[Zawgyi]
Bayern-Munich
Bayern-Munich
Real-Madrid
Real-Madrid
Manchester-United
Manchester-United
Young Boys Vs Valencia
Ajax Vs Benfica
Ko Kyue(Akhayar)
www.akhayar.com
[Unicode]
စီရော်နယ်လ်ဒိုရဲ့ အိုးလ်ထရက်ဖို့ဒ် အပြန်လမ်းမှာ ဘယ်လို ရလဒ်ထွက်ပေါ်လာမလဲ
ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းလေ့ရှိတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲတွေက ပြန်လာပါပြီ။ ဒီနေ့(အင်္ဂါ)မှာ မန်ယူ-ဂျူဗင်တပ်စ်ပွဲကလွဲပြီး ကျန်တဲ့ပွဲတွေမှာ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့တဲ့ပွဲ မပါပေမယ့် အကြိတ်အနယ်ရှိမယ့်ပွဲတွေ ပါဝင်နေတယ်။ ဒါကြောင့် မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ …
AEK အေသင် – ဘိုင်ယန်မြူးနစ် ( အင်္ဂါည ၁၁း၂၅ နာရီ )
Bayern-Munich
Bayern-Munich
AEK အေသင် အနေနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်ကို ယှဉ်ကစားဖို့ဆိုတာ မလွယ်တဲ့အရာပါ။လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ခြေစွမ်းဟာလည်း ထင်သလောက်အားစရာမရှိတာကြောင့် အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရဖို့ကတော့ ခက်ခဲနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်ကပ်နိုင်ရုံလောက်ပဲဖြစ်နိုင်ပါတယ်။
ရှက်တာဒိုးနက် – မန်စီးတီး ( ဗုဒ္ဓဟူးမနက် ၁း၃၀ နာရီ )
ရှက်တာဒိုးနက်အိမ်ကွင်းဖြစ်နေပေမယ့် မန်စီးတီးအနိုင်သေချာတဲ့ပွဲပါ။ လိုအပ်တဲ့ရလဒ်ကိုမန်စီးတီး ရှာဖွေသွားမှာဖြစ်ပြီး (၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။
ရိုးမား – CSKA မော်စကို ( ဗုဒ္ဓဟူးမနက် ၁း၃၀ နာရီ )
နှစ်သင်းလုံးရဲ့ လက်ရှိခြေစွမ်းက အတိုင်းအတာတစ်ခုထိကောင်းမွန်ပေမယ့် ရိုးမားကွင်းမှာ CSKA မော်စကို အနေနဲ့ ရလဒ်ကောင်းရယူဖို့က ခဲယဉ်းပါတယ်။ ရိုးမား သရေနဲ့ အနိုင်ပါပဲ။
ရီးယဲလ်မက်ဒရစ် –  ပါလ်ဇန် ( ဗုဒ္ဓဟူးမနက် ၁း၃၀ နာရီ )
Real-Madrid
Real-Madrid
ရီးယဲလ်အသင်းရဲ့ လက်ရှိကျဆင်းမှုတွေမှာ ခြေစွမ်းအပြင် ကံတရားကပါ အရေးပါနေတယ်လို့ ပြောရမယ် ။ နောက်ဆုံးကစားထားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ရီးယဲလ်အသင်းဟာ ရှုံးနိမ့်ထားတာကြောင့် ဒီပွဲကိုတော့မဖြစ်မနေအနိုင်ကစားဖို့လိုအပ်ပါတယ်။ ဒီပွဲကိုမှ အနိုင်မကစားနိုင်ရင် နည်းပြလိုပယ်တက်ဂီ Lopetegui ရဲ့ အနာဂတ်ဟာ အပြောင်းအလဲဖြစ်မှာကတော့ သေချာသလောက်ပါပဲ။ အိမ်ကွင်းမှာ ရီးယဲလ်အသင်းရဲ့ ပေါက်ကွဲအားကို မြင်တွေ့ရဖို့ရှိနေပြီး အနိမ့်ဆုံး(၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။
မန်ယူ – ဂျူဗင်တပ်စ် (ဗုဒ္ဓဟူးမနက် ၁း၃၀)
Manchester-United
Manchester-United
စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ အိုးလ်ထရက်ဖို့ဒ် တစ်ကျော့ပြန်ခရီးမှာ ဘယ်လိုရလဒ် ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရမယ်။ ဂျူဗင်တပ်စ်မှာ စီရော်နယ်လ်ဒို၊ မန်ယူမှာ ပေါ့ဘာ Pogba တု့ိက အသင်းဟောင်းတွေနဲ့ ရင်ဆိုင်ရမှာပါ။ အခုလောလောဆယ် ဒီနှစ်သင်းရဲ့အနေအထားက ဆန့်ကျင်ဘက်ဖြစ်နေပြီး မန်ယူက နိုင်တစ်ခါ၊ ရှုံးတစ်လှည့်ဖြစ်နေပေမယ့် ဂျူဗင်တပ်စ်အသင်းကတော့ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားတယ်။ ချန်ပီယံလိဂ်မှာ ဒီနှစ်သင်းနောက်ဆုံး တွေ့ခဲ့တာက ၂၀၀၂-၀၃ ရာသီ အုပ်စုအဆင့်မှာဖြစ်ပြီး မန်ယူက နှစ်ကျော့စလုံး အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အဲဒီလို စွမ်းဆောင်နိုင်ဖို့ ခဲယဉ်းပါတယ်။ အိမ်ကွင်းဖြစ်ပေမယ့် ဂျူဗင်တပ်စ်ကို မန်ယူ အသာရဖို့ ခက်ခဲပြီး သရေကျဖို့ များသလို မန်ယူနိုင်ရင်တောင် ဂိုးမပြတ်ပါဘူး။
အင်္ဂါည ချန်ပီယံလိဂ်ပွဲစဉ်များ
Young Boys Vs Valencia
Ajax Vs Benfica
Hoffenheim Vs Olympique Lyonnais
Photo: Evening StandardDaily Active Kenya , NewsNow Nigeria
Ko Kyue(Akhayar)
www.akhayar.com