[Zawgyi]

ခ်န္ပီယံလိဂ္ရဲ႕ ေနရာအလိုက္ အေကာင္းဆံုးဆုေတြအတြက္ ဆန္ခါတင္စာရင္းကို ထုတ္ျပန္ခဲ့တဲ့ UEFA

၂၀၁၇-၁၈ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ ေနရာအလိုက္ အေကာင္းဆံုးကစားသမားဆုေတြအတြက္ ဆန္ခါတင္စာရင္းကို ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္ (UEFA)က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဂိုးသမား၊ ေနာက္ခံလူ၊ ကြင္းလယ္နဲ႔ တိုက္စစ္ေနရာ (၄)ေနရာအတြက္ အေကာင္းဆံုးကစားသမားဆုေတြကို UEFA က ေပးအပ္ခ်ီးျမွင့္သြားမွာပါျဖစ္ၿပီး ေနရာအားလံုးအတြက္ စုစုေပါင္း ကစားသမား (၁၂)ဦးစာရင္းကို ထုတ္ျပန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ကစားသမားေတြထဲက ေနရာအလိုက္ အေကာင္းဆံုးဆုေတြအတြက္ ဆန္ခါတင္ (၃)ဦးစာရင္းကို UEFA က တရားဝင္ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ဆန္ခါတင္ (၃)ဦးစာရင္းထဲကေန ဆုရရွိတဲ့ ကစားသမားအမည္ကို လာမယ့္ ၾသဂုတ္လ (၃၀)ရက္ေန႔၊ ျပင္သစ္ႏိုင္ငံ၊ မိုနာကိုၿမိဳ႕မွာ က်င္းပျပဳလုပ္မယ့္ အုပ္စုမဲခြဲပြဲမွာ ထုတ္ျပန္ေၾကညာၿပီး ဆုခ်ီးျမွင့္သြားမွာပါ။

2017-18-European-champions-Madrid-have-seven-players-nominated

2017-18-European-champions-Madrid-have-seven-players-nominated

ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ ရီးယဲလ္အသင္းက ကစားသမား (၆)ဦးအထိ ဆန္ခါတင္စာရင္းမွာ ပါဝင္လာခဲ့ၿပီး အေကာင္းဆံုးဆု ေရြးခ်ယ္ေပးမယ့္ ေနရာ (၄)ေနရာစလံုးမွာ ပါဝင္ႏိုင္ခဲ့ပါတယ္။ နာမည္ေက်ာ္ တိုက္စစ္မွဴး ခရစၥတီယာႏိုေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ လက္ရွိအခ်ိန္မွာ ဂ်ဴဗင္တပ္စ္ကစားသမားျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က စြမ္းေဆာင္ရည္ေတြအရ ေပးတဲ့ဆုျဖစ္လို႔ သူအပါအဝင္ ရီးယဲလ္အသင္းရဲ႕ ကစားသမား (၇)ဦးပါဝင္တယ္လို႔ ေဖာ္ျပခဲ့တာပါ။ ၂၀၁၇-၁၈ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ (၃၂)သင္းအုပ္စုအဆင့္မွာ ပါဝင္ခဲ့တဲ့ နည္းျပေတြနဲ႔ ဥေရာပအားကစားမီဒီယာ (ESM)ရဲ႕ အဖြဲ႔ဝင္ အားကစားသတင္းေထာက္ (၅၅)ဦးတို႔က ဆန္ခါတင္စာရင္းမွာ ပါဝင္တဲ့ ကစားသမားေတြကို ေရြးခ်ယ္ခဲ့ပါတယ္။ ဆန္ခါတင္ (၃)ေယာက္ကို ေရြးခ်ယ္ရာမွာ ပါဝင္ခဲ့တဲ့ နည္းျပေတြအေနနဲ႔ ကိုယ့္အသင္းက ကစားသမားကို ျပန္လည္ေရြးခ်ယ္ခြင့္မရွိေၾကာင္း သိရပါတယ္။

