[Zawgyi]

အင္တာမီလန္ – ဘာစီလိုနာ ၊ နာပိုလီ – PSG ပြဲေတြနဲ႔ ရင္ခုန္စရာ ခ်န္ပီယံလိဂ္ညမ်ား

ဒီေန႔ (အဂၤါည)မွာ ကစားမယ္႔ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာေတာ႔ ပြဲေကာင္းေတြပါ၀င္ေနပါတယ္။ ဒီပြဲေတြထဲမွာ အင္တာမီလန္ – ဘာစီလိုနာ ၊ နာပိုလီ – PSG ပြဲေတြကေတာ႔ ပရိသတ္အၾကိဳက္ပြဲစဥ္ေတြျဖစ္လာပါလိမ္႔မယ္။

ဇီဗက္ဒါ – လီဗာပူးလ္ ( ဗုဒၶဟူး မနက္ ၀၀း၂၅ နာရီ )

Liverpool

Liverpool

လီဗာပူးလ္အသင္းရဲ႕ ႏိုင္ပြဲတစ္ပြဲကိုထပ္ျပီး ျမင္ရဦးမွာပါ။ လီဗာပူးလ္ အနိမ္႔ဆံုး(၂)ဂိုးျပတ္ႏိုင္ပါလိမ္႔မယ္။

အက္သလက္တီကို – ေဒါ႔မြန္ ( ဗုဒၶဟူး မနက္ ၂း၃၀ နာရီ )

Atlético-Madrid-Vs-Dortmund

Atlético-Madrid-Vs-Dortmund

ပထမအေက်ာ႔ကဂိုးျပတ္ အရံႈးကိုျပန္ေခ်ဖ်က္ျပဖို႔ အက္သလက္တီကို ၾကိဳးစားလာမွာျဖစ္ေပမယ္႕ လက္ရိွ အေကာင္းဆံုးပံုစံမွာ ရိွေနတဲ႔ ေဒါ႔မြန္ေၾကာင္႔ ခက္ခဲႏိုင္ပါတယ္။ အိမ္ကြင္းျဖစ္ေနေပမယ္႔ အက္သလက္တီကို ႏိုင္ဖို႔သိပ္မလြယ္ပါဘူး။ သေရက်မယ္႔ပြဲစဥ္ပါ။

စပါး – PSV ( ဗုဒၶဟူး မနက္ ၂း၃၀ နာရီ )

Spur-Vs-PSV

Spur-Vs-PSV

စပါးအေနနဲ႔ ေနာက္တစ္ဆင္႔ကို တက္ခ်င္ရင္ေတာ႔ ဒီပြဲကို မျဖစ္မေန အႏိုင္ကစားဖို႔လိုအပ္ပါတယ္။ ျပီးခဲ႔တဲ႔ ပထမအေက်ာ႔ကလည္း စပါးအသင္းဟာ ကံမေကာင္းခဲ႔လို႔ သေရရလဒ္ရရိွခဲ႔တာပါ။PSV ဟာ ဒီအုပ္စုမွာ အားအနည္းဆံုးအသင္းျဖစ္ျပီး အေ၀းကြင္းေျခစြမ္းကလည္း အားရစရာမရိွပါဘူး။ အိမ္ကြင္းမွာေတာ႔ စပါးအတြက္ အႏိုင္ရလဒ္ဟာ ေသခ်ာေနတဲ႔ အရာတစ္ခုျဖစ္ျပီး အနိမ္႔ဆံုး (၂)ဂိုးျပတ္ႏိုင္ပါလိမ္႔မယ္။

အင္တာမီလန္ – ဘာစီလိုနာ ( ဗုဒၶဟူး မနက္ ၂း၃၀ နာရီ )

