[Zawgyi]

ခ်န္ပီယံလိဂ္ဗုိလ္လုပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

တစ္ကမၻာလုံးက ေဘာလုံးပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ ၂၀၁၈ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြက အခုစေနေန႔မွာ ယွဥ္ၿပိဳင္ကစားေတာ့မွာျဖစ္ပါတယ္။ ဒီဗုိလ္လုပဲြနဲ႔ ပတ္သက္တဲ့ ထူးျခားခ်က္ေတြကုိ Akhayar Sports ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပေပးလုိက္ပါတယ္ . . . .

ႏွစ္သင္းေပါင္းသြင္းဂုိး (၇၀)
ဒီရာသီခ်န္ပီယံလိဂ္ၿပိဳင္ပဲြတစ္ေလွ်ာက္ ရီးယဲလ္နဲ႔ လီဗာပူးလ္အသင္းတို႔ သြင္းယူခဲ့တဲ့ဂုိးအေရအတြက္က (၇၀)အထိ ရွိခဲ့ၿပီး ရီးယဲလ္က (၃၀)ဂုိး၊ လီဗာပူးလ္ ဂုိး(၄၀)သြင္းခဲ့ၾကတယ္။ ရီးယဲလ္ရဲ႕ တစ္ပဲြပ်မ္းမွ်သြင္းဂုိးက (၂.၅)ဂုိးသာရွိခဲ့ေပမယ့္ လီဗာပူးလ္ကေတာ့ (၃.၃၃)ဂိုးအထိ ရွိခဲ့ပါတယ္။

ခ်န္ပီယံလိဂ္မွာ (၅)ႀကိမ္အထိ ဆုံေတြ႕ခဲ့ဖူး
ရီးယဲလ္နဲ႔ လီဗာပူးလ္အသင္းတို႔ဟာ ခ်န္ပီယံလိဂ္(အရင္ ဥေရာပဖလား)ၿပိဳင္ပဲြတစ္ေလွ်ာက္ (၅)ႀကိမ္ ဆုံေတြ႕ခဲ့ဖူးၿပီး ရီးယဲလ္က ႏွစ္ႀကိမ္ႏုိင္၊ လီဗာပူးလ္က သုံးႀကိမ္ႏုိင္ခဲ့တယ္။

Liverpool-VS-Real-Madrid

Liverpool-VS-Real-Madrid

(၁၃၅၁၃) ရက္အၾကာမွ ဗုိလ္လုပဲြမွာ ျပန္ေတြ႕
လီဗာပူးလ္အသင္းဟာ ၁၉၈၁၊ ေမလ ၂၇ ရက္ တုနး္က ရီးယဲလ္နဲ႔ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြအျဖစ္ ဆုံေတြ႕ခဲ့ၿပီး (၁၃၅၁၃)ရက္အၾကာမွ ဗုိလ္လုပဲြမွာ ျပန္ေတြ႕ၾကတာပါ။

အဂၤလိပ္ကလပ္ေတြ စပိန္ကလပ္ေတြကုိ ဗုိလ္လုပဲြမွာ တစ္ႀကိမ္သာအႏုိင္ရ
၁၉၈၁ ခုႏွစ္ဗုိလ္လုပဲြတုန္းက ရီးယဲလ္ကုိ လီဗာပူးလ္အႏုိင္ရခဲ့တာဟာ အဂၤလိပ္ကလပ္ေတြ စပိန္ကလပ္ေတြကုိ ပထမဆုံးနဲ႔ေနာက္ဆုံးအႀကိမ္ အႏုိင္ရခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ပုိင္း အဂၤလိပ္ကလပ္ေတြဟာ စပိန္ကလပ္ေတြနဲ႔ ဗုိလ္လုပဲြ(၃)ႀကိမ္ ဆုံေတြ႕ခဲ့ၿပီး ၂၀၀၆မွာ ဘာစီလုိနာက အာဆင္နယ္ကုိ (၂-၁)ဂုိး၊ ၂၀၀၉ တုန္းက ဘာစီလုိနာက မန္ယူကုိ (၂-၀)ဂုိး၊ ၂၀၁၁ မွာ ဘာစီလုိနာက မန္ယူကုိပဲ (၃-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။

