[Zawgyi]

ဗုဒၶဟူးေန႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုပဲြအၿပီး ထူးျခားခ်က္မ်ား

အဂၤါေန႔တုန္းက စိတ္၀င္စားစရာျဖစ္ရပ္ေတြနဲ႔ ပရိသတ္ေတြကုိ ဆဲြေဆာင္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြေတြကေတာ့ ဗုဒၶဟူးေန႔မွာလည္း ထူးျခားတဲ့အခ်က္ေတြနဲ႔ ဖမ္းစားခဲ့ျပန္တယ္။ ဂ်ဴဗင္တပ္စ္အသင္း တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ကစားသမားဘ၀ (၁၁)ႀကိမ္ေျမာက္ အနီကတ္ျပသခံခဲ့ရတာ၊ မန္စီးတီးအသင္း အိမ္ကြင္းမွာ လုိင္ယြန္ကုိ ႐ႈံးနိမ့္ခဲ့တာ အပါအ၀င္ ထူးျခားခ်က္ေတြ အမ်ားႀကီးျဖစ္ခဲ့တယ္။ ဗုဒၶဟူးေန႔ ခ်န္ပီယံလိဂ္ပဲြအၿပီး ထူးျခားခ်က္ေတြကေတာ့ . . .

Manchester-City-are-the-first-English-team-to-lose-four-consecutive-Champions-League-matches-in-the-competitions-history

Manchester-City-are-the-first-English-team-to-lose-four-consecutive-Champions-League-matches-in-the-competitions-history

မန္စီးတီး – မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ ဒီရာသီခ်န္ပီယံလိဂ္အဖြင့္ပဲြအပါအ၀င္ ေနာက္ဆုံး(၄)ပဲြဆက္ ႐ႈံးနိမ့္ခဲ့ၿပီး အဂၤလိပ္ကလပ္အသင္းတစ္သင္း ခ်န္ပီယံလိဂ္မွာ (၄)ပဲြဆက္ ႐ႈံးခဲ့တာက ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ပထမဆုံးပါပဲ။

ဘာနာဒုိေဆးလ္ဗား Bernardo Silva – မန္စီးတီး ကြင္းလယ္လူ ဘာနာဒုိေဆးလ္ဗားဟာ ၂၀၁၈ ခုႏွစ္အတြင္း မန္စီးတီးအသင္းအတြက္ ၿပိဳင္ပဲြစုံ (၉)ဂုိးသြင္းယူထားၿပီး သူ႔ထက္ ဂုိးပုိမ်ားတာဆုိလုိ႔ အဂြဲ႐ုိး Aguero (၂၀ဂုိး)သာ ရွိပါေတာ့တယ္။

မန္စီးတီး – မန္စီးတီးအသင္းရဲ႕ ခ်န္ပီယံလိဂ္ေနာက္ဆုံး (၄၂)ပဲြမွာ ဂုိးမရွိသေရက်ခဲ့တဲ့ပဲြ တစ္ပဲြမွ မရွိပါဘူး။

တာဂလီယာဖီဂုိ Tagliafico – AEK ေအသင္ကုိ (၃)ဂုိးျပတ္ အႏုိင္ရခဲ့တဲ့ပဲြမွာ ေအဂ်က္စ္အသင္းအတြက္ ဂုိးသြင္းခဲ့တဲ့ အာဂ်င္တီးနား ကစားသမား တာဂလီယာဖီကုိရဲ႕ ဂုိးဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ အာဂ်င္တီးနားကစားသမားေတြ သြင္းယူခဲ့တဲ့ ဂုိး(၅၀၀)ျပည့္ျဖစ္ခဲ့ပါတယ္။

Nagelsmann-is-the-youngest-ever-manager-in-the-Champions-League

Nagelsmann-is-the-youngest-ever-manager-in-the-Champions-League

နာဂယ္လ္စမန္း Nagelsmann – အသက္(၃၁)ႏွစ္၊ (၅၈)ရက္ပဲရွိေသးတဲ့ ေဟာ္ဖန္ဟင္မ္နည္းျပ နာဂယ္လ္စမန္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြရဲ႕ အသက္အငယ္ဆုံး နညး္ျပအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

ရီးယဲလ္ – ၂၀၁၈ ခုႏွစ္အတြင္း ၿပိဳင္ပဲြစုံမွာ ရီးယဲလ္အသင္း ကစားသမားေတြေလာက္ ဖရီးကစ္ကန္ခြင့္၊ ဖရီးကစ္ဂုိး သြင္းယူႏုိင္တဲ့သူ မရွိဘဲ ကစားသမားေဟာင္း စီေရာ္နယ္လ္ဒုိ Cristiano Ronaldo (၉ႀကိမ္၊ ၀ ဂုိး)၊ ဂါရတ္ေဘးလ္ Gareth Bale (၆ႀကိမ္၊ ၀ ဂုိး)၊ အဆန္စီယုိ Asensio (၅ႀကိမ္၊ ၀ ဂုိး)၊ အစၥကုိ Isco (၄ႀကိမ္၊ ၂ ဂုိး)တို႔က ကန္ခဲ့တာျဖစ္ပါတယ္။

