[Zawgyi]

အေ၀းကြင္းမွာ ထိုက္တန္တဲ႔ ႏိုင္ပြဲတစ္ပြဲကို ရွာေဖြႏိုင္ခဲ႔တဲ႔ မန္ယူ

ခ်န္ပီယံလိဂ္ပဲြစဥ္ (၄) ဗုဒၶဟူးညပဲြေတြမွာေတာ႔ အသင္းၾကီးအမ်ားစုရလဒ္ေကာင္း ရယူႏိုင္ခဲ႔ၾကပါတယ္။ ပရိသတ္စိတ္၀င္စားမႈ အျမင္႔ဆံုး ဂ်ဴဗင္တပ္စ္ – မန္ယူ ပြဲမွာေတာ႔ မန္ယူအသင္းက အေ၀းကြင္းမွာ ဂ်ဴဗင္တပ္စ္အသင္းကို ( ၁ – ၂ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။

ဂ်ဴဗင္တပ္စ္ ၁ – ၂ မန္ယူ

Juventus-1-2-ManU

Juventus-1-2-ManU

အိမ္ရွင္ ဂ်ဴဗင္တပ္စ္အသင္းဟာ ( ၄ – ၄ – ၂ ) ပံုစံနဲ႔ ပြဲထြက္ခဲ႔ျပီး တိုက္စစ္မွာ စီေရာ္နယ္လ္ဒို Cristiano Ronaldo နဲ႔ ဒီဘားလား Dybala တို႔က ဦးေဆာင္လာခဲ႔ၾကသလို ဘင္တကူ Bentancur နဲ႔ ဒီဆီဂလီယို De Sciglio တို႔ဟာလည္း ပြဲထြက္လူစာရင္းမွာပါ၀င္လာခဲ႔ဲၾကပါတယ္။ မန္ယူအသင္းကေတာ႔ ( ၄ – ၃ – ၃ )ပံုစံနဲ႔ ပြဲထြက္လာခဲ႔ျပီး ဆန္းခ်က္စ္ Sánchez ကို အေထာင္တိုက္စစ္မွဴးေနရာထားကစားခဲ႔သလို လင္ဂတ္ Lingard နဲ႔ ဟာရဲရား Herrera တို႔ဟာလည္း ပြဲထြက္လူစာရင္းမွာပါ၀င္လာခဲ႔ပါတယ္။ ဟာရဲရား ပါလာတာေၾကာင္႔ မန္ယူအသင္းကြင္းလယ္ဟာ အရင္ကထက္ပိုေကာင္းလာခဲ႔ျပီး တည္ျငိမ္မႈပိုရိွလာခဲ႔ပါတယ္။ ဂ်ဴဗင္တပ္စ္ကေတာ႔ အိမ္ရွင္အသင္းပီပီ မန္ယူအသင္းဘက္ကို ဖိအားေပးကစားႏိုင္ခဲ႔ေပမယ္႔ မန္ယူအသင္းကေတာ႔ ျပိဳင္ဘက္ရဲ႕ အမွားကိုေစာင္႔ကစားတဲ႔ ပံုစံမ်ိဳးနဲ႔သာ ကစားခဲ႔ပါတယ္။ ပထမပိုင္းမွာ စီေရာ္နယ္လ္ဒို ခ်ိဳးေပးတဲ႔ ေဘာလံုးကို ခါဒီရာ Khedira ကန္သြင္းခဲ႔ရာမွာ တိုင္ထိထြက္ခဲ႔တာေၾကာင္႔ ဂ်ဴဗင္တပ္စ္အသင္း ဂိုးရဖို႔ လြဲေခ်ာ္ခဲ႔ရပါတယ္။

