မနက်ဖြန် မနက်အစောပိုင်းမှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် အေဂျက်စ် – စပါးပွဲရှိနေပြီး ဘယ်လိုရလဒ်မျိုးထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အေဂျက်စ် – စပါး ( ကြာသပတေးမနက် ၁း၃၀ နာရီ )

ပွဲကောင်းတစ်ပွဲဖြစ်လာမှာကတော့ သေချာနေတဲ့ ပွဲစဉ်ပါ။ လက်ရှိ ဒီ(၂)သင်းရဲ့ ခြေစွမ်းပိုင်းကို ကြည့်ရင်တော့ အေဂျက်စ်အသင်းက ကောင်းမွန်တည်ငြိမ်နေပြီး စပါးအသင်းကတော့ ကျဆင်းမှုတွေရှိနေပါတယ်။ အေဂျက်စ်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲဆက် အနိုင်ရထားပြီး KNVB Cup ပြိုင်ပွဲမှာလည်း လောလောလတ်လတ် ဗိုလ်စွဲထားတာကြောင့် အသင်းရဲ့စိတ်ဓာတ်ပိုင်းက အမြင့်ဆုံးမှာရှိနေမှာသေချာပါတယ်။ စပါးအသင်းကတော့ ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲမှာ (၅)ပွဲထိ ရှုံးနိမ့်ထားတာကြောင့် အခု အေ၀းကွင်းပွဲစဉ်မှာလည်း ခက်ခဲဖို့ရှိနေပါတယ်။ ဒါပေမဲ့ ဒီရာသီ စပါးအသင်းကို အကြိမ်ကြိမ်ကယ်တင်ပေးနေတဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင် Son Heung Min ဟာ ဒီပွဲမှာ ပါဝင်လာမှာဖြစ်တာကြောင့် စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။ ဒီ(၂)သင်းဟာ စုဖွဲ့မှုအားကောင်းသလို ခြေစွမ်းမာတဲ့ အသင်းတွေဖြစ်ပြီး ပွဲထိန်းကစားတဲ့နေရာမှာလည်း ကောင်းမွန်တဲ့အသင်းတွေဖြစ်ကြပေမယ့် ဒီပွဲမှာတော့ စပါးအသင်းက ပုံမှန်ထက်တိုက်စစ်ကို ပိုဖွင့်ကစားဖို့ရှိနေပါတယ်။ ဒါပေမဲ့ အခုပွဲစဉ်ဟာ အေဂျက်စ်ကွင်းမှာဖြစ်သလို အေဂျက်စ်အသင်းဟာလည်း ပုံစံကောင်းကိုပိုင်ဆိုင်ထားတာကြောင့် အနိုင်ရလဒ်အတွက်တော့ အေဂျက်စ်အသင်းကိုပဲ ရွေးချယ်ချင်ပြီး (၂)သင်းပေါင်းသွင်းဂိုးကတော့ နည်းပါလိမ့်မယ်။

Photo: Ajax Twitter
Ko Kyue(Akhayar)
www.akhayar.com