[Zawgyi]

ဘာစီလိုနာ ၊ လီဗာပူးလ္နဲ႔ ေဒါ႔မြန္တို႔ အမွားအယြင္းမရိွခဲ႔ၾကေပမယ္႔ သေရရလဒ္နဲ႔သာ ေက်နပ္ခဲ႔ရတဲ႔ စပါးနဲ႔ PSG

ခ်န္ပီယံလိဂ္ (ဗုဒၶဟူးည)ပြဲေတြဟာ ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈ အျပည္႔အ၀ေပးႏိုင္ခဲ႔ပါတယ္။ ဘာစီလိုနာ ၊ လီဗာပူးလ္နဲ႔ ေဒါ႔မြန္တို႔ဟာ အိမ္ကြင္းမွာ ႏိုင္ပြဲအတြက္ အမွားအယြင္းမရိွခဲ႔ၾကေပမယ္႔ စပါးနဲ႔ PSG အသင္းေတြကေတာ႔ သေရရလဒ္နဲ႔သာ ေက်နပ္ခဲ႔ရပါတယ္။

PSV ၂ – ၂ စပါး

Harry-Kane

Harry-Kane

PSV နဲ႔ စပါးပြဲစဥ္ကေတာ႔ အျပန္အလွန္သြင္းဂိုးေတြနဲ႔သေရရလဒ္ထြက္ေပၚခဲ႔ပါတယ္။ အိမ္ရွင္ PSV အသင္းအတြက္ ဂိုးေတြကိုေတာ႔ ပြဲခ်ိန္(၂၉)နဲ႔(၈၇)မိနစ္ေတြမွာ လူငယ္ကစားသမားေတြျုဖစ္ၾကတဲ႔ လြန္ဇာႏို Lozano နဲ႔ ဒီယြန္း De Jong တို႔ကသြင္းယူခဲ႔တာပါ။ စပါးအသင္းအတြက္ ဂိုးေတြကိုေတာ႔ ပြဲခ်ိန္(၃၉)နဲ႔(၅၄)မိနစ္ေတြမွာ လူးကပ္စ္ေမာ္ရာ Lucas Moura နဲ႔ ဟယ္ရီကိန္း Harry Kane တို႔ကသြင္းယူခဲ႔ၾကတာျဖစ္ပါတယ္။ ပြဲခ်ိန္(၇၉)မိနစ္မွာေတာ႔ စပါးဂိုးသမား လိုရစ္ Lloris အနီကတ္ျပထုတ္ပယ္ခံခဲ႔ရပါတယ္။

ဘာစီလိုနာ ၂ – ၀ အင္တာမီလန္

Barcelona-2-0-Inter-Milan

Barcelona-2-0-Inter-Milan

မက္ဆီ Messi မပါခဲ႔ေပမယ္႔ ဘာစီလိုနာအသင္းရဲ႕ ကစားပံုဟာ အေကာင္းဆံုးမွာရိွခဲ႔ပါတယ္။ ပထမပိုင္းမွာ ဘာစီလိုနာအသင္းဟာ တစ္ခ်ိန္လံုး အင္တာမီလန္ဘက္ကိုဖိအားေပးႏိုင္ခဲ႔တာေၾကာင္႔ အင္တာမီလန္အသင္းဟာ ခံစစ္မွာသာအခ်ိန္ကုန္ေနခဲ႔ပါတယ္။ ပြဲခ်ိန္(၃၂)မိနစ္မွာေတာ႔ ဘာစီလိုနာအသင္း ဂိုးရခဲ႔ျပီး ရာဖင္ဟာ Rafinha နဲ႔ ဆြာရက္စ္ Suárez တို႔ရဲ႕ နားလည္မႈရိွတဲ႔ အတြဲအဖက္ကေန ရာဖင္ဟာကသြင္းယူခဲ႔တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာေတာ႔ အင္တာမီလန္အသင္းက ဘာစီလိုနာအသင္းကို တံုျပန္ကစားႏိုင္ခဲ႔ေပမယ္႔ ေနာက္ပိုင္းမွာေတာ႔ ဘာစီလိုနာအသင္းကပဲ ပြဲကိုၾကီးစိုးထားခဲ႔ပါတယ္။ ပြဲခ််ိန္(၈၃)မိနစ္မွာေတာ႔ ဘာစီလိုနာအသင္းက ဒုတိယဂိုးထပ္ရခဲ႔ျပီး အယ္လ္ဘာ Alba က သြင္းယူခဲ႔တာျဖစ္ပါတယ္။