Cristiano-Ronaldo-Celebrate

Cristiano-Ronaldo-Celebrate

ဒုတိယပိုင္း အစမွာေတာ႔ ႏွစ္သင္းလံုးဟာ အခြင္႔အေရးတစ္ၾကိမ္စီရရိွခဲ႔ၾကျပီး ဒီဘားလားရဲ႕ အပိုင္ကန္ခ်က္ကေတာ႔ ဘားတန္းထိထြက္ခဲ႔ပါတယ္။ ပြဲခ်ိန္(၆၅)မိနစ္မွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္း ဦးေဆာင္ဂိုးရရိွခဲ႔ျပီး ဘိုႏူခ်ီ Bonucci ရဲ႕ ေကာင္းမြန္တဲ႔ ေပးပို႔ဖန္တီးမႈကေန စီေရာ္နယ္လ္ဒို က အမွားအယြင္းမရိွ အသင္းေဟာင္းကို သြင္းယူခဲ႔တာျဖစ္ပါတယ္။ ဂိုးရျပီးေနာက္ပိုင္းမွာ ဂ်ဴဗင္တပ္စ္အသင္းဟာ ေနာက္ထပ္ဂိုးရႏိုင္မယ္႔ အခြင္႔အေရးေတြရရိွခဲ႔ေပမယ္႔ ဂိုးအျဖစ္ေျပာငး္လဲႏိုင္ခဲ႔ျခင္းေတာ႔မရိွခဲ႔ပါဘူး။ မန္ယူအသင္းရဲ႕ ကစားပံုဟာ က်ဆင္းမႈေတြရိွလာတာေၾကာင္႔ နည္းျပေမာ္ရင္ဟို Mourinho ဟာ ဆန္းခ်က္စ္ ၊ ဟာရဲရား တို႔ရဲ႕ေနရာမွာ မာတာ Mata နဲ႔ ဖယ္လိုင္နီ Fellaini တို႔ကိုထည္႔သြင္းခဲ႔ပါတယ္။ မာတာ နဲ႔ ဖယ္လိုင္နီ တို႔ ၀င္ေရာက္လာျပီးေနာက္ပိုင္းမွာေတာ႔ မန္ယူအသင္းရဲ႕ ကစားပံုဟာ ပိုေကာင္းလာခဲ႔ျပီး ဂ်ဴဗင္တပ္စ္အသင္းဘက္ကို ပိုဖိအားေပးကစားလာႏိုင္ခဲ႔ပါတယ္။ ပြဲခ်ိန္(၈၆)မိနစ္မွာေတာ႔ မန္ယူအသင္းက ေခ်ပဂိုးရရိွခဲ႔ျပီး လူစား၀င္ကစားသမား မာတာ က ရရိွလာတဲ႔ ဖရီးကစ္ကို လွလွပပ ကန္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။ ပြဲခ်ိန္(၈၉)မိနစ္မွာေတာ႔ မန္ယူအသင္း အႏိုင္ဂိုးရရိွခဲ႔ျပီး အက္ရွ္ေလယန္း Young ရဲ႕ ျပစ္ဒဏ္ေဘာျဖတ္တင္ေပးပို႔မႈက ဂ်ဴဗင္တပ္စ္ဂိုးေရွ႕မွာ မန္ယူကစားသမားေတြရဲ႕ ေခါင္းတိုက္သြင္းယူဖို႔ၾကိဳးစားမႈကေန ဂ်ဴဗင္တပ္စ္ေနာက္ခံလူ အဲလက္စ္ဆန္ဒရို Alex Sandro နဲ႔ထိျပီး ဂိုး၀င္ခဲ႔တာပါ။ ပြဲျပီးခါနီးမွာ ရပ္ရွ္ဖို႔ဒ္ Rashford အပိုင္ကန္ခြင္႔ရရိွခဲ႔ေပမယ္႔ ဆက္ဇနီ Szczęsny ကာကြယ္ႏိုင္ခဲ႔တာေၾကာင္႔သာ မန္ယူအသင္းအေနနဲ႔ တတိယဂိုးနဲ႔ လြဲေခ်ာ္ခဲ႔ရတာပါ။

