[Zawgyi]

မက္ဆီ Messi မပါတဲ႔ ဘာစီလိုနာအသင္း ရလဒ္ေကာင္းရယူႏိုင္မလား

ခ်န္ပီယံလိဂ္(အဂၤါည)ပြဲေတြမွာေတာ႔ အသင္းၾကီးေတြ ရလဒ္ေကာင္းရယူႏိုင္ခဲ႔ၾကပါတယ္။ ဒီေန႔(ဗုဒၶဟူးည)မွာ ယွဥ္ျပိဳင္ကစားမယ္႔ ခ်န္ပီယံလိဂ္ပြဲေတြမွာေတာ႔ အသင္းၾကီးအခ်င္းခ်င္းထိပ္တိုက္ေတြ႕ဆံုေနတဲ႔ ပြဲေတြပါ၀င္ေနတာေၾကာင္႔ ရင္ခုန္စရာေကာင္းဦးမွာကေတာ႔ အမွန္ပါပဲ။

PSV – စပါး ( ဗုဒၶဟူးည ၁၁း၂၅ နာရီ )

Spur

Spur

ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင္႔ကိုတက္ခ်င္ရင္ေတာ႔ စပါးအေနနဲ႔ ဒီပြဲကိုမျဖစ္မေန အႏိုင္ကစားဖို႔လိုအပ္ပါတယ္။ PSV ကေတာ႔ အိမ္ကြင္းမွာကစားရမွာျဖစ္ေပမယ္႔ သိပ္ျပီးထူးထူးျခားျခားလုပ္ျပမယ္လို႔ မထင္မိပါဘူး။ ပြဲအေျဖကိုေျပာင္းလဲေပးႏိုင္တဲ႔ကစားသမားေတြကို ပိုင္ဆိုင္ထားတဲ႔ စပါးအႏိုင္ေသခ်ာပါတယ္။

ေဒါ႔မြန္ – အက္သလက္တီကို ( ၾကာသပေတး မနက္ ၁း၃၀ နာရီ )

Atlético-Madrid

Atlético-Madrid

အေကာင္းဆံုးပံုစံမွာရိွေနတဲ႔ အသင္းႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆံုမႈပါ။ ေဒါ႔မြန္အသင္းဟာ ျပိဳင္ပြဲစံု(၁၃)ပြဲဆက္ ရံႈးပြဲမရိွကစားထားသလို အက္သလက္တီကုိအသင္းဟာလည္း ျပိဳင္ပြဲစံု(၈)ပြဲဆက္ ရံႈးပြဲမရိွကစားထားပါတယ္။ ႏွစ္သင္းလံုးဟာ ေနရာအလိုက္ျပီးျပည္႔စံုမႈရိွေနျပီး ဒီပြဲမွာေတာ႔ အိမ္ရွင္ျဖစ္တဲ႔ ေဒါ႔မြန္အသင္းဟာ တိုက္စစ္ကို ဦးစားေပးကစားလာဖို႔ရိွပါတယ္။ဒါေပမဲ႔ အက္သလက္တီကိုကလည္း ခံစစ္ကစားပံုေကာင္းမြန္တဲ႔အသင္းျဖစ္တာေၾကာင္႔ နည္းဗ်ဴဟာပိုင္း အားျပိဳင္မႈေတြရိွလာမယ္႔ ပြဲေကာင္းတစ္ပြဲကိုျမင္ေတြ႕ရဖို႔ရိွပါတယ္။ သေရရလဒ္ဟာ ႏွစ္သင္းလံုးအတြက္ မွ်တျပီး ေဒါ႔မြန္ ( ၁ – ၁ ) အက္သလက္တီကို ရလဒ္မ်ိဳးျဖစ္ႏိုင္ပါတယ္။

ဘာစီလိုနာ – အင္တာမီလန္ ( ၾကာသပေတး မနက္ ၁း၃၀ နာရီ )

