[Zawgyi]

ဆီဗီလာဟာ မန္ခ်က္စတာယူႏုိက္တက္အတြက္ အဆိပ္တစ္ခြက္လား

ဆီဗီလာဆိုတာ ေနာက္ပိုင္းႏွစ္ေတြအတြင္းဥေရာပမွာ အသံအရမ္းထြက္တဲ့ ခ်န္ပီယံၾကယ္ပါပဲ။ ယူ႐ိုပါလိဂ္ဖလားကို စိုးမိုးထားႏုိင္သူ ဆီဗီလာဟာ ခ်န္ပီယံလိဂ္မ်က္ႏွာစာဘက္မွာ သိပ္ၿပီးအစဥ္အလာမရွိဘူး။ ခ်န္ပီယံလိဂ္႐ႈံးထြက္ (၁၆)သင္းအဆင့္ကို ဒီရာသီပါမွ တတိယအႀကိမ္ေရာက္ခဲ့တာပါပဲ။ အဲဒီ(၃)ႀကိမ္စလံုးမွာ ဆီဗီလာ ႐ႈံးနိမ့္ၿပီးကြာတားဖုိင္နယ္ကိုတစ္ႀကိမ္မွ မေရာက္ခဲ့ဖူးဘူး။

နည္းျပေဟာင္း ဘရစ္ဇို(Berizzo) ရဲ႕ ဦးေဆာင္မႈေအာက္မွာ ဆီဗီလာဟာ အုပ္စုဒုတိယေနရာရခဲ့ၿပီး ေနာက္တစ္ဆင့္ကိုတက္ခဲ့ပါတယ္။ ဒါေပမဲ့ ဘရစ္ဇုိက ကင္ဆာေရာဂါေၾကာင့္ အသင္းကိုလမ္းခြဲသြားခဲ့ရတယ္။ သူ႕ေနရာကို အစား၀င္လာသူက ေအစီမီလန္ကေန ဆံုး႐ႈံးမႈမ်ားစြာနဲ႔ ထြက္ခြာခဲ့ရသူ နည္းျပမြန္တဲလား(Montella)၊ သူ႕လက္ထက္မွာ ဆီဗီလာဟာ စပိန္ဘုရင့္ဖလားဖုိင္နယ္ကို တက္ေရာက္ခြင့္ရယူေပးထား၊ လာလီဂါမွာ အေစာပုိင္းအေျခအေနသိပ္မဟန္ခဲ့ေပမယ့္ ေနာက္ဆံုး(၃)ပြဲဆက္ အႏုိင္ရထားၿပီး သူတို႔ရဲ႕မာဂုဏ္ကို ျပန္လည္တည္ေထာင္ထားတယ္။ မူရီယဲလ္(Muriel)၊ ဘင္ယက္ဒါ(Ben Yedder)၊ ဆာရာဘီယာ(Sarabia)တို႔က တစ္ဦးခ်င္းအရည္အေသြးထက္ျမက္ၿပီး ဂိုးသြင္းေျခစြမ္းရွိသူေတြနဲ႔ ဖြဲ႕စည္းထားတဲ့ တုိက္စစ္ပိုင္းက အားရစရာေကာင္းပါတယ္။ ခံစစ္မွာ အဓိကေနာက္ခံလူ ခါဂ်ာ(Kjaer) ဒဏ္ရာကေနျပန္လည္သက္သာလာတာ ဆီဗီလာအတြက္ အားတက္စရာပါပဲ။ ဂိုးသမားရီကို (Rico)က စိတ္ခ်ရတယ္။ အန္ဇြန္ဇီ (Nzonzi) လုိ Box To Box ကစားသမားမ်ဳိးလည္းရွိေနလို႔ မန္ခ်က္စတာယူႏုိက္တက္ ေပါ့ဆလို႔မရဘူး။

 