ရီးယဲလ္အတြက္ (၃၁)ႀကိမ္ေျမာက္ ဥေရာပဗုိလ္လုပဲြ
အခု ဗုိလ္လုပဲြဟာ ရီးယဲလ္အတြက္ ဥေရာပၿပိဳင္ပဲြေတြမွာ (၃၁)ႀကိမ္ေျမာက္ ဗုိလ္လုပဲြျဖစ္ပါတယ္။ ရီးယဲလ္ အသင္းဟာ ခ်န္ပီယံလိဂ္(အရင္ ဥေရာပဖလားၿပိဳင္ပဲြ)မွာ (၁၅)ႀကိမ္၊ UEFA (ယူ႐ုိပါလိဂ္)မွာ (၂)ႀကိမ္၊ UEFA Cup Winners Cups မွာ (၂)ႀကိမ္၊ ဥေရာပစူပါဖလားမွာ (၆)ႀကိမ္၊ အင္တာကြန္တီနန္တယ္ဖလားမွာ (၅)ႀကိမ္ ဗုိလ္လုပဲြေတြ တက္ေရာက္ခဲ့တယ္။

လီဗာပူးလ္အတြက္ အႀကိမ္(၂၀)ေျမာက္ ဥေရာပဗုိလ္လုပဲြ

Liverpool-with-2005-Champions-League-Trophy

Liverpool-with-2005-Champions-League-Trophy

လီဗာပူးလ္အသငး္ဟာ ဒီပဲြအပါအ၀င္ ဥေရာပၿပိဳင္ပဲြေတြမွာ ဗုိလ္လုပဲြကုိ အႀကိမ္(၂၀)အထိ တက္ေရာက္ခဲ့ၿပီး ခ်န္ပီယံလိဂ္(၅)ႀကိမ္၊ UEFA ဖလား (၃)ႀကိမ္၊ ဥေရာပစူပါဖလား(၃)ႀကိမ္ ဆြတ္ခူးခဲ့တယ္။

ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကစားခဲ့ဖူးတဲ့ ရီးယဲလ္ကစားသမား (၁၄)ဦး
လက္ရွိရီးယဲလ္အသင္းရဲ႕ ကစားသမားထဲမွာ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြ ကစားခဲ့ဖူးတဲ့သူက စုစုေပါင္း (၁၄)ဦးအထိ ရွိေပမယ့္ လီဗာပူးလ္အသင္းမွာေတာ့ တစ္ဦးမွ မရွိပါဘူး။

ခ်န္ပီယံလိဂ္(၂၉)ပဲြဆက္ ဂိုးသြင္းထားတဲ့ ရီးယဲလ္
ခ်န္ပီယံလိဂ္မွာ ရီးယဲလ္အသင္း ေနာက္ဆုံးဂုိးမသြင္းႏုိင္တာက ၂၀၁၅-၁၆ ရာသီတုန္းက ဆီမီးဖိုင္နယ္ ပထမအေက်ာ႔ မန္စီးတီးနဲ႔ ကစားခဲ့တဲ့ပဲြျဖစ္ၿပီး အဲဒီေနာက္ပုိင္းကတည္းက ေတာက္ေလွ်ာက္ ဂုိးသြင္းခဲ့တယ္။

ရီးယဲလ္နဲ႔ ဆုံေတြ႕ခဲ့တဲ့ ယာဂန္ကေလာ့ပ္ Jurgen Klopp ရဲ႕ မွတ္တမ္း
လီဗာပူးလ္နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp ဟာ နည္းျပဘ၀တစ္ေလွ်ာက္မွာ ရီးယဲလ္နဲ႔ (၆)ႀကိမ္ ဆုံေတြ႕ခဲ့ၿပီး (၃)ပဲြႏုိင္၊ (၁)ပဲြသေရ၊ (၂)ပဲြ႐ႈံးခဲ့ပါတယ္။ ယာဂန္ကေလာ့ပ္ရဲ႕ နည္းျပဘ၀တစ္ေလွ်ာက္ ႏုိင္ပဲြအမ်ားဆုံး ရယူႏုိင္ခဲ့တဲ့အသင္းေတြက မန္စီးတီးနဲ႔ ရီးယဲလ္တုိ႔ ပါပဲ။

