ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေအဖြစ် ပေါ်တို – လီဗာပူးလ် ၊ မန်စီးတီး – စပါး တို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲဆိုတာ ရင်ခုန်စရာပါပဲ။

ပေါ်တို – လီဗာပူးလ် ( ကြာသပတေး မနက် ၁း၃၀ နာရီ )

ပထမအကျော့ ရလဒ်ဟာ လီဗာပူးလ်အတွက် နောက်တစ်ဆင့်တက်ဖို့ လုံလောက်ခဲ့တယ်လို့ ပြောရမှာပါ။ ပေါ်တိုဟာလည်း အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် လီဗာပူးလ်ကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်ကို တက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လီဗာပူးလ်ကတော့ ရရှိထားတဲ့ ရလဒ်ကိုပဲ ဆက်ထိန်းသွားဖို့ ကြိုးစားလာမှာပါ။ ပေါ်တိုကွင်းဖြစ်နေတာကြောင့် လီဗာပူးလ်အနိုင်ရဖို့ဆိုတာကလည်း ခက်ခဲတာကြောင့် နှစ်သင်းလုံးအတွက် သရေရလဒ်က မျှတပါတယ်။

မန်စီးတီး – စပါး ( ကြာသပတေး မနက် ၁း၃၀ နာရီ )

မန်စီးတီးအသင်း အိမ်ကွင်းမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ဒါပေမဲ့ စပါးအသင်းဟာ အရင်ကထက် တန်းတစ်ခုမြင့်တက်လာပြီး လုပ်နိုင်စွမ်းရှိတဲ့ အသင်းဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။ လက်ရှိနှစ်သင်းလုံးရဲ့ ခြေစွမ်းက ပုံစံကောင်းတွေမှာ ရှိနေတာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာက သေချာနေပါတယ်။ ဒီပွဲဟာ ကစားသမားပိုင်းထက် နည်းပြနှစ်ယောက်ရဲ့ နည်းဗျူဟာပိုင်း အားပြိုင်မှုက ပိုအရေးပါတဲ့ ပွဲမျိုးပါ။ အနိုင်ရလဒ်အတွက်တော့ မန်စီးတီးအသင်းကို ရွေးချယ်ချင်ပြီး မန်စီးတီး (၂ – ၁ ) စပါးရလဒ်မျိုး အကြိုက်တွေ့မိပါတယ်။

Photo: 1&1
Ko Kyue(Akhayar)
www.akhayar.com