PSG ၂ – ၂ နာပိုလီ

Di-María

Di-María

PSG နဲ႔ နာပိုလီပြဲကေတာ႔ အျပန္အလွန္တိုက္စစ္ဆင္မႈေတြနဲ႔ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ႔ပါတယ္။ အေ၀းကြင္းျဖစ္ေပမယ္႔ နာပိုလီအသင္းဟာ အေကာင္းဆံုးကစားႏိုင္ခဲ႔ျပီး ပြဲခ်ိန္(၂၉)မိနစ္မွာ ကယ္လီဟြန္ Callejón ရဲ႕ ဖန္တီးမႈကေန အင္ဆစ္ဂ္နီ Insigne ကအသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ႔ပါတယ္။ ပြဲခ်ိန္(၆၁)မိနစ္မွာေတာ႔ PSG အသင္းေခ်ပဂိုးရရိွခဲ႔ျပီး နာပိုလီ ေနာက္ခံလူ Mário Rui က ကိုယ္႔ဂိုးကိုယ္သြင္းယူခဲ႔တာပါ။ ပြဲခ်ိန္(၇၇)မိနစ္မွာ PSG ေနာက္ခံလူ မာကြင္ဟို႔စ္ Marquinhos ရဲ႕ တားဆီးပံုမေသသပ္မႈကေန မာတင္စ္ Mertens က နာပိုလီအသင္းအတြက္ ဒုတိယဦးေဆာင္ဂိုးသြင္းယူေပးခဲ႔ေပမယ္႔ ပြဲခ်ိန္(၉၃)မိနစ္မွာ ဒီမာရီယာ Di María က PSG အသင္းအတြက္ လွလွပပ ကန္သြင္းျပီး ေခ်ပဂိုးရယူေပးခဲ႔တာေၾကာင္႔ သေရရလဒ္နဲ႔သာ ျပီးဆံုးခဲ႔ၾကပါတယ္။

လီဗာပူးလ္ ၄ – ၀ ဇီဗက္ဒါ

Liverpool

Liverpool

လီဗာပူးလ္အသင္းကေတာ႔ အိမ္ကြင္းမွာ အမွားအယြင္းမရိွခဲ႔ဘဲ ဂိုးျပတ္ရလဒ္တစ္ခုကိုပံုေဖာ္ႏိုင္ခဲ႔ပါတယ္။ လီဗာပူးလ္အသင္းအတြက္ ဂိုးေတြကိုေတာ႔ ပြဲခ်ိန္(၂၀)မွာ ေဖမီႏို Firmino ၊ ပြဲခ်ိန္(၄၅)နဲ႔ (၅၁)မိနစ္ေတြမွာ ဆာလာ Salah ၊ ပြဲခ်ိန္မိနစ္(၈၀)မွာ မာေန Mané တို႔က အသီးသီးသြင္းယူေပးခဲ႔ၾကပါတယ္။

ေဒါ႔မြန္ ၄ – ၀ အက္သလက္တီကို

Dortmund

Dortmund

လက္ရိွမွာ အေကာင္းဆံုးပံုစံကို ရရိွေနတဲ႔ ေဒါ႔မြန္အသင္းဟာ ဒီပြဲမွာလည္း သူတို႔ရဲ႕ ပံုစံေကာင္းကို ဆက္လက္ထိန္းသိမ္းျပီး အိမ္ကြင္းမွာ ဂိုးျပတ္အႏိုင္ရလဒ္ကို ရရိွေအာင္စြမ္းေဆာင္ႏိုင္ခဲ႔ပါတယ္။ ေဒါ႔မြန္အသင္းအတြက္ ဂိုးေတြကိုေတာ႔ ပြဲခ်ိန္(၃၈)မွာ ၀စ္ဆဲလ္ Witsel နဲ႔ပြဲခ်ိန္(၇၃)နဲ႔(၈၉)မိနစ္ေတြမွာ ဂြာရဲ႐ိုး Guerreiro ၊ ပြဲခ်ိန္(၈၃)မိနစ္မွာ ဆန္ခ်ိဳ Sancho တုိ႔ကသြင္းယူေပးခဲ႔ၾကပါတယ္။