ဆာလာ Salah ဟာ ရီးယဲလ္ကုိ ဂုိးမသြင္းႏုိင္ေသးဘူး

Salah-Never-Scores-against-Real-Madrid

Salah-Never-Scores-against-Real-Madrid

လီဗာပူးလ္အသင္းရဲ႕ အဓိက တိုက္စစ္ကစားသမား ဆာလာ Salah ဟာ ရီးယဲလ္နဲ႔ ႏွစ္ႀကိမ္ ရင္ဆုိင္ခဲ့ဖူးၿပီး ဂုိးေတာ့ မသြင္းႏုိင္ခဲ့ပါဘူး။

အီဂ်စ္ကစားသမားထဲမွာ ရီးယဲလ္ကုိ ဂုိးသြင္းခဲ့သူ မရွိ
ဆာလာအေနနဲ႔ ဒီမွတ္တမ္းဆုိးကုိ လာမယ့္ဗုိလ္လုပဲြမွာ ခ်ိဳးျဖတ္ဖုိ႔ ႀကိဳးစားရမယ္။

လီဗာပူးလ္နဲ႔ (၁၁)ႀကိမ္ဆုံေတြ႕ခဲ့ဖူးတဲ့ စီေရာ္နယ္လ္ဒုိ C.Ronaldo
စီေရာ္နယ္လ္ဒုိ C.Ronaldo ဟာ လီဗာပူးလ္နဲ႔ ၿပိဳင္ပဲြစုံ (၁၁)ႀကိမ္ ဆုံေတြ႕ခဲ့ၿပီး (၃)ဂုိးသြင္းယူခဲ့တယ္။

လီဗာပူးလ္နဲ႔ ပထမဆုံးအႀကိမ္ ဆုံေတြ႕ရမယ့္ ဇီဒန္း Zidane
ဇီဒန္း Zidane ဟာ ကစားသမားဘ၀မွာ လီဗာပူးလ္နဲ႔ တစ္ႀကိမ္မွ ဆုံေတြ႕ခဲ့ျခင္းမရွိသလုိ၊ အခု နည္းျပဘ၀မွာလည္း ပထမဆုံးအႀကိမ္ ဆုံေတြ႕မွာပါ။

ကိဗ္ၿမဳိ႕မွာ ရီးယဲလ္ ဥေရာပပဲြစဥ္(၄)ပဲြကစားခဲ့
ရီးယဲလ္အသငး္ဟာ ကိဗ္ၿမိဳ႕နဲ႔ သိပ္ေတာ့ မစိမ္းပါဘူး။ ဥေရာပပဲြစဥ္(၄)ပဲြကစားခဲ့ဖူးၿပီး တစ္ပဲြႏုိင္၊ ႏွစ္ပဲြသေရ၊ တစ္ပဲြ႐ႈံး ရလဒ္ထြက္ေပၚခဲ့တယ္။

ရီးယဲလ္ရဲ႕ပဲြကုိ ႏွစ္ႀကိမ္ ကုိင္တြယ္ခဲ့ဖူးတဲ့ ဒုိင္လူႀကီး မာဇစ္ Mazic
အခုပဲြမွာ ကြင္းလယ္ဒုိင္အျဖစ္ေဆာင္ရြက္မယ့္ ဒုိင္လူႀကီး မာဇစ္ Mazic ဟာ ရီးယဲလ္အသငး္ရဲ႕ပဲြကုိ ႏွစ္ႀကိမ္ ကုိင္တြယ္ခဲ့ၿပီး ရီးယဲလ္အသင္း တစ္ပဲြႏုိင္၊ တစ္ပဲြ႐ႈံးခဲ့တယ္။ မာဇစ္အေနနဲ႔ လီဗာပူးလ္အသင္းရဲ႕ပဲြေတြကုိေတာ့ တစ္ႀကိမ္မွ မကုိင္တြယ္ဖူးဘူး။

