[Zawgyi]

ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိ ဥေရာပျပင္ပမွာ ပထမဆုံးအႀကိမ္ က်င္းပဖုိ႔ရွိေနၿပီ

လာမယ့္ႏွစ္အနည္းငယ္အတြင္း ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိ နယူးေယာက္ခ္ၿမိဳ႕မွာ က်င္းပသြားမယ္လုိ႔ သတင္းေတြ ထြက္ေပၚေနၿပီး တကယ္လုိ႔ အဲဒီအစီအစဥ္သာ တကယ္ျဖစ္လာရင္ ဥေရာပျပင္ပမွာ ပထမဆုံးအႀကိမ္ က်င္းပမယ့္ ၿပိဳင္ပဲြျဖစ္လာဖုိ႔ ရွိေနတယ္။

ဒီႏွစ္ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိ အက္သလက္တီကုိအသင္းရဲ႕ ကြင္းသစ္ႀကီးျဖစ္တဲ့ Wando Metropolitano ကြင္းမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး လာမယ့္ ၂၀၂၀ က်ရင္ေတာ့ အစၥတန္ဘူလ္ၿမိဳ႕က Atatürk Olympic ကြင္းမွာ က်င္းပသြားမွာျဖစ္ပါတယ္။ဒါေပမဲ့ ၂၀၂၁ က စၿပီး ေနာက္ပုိင္းႏွစ္ေတြအတြက္ အိမ္ရွင္ကုိ ေရြးခ်ယ္ရျခင္း မရွိေသးပါဘူး။

Current-Champion-Real-Madrid

Current-Champion-Real-Madrid

လာလီဂါလုိပဲ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကလည္း ဥေရာပေျမျပင္ပမွာ ပထမဆုံးအႀကိမ္ ကစားေတာ့မွာလားဆုိတာ စိတ္၀င္စားစရာပါ။ လာလီဂါအဖဲြ႕ခ်ဳပ္နဲ႔ Relevent ကုမၸဏီတို႔ ခ်ဳပ္ဆုိခဲ့တဲ့ စပြန္ဆာစာခ်ဳပ္အရ ဒီရာသီ လာလီဂါပဲြစဥ္တစ္ပဲြကုိ အေမရိကမွာ ကစားဖုိ႔ စီစဥ္ေနၿပီး ဒါဟာ လာလီဂါသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ျပင္ပမွာ ထြက္ကစားမွာျဖစ္ပါတယ္။ သတင္းေတြထြက္ေနတာက လာမယ့္ႏွစ္၊ ဇန္န၀ါရီလမွာကစားမယ့္ ဟီ႐ုိနာ-ဘာစီလုိနာပဲြက အေမရိကမွာ သြားကစားဖုိ႔မ်ားေနၿပီလုိ႔လည္း သိရပါတယ္။ အခုေနာက္ပုိင္း ႏွစ္ေတြအတြင္း အေမရိကမွာ ေဘာလုံးပဲြေတြကုိ အရင္ကထက္ အားေပးမႈ ပုိမ်ားလာတာေၾကာင့္ သက္ဆုိင္ရာ ေဘာလုံးအဖဲြ႕ခ်ဳပ္ တာ၀န္ရွိသူေတြဟာ ေစ်းကြက္အရ အေမရိကကုိ မ်က္စိက်လာၾကတယ္။

ဘာစီလုိနာအေျခစုိက္ Mediapro ႐ုပ္သံရဲ႕ အမႈေဆာင္ခ်ဳပ္ Jaumes Roures က “အနာဂတ္မွာ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိ နယူးေယာက္ၿမိဳ႕မွာ က်င္းပႏုိင္ဖုိ႔အတြက္ ကၽြန္ေတာ္တို႔ ေဆြးေႏြးမႈေတြ လုပ္ေနပါၿပီ”လုိ႔ ဆုိခဲ့တယ္။ ဒါေၾကာင့္ ႏွစ္ေပါင္း(၆၀)ေက်ာ္အတြင္း ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိ ဥေရာပျပင္ပမွာ ပထမဆုံးက်င္းပေတာ့မွာလားဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္လား . . .

ခ်န္ပီယံလိဂ္ဗိုလ္လုပဲြရလဒ္နဲ႔ က်င္းပခဲ့တဲ့ ကြင္းမ်ား

REF:The Sun
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဥရောပပြင်ပမှာ ပထမဆုံးအကြိမ် ကျင်းပဖို့ရှိနေပြီ

လာမယ့်နှစ်အနည်းငယ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နယူးယောက်ခ်မြို့မှာ ကျင်းပသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး တကယ်လို့ အဲဒီအစီအစဉ်သာ တကယ်ဖြစ်လာရင် ဥရောပပြင်ပမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် ပြိုင်ပွဲဖြစ်လာဖို့ ရှိနေတယ်။

ဒီနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အက်သလက်တီကိုအသင်းရဲ့ ကွင်းသစ်ကြီးဖြစ်တဲ့ Wando Metropolitano ကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် ၂၀၂၀ ကျရင်တော့ အစ္စတန်ဘူလ်မြို့က Atatürk Olympic ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ ၂၀၂၁ က စပြီး နောက်ပိုင်းနှစ်တွေအတွက် အိမ်ရှင်ကို ရွေးချယ်ရခြင်း မရှိသေးပါဘူး။

Current-Champion-Real-Madrid

Current-Champion-Real-Madrid

လာလီဂါလိုပဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲကလည်း ဥရောပမြေပြင်ပမှာ ပထမဆုံးအကြိမ် ကစားတော့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ လာလီဂါအဖွဲ့ချုပ်နဲ့ Relevent ကုမ္ပဏီတို့ ချုပ်ဆိုခဲ့တဲ့ စပွန်ဆာစာချုပ်အရ ဒီရာသီ လာလီဂါပွဲစဉ်တစ်ပွဲကို အမေရိကမှာ ကစားဖို့ စီစဉ်နေပြီး ဒါဟာ လာလီဂါသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပြင်ပမှာ ထွက်ကစားမှာဖြစ်ပါတယ်။ သတင်းတွေထွက်နေတာက လာမယ့်နှစ်၊ ဇန်နဝါရီလမှာကစားမယ့် ဟီရိုနာ-ဘာစီလိုနာပွဲက အမေရိကမှာ သွားကစားဖို့များနေပြီလို့လည်း သိရပါတယ်။ အခုနောက်ပိုင်း နှစ်တွေအတွင်း အမေရိကမှာ ဘောလုံးပွဲတွေကို အရင်ကထက် အားပေးမှု ပိုများလာတာကြောင့် သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဟာ ဈေးကွက်အရ အမေရိကကို မျက်စိကျလာကြတယ်။

ဘာစီလိုနာအခြေစိုက် Mediapro ရုပ်သံရဲ့ အမှုဆောင်ချုပ် Jaumes Roures က “အနာဂတ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နယူးယောက်မြို့မှာ ကျင်းပနိုင်ဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးမှုတွေ လုပ်နေပါပြီ”လို့ ဆိုခဲ့တယ်။ ဒါကြောင့် နှစ်ပေါင်း(၆၀)ကျော်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဥရောပပြင်ပမှာ ပထမဆုံးကျင်းပတော့မှာလားဆိုတာ စောင့်ကြည့်လိုက်ရအောင်လား . . .

ချန်ပီယံလိဂ်ဗိုလ်လုပွဲရလဒ်နဲ့ ကျင်းပခဲ့တဲ့ ကွင်းများ

REF:The Sun
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com