ဗုဒၶဟူးည ခ်န္ပီယံလိဂ္ပြဲစဥ္ရလဒ္မ်ား

Club Brugge 1 – 1 Monaco
PSV 2 – 2 Tottenham Hotspur
Borussia Dortmund 4 – 0 Atlético Madrid
Barcelona 2 – 0 Internazionale
PSG 2 – 2 Napoli
Liverpool 4 – 0 Crvena Zvezda
Lokomotiv Moskva 1 – 3 Porto
Galatasaray 0 – 0 Schalke 04

Photo: Spur Twitter , Barcelona Twitter , Liverpool Twitter , Dortmund twitter , Goal.com , Archy Worldys
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘာစီလိုနာ ၊ လီဗာပူးလ်နဲ့ ဒေါ့မွန်တို့ အမှားအယွင်းမရှိခဲ့ကြပေမယ့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ စပါးနဲ့ PSG

ချန်ပီယံလိဂ် (ဗုဒ္ဓဟူးည)ပွဲတွေဟာ ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့်အဝပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ ၊ လီဗာပူးလ်နဲ့ ဒေါ့မွန်တို့ဟာ အိမ်ကွင်းမှာ နိုင်ပွဲအတွက် အမှားအယွင်းမရှိခဲ့ကြပေမယ့် စပါးနဲ့ PSG အသင်းတွေကတော့ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

PSV ၂ – ၂ စပါး

Harry-Kane

Harry-Kane

PSV နဲ့ စပါးပွဲစဉ်ကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အိမ်ရှင် PSV အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၂၉)နဲ့(၈၇)မိနစ်တွေမှာ လူငယ်ကစားသမားတွြေုဖစ်ကြတဲ့ လွန်ဇာနို Lozano နဲ့ ဒီယွန်း De Jong တို့ကသွင်းယူခဲ့တာပါ။ စပါးအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၃၉)နဲ့(၅၄)မိနစ်တွေမှာ လူးကပ်စ်မော်ရာ Lucas Moura နဲ့ ဟယ်ရီကိန်း Harry Kane တို့ကသွင်းယူခဲ့ကြတာဖြစ်ပါတယ်။ ပွဲချိန်(၇၉)မိနစ်မှာတော့ စပါးဂိုးသမား လိုရစ် Lloris အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

ဘာစီလိုနာ ၂ – ၀ အင်တာမီလန်

Barcelona-2-0-Inter-Milan

Barcelona-2-0-Inter-Milan

မက်ဆီ Messi မပါခဲ့ပေမယ့် ဘာစီလိုနာအသင်းရဲ့ ကစားပုံဟာ အကောင်းဆုံးမှာရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ဘာစီလိုနာအသင်းဟာ တစ်ချိန်လုံး အင်တာမီလန်ဘက်ကိုဖိအားပေးနိုင်ခဲ့တာကြောင့် အင်တာမီလန်အသင်းဟာ ခံစစ်မှာသာအချိန်ကုန်နေခဲ့ပါတယ်။ ပွဲချိန်(၃၂)မိနစ်မှာတော့ ဘာစီလိုနာအသင်း ဂိုးရခဲ့ပြီး ရာဖင်ဟာ Rafinha နဲ့ ဆွာရက်စ် Suárez တို့ရဲ့ နားလည်မှုရှိတဲ့ အတွဲအဖက်ကနေ ရာဖင်ဟာကသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ အင်တာမီလန်အသင်းက ဘာစီလိုနာအသင်းကို တုံပြန်ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းကပဲ ပွဲကိုကြီးစိုးထားခဲ့ပါတယ်။ ပွဲချျိန်(၈၃)မိနစ်မှာတော့ ဘာစီလိုနာအသင်းက ဒုတိယဂိုးထပ်ရခဲ့ပြီး အယ်လ်ဘာ Alba က သွင်းယူခဲ့တာဖြစ်ပါတယ်။

