[Zawgyi]

အသင္းၾကီးအမ်ားစု ေအာင္ပြဲခံခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြစဥ္(၂) ဗုဒၶဟူုးေန႔ပဲြစဥ္မ်ား

ခ်န္ပီယံလိဂ္ပဲြစဥ္(၂) ဗုဒၶဟူုးေန႔ပဲြေတြမွာေတာ႔ အသင္းၾကီးအမ်ားစု ရလဒ္ေကာင္းခဲ႔ၾကပါတယ္။ PSG အသင္းဟာ ဂိုးျပတ္ႏိုင္ပြဲတစ္ပြဲရရိွခဲ႔ျပီး အက္သလက္တီကို ၊ ဘာစီလိုနာ ၊ ေဒါ႔မြန္ ၊ အင္တာမီလန္ ၊ နာပိုလီတို႔ဟာ ႏုိင္ပဲြကုိယ္စီ ရယူခ့ဲၾကပါတယ္။

Barcelona

Barcelona

ေဒါ႔မြန္နဲ႔ မိုနာကိုတို႔ ပြဲစဥ္မွာေတာ႔ ပံုစံေကာင္းရေနတဲ႔ ေဒါ႔မြန္က( ၃ – ၀ ) နဲ႔ အိမ္ကြင္းမွာ အႏိုင္ရရိွခဲ႔ပါတယ္။ ေဒါ႔မြန္အတြက္ ဂိုးေတြကိုေတာ႔ လာဆန္Larsen ၊ အယ္လ္ကာဆာ Alcácer နဲ႔ မာကို႐ိြဳက္စ္ Reus တို႔က ပြဲခ်ိန္(၅၁) (၇၂ )နဲ႔ (၉၂)မိနစ္ေတြမွာ သြင္းယူေပးခဲ႔ၾကပါတယ္။ လက္ရိွမွာ ရလဒ္ေတြက်ဆင္းေနတဲ႔ ဘာစီလိုနာအသင္းကေတာ႔ အေကာင္းဆံုးျပန္လာႏိုင္ခဲ႔ျပီး စပါးအသင္းကို အေ၀းကြင္းမွာ ( ၂ – ၄ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။ စပါးအသင္းကေတာ႔ ခုခ်ိန္ထိ ဥေရာပအသင္းၾကီးေတြနဲ႔ ယွဥ္ရင္ အားနည္းခ်က္ေတြ ရိွေနေသးတာကို ေတြ႕ခဲ႔ရပါတယ္။ပြဲဟာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ ပရိသတ္အၾကိဳက္ျဖစ္ခဲ႔ပါတယ္။ စပါးအသင္းအတြက္ ဂိုးေတြကို ပြဲခ်ိန္(၅၂)နဲ႔ (၆၆)မိနစ္ေတြမွာ ဟယ္ရီကိန္း Kane နဲ႔ လာမယ္လာ Lamela တို႔ကသြင္းယူခဲ႔ၾကပါတယ္။ ဘာစီလိုနာအသင္းအတြက္ ဂိုးေတြကိုေတာ႔ ပြဲခ်ိန္(၂)မိနစ္နဲ႔ (၂၈)မိနစ္ေတြမွာ ေကာ္တင္ဟို Coutinho နဲ႔ ရာကီတစ္ Rakitić တို႔ကသြင္းယူခဲ႔ျပီး ပြဲခ်ိန္(၅၆)မိနစ္နဲ႔ မိနစ္(၉၀)မွာေတာ႔ မက္ဆီ Messi က(၂)ဂိုးသြင္းယူေပးခဲ႔ပါတယ္။ နာပိုလီနဲ႔ လီဗာပူးလ္ပြဲမွာေတာ႔ နာပိုလီအသင္းက အိမ္ကြင္းမွာ ႏိုင္ပြဲရွာေဖြႏိုင္ခဲ႔ျပီး နာပိုလီအသင္းအတြက္ အဖိုးတန္အႏိုင္ဂိုးကိုေတာ႔ ပြဲခ်ိန္မိနစ္(၉၀)မွာ အင္ဆစ္ဂနီ Insigne ကသြင္းယူခဲ႔ပါတယ္။

insigne

insigne

ခ်န္ပီယံလိဂ္ပဲြစဥ္(၂) ဗုဒၶဟူုးေန႔ ရလဒ္မ်ား

PSG 6 – 1 Crvena Zvezda
Lokomotiv Moskva 0 – 1 Schalke 04
Atlético Madrid 3 – 1 Club Brugge
Borussia Dortmund 3 – 0 Monaco
Tottenham Hotspur 2 – 4 Barcelona
PSV 1 – 2 Internazionale
Napoli 1 – 0 Liverpool
Porto 1 – 0 Galatasaray