ဒီရာသီခ်န္ပီယံလိဂ္ပဲြတိုင္းကစားထားတဲ့ စီေရာ္နယ္လ္ဒုိ C.Ronaldo နဲ႔ ကာရီးယပ္စ္ Karius
ရီးယဲလ္ တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ C.Ronaldo နဲ႔ လီဗာပူးလ္ဂုိးသမား ကာရီးယပ္စ္ Karius တို႔ဟာ ဒီရာသီခ်န္ပီယံလိဂ္မွာ သူတို႔အသင္းအတြက္ ပဲြတိုင္းပါ၀င္ကစားခဲ့ၿပီး မိနစ္ေပါင္း(၁၀၈၀)ၾကာ ကစားခဲ့တယ္။

လီဗာပူးလ္အသင္းရဲ႕သြင္းဂုိး(၄၀)မွာ ေဖမီႏုိ Firminoပါ၀င္ပတ္သက္ခဲ့တာက (၁၈)ဂုိးရွိခဲ့

Firmino-score-10-Champions-League-Goals

Firmino-score-10-Champions-League-Goals

ဒီရာသီ ခ်န္ပီယံလိဂ္မွာ လီဗာပူးလ္အသငး္ သြင္းဂုိးအေရအတြက္က (၄၀)ရွိခဲ့ၿပီး အဲဒီထဲမွာ ေဖမီႏုိ Firmino က (၁၀)ဂုိးသြင္း၊ ဂုိးဖန္တီးမႈ (၈)ႀကိမ္ရွိခဲ့တယ္။ ဒါ့အျပင္ ေဖမီႏုိဟာ ခ်န္ပီယံလိဂ္ပဲြစဥ္မွာ ကီလီမီတာေပါင္း (၁၁၉၂၂၇)အထိ ေျပးလႊားခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ဖလားရခဲ့တဲ့ ဂ်ာမန္နည္းျပ(၄)ဦး
ခ်န္ပီယံလိဂ္ၿပိဳင္ပဲြတစ္ေလွ်ာက္ ဆုဖလားရယူခဲ့ဖူးတဲ့ ဂ်ာမန္လူမ်ိဳးနည္းျပ(၄)ဦးရွိခဲ့ၿပီး လက္တက္ခ္ Lattek၊ ကရာမာ Cramer၊ ဟစ္ဇ္ဖဲလ္ Hitzfeld ၊ ေဟးနက္စ္ Heynckes တို႔ပဲျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔ (၁၀)ႀကိမ္အထိ ဆုံေတြ႕ခဲ့တဲ့ ဂါရတ္ေဘးလ္ Gareth Bale
ဂါရတ္ေဘးလ္ Gareth Bale ဟာ စပါး၊ ရီးယဲလ္အသင္းတို႔နဲ႔အတူ လီဗာပူးလ္အသငး္နဲ႔ ၿပိဳင္ပဲြစုံ(၁၀)ႀကိမ္ အထိ ဆုံေတြ႕ခဲ့ဖူးၿပီး တစ္ဂုိးသာ သြင္းႏုိင္ခဲ့တယ္။

ခ်န္ပီယံလိဂ္မွာ လက္စြမ္းျပေနတဲ့ ကာရီးယက္စ္
လီဗာပူးလ္ဂုိးသမား ကာရီးယက္စ္ဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ အေကာင္းဆုံးလက္စြမ္းျပေနၿပီး (၁၂)ပဲြမွာ Clean Sheet (၆)ပဲြအထိ ရယူခဲ့ပါတယ္။

အဂၤလိပ္အသင္းေတြနဲ႔ ရီးယဲလ္တို႔ရဲ႕ ခ်န္ပီယံလိဂ္မွတ္တမ္း
ရီးယဲလ္အသင္းဟာ ခ်န္ပီယံလိဂ္မွာ အဂၤလိပ္ကလပ္အသင္းေတြနဲ႔ (၂၁)ပဲြ ဆုံေတြ႕ခဲ့ဖူးၿပီး (၁၃)ပဲြႏုိင္၊ (၈) ပဲြ ႐ႈံးနိမ့္ခဲ့တယ္။

King Of The Finals ဇီဒန္း
ဇီဒန္းဟာ ဗုိလ္လုပဲြမွာဆုိရင္ ဘုရင္တစ္ပါးျဖစ္ၿပီး ၿပိဳင္ပဲြစုံ ဗုိလ္လုပဲြ(၇)ႀကိမ္မွာ ပဲြတိုင္း အႏုိင္ရခဲ့တယ္။