Mata-And-Matic-Celebrate

Mata-And-Matic-Celebrate

ဗုဒၶဟူးည ခ်န္ပီယံလိဂ္ပဲြစဥ္ရလဒ္မ်ား

Manchester-United

Manchester-United

CSKA Moskva 1 – 2 Roma
Valencia 3 – 1 Young Boys
Bayern München 2 – 0 AEK Athens
Benfica 1 – 1 Ajax
Olympique Lyonnais 2 – 2 Hoffenheim
Manchester City 6 – 0 Shakhtar Donetsk
Viktoria Plzeň 0 – 5 Real Madrid
Juventus 1 – 2 Manchester United

Photo: Juventus Twitter , ManU Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အဝေးကွင်းမှာ ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲကို ရှာဖွေနိုင်ခဲ့တဲ့ မန်ယူ

ချန်ပီယံလိဂ်ပွဲစဉ် (၄) ဗုဒ္ဓဟူးညပွဲတွေမှာတော့ အသင်းကြီးအများစုရလဒ်ကောင်း ရယူနိုင်ခဲ့ကြပါတယ်။ ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံး ဂျူဗင်တပ်စ် – မန်ယူ ပွဲမှာတော့ မန်ယူအသင်းက အဝေးကွင်းမှာ ဂျူဗင်တပ်စ်အသင်းကို ( ၁ – ၂ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဂျူဗင်တပ်စ် ၁ – ၂ မန်ယူ

Juventus-1-2-ManU

Juventus-1-2-ManU

အိမ်ရှင် ဂျူဗင်တပ်စ်အသင်းဟာ ( ၄ – ၄ – ၂ ) ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ ဒီဘားလား Dybala တို့က ဦးဆောင်လာခဲ့ကြသလို ဘင်တကူ Bentancur နဲ့ ဒီဆီဂလီယို De Sciglio တို့ဟာလည်း ပွဲထွက်လူစာရင်းမှာပါဝင်လာခဲ့ဲကြပါတယ်။ မန်ယူအသင်းကတော့ ( ၄ – ၃ – ၃ )ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ဆန်းချက်စ် Sánchez ကို အထောင်တိုက်စစ်မှူးနေရာထားကစားခဲ့သလို လင်ဂတ် Lingard နဲ့ ဟာရဲရား Herrera တို့ဟာလည်း ပွဲထွက်လူစာရင်းမှာပါဝင်လာခဲ့ပါတယ်။ ဟာရဲရား ပါလာတာကြောင့် မန်ယူအသင်းကွင်းလယ်ဟာ အရင်ကထက်ပိုကောင်းလာခဲ့ပြီး တည်ငြိမ်မှုပိုရှိလာခဲ့ပါတယ်။ ဂျူဗင်တပ်စ်ကတော့ အိမ်ရှင်အသင်းပီပီ မန်ယူအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် မန်ယူအသင်းကတော့ ပြိုင်ဘက်ရဲ့ အမှားကိုစောင့်ကစားတဲ့ ပုံစံမျိုးနဲ့သာ ကစားခဲ့ပါတယ်။ ပထမပိုင်းမှာ စီရော်နယ်လ်ဒို ချိုးပေးတဲ့ ဘောလုံးကို ခါဒီရာ Khedira ကန်သွင်းခဲ့ရာမှာ တိုင်ထိထွက်ခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်း ဂိုးရဖို့ လွဲချော်ခဲ့ရပါတယ်။

