[Zawgyi]

 ႐ိုးမား – ရီးယဲလ္မက္ဒရစ္ ၊ မန္ယူ – ယန္းဘိြဳင္းစ္ ပြဲစဥ္ေတြနဲ႔ ရင္ခုန္စရာခ်န္ပီယံလိဂ္ညမ်ား

ဒီေန႔ (အဂၤါည)မွာ ကစားမယ္႔ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာေတာ႔ ေနာက္တစ္ဆင္႔ကို တက္ေရာက္ႏိုင္မယ္႔ အသင္းေတြေပၚထြက္လာဖို႔ရိွေနပါတယ္။

လိုင္ယြန္ – မန္စီးတီး ( ဗုဒၶဟူး မနက္ ၂း၃၀ နာရီ )

Man-City

Man-City

ေနာက္တစ္ဆင္႔တက္ဖို႔ ႏွစ္သင္းလံုးအတြက္ အေရးပါေနတဲပြဲစဥ္ပါ။ ပထမအေက်ာ႔က ရံႈးပြဲကို မန္စီးတီးအသင္းလက္စားေခ်ဖို႔ အသင္႔ျဖစ္ေနတာကလည္း ဒီပြဲအတြက္ တြန္းအားတစ္ခုျဖစ္လာပါလိမ္႔မယ္။ တိုက္စစ္စြမ္းေဆာင္ရည္ ေကာင္းတဲ႔ ႏွစ္သင္းရဲ႕ေတြ႕ဆံုမႈျဖစ္တာေၾကာင္႔ ဂိုးမ်ားဖို႔ရိွပါတယ္။ အေ၀းကြင္းပြဲစဥ္ျဖစ္ေပမယ္႔ မန္စီးတီးအႏိုင္ေသခ်ာျပီး အနိမ္႔ဆံုး(၂)ဂိုးျပတ္ႏိုင္ပါလိမ္႔မယ္။

႐ိုးမား – ရီးယဲလ္မက္ဒရစ္ ( ဗုဒၶဟူး မနက္ ၂း၃၀ နာရီ )

Real Madrid

Real Madrid

ရမွတ္(၉)အမွတ္စီရထားတဲ႔ ႏွစ္သင္းရဲ႕ေတြ႕ဆံုမႈျဖစ္တာေၾကာင္႔ စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။ ရီးယဲလ္အသင္းရဲ႕ လက္ရိွအေျခအေနေတြေၾကာင္႔ ႐ိုးမားအသင္းဟာ ေကာင္းေကာင္းယွဥ္ကစားႏိုင္စြမ္းရိွေနပါတယ္။ ဒါေပမယ္႔ ခ်န္ပီယံလိဂ္ဟာ အရိွန္အ၀ါပိုင္း စကားေျပာတဲ႔ ျပိဳင္ပြဲတစ္ခုျဖစ္ေနျပီး ႏွစ္သင္းလံုးဟာ ဒီအုပ္စုမွာဖိအားလည္း ကင္းေနၾကတာေၾကာင္႔ ရီးယဲလ္ သေရနဲ႔ အႏိုင္ရလဒ္မ်ိဳးပဲျဖစ္လာႏိုင္ပါတယ္။

မန္ယူ – ယန္းဘိြဳင္းစ္ ( ဗုဒၶဟူး မနက္ ၂း၃၀ နာရီ )