Barcelona

Barcelona

မက္ဆီ Messi မပါတဲ႔ ဘာစီလိုနာအသင္း စမ္းသပ္ခံမယ္႔ပြဲပါပဲ။ ဘာစီလိုနာခံစစ္ဟာ အားနည္းခ်က္ေလးေတြရိွတာေၾကာင္႔ အီကာဒီ Icardi ဦးေဆာင္လာမယ္႔ အင္တာတိုက္စစ္ပိုင္းကို အခြင္႔အေရးေတြေပးဖို႔ရိွပါတယ္။ ဒါေပမဲ႔ ဘာစီလိုနာအသင္းဟာလည္း ေနရာစံုကေနဂိုးေတြသြင္းယူႏိုင္တာေၾကာင္႔ အျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ရဖို႔ရိွႏိုင္ပါတယ္။ အိမ္ကြင္းျဖစ္ေပမယ္႔ စုစည္းမႈေကာင္းတဲ႔ အင္တာကို ဘာစီလိုနာအေနနဲ႔ အႏိုင္ရႏိုင္ဖို႔ ခက္ခဲႏိုင္ပါတယ္။ ႏွစ္သင္းေပါင္းသြင္းဂိုးမ်ားဖို႔ရိွျပီး သေရက်သြားႏိုင္ပါတယ္။

လီဗာပူးလ္ – ဇီဗက္ဒါ ( ၾကာသပေတး မနက္ ၁း၃၀ နာရီ )

Liverpool

Liverpool

PSG နဲ႔ နာပိုလီတို႔ေတြ႕ဆံုေနတာကို လီဗာပူးလ္အျပည္႔အ၀ အသံုးခ်မယ္႔ပြဲပါပဲ။ အန္ဖီးလ္မွာ ဂိုးမိုးရြာမယ္႔ပြဲျဖစ္ျပီး လီဗာပူးလ္ အနိမ္႔ဆံုး(၃)ဂိုးျပတ္ႏိုင္ပါလိမ္႔မယ္။

PSG – နာပိုလီ ( ၾကာသပေတး မနက္ ၁း၃၀ နာရီ )

PSG

PSG

အိမ္ကြင္းျဖစ္ေနတဲ႔ အျပင္တိုက္စစ္ပိုင္းမွာ ကမၻာ႔အဆင္႔ကစားသမားေတြရိွေနတာေၾကာင္႔ PSG အႏိုင္ရဖို႔ ရာခိုင္ႏႈန္းကေတာ႔မ်ားပါတယ္။ ဒါေပမဲ႔ နည္းျပ အန္ဆယ္ေလာ႔တီAncelotti ရဲ႕ နာပိုလီအသင္းဟာလည္း အဆိပ္ရိွတဲ႔အသင္းျဖစ္တာေၾကာင္႔ မထင္မွတ္ဘဲ သေရက်သြားႏိုင္ပါတယ္။ ပြဲေကာင္းတစ္ပြဲျဖစ္လာမွာကေတာ႔ ေသခ်ာေနျပီး PSG ကပ္ႏိုင္႐ံုေလာက္ပဲ ျဖစ္ပါလိမ္႔မယ္။

ဗုဒၶဟူးည ခ်န္ပီယံလိဂ္ပြဲစဥ္မ်ား

Club Brugge Vs Monaco
Lokomotiv Moskva Vs Porto
Galatasaray Vs Schalke 04

Photo: Goal.com , www.tottenhamhotspur.com , Evening Standard , Complete Sports Nigeria
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မက်ဆီ Messi မပါတဲ့ ဘာစီလိုနာအသင်း ရလဒ်ကောင်းရယူနိုင်မလား

ချန်ပီယံလိဂ်(အင်္ဂါည)ပွဲတွေမှာတော့ အသင်းကြီးတွေ ရလဒ်ကောင်းရယူနိုင်ခဲ့ကြပါတယ်။ ဒီနေ့(ဗုဒ္ဓဟူးည)မှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲတွေမှာတော့ အသင်းကြီးအချင်းချင်းထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲတွေပါဝင်နေတာကြောင့် ရင်ခုန်စရာကောင်းဦးမှာကတော့ အမှန်ပါပဲ။

PSV – စပါး ( ဗုဒ္ဓဟူးည ၁၁း၂၅ နာရီ )

Spur

Spur

ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကိုတက်ချင်ရင်တော့ စပါးအနေနဲ့ ဒီပွဲကိုမဖြစ်မနေ အနိုင်ကစားဖို့လိုအပ်ပါတယ်။ PSV ကတော့ အိမ်ကွင်းမှာကစားရမှာဖြစ်ပေမယ့် သိပ်ပြီးထူးထူးခြားခြားလုပ်ပြမယ်လို့ မထင်မိပါဘူး။ ပွဲအဖြေကိုပြောင်းလဲပေးနိုင်တဲ့ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ စပါးအနိုင်သေချာပါတယ်။

ဒေါ့မွန် – အက်သလက်တီကို ( ကြာသပတေး မနက် ၁း၃၀ နာရီ )