Cristiano-Ronaldo-Celebrate

Cristiano-Ronaldo-Celebrate

ဒုတိယပိုင်း အစမှာတော့ နှစ်သင်းလုံးဟာ အခွင့်အရေးတစ်ကြိမ်စီရရှိခဲ့ကြပြီး ဒီဘားလားရဲ့ အပိုင်ကန်ချက်ကတော့ ဘားတန်းထိထွက်ခဲ့ပါတယ်။ ပွဲချိန်(၆၅)မိနစ်မှာတော့ ဂျူဗင်တပ်စ်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဘိုနူချီ Bonucci ရဲ့ ကောင်းမွန်တဲ့ ပေးပို့ဖန်တီးမှုကနေ စီရော်နယ်လ်ဒို က အမှားအယွင်းမရှိ အသင်းဟောင်းကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂိုးရပြီးနောက်ပိုင်းမှာ ဂျူဗင်တပ်စ်အသင်းဟာ နောက်ထပ်ဂိုးရနိုင်မယ့် အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။ မန်ယူအသင်းရဲ့ ကစားပုံဟာ ကျဆင်းမှုတွေရှိလာတာကြောင့် နည်းပြမော်ရင်ဟို Mourinho ဟာ ဆန်းချက်စ် ၊ ဟာရဲရား တို့ရဲ့နေရာမှာ မာတာ Mata နဲ့ ဖယ်လိုင်နီ Fellaini တို့ကိုထည့်သွင်းခဲ့ပါတယ်။ မာတာ နဲ့ ဖယ်လိုင်နီ တို့ ဝင်ရောက်လာပြီးနောက်ပိုင်းမှာတော့ မန်ယူအသင်းရဲ့ ကစားပုံဟာ ပိုကောင်းလာခဲ့ပြီး ဂျူဗင်တပ်စ်အသင်းဘက်ကို ပိုဖိအားပေးကစားလာနိုင်ခဲ့ပါတယ်။ ပွဲချိန်(၈၆)မိနစ်မှာတော့ မန်ယူအသင်းက ချေပဂိုးရရှိခဲ့ပြီး လူစားဝင်ကစားသမား မာတာ က ရရှိလာတဲ့ ဖရီးကစ်ကို လှလှပပ ကန်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ပွဲချိန်(၈၉)မိနစ်မှာတော့ မန်ယူအသင်း အနိုင်ဂိုးရရှိခဲ့ပြီး အက်ရှ်လေယန်း Young ရဲ့ ပြစ်ဒဏ်ဘောဖြတ်တင်ပေးပို့မှုက ဂျူဗင်တပ်စ်ဂိုးရှေ့မှာ မန်ယူကစားသမားတွေရဲ့ ခေါင်းတိုက်သွင်းယူဖို့ကြိုးစားမှုကနေ ဂျူဗင်တပ်စ်နောက်ခံလူ အဲလက်စ်ဆန်ဒရို Alex Sandro နဲ့ထိပြီး ဂိုးဝင်ခဲ့တာပါ။ ပွဲပြီးခါနီးမှာ ရပ်ရှ်ဖို့ဒ် Rashford အပိုင်ကန်ခွင့်ရရှိခဲ့ပေမယ့် ဆက်ဇနီ Szczęsny ကာကွယ်နိုင်ခဲ့တာကြောင့်သာ မန်ယူအသင်းအနေနဲ့ တတိယဂိုးနဲ့ လွဲချော်ခဲ့ရတာပါ။

Mata-And-Matic-Celebrate

Mata-And-Matic-Celebrate

ဗုဒ္ဓဟူးည ချန်ပီယံလိဂ်ပွဲစဉ်ရလဒ်များ

Manchester-United

Manchester-United

CSKA Moskva 1 – 2 Roma
Valencia 3 – 1 Young Boys
Bayern München 2 – 0 AEK Athens
Benfica 1 – 1 Ajax
Olympique Lyonnais 2 – 2 Hoffenheim
Manchester City 6 – 0 Shakhtar Donetsk
Viktoria Plzeň 0 – 5 Real Madrid
Juventus 1 – 2 Manchester United

Photo: Juventus Twitter , ManU Twitter
Ko Kyue(Akhayar)
www.akhayar.com