[Zawgyi]

ဒီတစ္ခါ ခ်ယ္လ္ဆီးကို ဘာစီလိုနာ အသာရမွာလား

အဂၤါည ခ်န္ပီယံလိဂ္ပြဲမွာ ခ်ယ္လ္ဆီးနဲ႔ ဘာစီလိုနာ၊ ဘုိင္ယန္ျမဴးနစ္နဲ႔ ဘက္ဆစ္တက္တို႔ရဲ႕ပြဲေတြကစားသြားပါမယ္။

ဘာစီလုိနာဆိုတာ ဥေရာပေဘာလံုးေလာကရဲ႕ အရွင္သခင္အသင္းတစ္သင္း၊ ဒါေပမဲ့ ခ်ယ္လ္ဆီးနဲ႔ ရင္ဆုိင္ရတုိင္း သူတုိ႔ရဲ႕ ဂုဏ္သိကၡာေတြပြန္းပဲ့ေလ့ရွိတယ္။ ခ်ယ္လ္ဆီးနဲ႔ (၁၂)ႀကိမ္ရင္ဆုိင္ထားရမွာ ဘာစီလုိနာ (၃)ႀကိမ္ပဲ အႏုိင္ရထားတယ္။ (၄)ႀကိမ္အေရးနိမ့္ထားတယ္။ လက္ရွိအခ်ိန္မွာ ခ်ယ္လ္ဆီးနည္းျပ ကြန္တီရဲ႕ အနာဂတ္ဟာ ဖိအားေတြၾကား ပိတ္မိေနလို႔ ခ်န္ပီယံလိဂ္မွာ မ်က္ႏွာပန္းလွေရးဟာ အႀကီးမားဆံုးစိန္ေခၚသံျဖစ္လာတယ္။ ခ်ယ္လ္ဆီးနဲ႔ ဘာစီလုိနာေတြ႕ရင္ အျငင္းပြားဖြယ္ရာေတြ၊ ႏွစ္ဖက္ကစားသမား အျပန္အလွန္အခ်င္းမ်ားမႈေတြ၊ မေမ့ႏုိင္စရာျဖစ္ရပ္ေတြ ရွိခဲ့သလုိ၊ ဒီတစ္ခါေရာ ဘာေတြျဖစ္လာဦးမလဲ။

ဘုိင္ယန္ျမဴးနစ္နဲ႔ ဘက္ဆစ္တက္ပြဲကလည္း ႏွစ္သင္းၾကား ခ်န္ပီယံလိဂ္အစဥ္အလာကြာျခားေပမယ့္ ဘက္ဆစ္တက္ရဲ႕ ဒီရာသီေျခစြမ္းအရ ဘုိင္ယန္ျမဴးနစ္ေပါ့ဆလို႔မရဘူး။ ဥေရာပအေတြ႕အႀကံဳရင့္ ဒုတိယတန္းစားေတြနဲ႔ စုဖြဲ႕ထားတဲ့ ဘက္ဆစ္တက္က ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ႐ႈံးပြဲမရွိခဲ့ဘဲ အုပ္စုပထမေနရာနဲ႔ ဒီအဆင့္ကို ေရာက္လာတာပါပဲ။

မက္ဆီ (Messi) ဂိုးသြင္းႏုိင္မွာလား

မက္ဆီ (Messi) ဂိုးသြင္းႏုိင္မွာလား

ခ်ယ္လ္ဆီးနဲ႔ ဘာစီလုိနာ (ျမန္မာစံေတာ္ခ်ိန္ ဗုဒၶဟူးနံနက္ ၂း၁၅ နာရီ)

ဘာစီလုိနာတုိက္စစ္မွာ မက္ဆီ(Messi) နဲ႔ ဆြာရက္(Suarez) ႏွစ္ဦးပဲရွိတယ္။ ေကာ္တင္ဟို (Coutinho) က Cup Tie မိထားတယ္။ ဒမ္ဘီလီက ဒဏ္ရာေၾကာင့္ မပါ၀င္ႏုိင္ဘူး။ ဒီအခ်က္က ဘာစီလိုနာအတြက္ အားနည္းခ်က္ျဖစ္လာႏုိင္တယ္။ ၿပီးေတာ့ ဘာစီလုိနာခံစစ္က သိပ္စိတ္မခ်ရဘူး။ ဟာဇက္ (Hazard) ကိုထိန္းခ်ဳပ္ရခက္ႏုိင္ပါတယ္။ ဘာစီလုိနာ အႏုိင္ရဖို႔ခက္ပါတယ္။

ဘုိင္ယန္ျမဴးနစ္ ႏွင့္ ဘက္ဆစ္တက္ (ျမန္မာစံေတာ္ခ်ိန္ ဗုဒၶဟူးနံနက္ ၂း၁၅ နာရီ)

ဘက္ဆစ္တက္ရဲ႕ တန္ျပန္တုိက္စစ္ေတြကို ဘုိင္ယန္ျမဴးနစ္ သတိထားရမယ္။ ၿပီးေတာ့ ခပ္မာမာကစားဟန္ေၾကာင့္ ဘုိင္ယန္ျမဴးနစ္ စိတ္ႀကိဳက္တုိက္စစ္ဆင္ခြင့္ရပါ့မလားဆိုတာ စဥ္းစားရပါမယ္။ ဒါေပမဲ့ ဘုိင္ယန္ျမဴးနစ္နည္ျပ ေဟးနက္စ္က ခ်န္ပီယံလိဂ္အေတြ႕အႀကံဳရင့္ၿပီး အသင္းမွာလည္း ကိုးမန္း(Coman) တစ္ဦးကလြဲၿပီး လူစံုေနလို႔ အိမ္ကြင္းမွာ အႏုိင္ကစားပါမယ္။ (၂)ဂိုးျပတ္ေလာက္ ဘုိင္ယန္ျမဴးနစ္ႏုိင္ပါမယ္။