PSG ၂ – ၂ နာပိုလီ

Di-María

Di-María

PSG နဲ့ နာပိုလီပွဲကတော့ အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ အဝေးကွင်းဖြစ်ပေမယ့် နာပိုလီအသင်းဟာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ပွဲချိန်(၂၉)မိနစ်မှာ ကယ်လီဟွန် Callejón ရဲ့ ဖန်တီးမှုကနေ အင်ဆစ်ဂ်နီ Insigne ကအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်(၆၁)မိနစ်မှာတော့ PSG အသင်းချေပဂိုးရရှိခဲ့ပြီး နာပိုလီ နောက်ခံလူ Mário Rui က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာပါ။ ပွဲချိန်(၇၇)မိနစ်မှာ PSG နောက်ခံလူ မာကွင်ဟို့စ် Marquinhos ရဲ့ တားဆီးပုံမသေသပ်မှုကနေ မာတင်စ် Mertens က နာပိုလီအသင်းအတွက် ဒုတိယဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ပွဲချိန်(၉၃)မိနစ်မှာ ဒီမာရီယာ Di María က PSG အသင်းအတွက် လှလှပပ ကန်သွင်းပြီး ချေပဂိုးရယူပေးခဲ့တာကြောင့် သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ကြပါတယ်။

လီဗာပူးလ် ၄ – ၀ ဇီဗက်ဒါ

Liverpool

Liverpool

လီဗာပူးလ်အသင်းကတော့ အိမ်ကွင်းမှာ အမှားအယွင်းမရှိခဲ့ဘဲ ဂိုးပြတ်ရလဒ်တစ်ခုကိုပုံဖော်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၂၀)မှာ ဖေမီနို Firmino ၊ ပွဲချိန်(၄၅)နဲ့ (၅၁)မိနစ်တွေမှာ ဆာလာ Salah ၊ ပွဲချိန်မိနစ်(၈၀)မှာ မာနေ Mané တို့က အသီးသီးသွင်းယူပေးခဲ့ကြပါတယ်။

ဒေါ့မွန် ၄ – ၀ အက်သလက်တီကို

Dortmund

Dortmund

လက်ရှိမှာ အကောင်းဆုံးပုံစံကို ရရှိနေတဲ့ ဒေါ့မွန်အသင်းဟာ ဒီပွဲမှာလည်း သူတို့ရဲ့ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းပြီး အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရလဒ်ကို ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒေါ့မွန်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၃၈)မှာ ဝစ်ဆဲလ် Witsel နဲ့ပွဲချိန်(၇၃)နဲ့(၈၉)မိနစ်တွေမှာ ဂွာရဲရိုး Guerreiro ၊ ပွဲချိန်(၈၃)မိနစ်မှာ ဆန်ချို Sancho တို့ကသွင်းယူပေးခဲ့ကြပါတယ်။

ဗုဒ္ဓဟူးည ချန်ပီယံလိဂ်ပွဲစဉ်ရလဒ်များ

Club Brugge 1 – 1 Monaco
PSV 2 – 2 Tottenham Hotspur
Borussia Dortmund 4 – 0 Atlético Madrid
Barcelona 2 – 0 Internazionale
PSG 2 – 2 Napoli
Liverpool 4 – 0 Crvena Zvezda
Lokomotiv Moskva 1 – 3 Porto
Galatasaray 0 – 0 Schalke 04

Photo: Spur Twitter , Barcelona Twitter , Liverpool Twitter , Dortmund twitter , Goal.com , Archy Worldys
Ko Kyue(Akhayar)
www.akhayar.com