ေဘာ့ဘ္ပီယာစေလ Bob Paisley ရဲ႕ စံခ်ိန္ကုိ ဇီဒန္း အမီလုိက္ႏုိင္မလား

Will-Zidane-Match-Bob-Paisley

Will-Zidane-Match-Bob-Paisley

အခုတစ္ႀကိမ္မွာသာ ဗုိလ္စဲြႏုိင္မယ္ဆုိရင္ ဇီဒန္းဟာ လီဗာပူးလ္ဂႏၳ၀င္ နည္းျပႀကီး ေဘာ့ဘ္ပီယာစေလ Bob Paisley ရဲ႕ ခ်န္ပီယံလိဂ္ဖလား(၃)ႀကိမ္ရရွိခဲ့တဲ့ စံခ်ိန္နဲ႔ တူညီသြားပါၿပီ။ ပီယာစေလဟာ လီဗာပူးလ္ အသင္းနဲ႔အတူ ၁၉၇၇၊ ၁၉၇၈၊ ၁၉၈၁ ခုႏွစ္ေတြမွာ ဖလားဆြတ္ခူးခဲ့ၿပီး သူ႔လုိ စြမ္းေဆာင္ႏုိင္တာဆုိလုိ႔ အန္ဆယ္ေလာ့တီ Ancelotti တစ္ဦးသာရွိပါေသးတယ္။

REF:Marca
Photo: This Is Anfield,Sporting Life,Trome,Zimbio,GiveMeSport,Eurosport
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ

တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ စောင့်မျှော်နေတဲ့ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲက အခုစနေနေ့မှာ ယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။ ဒီဗိုလ်လုပွဲနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေကို Akhayar Sports ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ် . . . .

နှစ်သင်းပေါင်းသွင်းဂိုး (၇၀)
ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ရီးယဲလ်နဲ့ လီဗာပူးလ်အသင်းတို့ သွင်းယူခဲ့တဲ့ဂိုးအရေအတွက်က (၇၀)အထိ ရှိခဲ့ပြီး ရီးယဲလ်က (၃၀)ဂိုး၊ လီဗာပူးလ် ဂိုး(၄၀)သွင်းခဲ့ကြတယ်။ ရီးယဲလ်ရဲ့ တစ်ပွဲပျမ်းမျှသွင်းဂိုးက (၂.၅)ဂိုးသာရှိခဲ့ပေမယ့် လီဗာပူးလ်ကတော့ (၃.၃၃)ဂိုးအထိ ရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ (၅)ကြိမ်အထိ ဆုံတွေ့ခဲ့ဖူး
ရီးယဲလ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ချန်ပီယံလိဂ်(အရင် ဥရောပဖလား)ပြိုင်ပွဲတစ်လျှောက် (၅)ကြိမ် ဆုံတွေ့ခဲ့ဖူးပြီး ရီးယဲလ်က နှစ်ကြိမ်နိုင်၊ လီဗာပူးလ်က သုံးကြိမ်နိုင်ခဲ့တယ်။

Liverpool-VS-Real-Madrid

Liverpool-VS-Real-Madrid

(၁၃၅၁၃) ရက်အကြာမှ ဗိုလ်လုပွဲမှာ ပြန်တွေ့
လီဗာပူးလ်အသင်းဟာ ၁၉၈၁၊ မေလ ၂၇ ရက် တုန်းက ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဆုံတွေ့ခဲ့ပြီး (၁၃၅၁၃)ရက်အကြာမှ ဗိုလ်လုပွဲမှာ ပြန်တွေ့ကြတာပါ။

အင်္ဂလိပ်ကလပ်တွေ စပိန်ကလပ်တွေကို ဗိုလ်လုပွဲမှာ တစ်ကြိမ်သာအနိုင်ရ
၁၉၈၁ ခုနှစ်ဗိုလ်လုပွဲတုန်းက ရီးယဲလ်ကို လီဗာပူးလ်အနိုင်ရခဲ့တာဟာ အင်္ဂလိပ်ကလပ်တွေ စပိန်ကလပ်တွေကို ပထမဆုံးနဲ့နောက်ဆုံးအကြိမ် အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အင်္ဂလိပ်ကလပ်တွေဟာ စပိန်ကလပ်တွေနဲ့ ဗိုလ်လုပွဲ(၃)ကြိမ် ဆုံတွေ့ခဲ့ပြီး ၂၀၀၆မှာ ဘာစီလိုနာက အာဆင်နယ်ကို (၂-၁)ဂိုး၊ ၂၀၀၉ တုန်းက ဘာစီလိုနာက မန်ယူကို (၂-ဝ)ဂိုး၊ ၂၀၁၁ မှာ ဘာစီလိုနာက မန်ယူကိုပဲ (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။