REF: Opta Joe
Photo: Opta Joe Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဗုဒ္ဓဟူးနေ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲအပြီး ထူးခြားချက်များ

အင်္ဂါနေ့တုန်းက စိတ်ဝင်စားစရာဖြစ်ရပ်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတွေကတော့ ဗုဒ္ဓဟူးနေ့မှာလည်း ထူးခြားတဲ့အချက်တွေနဲ့ ဖမ်းစားခဲ့ပြန်တယ်။ ဂျူဗင်တပ်စ်အသင်း တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ကစားသမားဘ၀ (၁၁)ကြိမ်မြောက် အနီကတ်ပြသခံခဲ့ရတာ၊ မန်စီးတီးအသင်း အိမ်ကွင်းမှာ လိုင်ယွန်ကို ရှုံးနိမ့်ခဲ့တာ အပါအဝင် ထူးခြားချက်တွေ အများကြီးဖြစ်ခဲ့တယ်။ ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲအပြီး ထူးခြားချက်တွေကတော့ . . .

Manchester-City-are-the-first-English-team-to-lose-four-consecutive-Champions-League-matches-in-the-competitions-history

Manchester-City-are-the-first-English-team-to-lose-four-consecutive-Champions-League-matches-in-the-competitions-history

မန်စီးတီး – မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဒီရာသီချန်ပီယံလိဂ်အဖွင့်ပွဲအပါအဝင် နောက်ဆုံး(၄)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး အင်္ဂလိပ်ကလပ်အသင်းတစ်သင်း ချန်ပီယံလိဂ်မှာ (၄)ပွဲဆက် ရှုံးခဲ့တာက ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးပါပဲ။

ဘာနာဒိုဆေးလ်ဗား Bernardo Silva – မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားဟာ ၂၀၁၈ ခုနှစ်အတွင်း မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၉)ဂိုးသွင်းယူထားပြီး သူ့ထက် ဂိုးပိုများတာဆိုလို့ အဂွဲရိုး Aguero (၂၀ဂိုး)သာ ရှိပါတော့တယ်။

မန်စီးတီး – မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်နောက်ဆုံး (၄၂)ပွဲမှာ ဂိုးမရှိသရေကျခဲ့တဲ့ပွဲ တစ်ပွဲမှ မရှိပါဘူး။

တာဂလီယာဖီဂို Tagliafico – AEK အေသင်ကို (၃)ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ အေဂျက်စ်အသင်းအတွက် ဂိုးသွင်းခဲ့တဲ့ အာဂျင်တီးနား ကစားသမား တာဂလီယာဖီကိုရဲ့ ဂိုးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အာဂျင်တီးနားကစားသမားတွေ သွင်းယူခဲ့တဲ့ ဂိုး(၅၀၀)ပြည့်ဖြစ်ခဲ့ပါတယ်။

Nagelsmann-is-the-youngest-ever-manager-in-the-Champions-League

Nagelsmann-is-the-youngest-ever-manager-in-the-Champions-League

နာဂယ်လ်စမန်း Nagelsmann – အသက်(၃၁)နှစ်၊ (၅၈)ရက်ပဲရှိသေးတဲ့ ဟော်ဖန်ဟင်မ်နည်းပြ နာဂယ်လ်စမန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ရီးယဲလ် – ၂၀၁၈ ခုနှစ်အတွင်း ပြိုင်ပွဲစုံမှာ ရီးယဲလ်အသင်း ကစားသမားတွေလောက် ဖရီးကစ်ကန်ခွင့်၊ ဖရီးကစ်ဂိုး သွင်းယူနိုင်တဲ့သူ မရှိဘဲ ကစားသမားဟောင်း စီရော်နယ်လ်ဒို Cristiano Ronaldo (၉ကြိမ်၊ ၀ ဂိုး)၊ ဂါရတ်ဘေးလ် Gareth Bale (၆ကြိမ်၊ ၀ ဂိုး)၊ အဆန်စီယို Asensio (၅ကြိမ်၊ ၀ ဂိုး)၊ အစ္စကို Isco (၄ကြိမ်၊ ၂ ဂိုး)တို့က ကန်ခဲ့တာဖြစ်ပါတယ်။

REF: Opta Joe
Photo: Opta Joe Twitter
Naing Linn(Akhayar)
www.akhayar.com