Photo: FC Barcelona Twitter  , Napoli twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အသင်းကြီးအများစု အောင်ပွဲခံခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၂) ဗုဒ္ဓဟူုးနေ့ပွဲစဉ်များ

ချန်ပီယံလိဂ်ပွဲစဉ်(၂) ဗုဒ္ဓဟူုးနေ့ပွဲတွေမှာတော့ အသင်းကြီးအများစု ရလဒ်ကောင်းခဲ့ကြပါတယ်။ PSG အသင်းဟာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲရရှိခဲ့ပြီး အက်သလက်တီကို ၊ ဘာစီလိုနာ ၊ ဒေါ့မွန် ၊ အင်တာမီလန် ၊ နာပိုလီတို့ဟာ နိုင်ပွဲကိုယ်စီ ရယူခဲ့ကြပါတယ်။

Barcelona

Barcelona

ဒေါ့မွန်နဲ့ မိုနာကိုတို့ ပွဲစဉ်မှာတော့ ပုံစံကောင်းရနေတဲ့ ဒေါ့မွန်က( ၃ – ၀ ) နဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။ ဒေါ့မွန်အတွက် ဂိုးတွေကိုတော့ လာဆန်Larsen ၊ အယ်လ်ကာဆာ Alcácer နဲ့ မာကိုရွိုက်စ် Reus တို့က ပွဲချိန်(၅၁) (၇၂ )နဲ့ (၉၂)မိနစ်တွေမှာ သွင်းယူပေးခဲ့ကြပါတယ်။ လက်ရှိမှာ ရလဒ်တွေကျဆင်းနေတဲ့ ဘာစီလိုနာအသင်းကတော့ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး စပါးအသင်းကို အဝေးကွင်းမှာ ( ၂ – ၄ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။ စပါးအသင်းကတော့ ခုချိန်ထိ ဥရောပအသင်းကြီးတွေနဲ့ ယှဉ်ရင် အားနည်းချက်တွေ ရှိနေသေးတာကို တွေ့ခဲ့ရပါတယ်။ပွဲဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပရိသတ်အကြိုက်ဖြစ်ခဲ့ပါတယ်။ စပါးအသင်းအတွက် ဂိုးတွေကို ပွဲချိန်(၅၂)နဲ့ (၆၆)မိနစ်တွေမှာ ဟယ်ရီကိန်း Kane နဲ့ လာမယ်လာ Lamela တို့ကသွင်းယူခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၂)မိနစ်နဲ့ (၂၈)မိနစ်တွေမှာ ကော်တင်ဟို Coutinho နဲ့ ရာကီတစ် Rakitić တို့ကသွင်းယူခဲ့ပြီး ပွဲချိန်(၅၆)မိနစ်နဲ့ မိနစ်(၉၀)မှာတော့ မက်ဆီ Messi က(၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။ နာပိုလီနဲ့ လီဗာပူးလ်ပွဲမှာတော့ နာပိုလီအသင်းက အိမ်ကွင်းမှာ နိုင်ပွဲရှာဖွေနိုင်ခဲ့ပြီး နာပိုလီအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ပွဲချိန်မိနစ်(၉၀)မှာ အင်ဆစ်ဂနီ Insigne ကသွင်းယူခဲ့ပါတယ်။

insigne

insigne

ချန်ပီယံလိဂ်ပွဲစဉ်(၂) ဗုဒ္ဓဟူုးနေ့ ရလဒ်များ

PSG 6 – 1 Crvena Zvezda
Lokomotiv Moskva 0 – 1 Schalke 04
Atlético Madrid 3 – 1 Club Brugge
Borussia Dortmund 3 – 0 Monaco
Tottenham Hotspur 2 – 4 Barcelona
PSV 1 – 2 Internazionale
Napoli 1 – 0 Liverpool
Porto 1 – 0 Galatasaray

Photo: FC Barcelona Twitter  , Napoli twitter
Ko Kyue(Akhayar)
www.akhayar.com