ရီးယဲလ်အတွက် (၃၁)ကြိမ်မြောက် ဥရောပဗိုလ်လုပွဲ
အခု ဗိုလ်လုပွဲဟာ ရီးယဲလ်အတွက် ဥရောပပြိုင်ပွဲတွေမှာ (၃၁)ကြိမ်မြောက် ဗိုလ်လုပွဲဖြစ်ပါတယ်။ ရီးယဲလ် အသင်းဟာ ချန်ပီယံလိဂ်(အရင် ဥရောပဖလားပြိုင်ပွဲ)မှာ (၁၅)ကြိမ်၊ UEFA (ယူရိုပါလိဂ်)မှာ (၂)ကြိမ်၊ UEFA Cup Winners Cups မှာ (၂)ကြိမ်၊ ဥရောပစူပါဖလားမှာ (၆)ကြိမ်၊ အင်တာကွန်တီနန်တယ်ဖလားမှာ (၅)ကြိမ် ဗိုလ်လုပွဲတွေ တက်ရောက်ခဲ့တယ်။

လီဗာပူးလ်အတွက် အကြိမ်(၂၀)မြောက် ဥရောပဗိုလ်လုပွဲ

Liverpool-with-2005-Champions-League-Trophy

Liverpool-with-2005-Champions-League-Trophy

လီဗာပူးလ်အသင်းဟာ ဒီပွဲအပါအဝင် ဥရောပပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲကို အကြိမ်(၂၀)အထိ တက်ရောက်ခဲ့ပြီး ချန်ပီယံလိဂ်(၅)ကြိမ်၊ UEFA ဖလား (၃)ကြိမ်၊ ဥရောပစူပါဖလား(၃)ကြိမ် ဆွတ်ခူးခဲ့တယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခဲ့ဖူးတဲ့ ရီးယဲလ်ကစားသမား (၁၄)ဦး
လက်ရှိရီးယဲလ်အသင်းရဲ့ ကစားသမားထဲမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားခဲ့ဖူးတဲ့သူက စုစုပေါင်း (၁၄)ဦးအထိ ရှိပေမယ့် လီဗာပူးလ်အသင်းမှာတော့ တစ်ဦးမှ မရှိပါဘူး။

ချန်ပီယံလိဂ်(၂၉)ပွဲဆက် ဂိုးသွင်းထားတဲ့ ရီးယဲလ်
ချန်ပီယံလိဂ်မှာ ရီးယဲလ်အသင်း နောက်ဆုံးဂိုးမသွင်းနိုင်တာက ၂၀၁၅-၁၆ ရာသီတုန်းက ဆီမီးဖိုင်နယ် ပထမအကျော့ မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲဖြစ်ပြီး အဲဒီနောက်ပိုင်းကတည်းက တောက်လျှောက် ဂိုးသွင်းခဲ့တယ်။

ရီးယဲလ်နဲ့ ဆုံတွေ့ခဲ့တဲ့ ယာဂန်ကလော့ပ် Jurgen Klopp ရဲ့ မှတ်တမ်း
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ဟာ နည်းပြဘဝတစ်လျှောက်မှာ ရီးယဲလ်နဲ့ (၆)ကြိမ် ဆုံတွေ့ခဲ့ပြီး (၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၂)ပွဲရှုံးခဲ့ပါတယ်။ ယာဂန်ကလော့ပ်ရဲ့ နည်းပြဘဝတစ်လျှောက် နိုင်ပွဲအများဆုံး ရယူနိုင်ခဲ့တဲ့အသင်းတွေက မန်စီးတီးနဲ့ ရီးယဲလ်တို့ ပါပဲ။