Martial-Celebrate

Martial-Celebrate

မန္ယူအသင္းအေနနဲ႔ ေနာက္တစ္ဆင္႔တက္ဖို႔ အခြင္႔အေရးကို အမိအရဆုပ္ကိုင္ရမယ္႔ ပြဲလို႔ပဲေျပာရမွာပါ။ တစ္ဖက္က ဂ်ဴဗင္တပ္စ္ – ဗလင္စီယာ ပြဲမွာ ဗလင္စီယာအသင္းဟာ အႏိုင္ရမွ ေနာက္တစ္ဆင္႔အတြက္ ေမွ်ာ္လင္႔ႏိုင္မွာျဖစ္တာေၾကာင္႔ မန္ယူအသင္းမွာ ကိုယ္႔ကံၾကမၼာ ကိုယ္ဖန္တီးႏိုင္ဖို႔ အခြင္႔အေရးေတြ အမ်ားၾကီးရိွေနပါတယ္။ ပထမအေက်ာ႔ ယန္းဘိြဳင္းစ္ကြင္းမွာ ကစားတဲ႔ပြဲမွာလည္း မန္ယူအသင္းဟာ အႏိုင္ရဖို႔ အနည္းငယ္ခက္ခဲခဲ႔တာေၾကာင္႔ အခုပြဲကိုလည္း ေသခ်ာအာရံုစုိက္ကစားဖို႔လိုအပ္ပါတယ္။ အႏိုင္ရလဒ္အတြက္ေတာ႔ မန္ယူအသင္းကိုပဲ ေရြးခ်ယ္ရမွာျဖစ္ျပီး (၂ – ၀ ) ၊ ( ၂ – ၁ ) ရလဒ္မ်ိဳးေတြထြက္ေပၚႏိုင္ပါတယ္။

ဂ်ဴဗင္တပ္စ္ – ဗလင္စီယာ ( ဗုဒၶဟူး မနက္ ၂း၃၀ နာရီ )

Valencia-Vs-Juventus

Valencia-Vs-Juventus

မန္ယူနဲ႔ ပြဲက အိမ္ကြင္းရံႈးပြဲေၾကာင္႔ ဂ်ဴဗင္တပ္စ္အေနနဲ႔ ပရိသတ္ေတြကို ေခၽြးသိပ္ဖို႔ ဒီပြဲကို အႏိုင္ကစားသြားမွာ ေသခ်ာေနပါတယ္။ လက္ရိွမွာ အေကာင္းဆံုးပံုစံကို ရေနတဲ႔ ဂ်ဴဗင္တပ္စ္ကို အေ၀းကြင္းမွာ ဗလင္စီယာ ယွဥ္ကစားႏိုင္ဖို႔က သိပ္မလြယ္ပါဘူး။ ႏွစ္သင္းေပါင္းသြင္းဂိုးနည္းႏိုင္ျပီး ဂ်ဴဗင္တပ္စ္ အႏိုင္ေသခ်ာတဲ႔ပြဲပါပဲ။

အဂၤါည ခ်န္ပီယံလိဂ္ပြဲစဥ္မ်ား

AEK Athens Vs Ajax
CSKA Moskva Vs Viktoria Plzeň
Bayern München Vs Benfica
Hoffenheim Vs Shakhtar Donetsk
Olympique Lyonnais Vs Manchester City
Roma Vs Real Madrid
Manchester United Vs Young Boys
Juventus Vs Valencia

Photo: Real Madrid Twitter , Manchester United  Twitter , Juventus Twitter , Eurosport , Boston Herald
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

 ရိုးမား – ရီးယဲလ်မက်ဒရစ် ၊ မန်ယူ – ယန်းဘွိုင်းစ် ပွဲစဉ်တွေနဲ့ ရင်ခုန်စရာချန်ပီယံလိဂ်ညများ

ဒီနေ့ (အင်္ဂါည)မှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ့် အသင်းတွေပေါ်ထွက်လာဖို့ရှိနေပါတယ်။

လိုင်ယွန် – မန်စီးတီး ( ဗုဒ္ဓဟူး မနက် ၂း၃၀ နာရီ )

Man-City

Man-City

နောက်တစ်ဆင့်တက်ဖို့ နှစ်သင်းလုံးအတွက် အရေးပါနေတဲပွဲစဉ်ပါ။ ပထမအကျော့က ရှုံးပွဲကို မန်စီးတီးအသင်းလက်စားချေဖို့ အသင့်ဖြစ်နေတာကလည်း ဒီပွဲအတွက် တွန်းအားတစ်ခုဖြစ်လာပါလိမ့်မယ်။ တိုက်စစ်စွမ်းဆောင်ရည် ကောင်းတဲ့ နှစ်သင်းရဲ့တွေ့ဆုံမှုဖြစ်တာကြောင့် ဂိုးများဖို့ရှိပါတယ်။ အဝေးကွင်းပွဲစဉ်ဖြစ်ပေမယ့် မန်စီးတီးအနိုင်သေချာပြီး အနိမ့်ဆုံး(၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

