ်ဝင်စားမှု အများဆုံးက ဂျူဗင်တပ်စ်-မန်ယူပွဲပါပဲ။ ဂျူဗင်တပ်စ်အသင်းဟာ အုပ်စုက တက်ဖို့ အခြေအနေကောင်းနေပေမယ့် မန်ယူအသင်းကတော့ လက်ကျန်(၃)ပွဲမှာ အမှားလုပ်လို့ မရတော့ပါဘူး။ တခြားပွဲတွေမှာ မန်စီးတီး-ရှက်တာဒိုးနက်၊ ဗလင်စီယာ-ယန်းဘွိုင်းစ်၊ ပါလ်ဇန်-ရီးယဲလ်တို့ရဲ့ပွဲတွေကလည်း အကြိတ်အနယ်ရှိမှာ အသေအချာပါပဲ။

ဂျူဗင်တပ်စ် – မန်ယူ (ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ)

Manchester-United-vs-Juventus-First-Leg

Manchester-United-vs-Juventus-First-Leg

(၃)ပွဲကစား ပွဲတိုင်းအနိုင်ရခဲ့ပြီး အုပ်စုကတက်ဖို့ ဂျူဗင်တပ်စ် အခြေအနေကောင်းနေပါပြီ။ မန်ယူအသင်းကတော့ ဒီပွဲမှာ ရှုံးလို့မရဘဲ အနည်းဆုံးသရေတစ်မှတ် ရမှ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်နိုင်မှာပါ။ လက်ကျန်ပွဲတွေမှာလည်း ဗလင်စီယာ(အဝေး)၊ ယန်းဘွိုင်းစ်(အိမ်)တို့နဲ့ ကစားရဦးမှာဖြစ်လို့ ရုန်းကန်မယ့်အနေအထားပါပဲ။ ပထမအကျော့တုန်းက မန်ယူကို ဂျူဗင်တပ်စ် အသာစီးက ကစားနိုင်ခဲ့သလို ဒီတစ်ကြိမ် အိမ်ကွင်းမှာလည်း အသာရဖို့ မခက်ပါဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဒီပွဲမှာတော့ ဂိုးသွင်းနိုင်ဖို့ ရှိနေတယ်။ နောက်ပိုင်းပွဲတွေမှာ မန်ယူ ခြေပြန်တက်လာပေမယ့် ကွင်းလယ်နဲ့ ခံစစ်မှာ အမှားများနေဆဲပါ။ ဒီခံစစ်ပုံစံနဲ့ ဂျူဗင်တပ်စ် တိုက်စစ်ကို ထိန်းချုပ်ဖို့ ခက်ပါတယ်။ တောက်လျှောက် ခြေစွမ်းပြနေတဲ့ မာစီယဲလ် Martial ကိုသာ ဂျူဗင်တပ်စ် ခံစစ် ထိန်းချုပ်နိုင်ခဲ့ရင် မန်ယူ တိုက်စစ်က အသက်မဲ့သွားနိုင်တယ်။ ဂျူဗင်တပ်စ်ကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး မန်ယူအတွက် အမြင့်ဆုံး သရေတစ်မှတ်သာ မျှော်လင့်ရမှာပါ။

မန်စီးတီး – ရှက်တာဒိုးနက် (ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီ)
မန်စီးတီးအတွက် မခက်ခဲနိုင်တဲ့ပွဲဖြစ်ပေမယ့် ပေါ့ဆလို့တော့ မရဘူး။ ဒီအုပ်စုမှာ မန်စီးတီးက (၆)မှတ်၊ လိုင်ယွန် (၅)မှတ်၊ ဟော့ဖန်ဟင်မ်နဲ့ ရှက်တာဒိုးနက်တို့က (၂)မှတ်စီ ရထားလို့ အသင်းတိုင်းက နောက်တစ်ဆင့်တက်ဖို့ အသက်ရှိနေသေးတယ်။ ဒီပွဲနိုင်လိုက်ရင်တော့ မန်စီးတီး အုပ်စုက တက်ဖို့ ရာခိုင်နှုန်းများသွားပါပြီ။ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့သလို အခု အိမ်ကွင်းမှာလည်း မန်စီးတီး အနိုင်ရဖို့ သေချာပေမယ့် ဂိုးပြတ်ဖို့တော့ မဖြစ်နိုင်လောက်ပါဘူး။

ပါလ်ဇန် – ရီးယဲလ် (ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီ)
ရီးယဲလ် ယာယီနည်းပြ ဆိုလာရီ Santiago Solari အတွက် စိန်ခေါ်မှုဖြစ်လာမယ့်ပွဲပါ။ အခုလောလောဆယ် ဆိုလာရီဟာ (၂)ပွဲကစား (၂)ပွဲနိုင် ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်တယ်။ ပါလ်ဇန်က အဆိပ်မရှိပေမယ့် အိမ်ကွင်းမှာ ရီးယဲလ်ကို ဒုက္ခပေးဖို့ ကြိုးစားဦးမှာပဲ။ ရီးယဲလ်အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေလို့လည်း ဒီပွဲကို အင်ပြည့်အားပြည့် ကစားနိုင်ပါ့မလား စောင့်ကြည့်ရမယ်။ ရီးယဲလ် ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင်ရဖို့ များပါတယ်။

ဗလင်စီယာ – ယန်းဘွိုင်းစ် (ကြာသပတေးနေ့ နံနက် ၀၀း၂၅ နာရီ)

Young-Boys-Vs-Valencia-First-leg

Young-Boys-Vs-Valencia-First-leg

ပထမအကျော့မှာ ယန်းဘွိုင်းစ်ကို အနိုင်ရခဲ့ရင် ဗလင်စီယာအခြေအနေ ကောင်းမှာဖြစ်ပေမယ့် သရေကျခဲ့လို့ နစ်နာခဲ့ရတယ်။ အခုပွဲမှာတော့ ဗလင်စီယာ အမှားမခံလောက်ပါဘူး။ တစ်ဖက်မှာလည်း ဂျူဗင်တပ်စ်-မန်ယူ ဆုံတွေ့နေလို့ ဒီပွဲကို အမှတ်ပြည့်ရမှဖြစ်မှာပါ။ (၃)ပွဲကစားပြီးချိန်မှာ နိုင်ပွဲမရှိသေးတဲ့ ဗလင်စီယာ ပထမဆုံး(၃)မှတ်ကို အရယူသွားဖို့ များပါတယ်။

02:30FC Bayern München ? – ? AEK Athens
02:30Benfica ? – ? Ajax

02:30Lyon ? – ? Hoffenheim
02:30Manchester City ? – ? Shakhtar Donetsk

00:25CSKA Moscow ? – ? Roma
02:30Viktoria Plzen ? – ? Real Madrid

00:25Valencia ? – ? Young Boys
02:30Juventus ? – ? Manchester United

Photo:World in Sport,Flipboard,Evening Standard
Naing Linn(Akhayar)
www.akhayar.com