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ျပႆနာက ကြင္းလယ္မွာ လူပိုလူလွ်ံျဖစ္ေနတယ္လို႔ ဆိုရမလားပဲ။ ေပါ့ဘာ(Pogba)က Deeper Role ထက္ Attacking Midfielder ပံုစံမ်ုဳိး ကစားခ်င္ေနၿပီး နည္းျပေမာ္ရင္ဟို(Mourinho) ကို ေတာင္းဆိုထားတယ္။ ဒီပြဲမွာ ေပါ့ဘာကို ျပန္သံုးမယ္လို႔ ေမာ္ရင္ဟိုေၾကညာ ထားၿပီး ဘယ္ေနရာမွာထားမလဲဆုိတာေတာ့ ေသခ်ာမသိရေသးဘူး။ ေနာက္ထပ္ နည္းစနစ္႐ႈပ္ေထြးမႈက ဆန္းခ်က္ဇ္(Sanchez) ၊ မာစီယဲလ္ (Martial)ႏွစ္ေယာက္ထဲက ဘယ္သူ႕ကို ဘယ္ေတာင္ပံမွာ ဦးစားေပးသံုးမလဲဆုိတာပဲ။ ဒါမွမဟုတ္ရင္ မာစီယဲလ္ကို ခ်န္ထားၿပီး မာတာ(Mata)ကို ညာေတာင္ပံ၊ ဆန္းခ်က္ဇ္ကုိ ဘယ္ေတာင္ပံထားၿပီးကစားသင့္ပါတယ္။ ဘာယီ(Bailly) ျပန္ပါလာတဲ့ခံစစ္ပိုင္းက ၿပီးခဲ့တဲ့ပြဲေတြကထက္ ပိုတည္ၿငိမ္ႏုိင္ပါတယ္။ ဘာစီလုိနာမွာကစားခဲ့တုန္းက ဆီဗီလာနဲ႔ေတြ႕တဲ့(၅)ပြဲစလံုး အႏုိင္ရထားတဲ့ ဆန္းခ်က္ဇ္ ဂိုးသြင္း၊ မသြင္းေစာင့္ၾကည့္ရမယ္။

မန္ခ်က္စတာယူႏုိက္တက္မ႐ႈံးႏိုင္တဲ့ပြဲမ်ဳိးပါပဲ။

ပြဲႀကိဳအခ်က္အလက္

ဆီဗီလာအသင္းတုိက္စစ္ကစားသမား ဆာရာဘီယာဟာ ၿပိဳင္ပြဲစံုေနာက္ဆံုး (၈)ပြဲမွာ (၅)ဂိုးသြင္းထားပါတယ္။
မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ စပိန္ကလပ္အသင္းေတြနဲ႔ ႏွစ္ေက်ာ့ကစားရတဲ့႐ႈံးထြက္ၿပိဳင္ပြဲေတြမွာ (၆)ပြဲႏုိင္၊ (၇)ပြဲ႐ႈံးထားပါတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဆီဗီလာဟာ မန်ချက်စတာယူနိုက်တက်အတွက် အဆိပ်တစ်ခွက်လား

ဆီဗီလာဆိုတာ နောက်ပိုင်းနှစ်တွေအတွင်းဥရောပမှာ အသံအရမ်းထွက်တဲ့ ချန်ပီယံကြယ်ပါပဲ။ ယူရိုပါလိဂ်ဖလားကို စိုးမိုးထားနိုင်သူ ဆီဗီလာဟာ ချန်ပီယံလိဂ်မျက်နှာစာဘက်မှာ သိပ်ပြီးအစဉ်အလာမရှိဘူး။ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ကို ဒီရာသီပါမှ တတိယအကြိမ်ရောက်ခဲ့တာပါပဲ။ အဲဒီ(၃)ကြိမ်စလုံးမှာ ဆီဗီလာ ရှုံးနိမ့်ပြီးကွာတားဖိုင်နယ်ကိုတစ်ကြိမ်မှ မရောက်ခဲ့ဖူးဘူး။