ရိုးမား – ရီးယဲလ်မက်ဒရစ် ( ဗုဒ္ဓဟူး မနက် ၂း၃၀ နာရီ )

Real Madrid

Real Madrid

ရမှတ်(၉)အမှတ်စီရထားတဲ့ နှစ်သင်းရဲ့တွေ့ဆုံမှုဖြစ်တာကြောင့် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ရီးယဲလ်အသင်းရဲ့ လက်ရှိအခြေအနေတွေကြောင့် ရိုးမားအသင်းဟာ ကောင်းကောင်းယှဉ်ကစားနိုင်စွမ်းရှိနေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဟာ အရှိန်အဝါပိုင်း စကားပြောတဲ့ ပြိုင်ပွဲတစ်ခုဖြစ်နေပြီး နှစ်သင်းလုံးဟာ ဒီအုပ်စုမှာဖိအားလည်း ကင်းနေကြတာကြောင့် ရီးယဲလ် သရေနဲ့ အနိုင်ရလဒ်မျိုးပဲဖြစ်လာနိုင်ပါတယ်။

မန်ယူ – ယန်းဘွိုင်းစ် ( ဗုဒ္ဓဟူး မနက် ၂း၃၀ နာရီ )

Martial-Celebrate

Martial-Celebrate

မန်ယူအသင်းအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးကို အမိအရဆုပ်ကိုင်ရမယ့် ပွဲလို့ပဲပြောရမှာပါ။ တစ်ဖက်က ဂျူဗင်တပ်စ် – ဗလင်စီယာ ပွဲမှာ ဗလင်စီယာအသင်းဟာ အနိုင်ရမှ နောက်တစ်ဆင့်အတွက် မျှော်လင့်နိုင်မှာဖြစ်တာကြောင့် မန်ယူအသင်းမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိနေပါတယ်။ ပထမအကျော့ ယန်းဘွိုင်းစ်ကွင်းမှာ ကစားတဲ့ပွဲမှာလည်း မန်ယူအသင်းဟာ အနိုင်ရဖို့ အနည်းငယ်ခက်ခဲခဲ့တာကြောင့် အခုပွဲကိုလည်း သေချာအာရုံစိုက်ကစားဖို့လိုအပ်ပါတယ်။ အနိုင်ရလဒ်အတွက်တော့ မန်ယူအသင်းကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး (၂ – ၀ ) ၊ ( ၂ – ၁ ) ရလဒ်မျိုးတွေထွက်ပေါ်နိုင်ပါတယ်။

ဂျူဗင်တပ်စ် – ဗလင်စီယာ ( ဗုဒ္ဓဟူး မနက် ၂း၃၀ နာရီ )

Valencia-Vs-Juventus

Valencia-Vs-Juventus

မန်ယူနဲ့ ပွဲက အိမ်ကွင်းရှုံးပွဲကြောင့် ဂျူဗင်တပ်စ်အနေနဲ့ ပရိသတ်တွေကို ချွေးသိပ်ဖို့ ဒီပွဲကို အနိုင်ကစားသွားမှာ သေချာနေပါတယ်။ လက်ရှိမှာ အကောင်းဆုံးပုံစံကို ရနေတဲ့ ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ ဗလင်စီယာ ယှဉ်ကစားနိုင်ဖို့က သိပ်မလွယ်ပါဘူး။ နှစ်သင်းပေါင်းသွင်းဂိုးနည်းနိုင်ပြီး ဂျူဗင်တပ်စ် အနိုင်သေချာတဲ့ပွဲပါပဲ။

အင်္ဂါည ချန်ပီယံလိဂ်ပွဲစဉ်များ

AEK Athens Vs Ajax
CSKA Moskva Vs Viktoria Plzeň
Bayern München Vs Benfica
Hoffenheim Vs Shakhtar Donetsk
Olympique Lyonnais Vs Manchester City
Roma Vs Real Madrid
Manchester United Vs Young Boys
Juventus Vs Valencia

Photo: Real Madrid Twitter , Manchester United  Twitter , Juventus Twitter , Eurosport , Boston Herald
Ko Kyue(Akhayar)
www.akhayar.com