Europa-League-player-of-the-Tournament-award-nominees-announced

Europa-League-player-of-the-Tournament-award-nominees-announced

ေနရာအလိုက္ အေကာင္းဆံုး ကစားသမားဆုကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအတြက္သာ ႏွစ္စဥ္ေပးအပ္ေလ့ရွိၿပီး ယူရိုပါလိဂ္ၿပိဳင္ပြဲအတြက္ ေပးအပ္ခ်ီးျမွင့္ျခင္းေတာ့မရွိပါဘူး။ ယူရိုပါလိဂ္ၿပိဳင္ပြဲမွာေတာ့ ၿပိဳ္င္ပြဲတစ္ေလွ်ာက္ အေကာင္းဆံုးကစားသမားဆုကိုသာ ေပးအပ္ေလ့ရွိတာျဖစ္ပါတယ္။ ၂၀၁၇-၁၈ ေဘာလံုးရာသီ ယူရိုပါလိဂ္ၿပိဳင္ပြဲရဲ႕ ၿပိဳင္ပြဲတစ္ေလွ်ာက္ အေကာင္းဆံုးကစားသမားဆုအတြက္ ဆန္ခါတင္ (၃)ဦးစာရင္းမွာ အက္သလက္တီကိုအသင္းရဲ႕ ကစားသမားေတြျဖစ္တဲ့ ေနာက္ခံလူ ဂိုဒင္ Godin ၊ တိုက္စစ္မွဴး ဂရစ္ဇ္မန္း Griezmann နဲ႔ မာေဆးလ္တိုက္စစ္ကစားသမား ပါယက္ Payet တို႔ပါဝင္ခဲ့ပါတယ္။ ၾသဂုတ္ (၃၀)ရက္ေန႔မွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ ေနရာအလိုက္အေကာင္းဆံုး ကစားသမားဆု၊ ယူရိုပါလိဂ္ၿပိဳင္ပြဲရဲ႕ ၿပိဳင္ပြဲတစ္ေလွ်ာက္ အေကာင္းဆံုးကစားသမားဆုေတြအျပင္ ဥေရာပတိုက္မွာ ကစားေနတဲ့ ကစားသမားေတြအတြက္ နာမည္ေက်ာ္ဆုတစ္ဆုျဖစ္တဲ့ ဥေရာပအေကာင္းဆံုးကစားသမားဆု ( UEFA  Player of the Year) ကိုပါ ေပးအပ္ခ်ီးျမွင့္သြားမွာျဖစ္ပါတယ္။ UEFA Player of the Year ဆုကို အမ်ိဳးသားနဲ႔ အမ်ိဳးသမီးဆုေတြကို ခ်ီးျမွင့္သြားမွာျဖစ္ေပမယ့္ ဆန္ခါတင္ ကစားသမားစာရင္းကိုေတာ့ ထုတ္ျပန္ေၾကညာျခင္းမရွိေသးပါဘူး။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ ေနရာအလိုက္ အေကာင္းဆံုး ကစားသမားဆုအတြက္ ဆန္ခါတင္ (၁၂)ဦးစာရင္း

ဂိုးသမား – အယ္လစ္ဆန္ Alisson (ရိုးမား၊ ယခုလီဗာပူးလ္)၊ ဘူဖြန္ Buffon (ဂ်ဴဗင္တပ္စ္၊ ယခု PSG)၊ နာဗက္စ္ Navas (ရီးယဲလ္)။
ေနာက္တန္း – မာဆယ္လို Marcelo ၊ ရာမို႔စ္ Ramos ၊ ဗာရန္း Varane (ရီးယဲလ္)။
အလယ္တန္း – ဒီဘရိုင္းနား De Bruyne (မန္စီးတီး)၊ ကရူးစ္ Kroos ၊ မိုဒရစ္ Modric (ရီးယဲလ္)။
ေရွ႕တန္း – မက္ဆီ Messi (ဘာစီလိုနာ)၊ ခရစၥတီယာႏိုေရာ္နယ္လ္ဒို Cristiano Ronaldo (ရီးယဲလ္)၊ ဆာလာ Salah (လီဗာပူးလ္)။

REF:UEFA.com
Photo:realmadrid.com, Football Premium, Real Madrid.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ရဲ့ နေရာအလိုက် အကောင်းဆုံးဆုတွေအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန်ခဲ့တဲ့ UEFA

၂၀၁၇-၁၈ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နေရာအလိုက် အကောင်းဆုံးကစားသမားဆုတွေအတွက် ဆန်ခါတင်စာရင်းကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဂိုးသမား၊ နောက်ခံလူ၊ ကွင်းလယ်နဲ့ တိုက်စစ်နေရာ (၄)နေရာအတွက် အကောင်းဆုံးကစားသမားဆုတွေကို UEFA က ပေးအပ်ချီးမြှင့်သွားမှာပါဖြစ်ပြီး နေရာအားလုံးအတွက် စုစုပေါင်း ကစားသမား (၁၂)ဦးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေထဲက နေရာအလိုက် အကောင်းဆုံးဆုတွေအတွက် ဆန်ခါတင် (၃)ဦးစာရင်းကို UEFA က တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆန်ခါတင် (၃)ဦးစာရင်းထဲကနေ ဆုရရှိတဲ့ ကစားသမားအမည်ကို လာမယ့် သြဂုတ်လ (၃၀)ရက်နေ့၊ ပြင်သစ်နိုင်ငံ၊ မိုနာကိုမြို့မှာ ကျင်းပပြုလုပ်မယ့် အုပ်စုမဲခွဲပွဲမှာ ထုတ်ပြန်ကြေညာပြီး ဆုချီးမြှင့်သွားမှာပါ။

