မနက်ဖြန် မနက်အစောပိုင်းမှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် လီဗာပူးလ် – ဘာစီလိုနာပွဲရှိနေပြီး ဘယ်လိုရလဒ်မျိုးထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

လီဗာပူးလ် – ဘာစီလိုနာ ( ဗုဒ္ဓဟူးမနက် ၁း၃၀ နာရီ )

ပထမအကျော့မှာ (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ဗိုလ်လုပွဲကို တက်ချင်ရင် ပုံမှန်ထက်ပိုတဲ့ စွမ်းဆောင်ရည်အပြင် ကံကြမ္မာကောင်းတွေလည်း လိုအပ်နေပါတယ်။ ဒီလိုအချိန်မှာ လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား (၂)ဦးဖြစ်တဲ့ ဆာလာ Salah နဲ့ ဖေမီနို Firmino တို့ကလည်း ဒီပွဲကိုလွဲချော်မှာဖြစ်တာကြောင့် အသင်းရဲ့တိုက်စစ်ပိုင်းက အားနည်းချက်တွေရှိလာမှာ သေချာနေပါတယ်။ ဒီအခြေအနေကြောင့် လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းကိုတော့ မာနေ Mane က ဦးဆောင်လာမှာဖြစ်ပြီး ဒီအနေအထားနဲ့ ပီကေး Pique ၊ လန်ဂလက် Lenglet တို့ရဲ့ ဘာစီလိုနာခံစစ်ပိုင်းကို ဒုက္ခပေးနိုင်ဖို့က ခက်ခဲနိုင်ပါတယ်။ ဘာစီလိုနာအသင်းကတော့ ပုံမှန်ခြေစွမ်းမှာရှိနေပြီး ကစားသမားအင်အားကလည်း တောင့်တင်းမှုအပြည့်ရှိနေသလို ပြီးခဲ့တဲ့ လာလီဂါပွဲမှာလည်း လူချန်ပြီးကစားခဲ့ပါတယ်။ ဒီပွဲမှာတော့ ဘာစီလိုနာအသင်းဟာ ရရှိထားတဲ့ အနိုင်ရလဒ်ကို ထိန်းကစားမယ်လို့ ထင်မိပြီး လီဗာပူးလ်အသင်းကလည်း တိုက်စစ်ပိုင်းကလွဲရင် ကျန်တဲ့နေရာတွေက အင်အားအပြည့်ရှိနေတာကြောင့် သရေရလဒ်ကို ဦးတည်နေတဲ့ ပွဲစဉ်တစ်ပွဲလို့ ယူဆမိပါတယ်။ နှစ်သင်းပေါင်းသွင်းဂိုးနည်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်ပြီး လီဗာပူးလ် (၁ – ၁ ) ဘာစီလိုနာရလဒ်မျိုး ဖြစ်လာနိုင်ပါတယ်။

Photo: Calculatedbet
Ko Kyue(Akhayar)
www.akhayar.com