Atlético-Madrid

Atlético-Madrid

အကောင်းဆုံးပုံစံမှာရှိနေတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုပါ။ ဒေါ့မွန်အသင်းဟာ ပြိုင်ပွဲစုံ(၁၃)ပွဲဆက် ရှုံးပွဲမရှိကစားထားသလို အက်သလက်တီကိုအသင်းဟာလည်း ပြိုင်ပွဲစုံ(၈)ပွဲဆက် ရှုံးပွဲမရှိကစားထားပါတယ်။ နှစ်သင်းလုံးဟာ နေရာအလိုက်ပြီးပြည့်စုံမှုရှိနေပြီး ဒီပွဲမှာတော့ အိမ်ရှင်ဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ တိုက်စစ်ကို ဦးစားပေးကစားလာဖို့ရှိပါတယ်။ဒါပေမဲ့ အက်သလက်တီကိုကလည်း ခံစစ်ကစားပုံကောင်းမွန်တဲ့အသင်းဖြစ်တာကြောင့် နည်းဗျူဟာပိုင်း အားပြိုင်မှုတွေရှိလာမယ့် ပွဲကောင်းတစ်ပွဲကိုမြင်တွေ့ရဖို့ရှိပါတယ်။ သရေရလဒ်ဟာ နှစ်သင်းလုံးအတွက် မျှတပြီး ဒေါ့မွန် ( ၁ – ၁ ) အက်သလက်တီကို ရလဒ်မျိုးဖြစ်နိုင်ပါတယ်။

ဘာစီလိုနာ – အင်တာမီလန် ( ကြာသပတေး မနက် ၁း၃၀ နာရီ )

Barcelona

Barcelona

မက်ဆီ Messi မပါတဲ့ ဘာစီလိုနာအသင်း စမ်းသပ်ခံမယ့်ပွဲပါပဲ။ ဘာစီလိုနာခံစစ်ဟာ အားနည်းချက်လေးတွေရှိတာကြောင့် အီကာဒီ Icardi ဦးဆောင်လာမယ့် အင်တာတိုက်စစ်ပိုင်းကို အခွင့်အရေးတွေပေးဖို့ရှိပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းဟာလည်း နေရာစုံကနေဂိုးတွေသွင်းယူနိုင်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိနိုင်ပါတယ်။ အိမ်ကွင်းဖြစ်ပေမယ့် စုစည်းမှုကောင်းတဲ့ အင်တာကို ဘာစီလိုနာအနေနဲ့ အနိုင်ရနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ နှစ်သင်းပေါင်းသွင်းဂိုးများဖို့ရှိပြီး သရေကျသွားနိုင်ပါတယ်။

လီဗာပူးလ် – ဇီဗက်ဒါ ( ကြာသပတေး မနက် ၁း၃၀ နာရီ )

Liverpool

Liverpool

PSG နဲ့ နာပိုလီတို့တွေ့ဆုံနေတာကို လီဗာပူးလ်အပြည့်အ၀ အသုံးချမယ့်ပွဲပါပဲ။ အန်ဖီးလ်မှာ ဂိုးမိုးရွာမယ့်ပွဲဖြစ်ပြီး လီဗာပူးလ် အနိမ့်ဆုံး(၃)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

PSG – နာပိုလီ ( ကြာသပတေး မနက် ၁း၃၀ နာရီ )

PSG

PSG

အိမ်ကွင်းဖြစ်နေတဲ့ အပြင်တိုက်စစ်ပိုင်းမှာ ကမ္ဘာ့အဆင့်ကစားသမားတွေရှိနေတာကြောင့် PSG အနိုင်ရဖို့ ရာခိုင်နှုန်းကတော့များပါတယ်။ ဒါပေမဲ့ နည်းပြ အန်ဆယ်လော့တီAncelotti ရဲ့ နာပိုလီအသင်းဟာလည်း အဆိပ်ရှိတဲ့အသင်းဖြစ်တာကြောင့် မထင်မှတ်ဘဲ သရေကျသွားနိုင်ပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်လာမှာကတော့ သေချာနေပြီး PSG ကပ်နိုင်ရုံလောက်ပဲ ဖြစ်ပါလိမ့်မယ်။

ဗုဒ္ဓဟူးည ချန်ပီယံလိဂ်ပွဲစဉ်များ

Club Brugge Vs Monaco
Lokomotiv Moskva Vs Porto
Galatasaray Vs Schalke 04

Photo: Goal.com , www.tottenhamhotspur.com , Evening Standard , Complete Sports Nigeria
Ko Kyue(Akhayar)
www.akhayar.com