2017-18-European-champions-Madrid-have-seven-players-nominated

2017-18-European-champions-Madrid-have-seven-players-nominated

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ရီးယဲလ်အသင်းက ကစားသမား (၆)ဦးအထိ ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ပြီး အကောင်းဆုံးဆု ရွေးချယ်ပေးမယ့် နေရာ (၄)နေရာစလုံးမှာ ပါဝင်နိုင်ခဲ့ပါတယ်။ နာမည်ကျော် တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်လ်ဒို Cristiano Ronaldo ဟာ လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်ကစားသမားဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်က စွမ်းဆောင်ရည်တွေအရ ပေးတဲ့ဆုဖြစ်လို့ သူအပါအဝင် ရီးယဲလ်အသင်းရဲ့ ကစားသမား (၇)ဦးပါဝင်တယ်လို့ ဖော်ပြခဲ့တာပါ။ ၂၀၁၇-၁၈ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၃၂)သင်းအုပ်စုအဆင့်မှာ ပါဝင်ခဲ့တဲ့ နည်းပြတွေနဲ့ ဥရောပအားကစားမီဒီယာ (ESM)ရဲ့ အဖွဲ့ဝင် အားကစားသတင်းထောက် (၅၅)ဦးတို့က ဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့ ကစားသမားတွေကို ရွေးချယ်ခဲ့ပါတယ်။ ဆန်ခါတင် (၃)ယောက်ကို ရွေးချယ်ရာမှာ ပါဝင်ခဲ့တဲ့ နည်းပြတွေအနေနဲ့ ကိုယ့်အသင်းက ကစားသမားကို ပြန်လည်ရွေးချယ်ခွင့်မရှိကြောင်း သိရပါတယ်။

Europa-League-player-of-the-Tournament-award-nominees-announced

Europa-League-player-of-the-Tournament-award-nominees-announced

နေရာအလိုက် အကောင်းဆုံး ကစားသမားဆုကို ချန်ပီယံလိဂ်ပြိုင်ပွဲအတွက်သာ နှစ်စဉ်ပေးအပ်လေ့ရှိပြီး ယူရိုပါလိဂ်ပြိုင်ပွဲအတွက် ပေးအပ်ချီးမြှင့်ခြင်းတော့မရှိပါဘူး။ ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုသာ ပေးအပ်လေ့ရှိတာဖြစ်ပါတယ်။ ၂၀၁၇-၁၈ ဘောလုံးရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် (၃)ဦးစာရင်းမှာ အက်သလက်တီကိုအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ ဂိုဒင် Godin ၊ တိုက်စစ်မှူး ဂရစ်ဇ်မန်း Griezmann နဲ့ မာဆေးလ်တိုက်စစ်ကစားသမား ပါယက် Payet တို့ပါဝင်ခဲ့ပါတယ်။ သြဂုတ် (၃၀)ရက်နေ့မှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နေရာအလိုက်အကောင်းဆုံး ကစားသမားဆု၊ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုတွေအပြင် ဥရောပတိုက်မှာ ကစားနေတဲ့ ကစားသမားတွေအတွက် နာမည်ကျော်ဆုတစ်ဆုဖြစ်တဲ့ ဥရောပအကောင်းဆုံးကစားသမားဆု ( UEFA Player of the Year) ကိုပါ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ UEFA Player of the Year ဆုကို အမျိုးသားနဲ့ အမျိုးသမီးဆုတွေကို ချီးမြှင့်သွားမှာဖြစ်ပေမယ့် ဆန်ခါတင် ကစားသမားစာရင်းကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နေရာအလိုက် အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် (၁၂)ဦးစာရင်း

ဂိုးသမား – အယ်လစ်ဆန် Alisson (ရိုးမား၊ ယခုလီဗာပူးလ်)၊ ဘူဖွန် Buffon (ဂျူဗင်တပ်စ်၊ ယခု PSG)၊ နာဗက်စ် Navas (ရီးယဲလ်)။
နောက်တန်း – မာဆယ်လို Marcelo ၊ ရာမို့စ် Ramos ၊ ဗာရန်း Varane (ရီးယဲလ်)။
အလယ်တန်း – ဒီဘရိုင်းနား De Bruyne (မန်စီးတီး)၊ ကရူးစ် Kroos ၊ မိုဒရစ် Modric (ရီးယဲလ်)။
ရှေ့တန်း – မက်ဆီ Messi (ဘာစီလိုနာ)၊ ခရစ္စတီယာနိုရော်နယ်လ်ဒို Cristiano Ronaldo (ရီးယဲလ်)၊ ဆာလာ Salah (လီဗာပူးလ်)။

REF:UEFA.com
Photo:realmadrid.com, Football Premium, Real Madrid.com
Aung Kyaw Wai (Akhayar)
www.akhayar.com