[Unicode]

ဒီတစ်ခါ ချယ်လ်ဆီးကို ဘာစီလိုနာ အသာရမှာလား

အင်္ဂါည ချန်ပီယံလိဂ်ပွဲမှာ ချယ်လ်ဆီးနဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ ဘက်ဆစ်တက်တို့ရဲ့ပွဲတွေကစားသွားပါမယ်။

ဘာစီလိုနာဆိုတာ ဥရောပဘောလုံးလောကရဲ့ အရှင်သခင်အသင်းတစ်သင်း၊ ဒါပေမဲ့ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရတိုင်း သူတို့ရဲ့ ဂုဏ်သိက္ခာတွေပွန်းပဲ့လေ့ရှိတယ်။ ချယ်လ်ဆီးနဲ့ (၁၂)ကြိမ်ရင်ဆိုင်ထားရမှာ ဘာစီလိုနာ (၃)ကြိမ်ပဲ အနိုင်ရထားတယ်။ (၄)ကြိမ်အရေးနိမ့်ထားတယ်။ လက်ရှိအချိန်မှာ ချယ်လ်ဆီးနည်းပြ ကွန်တီရဲ့ အနာဂတ်ဟာ ဖိအားတွေကြား ပိတ်မိနေလို့ ချန်ပီယံလိဂ်မှာ မျက်နှာပန်းလှရေးဟာ အကြီးမားဆုံးစိန်ခေါ်သံဖြစ်လာတယ်။ ချယ်လ်ဆီးနဲ့ ဘာစီလိုနာတွေ့ရင် အငြင်းပွားဖွယ်ရာတွေ၊ နှစ်ဖက်ကစားသမား အပြန်အလှန်အချင်းများမှုတွေ၊ မမေ့နိုင်စရာဖြစ်ရပ်တွေ ရှိခဲ့သလို၊ ဒီတစ်ခါရော ဘာတွေဖြစ်လာဦးမလဲ။

ဘိုင်ယန်မြူးနစ်နဲ့ ဘက်ဆစ်တက်ပွဲကလည်း နှစ်သင်းကြား ချန်ပီယံလိဂ်အစဉ်အလာကွာခြားပေမယ့် ဘက်ဆစ်တက်ရဲ့ ဒီရာသီခြေစွမ်းအရ ဘိုင်ယန်မြူးနစ်ပေါ့ဆလို့မရဘူး။ ဥရောပအတွေ့အကြုံရင့် ဒုတိယတန်းစားတွေနဲ့ စုဖွဲ့ထားတဲ့ ဘက်ဆစ်တက်က ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရှုံးပွဲမရှိခဲ့ဘဲ အုပ်စုပထမနေရာနဲ့ ဒီအဆင့်ကို ရောက်လာတာပါပဲ။

မက်ဆီ (Messi) ဂိုးသွင်းနိုင်မှာလား

မက်ဆီ (Messi) ဂိုးသွင်းနိုင်မှာလား

ချယ်လ်ဆီးနဲ့ ဘာစီလိုနာ (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

ဘာစီလိုနာတိုက်စစ်မှာ မက်ဆီ(Messi) နဲ့ ဆွာရက်(Suarez) နှစ်ဦးပဲရှိတယ်။ ကော်တင်ဟို (Coutinho) က Cup Tie မိထားတယ်။ ဒမ်ဘီလီက ဒဏ်ရာကြောင့် မပါဝင်နိုင်ဘူး။ ဒီအချက်က ဘာစီလိုနာအတွက် အားနည်းချက်ဖြစ်လာနိုင်တယ်။ ပြီးတော့ ဘာစီလိုနာခံစစ်က သိပ်စိတ်မချရဘူး။ ဟာဇက် (Hazard) ကိုထိန်းချုပ်ရခက်နိုင်ပါတယ်။ ဘာစီလိုနာ အနိုင်ရဖို့ခက်ပါတယ်။

ဘိုင်ယန်မြူးနစ် နှင့် ဘက်ဆစ်တက် (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)

ဘက်ဆစ်တက်ရဲ့ တန်ပြန်တိုက်စစ်တွေကို ဘိုင်ယန်မြူးနစ် သတိထားရမယ်။ ပြီးတော့ ခပ်မာမာကစားဟန်ကြောင့် ဘိုင်ယန်မြူးနစ် စိတ်ကြိုက်တိုက်စစ်ဆင်ခွင့်ရပါ့မလားဆိုတာ စဉ်းစားရပါမယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်နည်ပြ ဟေးနက်စ်က ချန်ပီယံလိဂ်အတွေ့အကြုံရင့်ပြီး အသင်းမှာလည်း ကိုးမန်း(Coman) တစ်ဦးကလွဲပြီး လူစုံနေလို့ အိမ်ကွင်းမှာ အနိုင်ကစားပါမယ်။ (၂)ဂိုးပြတ်လောက် ဘိုင်ယန်မြူးနစ်နိုင်ပါမယ်။