ဆာလာ Salah ဟာ ရီးယဲလ်ကို ဂိုးမသွင်းနိုင်သေးဘူး

Salah-Never-Scores-against-Real-Madrid

Salah-Never-Scores-against-Real-Madrid

လီဗာပူးလ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဆာလာ Salah ဟာ ရီးယဲလ်နဲ့ နှစ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး ဂိုးတော့ မသွင်းနိုင်ခဲ့ပါဘူး။

အီဂျစ်ကစားသမားထဲမှာ ရီးယဲလ်ကို ဂိုးသွင်းခဲ့သူ မရှိ
ဆာလာအနေနဲ့ ဒီမှတ်တမ်းဆိုးကို လာမယ့်ဗိုလ်လုပွဲမှာ ချိုးဖြတ်ဖို့ ကြိုးစားရမယ်။

လီဗာပူးလ်နဲ့ (၁၁)ကြိမ်ဆုံတွေ့ခဲ့ဖူးတဲ့ စီရော်နယ်လ်ဒို C.Ronaldo
စီရော်နယ်လ်ဒို C.Ronaldo ဟာ လီဗာပူးလ်နဲ့ ပြိုင်ပွဲစုံ (၁၁)ကြိမ် ဆုံတွေ့ခဲ့ပြီး (၃)ဂိုးသွင်းယူခဲ့တယ်။

လီဗာပူးလ်နဲ့ ပထမဆုံးအကြိမ် ဆုံတွေ့ရမယ့် ဇီဒန်း Zidane
ဇီဒန်း Zidane ဟာ ကစားသမားဘဝမှာ လီဗာပူးလ်နဲ့ တစ်ကြိမ်မှ ဆုံတွေ့ခဲ့ခြင်းမရှိသလို၊ အခု နည်းပြဘဝမှာလည်း ပထမဆုံးအကြိမ် ဆုံတွေ့မှာပါ။

ကိဗ်မြို့မှာ ရီးယဲလ် ဥရောပပွဲစဉ်(၄)ပွဲကစားခဲ့
ရီးယဲလ်အသင်းဟာ ကိဗ်မြို့နဲ့ သိပ်တော့ မစိမ်းပါဘူး။ ဥရောပပွဲစဉ်(၄)ပွဲကစားခဲ့ဖူးပြီး တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်ထွက်ပေါ်ခဲ့တယ်။

ရီးယဲလ်ရဲ့ပွဲကို နှစ်ကြိမ် ကိုင်တွယ်ခဲ့ဖူးတဲ့ ဒိုင်လူကြီး မာဇစ် Mazic
အခုပွဲမှာ ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်မယ့် ဒိုင်လူကြီး မာဇစ် Mazic ဟာ ရီးယဲလ်အသင်းရဲ့ပွဲကို နှစ်ကြိမ် ကိုင်တွယ်ခဲ့ပြီး ရီးယဲလ်အသင်း တစ်ပွဲနိုင်၊ တစ်ပွဲရှုံးခဲ့တယ်။ မာဇစ်အနေနဲ့ လီဗာပူးလ်အသင်းရဲ့ပွဲတွေကိုတော့ တစ်ကြိမ်မှ မကိုင်တွယ်ဖူးဘူး။

ဒီရာသီချန်ပီယံလိဂ်ပွဲတိုင်းကစားထားတဲ့ စီရော်နယ်လ်ဒို C.Ronaldo နဲ့ ကာရီးယပ်စ် Karius
ရီးယဲလ် တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို C.Ronaldo နဲ့ လီဗာပူးလ်ဂိုးသမား ကာရီးယပ်စ် Karius တို့ဟာ ဒီရာသီချန်ပီယံလိဂ်မှာ သူတို့အသင်းအတွက် ပွဲတိုင်းပါဝင်ကစားခဲ့ပြီး မိနစ်ပေါင်း(၁၀၈၀)ကြာ ကစားခဲ့တယ်။

လီဗာပူးလ်အသင်းရဲ့သွင်းဂိုး(၄၀)မှာ ဖေမီနို Firminoပါဝင်ပတ်သက်ခဲ့တာက (၁၈)ဂိုးရှိခဲ့