နည်းပြဟောင်း ဘရစ်ဇို(Berizzo) ရဲ့ ဦးဆောင်မှုအောက်မှာ ဆီဗီလာဟာ အုပ်စုဒုတိယနေရာရခဲ့ပြီး နောက်တစ်ဆင့်ကိုတက်ခဲ့ပါတယ်။ ဒါပေမဲ့ ဘရစ်ဇိုက ကင်ဆာရောဂါကြောင့် အသင်းကိုလမ်းခွဲသွားခဲ့ရတယ်။ သူ့နေရာကို အစားဝင်လာသူက အေစီမီလန်ကနေ ဆုံးရှုံးမှုများစွာနဲ့ ထွက်ခွာခဲ့ရသူ နည်းပြမွန်တဲလား(Montella)၊ သူ့လက်ထက်မှာ ဆီဗီလာဟာ စပိန်ဘုရင့်ဖလားဖိုင်နယ်ကို တက်ရောက်ခွင့်ရယူပေးထား၊ လာလီဂါမှာ အစောပိုင်းအခြေအနေသိပ်မဟန်ခဲ့ပေမယ့် နောက်ဆုံး(၃)ပွဲဆက် အနိုင်ရထားပြီး သူတို့ရဲ့မာဂုဏ်ကို ပြန်လည်တည်ထောင်ထားတယ်။ မူရီယဲလ်(Muriel)၊ ဘင်ယက်ဒါ(Ben Yedder)၊ ဆာရာဘီယာ(Sarabia)တို့က တစ်ဦးချင်းအရည်အသွေးထက်မြက်ပြီး ဂိုးသွင်းခြေစွမ်းရှိသူတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုက်စစ်ပိုင်းက အားရစရာကောင်းပါတယ်။ ခံစစ်မှာ အဓိကနောက်ခံလူ ခါဂျာ(Kjaer) ဒဏ်ရာကနေပြန်လည်သက်သာလာတာ ဆီဗီလာအတွက် အားတက်စရာပါပဲ။ ဂိုးသမားရီကို (Rico)က စိတ်ချရတယ်။ အန်ဇွန်ဇီ (Nzonzi) လို Box To Box ကစားသမားမျိုးလည်းရှိနေလို့ မန်ချက်စတာယူနိုက်တက် ပေါ့ဆလို့မရဘူး။

 

မန်ချက်စတာယူနိုက်တက်ရဲ့ ပြဿနာက ကွင်းလယ်မှာ လူပိုလူလျှံဖြစ်နေတယ်လို့ ဆိုရမလားပဲ။ ပေါ့ဘာ(Pogba)က Deeper Role ထက် Attacking Midfielder ပုံစံမျိုုး ကစားချင်နေပြီး နည်းပြမော်ရင်ဟို(Mourinho) ကို တောင်းဆိုထားတယ်။ ဒီပွဲမှာ ပေါ့ဘာကို ပြန်သုံးမယ်လို့ မော်ရင်ဟိုကြေညာ ထားပြီး ဘယ်နေရာမှာထားမလဲဆိုတာတော့ သေချာမသိရသေးဘူး။ နောက်ထပ် နည်းစနစ်ရှုပ်ထွေးမှုက ဆန်းချက်ဇ်(Sanchez) ၊ မာစီယဲလ် (Martial)နှစ်ယောက်ထဲက ဘယ်သူ့ကို ဘယ်တောင်ပံမှာ ဦးစားပေးသုံးမလဲဆိုတာပဲ။ ဒါမှမဟုတ်ရင် မာစီယဲလ်ကို ချန်ထားပြီး မာတာ(Mata)ကို ညာတောင်ပံ၊ ဆန်းချက်ဇ်ကို ဘယ်တောင်ပံထားပြီးကစားသင့်ပါတယ်။ ဘာယီ(Bailly) ပြန်ပါလာတဲ့ခံစစ်ပိုင်းက ပြီးခဲ့တဲ့ပွဲတွေကထက် ပိုတည်ငြိမ်နိုင်ပါတယ်။ ဘာစီလိုနာမှာကစားခဲ့တုန်းက ဆီဗီလာနဲ့တွေ့တဲ့(၅)ပွဲစလုံး အနိုင်ရထားတဲ့ ဆန်းချက်ဇ် ဂိုးသွင်း၊ မသွင်းစောင့်ကြည့်ရမယ်။

မန်ချက်စတာယူနိုက်တက်မရှုံးနိုင်တဲ့ပွဲမျိုးပါပဲ။

ပွဲကြိုအချက်အလက်

ဆီဗီလာအသင်းတိုက်စစ်ကစားသမား ဆာရာဘီယာဟာ ပြိုင်ပွဲစုံနောက်ဆုံး (၈)ပွဲမှာ (၅)ဂိုးသွင်းထားပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ စပိန်ကလပ်အသင်းတွေနဲ့ နှစ်ကျော့ကစားရတဲ့ရှုံးထွက်ပြိုင်ပွဲတွေမှာ (၆)ပွဲနိုင်၊ (၇)ပွဲရှုံးထားပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။