[Zawgyi]

ဒီရာသီ ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္ကစၿပီး VAR စနစ္ကုိ စတင္က်င့္သုံးသြားဖုိ႔ရွိေနၿပီ

ဒီရာသီ ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္က စတင္ၿပီး ႐ုပ္သံအကူဒုိင္စနစ္ (VAR)ကုိ က်င့္သုံးသြားမယ္လုိ႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ VAR စနစ္ကုိ ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားတုန္းက က်င့္သုံးခဲ့ၿပီး ဥေရာပေဘာလုံးအဖဲြ႕ခ်ဳပ္ (UEFA)က အဲဒီစနစ္ရဲ႕ စြမ္းေဆာင္ရည္ကုိ သေဘာက်ခဲ့တာေၾကာင့္ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ပထမဆုံး က်င့္သုံးဖုိ႔ စီစဥ္ေနတာပါ။ VAR စနစ္ေၾကာင့္ ၿပီးခဲ့တဲ့ကမၻာ႔ဖလားပဲြစဥ္ေတြမွာ ပဲြကုိ ခဏခဏ ရပ္ဆုိင္းခဲ့ရတာ၊ ကမၻာ႔ဖလားၿပိဳင္ပဲြ သမုိင္းတစ္ေလွ်ာက္ ပယ္နယ္တီေပးရမႈ အမ်ားဆုံးၿပိဳင္ပဲြျဖစ္ခဲ့တာ စတဲ့ ေ၀ဖန္သံေတြ ထြက္ေပၚခဲ့ေပမယ့္လည္း ဒုိင္လူႀကီးေတြအတြက္ တိက်မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ခ်မွတ္ဖုိ႔ အေထာက္အကူေတာ့ ျဖစ္ခဲ့ပါတယ္။

Ivan-Perisics-final-hand-ball-in-the-final-was-the-highest-profile-example-of-VAR-being-used-in-the-World-Cup

Ivan-Perisics-final-hand-ball-in-the-final-was-the-highest-profile-example-of-VAR-being-used-in-the-World-Cup

ဒီစနစ္နဲ႔ပတ္သက္ၿပီး အျငင္းပြားစရာအေကာင္းဆုံး ျဖစ္ခဲ့တာက ဗုိလ္လုပဲြတုန္းက ခ႐ုိေအးရွား ေတာင္ပံကစားသမား ပါရီဆစ္ Perisic ရဲ႕ လက္ထိေဘာျဖစ္ၿပီး ကြင္းလယ္ဒုိင္ Pitana က ပယ္နယ္တီမေပးခဲ့ေပမယ့္ VAR ဒုိင္အဖြဲ႕က အေၾကာင္းၾကားခ့ဲလုိ႔ ႐ုပ္သံျပန္ၾကည့္ခဲ့ၿပီးမွ ပယ္နယ္တီေပးခ့ဲတာပါ။ နာမည္ႀကီး မီဒီယာတစ္ခုျဖစ္တဲ့ The Times က UEFA ဟာ VAR စနစ္ကုိ ကြာတားဖုိင္နယ္အဆင့္က စၿပီး စမ္းသပ္အသုံးျပဳသြားဖုိ႔ စီစဥ္ေနၿပီလုိ႔ ေဖာ္ျပခဲ့ပါတယ္။ UEFA ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ ဒုိင္လူႀကီး (၅)ဦးထားတဲ့ စနစ္ကုိ ေက်နပ္အားရမႈ မရွိေတာ့လုိ႔ VAR ကုိ က်င့္သုံးဖုိ႔ ဆႏၵရွိေနတာျဖစ္ပါတယ္။ အခုအခ်ိန္မွာ VAR စနစ္ကုိ ဘြန္ဒစ္လီဂါ၊ စီးရီးေအၿပိဳင္ပဲြေတြမွာ အသုံးျပဳေနၿပီး လာမယ့္ရာသီက်ရင္ လာလီဂါ၊ ပရီးမီးယားလိဂ္ၿပိဳင္ပဲြေတြမွာ အသုံးျပဳသြားဖုိ႔ စီစဥ္ထားပါတယ္။ ဒါ့အျပင္ ယူ႐ုိ-၂၀၂၀ ၿပိဳင္ပဲြက်ရင္လည္း အဲဒီစနစ္ကုိ ၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ အသုံးျပဳသြားမယ့္ အေနအထားရွိေနပါၿပီ။

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကစပြီး VAR စနစ်ကို စတင်ကျင့်သုံးသွားဖို့ရှိနေပြီ

ဒီရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်က စတင်ပြီး ရုပ်သံအကူဒိုင်စနစ် (VAR)ကို ကျင့်သုံးသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ VAR စနစ်ကို ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ကျင့်သုံးခဲ့ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က အဲဒီစနစ်ရဲ့ စွမ်းဆောင်ရည်ကို သဘောကျခဲ့တာကြောင့် ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံး ကျင့်သုံးဖို့ စီစဉ်နေတာပါ။ VAR စနစ်ကြောင့် ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ပွဲကို ခဏခဏ ရပ်ဆိုင်းခဲ့ရတာ၊ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ပယ်နယ်တီပေးရမှု အများဆုံးပြိုင်ပွဲဖြစ်ခဲ့တာ စတဲ့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဒိုင်လူကြီးတွေအတွက် တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ အထောက်အကူတော့ ဖြစ်ခဲ့ပါတယ်။

Ivan-Perisics-final-hand-ball-in-the-final-was-the-highest-profile-example-of-VAR-being-used-in-the-World-Cup

Ivan-Perisics-final-hand-ball-in-the-final-was-the-highest-profile-example-of-VAR-being-used-in-the-World-Cup

ဒီစနစ်နဲ့ပတ်သက်ပြီး အငြင်းပွားစရာအကောင်းဆုံး ဖြစ်ခဲ့တာက ဗိုလ်လုပွဲတုန်းက ခရိုအေးရှား တောင်ပံကစားသမား ပါရီဆစ် Perisic ရဲ့ လက်ထိဘောဖြစ်ပြီး ကွင်းလယ်ဒိုင် Pitana က ပယ်နယ်တီမပေးခဲ့ပေမယ့် VAR ဒိုင်အဖွဲ့က အကြောင်းကြားခဲ့လို့ ရုပ်သံပြန်ကြည့်ခဲ့ပြီးမှ ပယ်နယ်တီပေးခဲ့တာပါ။ နာမည်ကြီး မီဒီယာတစ်ခုဖြစ်တဲ့ The Times က UEFA ဟာ VAR စနစ်ကို ကွာတားဖိုင်နယ်အဆင့်က စပြီး စမ်းသပ်အသုံးပြုသွားဖို့ စီစဉ်နေပြီလို့ ဖော်ပြခဲ့ပါတယ်။ UEFA ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒိုင်လူကြီး (၅)ဦးထားတဲ့ စနစ်ကို ကျေနပ်အားရမှု မရှိတော့လို့ VAR ကို ကျင့်သုံးဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ အခုအချိန်မှာ VAR စနစ်ကို ဘွန်ဒစ်လီဂါ၊ စီးရီးအေပြိုင်ပွဲတွေမှာ အသုံးပြုနေပြီး လာမယ့်ရာသီကျရင် လာလီဂါ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ယူရို-၂၀၂၀ ပြိုင်ပွဲကျရင်လည်း အဲဒီစနစ်ကို ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အသုံးပြုသွားမယ့် အနေအထားရှိနေပါပြီ။

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com