Firmino-score-10-Champions-League-Goals

Firmino-score-10-Champions-League-Goals

ဒီရာသီ ချန်ပီယံလိဂ်မှာ လီဗာပူးလ်အသင်း သွင်းဂိုးအရေအတွက်က (၄၀)ရှိခဲ့ပြီး အဲဒီထဲမှာ ဖေမီနို Firmino က (၁၀)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၈)ကြိမ်ရှိခဲ့တယ်။ ဒါ့အပြင် ဖေမီနိုဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကီလီမီတာပေါင်း (၁၁၉၂၂၇)အထိ ပြေးလွှားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ ဂျာမန်နည်းပြ(၄)ဦး
ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ဆုဖလားရယူခဲ့ဖူးတဲ့ ဂျာမန်လူမျိုးနည်းပြ(၄)ဦးရှိခဲ့ပြီး လက်တက်ခ် Lattek၊ ကရာမာ Cramer၊ ဟစ်ဇ်ဖဲလ် Hitzfeld ၊ ဟေးနက်စ် Heynckes တို့ပဲဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ (၁၀)ကြိမ်အထိ ဆုံတွေ့ခဲ့တဲ့ ဂါရတ်ဘေးလ် Gareth Bale
ဂါရတ်ဘေးလ် Gareth Bale ဟာ စပါး၊ ရီးယဲလ်အသင်းတို့နဲ့အတူ လီဗာပူးလ်အသင်းနဲ့ ပြိုင်ပွဲစုံ(၁၀)ကြိမ် အထိ ဆုံတွေ့ခဲ့ဖူးပြီး တစ်ဂိုးသာ သွင်းနိုင်ခဲ့တယ်။

ချန်ပီယံလိဂ်မှာ လက်စွမ်းပြနေတဲ့ ကာရီးယက်စ်
လီဗာပူးလ်ဂိုးသမား ကာရီးယက်စ်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အကောင်းဆုံးလက်စွမ်းပြနေပြီး (၁၂)ပွဲမှာ Clean Sheet (၆)ပွဲအထိ ရယူခဲ့ပါတယ်။

အင်္ဂလိပ်အသင်းတွေနဲ့ ရီးယဲလ်တို့ရဲ့ ချန်ပီယံလိဂ်မှတ်တမ်း
ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်မှာ အင်္ဂလိပ်ကလပ်အသင်းတွေနဲ့ (၂၁)ပွဲ ဆုံတွေ့ခဲ့ဖူးပြီး (၁၃)ပွဲနိုင်၊ (၈) ပွဲ ရှုံးနိမ့်ခဲ့တယ်။

King Of The Finals ဇီဒန်း
ဇီဒန်းဟာ ဗိုလ်လုပွဲမှာဆိုရင် ဘုရင်တစ်ပါးဖြစ်ပြီး ပြိုင်ပွဲစုံ ဗိုလ်လုပွဲ(၇)ကြိမ်မှာ ပွဲတိုင်း အနိုင်ရခဲ့တယ်။

ဘော့ဘ်ပီယာစလေ Bob Paisley ရဲ့ စံချိန်ကို ဇီဒန်း အမီလိုက်နိုင်မလား

Will-Zidane-Match-Bob-Paisley

Will-Zidane-Match-Bob-Paisley

အခုတစ်ကြိမ်မှာသာ ဗိုလ်စွဲနိုင်မယ်ဆိုရင် ဇီဒန်းဟာ လီဗာပူးလ်ဂန္ထဝင် နည်းပြကြီး ဘော့ဘ်ပီယာစလေ Bob Paisley ရဲ့ ချန်ပီယံလိဂ်ဖလား(၃)ကြိမ်ရရှိခဲ့တဲ့ စံချိန်နဲ့ တူညီသွားပါပြီ။ ပီယာစလေဟာ လီဗာပူးလ် အသင်းနဲ့အတူ ၁၉၇၇၊ ၁၉၇၈၊ ၁၉၈၁ ခုနှစ်တွေမှာ ဖလားဆွတ်ခူးခဲ့ပြီး သူ့လို စွမ်းဆောင်နိုင်တာဆိုလို့ အန်ဆယ်လော့တီ Ancelotti တစ်ဦးသာရှိပါသေးတယ်။

REF:Marca
Photo: This Is Anfield,Sporting Life,Trome,Zimbio,GiveMeSport,Eurosport
Naing Linn(Akhayar)
www.akhayar.com