Inter-Milan Vs Barcelona

Inter-Milan Vs Barcelona

ေနာက္တစ္ဆင္႔ကို တက္ခ်င္ရင္ေတာ႔ အင္တာမီလန္အသင္း အေနနဲ႔ ဒီပြဲမွာ သေရတစ္မွတ္ေတာ႔ ရယူႏိုင္ဖို႔လိုအပ္ပါတယ္။ လက္ရိွေျခစြမ္းအရလည္း ဘာစီလိုနာအသင္းဆီက ရမွတ္ရယူႏိုင္ဖို႔ ေမွ်ာ္လင္႔ႏိုင္ပါတယ္။ ဘာစီလိုနာအသင္းမွာေတာ႔ မက္ဆီ Messi ပါ၀င္ကစားႏိုင္မလားဆိုတာ စိတ္၀င္စားစရာပါ။ ဒီပြဲဟာ ႏွစ္သင္းေပါင္းသြင္းဂိုးနည္းျပီး သေရက်ဖို႔ မ်ားတဲ႔ ပြဲစဥ္တစ္ပြဲျဖစ္တာေၾကာင္႔ အႏိုင္ဆိုရင္ေတာ႔ ဘာစီလိုနာ ကပ္ႏိုင္႐ံုေလာက္ပါပဲ။

နာပိုလီ – PSG ( ဗုဒၶဟူး မနက္ ၂း၃၀ နာရီ )

Napoli-Vs-PSG

Napoli-Vs-PSG

ႏွစ္သင္းလံုးအတြက္ ဒီပြဲဟာ အေရးၾကီးတဲ႔ပြဲစဥ္တစ္ပြဲပါ။ ျပည္တြင္းမွာ ႏိုင္ပြဲေတြဆက္ေနသေလာက္ ဒီႏွစ္ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ အနည္းငယ္႐ုန္းကန္ေနရတဲ႔ PSG အသင္းလည္း ဒီအေနအထားကေန ေဖာက္ထြက္ျပႏိုင္ဖို႔လိုအပ္ပါတယ္။ ဒီပြဲဟာ ပြဲေကာင္းတစ္ပြဲျဖစ္လာဖို႔ ရိွေနျပီး ႏွစ္သင္းလံုးက တိုက္စစ္ေကာင္းမြန္ၾကတာေၾကာင္႔ ပထမအေက်ာ႔ ပြဲအတိုင္း ႏွစ္သင္းေပါင္းဂိုးမ်ားဖို႔ရိွေနပါတယ္။ နာပိုလီကြင္းမွာေတာ႔ PSG သေရေလာက္ပဲ ေမွ်ာ္မွန္းလို႔ရမွာပါ။ သေရရလဒ္ဟာ ႏွစ္သင္းလံုးအတြက္မွ်တပါတယ္။

အဂၤါည ခ်န္ပီယံလိဂ္ပြဲစဥ္မ်ား

Monaco Vs Club Brugge
Crvena Zvezda Vs Liverpool
Atlético Madrid Vs Borussia Dortmund
Tottenham Hotspur Vs PSV
Internazionale Vs Barcelona
Napoli Vs PSG
Porto Vs Lokomotiv Moskva
Schalke 04 Vs Galatasaray

Photo: The Independent , AP News , Televisa Deportes
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အင်တာမီလန် – ဘာစီလိုနာ ၊ နာပိုလီ – PSG ပွဲတွေနဲ့ ရင်ခုန်စရာ ချန်ပီယံလိဂ်ညများ

ဒီနေ့ (အင်္ဂါည)မှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ ပွဲကောင်းတွေပါဝင်နေပါတယ်။ ဒီပွဲတွေထဲမှာ အင်တာမီလန် – ဘာစီလိုနာ ၊ နာပိုလီ – PSG ပွဲတွေကတော့ ပရိသတ်အကြိုက်ပွဲစဉ်တွေဖြစ်လာပါလိမ့်မယ်။

ဇီဗက်ဒါ – လီဗာပူးလ် ( ဗုဒ္ဓဟူး မနက် ၀၀း၂၅ နာရီ )

Liverpool

Liverpool

လီဗာပူးလ်အသင်းရဲ့ နိုင်ပွဲတစ်ပွဲကိုထပ်ပြီး မြင်ရဦးမှာပါ။ လီဗာပူးလ် အနိမ့်ဆုံး(၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

အက်သလက်တီကို – ဒေါ့မွန် ( ဗုဒ္ဓဟူး မနက် ၂း၃၀ နာရီ )

