မနက်ဖြန် မနက်အစောပိုင်းမှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် စပါးနဲ့ အေဂျက်စ်တို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

စပါး – အေဂျက်စ် ( ဗုဒ္ဓဟူးနေ့ မနက် ၁း၃၀ နာရီ )

(၂)သင်းလုံးကတော့ ဒီအဆင့်ကို ထိုက်ထိုက်တန်တန်ရောက်ရှိလာကြတာပါ။ စပါး က ဒေါ့မွန် နဲ့ မန်စီးတီး ၊ အေဂျက်စ်ကတော့ ရီးယဲလ် နဲ့ ဂျူဗင်တပ်စ်တို့ကို ကျော်ဖြတ်လာခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ (၂)သင်းလုံးဟာ ကံကြမ္မာကောင်းတွေကို ပိုင်ဆိုင်ထားကြပြီး ပွဲကိုထိန်းကစားတဲ့ နေရာမှာလည်း ကောင်းမွန်တဲ့ အသင်းတွေဖြစ်ကြတာကြောင့် ဒီပွဲက ဂိုးနည်းဖို့ရှိနေပါတယ်။ လက်ရှိခြေစွမ်းတွေမှာတော့ စပါးအသင်းက တည်ငြိမ်မှုအားနည်းနေပြီး ဒဏ်ရာပြဿနာတချို့ရှိနေသလို အားထားရတဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင် Son Heung Min က လည်း ဒီပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာဖြစ်ပါတယ်။ အေဂျက်စ်အသင်းကတော့ အကောင်းဆုံးခြေစွမ်းနဲ့ တည်ငြိမ်မှုအပြည့်ရှိနေပြီး ပြိုင်ပွဲစုံ(၈)ပွဲဆက် ရှုံးပွဲမရှိကစားထားသလို (၇)ပွဲထိ အနိုင်ကစားထားပါတယ်။ (၂)သင်းလုံးဟာ စုဖွဲ့မှုကို အားပြုကစားကြတဲ့ အသင်းတွေဖြစ်တာကြောင့် Play ပိုင်းပိုသာတဲ့ အသင်းက ရလဒ်ကောင်းရသွားမယ့် ပွဲမျိုးလည်းဖြစ်ပါတယ်။ ဒီ(၂)သင်းရဲ့ လက်ရှိအနေအထားတွေအရ ဒီပွဲဟာ သရေကျဖို့များတဲ့ ပွဲမျိုးဖြစ်ပြီး အကြိုက်ဆုံးရလဒ်ကတော့ စပါး ( ၁ – ၁ ) အေဂျက်စ် ရလဒ်ဖြစ်ပါတယ်။

Photo: Ajax Twitter , Spur Twitter
Ko Kyue(Akhayar)
www.akhayar.com