Atlético-Madrid-Vs-Dortmund

Atlético-Madrid-Vs-Dortmund

ပထမအကျော့ကဂိုးပြတ် အရှုံးကိုပြန်ချေဖျက်ပြဖို့ အက်သလက်တီကို ကြိုးစားလာမှာဖြစ်ပေမယ့် လက်ရှိ အကောင်းဆုံးပုံစံမှာ ရှိနေတဲ့ ဒေါ့မွန်ကြောင့် ခက်ခဲနိုင်ပါတယ်။ အိမ်ကွင်းဖြစ်နေပေမယ့် အက်သလက်တီကို နိုင်ဖို့သိပ်မလွယ်ပါဘူး။ သရေကျမယ့်ပွဲစဉ်ပါ။

စပါး – PSV ( ဗုဒ္ဓဟူး မနက် ၂း၃၀ နာရီ )

Spur-Vs-PSV

Spur-Vs-PSV

စပါးအနေနဲ့ နောက်တစ်ဆင့်ကို တက်ချင်ရင်တော့ ဒီပွဲကို မဖြစ်မနေ အနိုင်ကစားဖို့လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကျော့ကလည်း စပါးအသင်းဟာ ကံမကောင်းခဲ့လို့ သရေရလဒ်ရရှိခဲ့တာပါ။PSV ဟာ ဒီအုပ်စုမှာ အားအနည်းဆုံးအသင်းဖြစ်ပြီး အဝေးကွင်းခြေစွမ်းကလည်း အားရစရာမရှိပါဘူး။ အိမ်ကွင်းမှာတော့ စပါးအတွက် အနိုင်ရလဒ်ဟာ သေချာနေတဲ့ အရာတစ်ခုဖြစ်ပြီး အနိမ့်ဆုံး (၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

အင်တာမီလန် – ဘာစီလိုနာ ( ဗုဒ္ဓဟူး မနက် ၂း၃၀ နာရီ )

Inter-Milan Vs Barcelona

Inter-Milan Vs Barcelona

နောက်တစ်ဆင့်ကို တက်ချင်ရင်တော့ အင်တာမီလန်အသင်း အနေနဲ့ ဒီပွဲမှာ သရေတစ်မှတ်တော့ ရယူနိုင်ဖို့လိုအပ်ပါတယ်။ လက်ရှိခြေစွမ်းအရလည်း ဘာစီလိုနာအသင်းဆီက ရမှတ်ရယူနိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။ ဘာစီလိုနာအသင်းမှာတော့ မက်ဆီ Messi ပါဝင်ကစားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ဒီပွဲဟာ နှစ်သင်းပေါင်းသွင်းဂိုးနည်းပြီး သရေကျဖို့ များတဲ့ ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့် အနိုင်ဆိုရင်တော့ ဘာစီလိုနာ ကပ်နိုင်ရုံလောက်ပါပဲ။

နာပိုလီ – PSG ( ဗုဒ္ဓဟူး မနက် ၂း၃၀ နာရီ )

Napoli-Vs-PSG

Napoli-Vs-PSG

နှစ်သင်းလုံးအတွက် ဒီပွဲဟာ အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲပါ။ ပြည်တွင်းမှာ နိုင်ပွဲတွေဆက်နေသလောက် ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနည်းငယ်ရုန်းကန်နေရတဲ့ PSG အသင်းလည်း ဒီအနေအထားကနေ ဖောက်ထွက်ပြနိုင်ဖို့လိုအပ်ပါတယ်။ ဒီပွဲဟာ ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ ရှိနေပြီး နှစ်သင်းလုံးက တိုက်စစ်ကောင်းမွန်ကြတာကြောင့် ပထမအကျော့ ပွဲအတိုင်း နှစ်သင်းပေါင်းဂိုးများဖို့ရှိနေပါတယ်။ နာပိုလီကွင်းမှာတော့ PSG သရေလောက်ပဲ မျှော်မှန်းလို့ရမှာပါ။ သရေရလဒ်ဟာ နှစ်သင်းလုံးအတွက်မျှတပါတယ်။

အင်္ဂါည ချန်ပီယံလိဂ်ပွဲစဉ်များ

Monaco Vs Club Brugge
Crvena Zvezda Vs Liverpool
Atlético Madrid Vs Borussia Dortmund
Tottenham Hotspur Vs PSV
Internazionale Vs Barcelona
Napoli Vs PSG
Porto Vs Lokomotiv Moskva
Schalke 04 Vs Galatasaray

Photo: The Independent , AP News , Televisa Deportes
Ko Kyue(Akhayar)
www.akhayar.com